နောက်ဆုံးရသတင်းများ

စပိန်ဘောလုံးအဖွဲ့ချုပ်နှင့် Adidas ကုမ္ပဏီတို့ ၂၀၂၆အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆို

စပိန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများသည် ၁၉၈၀ ခုနှစ်ကတည်းကလက်တွဲခဲ့သောကမ္ဘာကျော်အား ကစားပစ္စည်းကုမ္ပဏီတစ်ခုဖြစ်သည့် Adidas နှင့် သက်တမ်းတိုးစာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ပြီး စာချုပ်သစ်တွင် ၂၀၂၈ခုနှစ်အထိ သက်တမ်းတိုးနိုင်မည့်အချက်လည်း ပါရှိကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့သည်။ ဂျာမနီအားကစားပစ္စည်းကုမ္ပဏီတစ်ခုဖြစ်သည့်Adidas အနေဖြင့် စပိန်ဘောလုံး နှင့် စာချုပ်သက်တမ်းတိုးမြှင့်ခဲ့ သော်လည်း စာချုပ်ချုပ်ဆိုကြေးကိုမူ ဖော်ပြခဲ့ခြင်းမရှိခဲ့ပေ။ စာချုပ်သစ်အရ Adidas အနေဖြင့် စပိန်လက်ရွေးစင်ဘောလုံးအသင်းအပြင် ဘောလုံးအဖွဲ့ချုပ်လက်အောက်ရှိ အခြားသော သက်တမ်းအလိုက်...
ဖတ်ရန်

ပြည်တွင်းပွဲများလူစည်ရန် ဆွဲဆောင်အားကောင်းသည့်အမျိုးသမီးများကို ဂါနာသုံးမည်

ဂါနာဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများသည် ပရိသတ်ဝင်ရောက်ကြည့်ရှုမှုနည်းပါး နေသည့် ပြည်တွင်းဘောလုံးပွဲစဉ်များအပေါ် ပရိသတ်များ ပြန်လည်စိတ်ဝင်စားစေရန်အတွက် ဆွဲဆောင် အားကောင်းသည့်အမျိုးသမီးများဖြင့် ပြန်လည် မြှင့်တင်ရန် စီစဉ်နေကြောင်း မီဒီယာ များမှဖော်ပြခဲ့ကြသည်။ ဂါနာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအနေဖြင့် ပရိသတ်စိတ်ဝင်စားမှုလျော့ ကျနေသည့် ပြည်တွင်းအမှတ်ပေး ဘောလုံးပွဲစဉ်များတွင် ပရိသတ်များ ပြန်လည်စိတ်ဝင်စားစေရန်အတွက် ဆွဲဆောင်မှုတစ်ခုဖြင့်ပြန်လည် မြှင့်တင်ရန်အစီအစဉ်တစ်ခုအား အဆိုတင်သွင်းခဲ့ရာတွင် တာဝန်ရှိသူများကလက်ခံခဲ့ကြကြောင်းသိရသည်။ “ပရိသတ်စိတ်ဝင်စားမှုပြန်ရဖို့ အတွက် အကြံဥာဏ်တွေအများကြီး...
ဖတ်ရန်

တိုက်စစ်မှူးဇာဇာကို အာဆင်နယ်သို့ ရောင်းချရန် ဂျူဗင်တပ်ပြင်ဆင်နေ

ဂျူဗင်တပ်အသင်းသည် လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် အသင်းတိုက်စစ်မှူးဇာဇာကို ထုတ်ရောင်း ဖွယ်ရှိကြောင်းသိရသည်။ ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဆက်ဆူလိုအသင်းမှ ရောက်ရှိ လာသောဇာဇာကို တိုက်စစ်မှူးတစ်ဦးခေါ်ယူရန်အလိုရှိနေသော အာဆင်နယ်မှ အပြင်းအထန်ဆက်သွယ် နေကြောင်းသိရသည်။ အာဆင်နယ်အသင်းမှာ ပြီးခဲ့သည့်အပြောင်းအရွှေ့ရာသီတွင် တိုက်စစ်မှူးတစ်ဦးခေါ်ယူရန်လိုအပ်ခဲ့ပြီး အပြောင်းအရွှေ့ကုန်ဆုံးခါနီးရက်ပိုင်းအလို၌် ဇာဇာကိုခေါ်ယူရန်ကမ်းလှမ်းခဲ့ကြောင်းသိရသည်။ ဇာဇာကို ယခု အပြောင်းအရွှေ့ကာလတွင် ခေါ်ယူနိုင်ခြင်းမရှိခဲ့သော်လည်း အာဆင်နယ်ဘက်မှ ၎င်းတို့၏မျှော်လင့်ချက် အဆုံးမသတ်ဘဲ ထပ်မံကြိုးပမ်းလာခဲ့ခြင်းဖြစ်သည်။ အသက်(၂၄)နှစ်ရှိတိုက်စစ်မှူးဇာဇာကို...
ဖတ်ရန်

လီဗာပူးနှင့်ပွဲတွင် မန်ယူဂိုးသမားဒီဂီယာ ပြန်လည်ပွဲထွက်ခွင့်ရနိုင်

မန်ယူအသင်းတွင်ပွဲထွက်ခွင့်ဆုံးရှုံးနေသော ဂိုးသမားဒီဂီယာမှာ လာမည့်စနေနေ့တွင် လီဗာပူအသင်းနှင့်ကစား ရမည့်ပွဲစဉ်၌ ပွဲထွက်ကစားသမားအဖြစ် ပြန်လည်ပါဝင်ရန် နီးစပ်လျက်ရှိကြောင်းသိရသည်။ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ရန်နီးစပ်ခဲ့သော ဒီဂီယာနှင့် မန်ယူအသင်းနည်းပြဗန်ဟားလ်တို့ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးပြီး နောက် ပွဲထွက်ခွင့်ဆုံးရှုံးနေမှုမှာ အဆုံးသတ်ဖွယ်ရှိကြောင်း The Mirror မှဖော်ပြခဲ့သည်။ ဒီဂီယာသည် ယခုနှစ်ဘောလုံးရာသီတွင် မန်ယူအသင်း၏ရာသီကြိုခရီးစဉ်အဖြစ် အမေရိကန်တွင်ကစားခဲ့သော ပီအက်စ်ဂျီနှင့်ပွဲစဉ်တွင်စွမ်းဆောင်ရည်ကျဆင်းခဲ့ပြီးနောက်နည်းပြဗန်ဟားလ်ကမိမိ၏ဂိုးသမားမှာ ပွဲစဉ်အပေါ်စိတ်နှစ်မြှုပ်မှုပုံမှန်အနေအထားမရှိဟုဆိုကာ ဂိုးသမားသစ်ဆာဂျီယိုရိုမီယိုကို ပွဲထွက်ခွင့်ပေးခဲ့သည်။...
ဖတ်ရန်

မြန်မာအမျိုးသမီးအသင်း တရုတ်ခြေစမ်းခရီး နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး

ရန်ကုန်၊စက်တင်ဘာ ၉။ အောင်သော်ဖြိုး။ ၂ဝ၁၆ အိုလံပစ် ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ အမျိုးသမီး ဘောလုံးအသင်းသည် စက်တင်ဘာလ ၁ ရက်နေ့ မှ ၈ရက်နေ့အထိ တရုတ်နိုင်ငံ နန်ကျင်းမြို့သို့ သွားရောက်လေ့ကျင့်ကာ ခြေစမ်းပွဲ သုံးပွဲ ကစားခဲ့ပြီး နှစ်ပွဲနိုင် တစ်ပွဲ ရှုံးနိမ့်ခဲ့သည်။ မြန်မာ အမျိုးသမီး အသင်းသည်...
ဖတ်ရန်

ဂရယ်လစ်ခ်ျအား ရွိုင်းဟော့ဆန် စည်းရုံးနေကြောင်း အိုင်ယာလန်နည်းပြစွပ်စွဲ

အိုင်ယာလန်လက်ရွေးစင်နည်းပြဖြစ်သူ မာတင်အိုနေးလ်က အင်္ဂလန်လက်ရွေးစင်နည်းပြဖြစ်သူ ရွိုင်းဟော့ဆန် အနေဖြင့် ဗီလာကွင်းလယ်ကစားသမားဖြစ်သူဂရယ်လစ်ခ်ျအား လက်ရွေးစင်အသင်းအဖြစ်ရွေးချယ်ရာတွင်အင်္ဂ လန်အသင်းကို ရွေးချယ်ရန် သွေးဆောင်စည်းရုံးနေကြောင်း စွပ်စွဲပြောကြားလိုက်သည်။ မိခင်ဖြစ်သူဘက်မှအဖိုးဖြစ်သူမှာအိုင်ယာလန်နိုင်ငံသားဖြစ်နေသည့်အတွက် အိုင်ယာလန်ယူ-၂၁အသင်းတွင် ပါဝင်ကစားနေသည့်ဗီလာကွင်းလယ်ကစားသမားဖြစ်သူဂရယ်လစ်ခ်ျသည်အင်္ဂလန်နိုင်ငံ၊ဘာမင်ဂမ်မြို့တွင်မွေးဖွားခဲ့သည့်အတွက် အင်္ဂလန်လက်ရွေးစင်အသင်းတွင်ပါကစားခွင့်ရှိနေခဲ့ခြင်းကြောင့် အင်္ဂလန်နည်းပြရွိုင်းဟော့ ဆန်၏ ဖိတ်ကြားခြင်းကိုခံနေရသူဖြစ်သည်။ ‘‘ နည်းပြဟော့ဆန်အနေနဲ့ ဂရယ်လစ်ခ်ျကို အင်္ဂလန်လက်ရွေးစင်တစ်ယောက်အဖြစ် မြင်တွေ့လိုနေတယ်ထင် ပါတယ်။ အင်္ဂလန်အသင်းကိုရွေးချယ်ဖို့လည်းသွေးဆောင်စည်းရုံးနေသလိုဖိအားပေးမှုတွေလည်း ရှိနေပါတယ်’’ ဟု...
ဖတ်ရန်

နည်းပြဇီဒန်းနှင့် လက်တွဲလို၍ လီဗာပူး၊ မန်ယူတို့ကို ငြင်းပယ်ခဲ့ခြင်းဖြစ်ဟု အိုဒီဂတ်ဖွင့်ဟ

အသက် ၁၆နှစ်အရွယ်ရှိ နော်ဝေလက်ရွေးစင်ကွင်းလယ်ကစားသမားဖြစ်သူ အိုဒီဂတ်က ပရီးမီးယားအသင်းအ ချို့ထံပြောင်းရွှေ့ရန် နီးစပ်ခဲ့သော်လည်း နည်းပြဇီဒန်းနှင့်လက်တွဲလို၍ လီဗာပူး၊ မန်ယူအသင်းများကိုငြင်းပယ်ခဲ့ ခြင်းဖြစ်ကြောင်း ဖွင့်ဟ၀န်ခံသွားခဲ့သည်။ အိုဒီဂတ်သည်နော်ဝေလက်ရွေးစင်အသင်းတွင် ရွေးချယ်ခံရပြီးနောက် ဥရောပထိပ်သီးအသင်းကြီးများ၏ စိတ်ဝင်စားခြင်းကိုခံခဲ့ရပြီး ယင်းအထဲတွင်ပရီးမီးယားလိဂ်ထိပ်သီးအသင်းများ ဖြစ်သည့် မန်ယူ၊ မန်စီးတီးနှင့်လီဗာပူးအသင်းတို့ ပါဝင်ခဲ့သည်။ ‘‘ လေ့လာရေးအဖြစ်အလည်သွားခဲ့တဲ့ လီဗာပူး၊ မန်ယူ၊ မန်စီးတီးအသင်းတွေရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေက...
ဖတ်ရန်

အင်္ဂလန်နှင့်ခြေစမ်းပွဲကို အယ်ကန်တီမြို့တွင် ပြောင်းလဲကျင်းပရန် စပိန်ဘောလုံးအဖွဲ့ချုပ်ဆုံးဖြတ်

ဥရောပ ထိပ်သီးအသင်းတစ်သင်းဖြစ်သည့် စပိန်အသင်းသည် လာမည့်နိုဝင်ဘာလအတွင်း အင်္ဂလန်လက်ရွေး စင်အသင်းနှင့်ခြေစမ်းပွဲကစားမည့်ပွဲစဉ်အား နေ့ရက်ရွှေ့ပြောင်းခဲ့ပြီး မူလက စီစဉ်ထားသည့် မက်ဒရစ်မြို့အစား အယ်ကန်တီမြို့တွင် ပြောင်းလဲကျင်းပမည်ဖြစ်ကြောင်း အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။ ထို့အတူ စပိန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများအနေဖြင့် နိုဝင်ဘာ ၁၂ရက်နေ့အစား နိုဝင်ဘာ ၁၃ရက်နေ့ထံ ရွှေ့ပြောင်းကစားရန်ဆုံးဖြတ်ခဲ့သည်။ စပိန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများအနေဖြင့် လက်ရွေးစင်နောက်ခံလူ ပီကေးမှာ ကတ်တလန်အသင်းတွင် ၀င်ရောက်ကစားလိုသည်ဟု ပြောကြားခဲ့သည့်အပေါ်ဝေဖန်မှုများမြင့်တက်နေ သည့်အတွက်...
ဖတ်ရန်

ဆားဘီးယားနှင့်ပွဲတွင် တိုက်စစ်မှူးဂီရော့ဒ် ပရိသတ်များ၏ လှောင်ပြောင်မှုခံရ

ဆားဘီးယားအသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရသည့် ပွဲစဉ်တွင် ဂိုးသွင်းခွင့်များကို ဖြုန်းတီးပစ်ခဲ့သည့် ပြင်သစ်တိုက်စစ်မှုး ဂီရော့ဒ်မှာ ပရိတ်သတ်များ၏ လှောင်ပြောင်ခြင်း ခံခဲ့ရကြောင်း သိရသည်။ ဂီရော့ဒ်မှာ ပြင်သစ်နည်းပြဒီဒီယာဒက်ချမ့်၏ ပွဲထွက်လူစာရင်းတွင် အထောင်တိုက်စစ်မှုးအဖြစ် ပါဝင်ခွင့်ရခဲ့သော်လည်း ဂိုးသွင်းခွင့်များကို ဖြုန်းတီးပစ်ခဲ့သောကြောင့် တိုက်စစ်မှုးဘန်ဇီမာနှင့် လူစားလဲချိန်တွင် ပရိတ်သတ်များက လှောင်ပြောင်ခဲ့ကြခြင်းဖြစ်သည်။ သို့သော် နည်းပြဒက်ချမ့်က ဂီရော့ဒ်မှာ...
ဖတ်ရန်

နည်းပြဟောင်း ဖာဂူဆန်နှင့်ဆက်ဆံရေး ပျက်ယွင်းခဲ့သည့်အတွက် နောင်တမရဟု ရွန်နီပြောကြား

မန်ယူအသင်းနည်းပြဟောင်းဖြစ်သူ ဆာအဲလက်စ်ဖာဂူဆန်နှင့် ဆက်ဆံရေးပျက်ယွင်းခဲ့သည့်အတွက် နောင်တမရဟု မန်ယူအသင်းခေါင်းဆောင် ၀ိန်းရွန်နီက ထုတ်ဖော်ပြောကြားလိုက်သည်။ ရွန်နီသည် မန်ယူအသင်းကို ဖာဂူဆန်နောက်ဆုံးတာဝန်ယူခဲ့သည့် ၂၀၁၃ ခုနှစ်နှောင်းပိုင်းတွင် အသင်းမှထွက်ခွာလုနီးပါးဖြစ်ခဲ့ပြီး နောက်ပိုင်းမှသာ အသင်းတွင်ဆက်လက်ရှိနေခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းကို နည်းပြလူးဝစ်ဗန်ဟားတာဝန်ယူပြီးနောက်ပိုင်း အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့ရသည့် ရွန်နီက လက်ရှိအချိန်တွင် မန်ယူအသင်းဒါရိုက်တာအဖြစ်တာဝန်ယူနေသည့် ဖာဂူဆန်အား လေးစားမှုရှိနေဆဲဖြစ်ကြောင်းဆိုခဲ့သည်။ “ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးက...
ဖတ်ရန်
error: Content is protected !!