နောက်ဆုံးရသတင်းများ

(၂၀၁၈)ကမ္ဘာ့ဖလားမတိုင်မီ ကစားသမားဘ၀မှအနားယူမည်ဟု ဖီးလစ်လမ်းဆို

ဘိုင်ယန်မြူးနစ်အသင်းခေါင်းဆောင် ဖီးလစ်လမ်းက (၂၀၁၈)ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ကစားသမားဘ၀မှ အနားယူမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ အသက်(၃၄)နှစ်ရှိ အဆိုပါနောက်ခံလူသည် ပြီးခဲ့သည့်(၂၀၁၄)ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် နိုင်ငံလက်ရွေးစင် ကစားသမားဘ၀မှ အနားယူခဲ့သူဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲပေါင်း(၄၀၀)ကျော်ကစားပေးထားသူ ဖြစ်သည်။ ဖီလစ်လမ်းက “(၂၀၁၈)ထဲမှာ ကျွန်တော့်ကစားသမားဘ၀အဆုံးသတ်မှာပါ။ အခုလိုနောက်ဆုံးအချိန်ကို သတ်မှတ်လိုက်တာ ကျွန်တော့်အတွက်ကောင်းပါတယ်။ လက်ရွေးစင်အသင်းတုန်းကလည်း ဒီလိုပဲဆုံးဖြတ်ချက်ချခဲ့တာပါ။ နိုင်ငံအတွက် ရာနှုန်းပြည့်ပေးဆပ်နိုင်ခဲ့လို့ အဲဒီဆုံးဖြတ်ချက်အပေါ် ဘယ်တော့မှ...
ဖတ်ရန်

ရာသီကုန်တွင် ဇင်းနစ်မှထွက်ခွာတော့မည်ဟု နည်းပြဘိုအာ့စ်အတည်ပြု

ရုရှားပရီးမီးယားလိဂ်ချန်ပီယံ ဇင်းနစ်အသင်း၏ နည်းပြဖြစ်သူ ဘိုအာ့စ်က အပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်တွင် လိုအပ်သည့်ကစားသမားများခေါ်ယူပေးခဲ့ခြင်းမရှိသည့်အတွက် စာချုပ်သစ်ချုပ် ဆိုရန်ကမ်းလှမ်းမှုအား ပယ်ချ ခဲ့ပြီးနောက် ရာသီကုန်တွင်အသင်းနှင့်လမ်းခွဲတော့မည်ဖြစ်ကြောင်း၊ ချန်ပီယံဆုကာကွယ်ရာတွင် အောင်မြင်မှုရရှိရန် လက်ရှိကစားသမားအင်အားနှင့်မဖြစ်နိုင်ဟု ဖွင့်ဟပြောကြားခဲ့သည်။ ရာသီသစ်ပွဲစဉ်များတွင် ရလဒ်များဆိုးရွားနေခဲ့သည့် ဇင်းနစ်အသင်းသည် ပွဲစဉ်-၇အပြီး၌ အဆင့်-၃နေရာတွင် သာရပ်တည်နိုင်ခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ CSKA မော်စကိုအသင်းနှင့် ခြောက်မှတ်အထိကွာဟလျက်ရှိ သည်။ ထို့ပြင်...
ဖတ်ရန်

မန်စီးတီးနောက်ခံလူဆက်ဂ်ညာ ဒဏ်ရာပြဿနာမှ ပြန်လည်ရုန်းထွက်နိုင်ခဲ့

ပြီးခဲ့သည့်တနင်္လာနေ့တွင် ဆားဘီးယားနှင့်ကစားခဲ့သောခြေစမ်းပွဲ၌ ပြင်သစ်ညာနောက်ခံလူဆက်ဂ်ညာမှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့သော်လည်း အလျင်အမြန်ကောင်းမွန်လာသောကြောင့် ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့သည့် မန်စီးတီးလေ့ကျင့်ရေးအစီအစဉ်တွင် ပြန်လည်ပါဝင်နိုင်ခဲ့ကြောင်းသိရသည်။ မန်စီးတီးအသင်းခံစစ်ပိုင်းတွင် ဒဏ်ရာရကစားသမားများပြားနေပြီး ဘယ်နောက်ခံလူဇာဘလက်တာနှင့် ကွင်း လယ်လူဒီလပ်တို့မှာလည်း ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်နေရသည်။ သို့သော်ကွင်းလယ်ကစားသမားဒီလပ်နေရာတွင်အစားထိုးရန်ပြင်ဆင်ထားသည့် ဖာနန်ဒိုမှာ ကြံ့ခိုင်မှုအပြည့် ရရန်အလွန်နီးစပ်နေပြီး ဆက်ဂ်ညာသည်လည်း ဒဏ်ရာပြဿနာမှ ပြန်လည်ရုန်းထွက်နိုင်ခဲ့သောကြောင့် မန်စီးတီးနည်းပြပယ်လီဂရီနီအတွက် သတင်းကောင်းဖြစ်ခဲ့သည်။ ကွင်းလယ်လူဒီလပ်မှာ အင်္ဂလန်အသင်းအတွက် ယူရို-၂၀၁၆ခြေစစ်ပွဲအဖြစ် ဆွစ်ဇာလန်နှင့်ပွဲတွင်...
ဖတ်ရန်

စပါးအတွက် (၄)ပွဲ (၃)ဂိုးရရှိရုံဖြင့် မလုံလောက်ဟု ချက်ဒလီဆို

စပါးအသင်းတောင်ပံကစားသမားချက်ဒလီက ကစားသမားသစ်ဟောင်မင်ဆန်နှင့်အန်ဂျေးတို့မှာ ယခုတစ်ပတ် တွင်ကစားမည့် ဆန်းဒါးလန်းနှင့်ပွဲတွင်ခြေစွမ်းပြပြီး အမှတ်ပေးဇယားထိပ်ပိုင်းရောက်အောင် ကူညီနိုင်မည့်သူများ ဖြစ်သည်ဟုမျှော်လင့်ထားကြောင်းပြောကြားခဲ့သည်။ ယခုဘောလုံးရာသီတွင် စပါးအသင်း၏ဂိုးရယူနိုင်ရေးကြိုးပမ်းမှုမှာ အမှတ်ပေးဇယားဦးဆောင်သူမန်စီးတီး ထက် အခွင့်အရေး(၁၂)ကြိမ်ပိုရခဲ့သော်လည်း တိုက်စစ်ကဂိုးသွင်းယူနိုင်မှုအားနည်းခဲ့ပြီး (၄)ပွဲတွင် (၃)ဂိုးသာ ရယူနိုင်ခဲ့သည်။ ထိုအချက်နှင့်ပက်သတ်၍ ပြီးခဲ့သည့်ဘောလုံးရာသီတွင် (၁၁)ဂိုးသွင်းယူပေးထားသော ချက်ဒလီက “စပါးလို အသင်းအတွက် (၄)ပွဲ(၃)ဂိုးဆိုတာ လုံလောက်မှုမရှိသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ သွင်းဂိုးအများအပြားရယူ...
ဖတ်ရန်

အိုလံပစ်အမျိုးသမီး ခြေစစ်ပွဲလက်မှတ် တစ် စောင်လျှင် နှစ်ပွဲ ကြည့်နိုင်မည်

အော်သော်ဖြိုး။ ရန်ကုန်၊စက်တင်ဘာ ၁ဝ မြန်မာလက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၁၆ အိုလံပစ် အမျိုးသမီး ဘောလုံး ခြေစစ်ပွဲ (ဒုတိယအဆင့်) ပွဲစဉ် လက်မှတ်တစ်စောင် ဝယ်လျင် နှစ်ပွဲနှုန်း ကြည့်ရှု နိုင်မည် ဟု မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ် က ထုတ်ပြန်ချက်အရသိရသည်။ ပွဲစဉ် လက်မှတ်များကို...
ဖတ်ရန်

ဂျွန်စတုန်းအား စာချုပ်သက်တမ်းတိုးရန် အဲဗာတန်ကြိုးစားနေ

အဲဗာတန်အသင်းသည် ချယ်လ်ဆီးအသင်းက ခေါ်ယူရန်ကြိုးစားနေသော နောက်ခံလူဂျွန်စတုန်းအား စာချုပ်သက်တမ်းတိုးနိုင်ရန် ကြိုးစားနေကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့ကာလတွင် ဂျွန်စတုန်းအား ခေါ်ယူရန် (၄)ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့သော်လည်း အဲဗာတန်အသင်းက ပယ်ချခဲ့သည်။ သို့သော် ဂျွန်စတုန်းသည် အဲဗာတန်မှ ကမ်းလှမ်းလာသော စာချုပ်သစ်တွင် တစ်ခြားအသင်းများက ပေါင် (၃ဂ)သန်းဖြင့် ကမ်းလှမ်းလာခဲ့ပါက အသင်းမှ...
ဖတ်ရန်

ချဲလ်ဆီးနှင့်စပါး ကွင်းများ မွမ်းမံမည့်ကာလတွင် ၀င်ဘလေကွင်းအသုံးပြုခွင့်ရမည်

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)၏ အမှုဆောင်ချုပ်မာတင်ဂလင်းက ချဲလ်ဆီးနှင့်စပါးအသင်းအနေဖြင့် ၎င်းတို့၏အိမ်ကွင်းများဖြစ်သော စတမ်းဖို့ဒ်ဘရစ်ခ်ျနှင့် ၀ှိုက်ဟတ်လိန်းတို့အား ပြန်လည်မွမ်းမံပြင်ဆင်မည်ဆို ပါက အက်ဖ်အေ၏လုပ်ထုံးလုပ်နည်းများတွင်ပါဝင်သော ထောက်ပံ့ကူညီခြင်းနှင့် တာဝန်သိမှုဆိုသည့်အချက် ဖြင့် ၀င်ဘလေကွင်းကို သုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပရီးမီးယားလိဂ်ချန်ပီယံချဲလ်ဆီးအသင်းသည် စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းအား ပရိသတ်(၆၀၀၀၀)ဆံ့ကွင်းအဖြစ် ပေါင်(၅၀၀)သန်းသုံးစွဲ၍ ပြန်လည်မွမ်းမံမည်ဆိုပါက ပြီးစီးရန်အချိန် (၂)နှစ်ခန့်ကြာမြင့်မည်ဖြစ်ပြီး စပါးအသင်း၏ ၀ှိုက်ဟတ်လိန်းကွင်းမှာလည်း (၂၀၁၇-၁၈)ရာသီတွင်မှပြီးစီးနိုင်ဖွယ်ရှိသည်။ ချဲလ်ဆီးနှင့်စပါးအသင်းအနေဖြင့် ၀င်ဘလေကွင်းကို...
ဖတ်ရန်

လာလီဂါပြိုင်ပွဲ ပုံရိပ် မြင့်တက်လာအောင် ကြိုးပမ်းသွားမည်ဟု ဂျာဗီယာတီဗက်စ် ပြောကြား

အနာဂတ်တွင် မက်ဆီ၊ရော်နယ်ဒိုတို့ အခြားလိဂ်ပြိုင်ပွဲများသို့ ပြောင်းရွေ့ သွားခဲ့ပါက ကမ္ဘာ့အနှံ့ အပြားတွင် လာလီဂါပြိုင်ပွဲပုံရိပ် ကျဆင်းမှုမရှိစေရန်အတွက် ကြိုးစားသွားမည်ဖြစ်ကြောင်း စပိန်ဘောလုံးအဖွဲ့ ချူပ် ဥက္ကဋ္ဌ ဂျာဗီယာတီဗက်စ်က ပြောကြားလိုက်သည်။ မက်ဆီနှင့်ရော်နယ်ဒိုတို့ မှာ (၃)နှစ်အတွင်း လာလီဂါပြိုင်ပွဲမှ ထွက်ခွာသွားနိုင်ပြီးထိုကစားသမားနှစ်ယောက် မရှိတော့ပါက လာလီဂါပြိုင်ပွဲပုံရိပ် ကျဆင်းလာမည့် အ ချက်အတွက် ကြိုတင်ပြင်ဆင်မှုများလုပ်ရန် ဂျာဗီယာတီဗက်စ်က...
ဖတ်ရန်

AFC U-16ခြေစစ်ပွဲအဖွင့်ပွဲစဉ်တွင်မြန်မာအသင်းနှင့် အိမ်ရှင် ဗီယက်နမ်အသင်း ကစားရမည်

အောင်သော်ဖြိုး။ ရန်ကုန်၊စက်တင်ဘာ ၁၀။ AFC U-16 Championship ခြေစစ်ပွဲ အုပ်စု (J) ပွဲစဉ်များကို ဗီယက်နမ် နိုင်ငံတွင် စက်တင်ဘာလ ၁၆ရက် မှ ၂ဝရက်နေ့ အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်း အုပ်စုအဖွင့် ပွဲစဉ်တွင် အိမ်ရှင် ဗီယက်နမ်အသင်း နှင့်တွေ့ဆုံမည်ဖြစ်သည်။ မြန်မာ ယူ-၁၆ အသင်းသည်...
ဖတ်ရန်

ရီးရဲလ်သို့  ပြောင်းရွှေ့ရန် ၀င်းဂါး စိတ်ဝင်စားခဲ့ဖူးကြောင်း ကယ်လ်ဒါရွန် ဖွင့်ဟ

အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးသည် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ရန် စိတ်ဝင်စားခဲ့ဖူးကြောင်း ယခင်ရီးရဲလ်ဥက္ကဋ္ဌဟောင်း ကယ်လ်ဒါရွန်က ပြောလိုက်သည်။ ၀င်းဂါသည် အာဆင်နယ်အသင်းတွင် (၁၉)နှစ်ကြာ နည်းပြအဖြစ် တာဝန်ယူခဲ့သော်လည်း ရီးရဲလ်မက်ဒရစ်က နည်းပြအဖြစ်ခန့်အပ်ရန် ကြိုးပမ်းခဲ့ သည်။ ရီးရဲလ်မက်ဒရစ်က ၀င်းဂါးအားနည်းပြအဖြစ်ခန့်အပ်နိုင်တော့မည်ဟု သတင်းများကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ဖူးပြီး ယင်းသတင်းများမှာ အမှန်တကယ်ဖြစ်မလာသော်လည်း ၀င်းဂါးကိုယ်တိုင် မိမိတို့အသင်းသို့ ပြောင်းရွှေ့ရန် အလွန်စိတ်ဝင်စားခဲ့ဖူးကြောင်း...
ဖတ်ရန်
error: Content is protected !!