နောက်ဆုံးရသတင်းများ

ချဲလ်ဆီးဂိုးသမားကော်တိုရစ် ဒူးဒဏ်ရာကြောင့် (၂)လခန့်နားရမည်

ချဲလ်ဆီးဂိုးသမားကော်တိုရစ်သည် ဘယ်လ်ဂျီယံအသင်းနှင့် ယူရိုခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် ပြင်းထန်သည့် ဒူးဒဏ်ရာရရှိခဲ့သဖြင့် (၂)လခန့်အနားယူရတော့မည်ဖြစ်ကြောင်း သိရသည်။ အသက်(၂၃)နှစ်ရှိ အဆိုပါဂိုးသမားသည် လက်ရွေးစင်အသင်းနှင့် ကစားပြီးနောက် ချဲလ်ဆီးအသင်းနှင့် ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်တွင် ဒူးဒဏ်ရာမှာ ပိုမိုဆိုးရွားလာခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ ကော်တိုရစ်ဒဏ်ရာရရှိသွားသောကြောင့် ချဲလ်ဆီးမှထွက်ခွာသွားသည့် ပီတာချက်နေရာအတွက် ပေါင်(၈)သန်းဖြင့် စတုတ်စီးတီးမှ ခေါ်ယူထားသော ဂိုးသမားဘီဂိုဗစ်ကို အဲဗာတန်နှင့်ပွဲ၌ ထည့်သွင်းအသုံးပြုရတော့မည်ဖြစ်သည်။ ကော်တိုရစ်သည် ချဲလ်ဆီးအသင်းနှင့်...
ဖတ်ရန်

နိုင်လိုစိတ်ဟာ တစ်ချက်လောက် ဖွာကြည့်ရုံနဲ့ မသိနိုင်ဘူး

ဒီ​က​မ္ဘာ​ကြီး​ထဲ​ ဘယ်​သူ​မှ​မ​ရှုံး​ချင်၊ ​အ​ရှုံး​ဆို​သော ​အ​သံ​ကို ​တစ်​လုံး​တစ်​ပါ​ဒ​မျှ​ မ​ကြား​လို​ မ​နာ​လို​ကြ၊ ​ဒီ​အ​ရှုံး​ အ​တွက် ​လက်​ညှိုး​ပေါင်း​ တစ်​ထောင်၊ ​မျက်​လုံး​ပေါင်း​ တစ်​သောင်း​လည်း​ လို​ချင်​မှ ​လို​မည်၊ ​ရှုံး​လေ​ပြီ.​ဟု​ မိ​မိ​ကိုယ်​ကိုယ်​ သိ​ရှိ​ခြင်း​မှာ​ပင် ​ဇာတ်​က​ နာ​လိုက်​သည့်​ဖြစ်​ခြင်း။ ​ဘာ​ကြောင့်​ မ​ရှုံး​ချင်​ကြ​ဘူး​လဲ၊ ​ဖြစ်​နိုင်​ခြေ​ အ​များ​ဆုံး​က ​ကိုယ့်​ဂုဏ်​ သိက္ခာ​အ​တွက်..။ ​နိုင်​ငံ​တော်...
ဖတ်ရန်

ဂျူဗင်တပ်ကွင်းလယ်လူပေါ့ဘာအား ခေါ်ယူရန် ဘာစီလိုနာအကြိုသဘောတူညီမှုရရှိခဲ့

စပိန်ထိပ်သီးဘာစီလိုနာအသင်းသည် ဂျူဗင်တပ်အသင်း၏ ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားဖြစ်သူ ပေါ့ဘာအားခေါ်ယူရန် အကြိုသဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း အီတလီနာမည်ကြီးအားကစားသတင်းဋ္ဌာနတစ် ခုဖြစ်သည့် Gazzetta dello Sport က အခိုင်အမာဖော်ပြခဲ့သည်။ ပရီးမီးယားလိဂ်ထိပ်သီးချဲလ်ဆီးအသင်း၏ စိတ်ဝင်စားခြင်းကိုခံနေရသည့် လူငယ်ကွင်းလယ်လူပေါ့ဘာအနေဖြင့် လာမည့်ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ဘာစီလိုနာအသင်းသို့ အပြီးသတ်ရောက်ရှိတော့မည်ဖြစ်သည်။ အီတလီမီဒီယာ၏ဖော်ပြချက်တွင် ဘာစီလိုနာအသင်းဥက္ကဋ္ဌဖြစ်သူ ဘာတိုမြူအနေဖြင့် ပေါ့ဘာအားခေါ်ယူရန်အတွက် ဂျူဗင်တပ်အသင်းထံလာရောက်ညှိနှိုင်းခဲ့ပြီး ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်တွင် အပြီးသတ်ဆောင်ရွက်ရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။ ဂျူဗင်တပ်အသင်းသည်...
ဖတ်ရန်

စစ်ဘေးရှောင်ဒုက္ခသည်များအတွက် လက်မှတ်တစ်စောင်ရောင်းရလျှင် ၁ ပေါင်နှုန်းဖြင့် အာဆယ်နယ်လှူဒါန်း

အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက စတုတ်စီးတီးနှင့်ပွဲစဉ်တွင် ရောင်းချရမည့်လက်မှတ် တစ်စောင်လျှင် ၁ ပေါင်ကို ဆီးရီးယားစစ်ဘေးရှောင်ဒုက္ခသည်များအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း တရားဝင် ပြောကြားလိုက်သည်။ အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်းက အဆိုပါဒုက္ခသည်များကို လှူဒါန်းမှုပြုလုပ်ခဲ့ပြီး ယခု အချိန်တွင် ပေါင်၄၀၀၀၀၀ အထိရှိပြီဖြစ်ကြောင်းသိရသည်။ ယင်းလှူဒါန်းငွေများမှာ အာဆင်နယ်ယှဉ်ပြိုင် ခဲ့သောဘောလုံးရာသီတစ်ခု၏ ပထမဆုံးချန်ပီယံလိဂ်ပြိုင်ပွဲတွင် လက်မှတ်ရောင်းရငွေမှ တစ်စောင်လျှင်...
ဖတ်ရန်

မန်ယူနှင့်ပွဲတွင် လီဗာပူးတိုက်စစ်မှူးစတာရစ်ခ်ျ ပွဲထွက်ခွင့်ရရန်နီးစပ်နေ

အမေရိကန်နိုင်ငံတွင် တင်ပါးဒဏ်ရာခွဲစိတ်ကုသမှုအောင်မြင်ခဲ့ပြီးနောက် ကြာသပတေးနေ့က လေ့ကျင့်ခန်း အပြည့်အ၀ဆင်းနိုင်သော တိုက်စစ်မှူးစတာရစ်ခ်ျမှာ လီဗာပူးနှင့်အတူ ပွဲထွက်ခွင့်ရရှိရန်နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။ တိုက်စစ်မှူးစတာရစ်ခ်ျမှာ (၃)ပတ်ကြာကုသမှုခံယူခဲ့ပြီးနောက် ပထမဆုံးအကြိမ်လေ့ကျင့်ခန်းတွင် အချိန်ပြည့် ကစားသွားနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ အဆိုပါအင်္ဂလန်တိုက်စစ်မှူးသည် ပြီးခဲ့သည့်ဘောလုံးရာသီတွင်လည်း ပေါင်၊ တင်ပါးဆုံနှင့် ခြေသလုံးဒဏ်ရာ များကြောင့် ပွဲထွက်ကစားခွင့်(၁၈)ပွဲသာ ပါဝင်နိုင်ခဲ့ပြီး (၄)ဂိုးသာသွင်းယူနိုင်ခဲ့သည်။ လီဗာပူးအသင်းမှာ ဒဏ်ရာမှပြန်လည်သက်သာလာသည့် စတာရစ်ခ်ျကို မန်ယူနှင့်ပွဲတွင်...
ဖတ်ရန်

ပဲလေ့စ်နောက်ခံလူဂျိုးဝက်ဒ် ဒူးဒဏ်ရာကြောင့် မန်စီးတီးနှင့်ပွဲလွဲမည်

ခရစ္စတယ်ပဲလေ့စ်အသင်း၏ အဓိကနောက်ခံလူဖြစ်သူ ဂျိုးဝက်ဒ်သည် လေ့ကျင့်ရေးကွင်းအတွင်း ဒူးဒဏ်ရာရရှိခဲ့ခြင်းကြောင့် ရက်သတ္တပတ်လေးပတ်ခန့်အထိအနားယူရတော့မည်ဖြစ်ရာ မန်စီးတီးအသင်းနှင့်ပွဲစဉ်အား လွဲချော်တော့မည်ဖြစ်ကြောင်း နည်းပြအလန်ပါဂျူးက အတည်ပြုပြောကြားခဲ့သည်။ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံချဲလ်ဆီးအသင်းအား အနိုင်ရရှိခဲ့သည်ပွဲစဉ်တွင် အသင်းအတွက်အရေးပါသည့် အနိုင်ဂိုးအား သွင်းယူပေးခဲ့သည့် နောက်ခံလူ ဂျိုးဝက်ဒ်သည် ပရီးမီးယားလိဂ်ပွဲစဉ်လေးပွဲတွင် အသင်းအတွက် နှစ်ဂိုးသွင်းယူပေးထားနိုင်ခဲ့သည်။ “ဂျိုးဝက်ဒ်ကို မန်စီးတီးနဲ့ပွဲစဉ်မှာ အသုံးပြုလို့မရတော့ပါဘူး။ လေ့ကျင့်ရေးကွင်းမှာရရှိခဲ့တဲ့ဒဏ်ရာကြောင့် တစ်လခန့်အနားယူရဖို့ရှိနေပါတယ်။ မန်စီးတီးနဲ့အရေးကြီးပွဲစဉ်မှာ ဂျိုးဝက်ဒ်ကို...
ဖတ်ရန်

အခွန် တိမ်းရှောင် မှုကြောင့် မာရှေယာနို တရားရင် ဆိုင်ရဖွယ် ရှိနေ

ဘာစီလိုနာ အသင်း၏ အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ် ကစား သမားဖြစ်သူ မာရှေယာနိုသည် ၂၀၁၁ ခုနှစ် နှင့်၂၀၁၂ ခုနှစ်များ တွင် အခွန် တိမ်းရှောင် မှုများရှိခဲ့ သဖြင့် စပိန် အစိုးရ၏ တရား စွဲဆိုခြင်းနှင့် ရင်ဆိုင် ရဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ် လာခဲ့သည်။...
ဖတ်ရန်

ဥရောပချန်ပီယံဖြစ်ရန် ရီးရဲလ်နှင့်ဘာစီလိုနာတို့သာ ရေပန်းစားဟု ဗယ်ဒါနိုသုံးသပ်

ရီးရဲလ်ကစားသမားဟောင်းဖြစ်သူ ဂျော့စ်ဗယ်ဒါနိုက လက်ရှိဥရောပချန်ပီယံနေရာကို စိန်ခေါ်နိုင်သည့်အသင်းမှာ ရီးရဲလ်မက်ဒရစ်နှင့် လက်ရှိဥရောပချန်ပီယံ ဘာစီလိုနာတို့သာ ရေပန်းအစားဆုံးဖြစ်ကြောင်း သုံးသပ်ပြောကြားသွားခဲ့သည်။ အသစ်ပြောင်းလဲရေးဆွဲခဲ့သည့် ယူအီးအက်ဖ်အေ၏စည်းမျဉ်းသစ်အရ ယူရိုပါလိဂ်ချန်ပီယံအသင်းအား ချန်ပီယံ လိဂ်အုပ်စုအဆင့်မှစတင်ပါဝင်ကစားခွင့်ပြုခဲ့ခြင်းကြောင့် ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲတွင် စပိန်လာလီဂါကိုယ်စား ပြုအသင်းငါးသင်းအထိ ၀င်ရောက်ယှဉ်ပြိုင်ကစားခွင့်ရရှိခဲ့သည်။ “စပိန်ကလပ်အသင်းတွေက ဥရောပရဲ့ထိပ်တန်းအသင်းတွေအဖြစ် ရပ်တည်နေဆဲပါ။ လက်ရှိဥရောပရဲ့ အမြင့် ဆုံးပြိုင်ပွဲနှစ်ခုလုံးမှာ စပိန်အသင်းတွေချည်းပဲဗိုလ်စွဲခဲ့တာက စပိန်ဘောလုံးလောကရဲ့အဆင့်အတန်းကို သိနိုင်ပါတယ်။...
ဖတ်ရန်

အသင်းပြောင်းရွှေ့ခွင့်ဆုံးရှုံးပြီးနောက် ရှော်လ်ကေးတွင်သာ ဘိုတန်ဆက်ရှိမည်

ရှော်လ်ကေးကွင်းလယ်လူဘိုတန်သည် ပြီးခဲ့သည့်အပြောင်းအရွှေ့ကာလတွင် စပို့တင်းလစ္စဘွန်းသို့ ပြောင်းရွှေ့ခွင့်ပျက်ပြယ်ပြီးနောက် လက်ကျန်စာချုပ်သက်တမ်းဖြင့် ရှော်လ်ကေး၌သာ ဆက်လက်ကစားရမည် ဖြစ်သည်။ ဘိုတန်သည် ပြီးခဲ့သည့်မေလက ကိုလုံးအသင်းနှင့်ကစားခဲ့သည့်ပွဲအရေးနိမ့်ခြင်းအတွက် အသင်းအား အပြင်းအထန်ဝေဖန်ပြောကြားခဲ့သောကြောင့် ရှော်လ်ကေး၏ အကန့်အသတ်မရှိပွဲပယ်ပြစ်ဒဏ်ခံထားရသူဖြစ်သည်။ ထို့ကြောင့် ၎င်းက အသင်းပြောင်းရွှေ့ရန်ကြိုးပမ်းခဲ့ပြီး စပို့တင်းလစ္စဘွန်းအပါအ၀င်၊ ယူအေအီးနှင့် ကာတာအခြေစိုက်ကလပ်အသင်းများမှ ခေါ်ယူရန်ရှိသည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း အပြောင်းအရွှေ့ပိတ်သိမ်းချိန်အထိ ထူးခြားမှုမရှိခဲ့ချေ။ ထို့အပြင် ဘိုတန်မှာ...
ဖတ်ရန်

နည်းပြမွန်တဲလားကြောင့် ဖီအိုရင်တီးနားတွင် ရုန်းကန်ခဲ့ရဟု ဂျိုအာကွင်း ဆို

စပိန်လက်ရွေးစင်ကစားသမားဟောင်းဖြစ်သူ ဂျိုအာကွင်းက အီတလီမြေတွင် သွားရောက်ကစားခဲ့သည့်အချိန် ကာလများမှာ အခက်အခဲများနှင့် ကြုံတွေ့ခဲ့ကြောင်း၊ နည်းပြမွန်တဲလား၏ အခွင့်အရေးပေးခြင်းမခံခဲ့ရသည့်အတွက် ဖီအိုရင်တီးနားတွင် ရုန်းကန်ခဲ့ရကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်။ ဂျိုအာကွင်းအနေဖြင့် ၂၀၁၃ ခုနှစ်တွင် ဖီအိုရင်တီးနားအသင်းထံပြောင်းရွှေ့ခဲ့ပြီးနောက် ဘောလုံးရာသီ ၂ ရာသီအတွင်း အသင်းအတွက် ၄၉ ပွဲသာပါဝင်ကစားခွင့်ရရှိခဲ့ကာ ပြီးခဲ့သည့်နွေရာသီကစားသမားအပြောင်းအရွှေ့တွင် အသင်းဟောင်းဘက်တစ်အသင်းသို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည်။ “အီတလီမြေမှာ အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့သလို...
ဖတ်ရန်
error: Content is protected !!