နောက်ဆုံးရသတင်းများ

ဂါလာတာစာရေးအား အနိုင်ရရှိရန် ပိုမိုအားစိုက်ရမည်ဟု ဆီမြွန်နီ ဆို

စပိန်ထိပ်သီးအက်သလက်တီကိုအသင်း၏နည်းပြဆီမြွန်နီက ချန်ပီယံအုပ်စုအဖွင့်ပွဲစဉ်အဖြစ်ရင်ဆိုင်ရမည့် ဂါလာတာစာရေးနှင့်ပွဲစဉ်တွင် အနိုင်ရရှိရန်အတွက် ပိုမိုအားစိုက်ရမည်ဖြစ်ကြောင်း၊ ယမန်နှစ်ရာသီကရရှိခဲ့သည့်အတွေ့အကြုံများအား အကောင်းဆုံးအသုံးချပြီး ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ဆိုခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၄-၁၅ဘောလုံးရာသီ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်အထိတက်ရောက်နိုင်ခဲ့သည့် အက်သလက်တီကိုအသင်းသည် အုပ်စုအဖွင့်ပွဲစဉ်တွင် ဂရိကလပ် အိုလံပီယာကော့စ်အသင်းကို အဝေးကွင်းတွင် ၃-၂ ဂိုးဖြင့်အရေးနိမ့်ခဲ့သည့် အတွက် နည်းပြဆီမြွန်နီမှ ယခုကဲ့သို့ ဖွင့်ဟပြောကြားခဲ့ခြင်းဖြစ်သည်။ “ပြီးခဲ့တဲ့ရာသီက အတွေ့အကြုံတွေကို အကောင်းဆုံးအသုံးချပြီး...
ဖတ်ရန်

ရိုးမားနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဘာစီလိုနာတိုက်စစ်မှူးမက်ဆီ ဥရောပပွဲ ၁၀၀ ပြည့်မည်

ဘာစီလိုနာအသင်း၏ အဓိကတိုက်စစ်ကစားသမားဖြစ်သူ လီယွန်နယ်မက်ဆီသည် ၂၀၁၅-၁၆ ဘောလုံးရာသီ ဥရောပချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အီတလီစီးရီးအေကလပ် ရိုးမားအသင်းနှင့်ပွဲစဉ်တွင် ဥရောပပွဲ ၁၀၀ ပြည့်မြောက်တော့မည်ဖြစ်သည်။ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်သူ မက်ဆီသည် ဘာစီလိုနာကစားသမားဘ၀ ဥရောပချန်ပီယံလိဂ်ပထမဦးဆုံးပွဲစဉ်အဖြစ် ၂၀၀၄ ဒီဇင်ဘာ ၇ရက်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ယူကရိန်းကလပ် ရှက်တာဒိုးနက်စ်နှင့် ပွဲစဉ်တွင် စတင်ပါဝင်ကစားခဲ့သူဖြစ်သည်။ ယင်းအတွက်ကြောင့် မက်ဆီအနေဖြင့် ရိုးမားအသင်းနှင့်ပွဲစဉ်တွင်...
ဖတ်ရန်

ကမ်းလှမ်းမှုများစွာ လက်ခံရရှိထားသော်လည်း အသင်းပြောင်းမည်မဟုတ်ဟု ပိုဒေါစကီး ဖွင့်ဟ

တူရကီကလပ် ဂါလာတာဆာရေးအသင်း၏ တိုက်စစ်မှူးဖြစ်သူ ပိုဒေါစကီးက ဥရောပအသင်းအချို့၏ ကမ်းလှမ်းမှုများစွာအား လက်ခံရရှိထားသော်လည်း အသင်းပြောင်းရွှေ့ မည်မဟုတ်ကြောင်း၊ ကစားသမားဘ၀၏ အကောင်းဆုံးအချိန်များတွင် ဂါလာတာစာရေးနှင့်အတူ ဆက်လက်ဖြတ်သန်းလိုကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်။ ဂျာမနီလက်ရွေးစင်ဟောင်းတိုက်စစ်မှူးးဖြစ်သူ ပိုဒေါစကီးသည် ပရီးမီးယားလိဂ်ထိပ်သီးအာဆင်နယ်အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်မရရှိခဲ့သဖြင့် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် တူရကီကလပ် ဂါလာတာစာရေးအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ “ဥရောပအသင်းကြီးတွေရဲ့ ကမ်းလှမ်းမှုတွေကိုလက်ခံရရှိထားပါတယ်။ ဒါပေမဲ့ အသင်းပြောင်းရွှေ့ဖို့တော့အစီအစဉ်မရှိပါဘူး။...
ဖတ်ရန်

ပထမနေရာမရနိုင်တော့ ဟု မကွေးအသင်းဆို

ရန်ကုန်၊စက်တင်ဘာ ၁၄။ အောင်သော်ဖြိုး။ ၂၀၁၅ နေရှင်နယ်လိဂ်ရာသီအတွက် ဒုတိယနေရာရရှိရေးကို အဓိကထားယှဉ်ပြိုင်သွားတော့မည်ဟု ရတနာပုံအသင်း နှင့် တစ်ဂိုးစီ သရေကျခဲ့သည့် ပွဲစဉ် ၁၇ အပြီး သတင်းစာရှင်းလင်းပွဲတွင်  မကွေးလက်ထောက်နည်းပြ ဦးဇော်ဝင်းထွန်းက ဆိုသည်။ “ပထမနေရာက ရန်ကုန်နဲ့ အတော်အလှမ်းဝေးသွားပါပြီ။ ကျွန်တော်တို့မှ မဟုတ်ဘူး။ တခြားအသင်းတွေလည်း ပထမနေရာအတွက် မဖြစ်နိုင်တော့ပါဘူး။ ကျွန်တော်တို့က...
ဖတ်ရန်

ပွဲတိုင်းကိုအာရုံစိုက်ကစားသွားမည်ဟု မြန်မာ အမျိုးသမီး အသင်းနည်းပြချုပ်ပြော

နေလင်း ရန်ကုန်၊စက်တင်ဘာ ၁၃။ မြန်မာနိုင်ငံတွင် စက်တင်ဘာ(၁၄)ရက်မှ (၂၂)ရက်အထိ ကျင်းပပြုလုပ်သွားမည့် ဘရာဇီးအိုလံပစ်အမျိုးသမီး အာရှဇုန်ခြေစစ်ပွဲ ဒုတိယအဆင့် ပြိုင်ပွဲနှင့်ပတ်သက်ပြီး ပြိုင်ပွဲကြို ပွဲကြိုသတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ(၁၃) ရက်နေ့က မန္တလေးမြို့၊ဆီဒိုးနားဟိုတယ်တွင်ကျင်းပခဲ့သည်။ ယခုဒုတိယအဆင့်ခြေစစ်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် မြန်မာအမျိုးသမီးအသင်းအပါအ၀င် ဗီယက်နမ်၊ ထိုင်း၊ ဂျော်ဒန်၊ တရုတ်(တိုင်ပေ)အသင်းတို့ပါဝင်နေပြီး အုပ်စုပထမရသည့်အသင်းမှာ ဘရာဇီးအိုလံပစ်အမျိုး သမီးအာရှဇုန်နောက်ဆုံးခြေစစ်ပွဲအဆင့်ကိုတက်လှမ်းနိုင်မည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းအနေဖြင့်...
ဖတ်ရန်

ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး သရေရလဒ်ထွက်ပေါ်ခဲ့တဲ့ ရတနာပုံ-မကွေး

အောင်သော်ဖြိုး။ ရန်ကုန်၊စက်တင်ဘာ ၁၃။ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၇ မကွေးအသင်း နှင့် ရတနာပုံအသင်း တို့ ပွဲစဉ် ကို စက်တင်ဘာလ ၁၃ ရက်နေ့ သုဝဏ္ဏ အားကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့ကြပြီး တစ်ဖက် တစ်ဂိုးဆီ သရေ ကျခဲ့သည်။ ရတနာပုံအသင်း မှ အောင်သူ၊ ရှိုင်းသူရ၊ မက်ဆီမန်၊ရဲကိုဦး...
ဖတ်ရန်

၁၉၈၈-၈၉ ဘောလုံးရာသီနောက်ပိုင်း၂၇နှစ်အတွင်း အဆိုးရွားဆုံးရာသီကို ချဲလ်ဆီးရင်ဆိုင်နေရ

ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ ချဲလ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ်-၅တွင် အဲဗာတန်အသင်းအား ထပ်မံအရေးနိမ့်ခဲ့ခြင်းကြောင့် ၁၉၈၈-၈၉ ဘောလုံးရာသီနောက်ပိုင်း ၂၇နှစ်အတွင်း အဆိုးရွားဆုံးရာသီအစအဖြစ်  ရင်ဆိုင်နေရပြီဖြစ်သည်။ ချဲလ်ဆီးအသင်းအနေဖြင့် ၁၉၈၈-၈၉ ဘောလုံးရာသီတွင် အင်္ဂလန်ဒုတိယတန်းအမှတ်ပေးပြိုင်ပွဲရာသီအဖွင့်ပွဲစဉ် ၅ ပွဲကစားခဲ့ရာ၌ ရှုံးပွဲ ၂ ပွဲကြုံတွေ့ခဲ့ရပြီး ၆ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ကာ အဆိုးရွားဆုံး ရာသီအစအဖြစ် ရင်ဆိုင်ခဲ့ရသည်။ အဆိုပါရာသီက  မန်စီးတီး၊...
ဖတ်ရန်

ရလဒ်ဆိုးများကြောင့် ရူဘင်ကာဇန်နည်းပြရာထူးမှ ဘီရာလက်တီနော့ဗ်နုတ်ထွက်

ရုရှားထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်သည့် ရူဘင်ကာဇန်အသင်း၏ နည်းပြဖြစ်သူ ဘီရာလက်တီနော့ဗ်သည် ယခုနှစ်ရာသီအတွင်း ၆ ပွဲမြောက်ရှုံးပွဲ ကြုံတွေခဲ့ရပြီးနောက် အသင်းနည်းပြရာထူးမှ နုတ်ထွက်သွားခဲ့ပြီဖြစ်ကြောင်း အသင်းမှအတည်ပြုထုတ်ပြန်ကြေညာခဲ့သည်။ ရူဘင်ကာဇန်အသင်းသည် ယခုဘောလုံးရာသီသစ်တွင် ခရစ်နိုဒါအသင်းတစ်သင်းတည်းကိုသာ အနိုင်ရရှိခဲ့ပြီး ၆ ပွဲ အထိ ရှုံးပွဲကြုံတွေ့ခဲ့ ရခြင်းကြောင့် တန်းဆင်းဇုန်အတွင်း ရပ်တည်နေရသည်။ အသက် ၅၈နှစ်အရွယ်ရှိ ရုရှားလူမျိုးနည်းပြဖြစ်သူ ဘီရာလက်တီနော့ဗ်သည် ရူဘင်ကာဇန်အသင်းအား...
ဖတ်ရန်

ကွင်းလယ်လူ ဆိုရီယာနိုအား စာချုပ်သက်တမ်းတိုးရန် ဆမ်ဒိုးရီးယား စီစဉ်နေ

စီးရီးအေထိပ်သီးအသင်းတစ်သင်းဖြစ်သည့် ဆမ်ဒိုးရီးယားအသင်းသည် ဥရောပအသင်းကြီးအချို့၏ စိတ်ဝင်စားခြင်းခံနေရသည့် ကွင်းလယ်ကစားသမားဖြစ်သူ ဆိုရီယာနိုကို အသင်းတွင်ဆက်ရှိနေစေရန်အတွက် စာချုပ်သက်တမ်းတိုးရန် စီစဉ်နေကြောင်း အီတလီမီဒီယာများ၏ဖော်ပြချက်အရ သိရသည်။ ဂျာမနီနွယ်ဖွား အီတလီလက်ရွေးစင်ကွင်းလယ်ကစားသမားဖြစ်သူ ဆိုရီယာနိုသည် ပြီးခဲ့သည့်ဘောလုံးရာသီတွင် ခြေစွမ်းပြကစားနိုင်ခဲ့ခြင်းကြောင့် စီးရီးအေပြိုင်ဘက် နာပိုလီအသင်းထံ ရောက်ရှိရန် နီးစပ်ခဲ့ပြီးနောက်ပိုင်း ဆမ်ဒိုးရီယားအသင်းတာဝန်ရှိသူများအနေဖြင့် အဆိုပါကစားသမားဖြစ်သူအား အသင်းထိန်းသိမ်းထားရန်အတွက် ကြိုးပမ်းလာခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ဆိုရီယာနိုသည် ၂၀၁၇...
ဖတ်ရန်

အသင်းအတွက် အာရုံပိုစိုက်ရန် လိုအပ်နေပြီဟု အသင်းသားများကို ဆီဗီလာနည်းပြ သတိပေး

ဆီဗီလာနည်းပြဖြစ်သူ အမ်မရီက ဆိုးရွားသည့်ရာသီအဖွင့်ရလဒ်အတွက် စိတ်မကောင်းကြောင်း၊ ၃ ပွဲကစားပြီးချိန်အထိ နိုင်ပွဲမရရှိခဲ့သည်က ဆိုးရွားလွန်းကြောင်း၊ အသင်းသားများအနေဖြင့် အာရုံပိုစိုက်ရန် လိုအပ်နေပြီဖြစ်ကြောင်း သတိပေးပြောကြားသွားခဲ့သည်။ လာလီဂါပွဲစဉ်-၃အဖြစ် လီဗန်တေးနှင့်သရေကျခဲ့သည့် ဆီဗီလာအသင်းသည် ယခုနှစ်ဘောလုံးရာသီသစ်၌ နိုင်ပွဲလုံးဝပျောက်ဆုံးနေခဲ့ပြီး အဆိုးရွားဆုံးရာသီအစကို ဖြတ်သန်းနေရသည်။ “ပြီးခဲ့တဲ့ရာသီကလို နိုင်ပွဲတွေရဖို့အတွက်  ပိုပြီးအာရုံစိုက်ဖို့ လိုအပ်နေပါပြီ။ ရမှတ် ၂ မှတ်ရရှိထားရုံနဲ့ မလုံလောက်သေးပါဘူး။...
ဖတ်ရန်
error: Content is protected !!