နောက်ဆုံးရသတင်းများ

ဂျူဗင်တပ် ကွင်းလယ်လူ မာချီစီယို ပေါင်ဒဏ် ရာကြောင့် လေးပတ်ခန့် အနားယူရမည်

လက်ရှိ စီးရီးအေ ချန်ပီယံ ဂျူဗင်တပ် အသင်း၏ အဓိက ကွင်းလယ် ကစား သမားဖြစ်သူ မာချီစီယိုသည် ချီယေဗိုနှင့် ၁-၁ သရေကျခဲ့သည့် ပွဲစဉ်တွင် ရရှိခဲ့ သည့် ပေါင် ဒဏ် ရာကြောင့် ရက်သတ္တပတ်လေး ပတ်ခန့် အနားယူ ရမည်ဖြစ်ကြောင်း အသင်းမှ အတည်ပြု ထုတ်ပြန်ကြေ ညာခဲ့သည်။...
ဖတ်ရန်

လီဗာပူးသို့ ကလော့ပ်ရောက်ရှိလျှင် အောင်မြင်မည်ဟု ဟာမန်းထောက်ခံ

လီဗာပူးအသင်းကစားသမားဟောင်း ဟာမန်းက လက်ရှိနည်းပြရော့ဂျာနေရာတွင် ဒေါ့မွန်အသင်းနည်းပြဟောင်း ယာဂန်ကလော့ပ်နှင့်အစားထိုးမည်ဆိုပါက လီဗာပူးအောင်မြင်မှုရမည်ဟု ထောက်ခံပြောကြားသွားခဲ့သည်။ ရော့ဂျာသည် ပြီးခဲ့သည့်စနေနေ့တွင် မန်ယူအသင်းကို ၃-၁ဖြင့် အရေးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်၌ နိုင်ပွဲ ၂ ပွဲသာရရှိထားသောကြောင့် ဖိအားများနှင့်ရင်ဆိုင်နေရသည်။ ဟာမန်းက”ပရိသတ်တွေဘက်က စိတ်ပျက်နေပမယ့် အသင်းတာဝန်ရှိသူတွေကတော့ ရော့ဂျာဘက်မှာရှိနေပါတယ်။ အခြားတစ်ဖက်မှာ ကလော့ပ်သာ လီဗာပူးကိုရောက်လာမယ်ဆိုရင်၊ ဘောလုံးရာသီမစတင်ခင် သူတို့အနေနဲ့ကလော့ပ်ကို ခေါ်ယူဖို့ကမ်းလှမ်းမယ်ဆိုရင်...
ဖတ်ရန်

အိုလံပီယာကို့စ်နှင့်ပွဲတွင် ခြေစွမ်းမြှင့်ရန် ကစားသမားများကို ဂွါဒီယိုလာသတိပေး

ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အိုလံပီယာကို့စ်နှင့်ကစားမည့်ပွဲစဉ်တွင် အသင်းကစားသမားများအနေဖြင့် ကစားအားမြှင့်တင်ရန်လိုအပ်ကြောင်း ဘိုင်ယန်မြူးနစ်အသင်းနည်းပြဂွါဒီယိုလာက သတိပေးပြောကြားခဲ့သည်။ ဘိုင်ယန်မြူးနစ်သည် ယခုနှစ်ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင် ရာနှုန်းပြည့်နိုင်ပွဲပိုင်ဆိုင်ထားသော်လည်း ပြီးခဲ့သည့်ပွဲစဉ်၌ အော့စ်ဘတ်ကိုအကြိတ်အနယ်ကစားခဲ့ရပြီး နောက်ကျဂိုးဖြင့်အနိုင်ရခဲ့သောကြောင့် ဂွါဒီယိုလာက ယခုကဲ့သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဂွါဒီယိုလာက အုပ်စုတွင်းပြိုင်ဘက်ဖြစ်သော အာဆင်နယ်အသင်းသည်လည်း ခက်ခဲသည့်ပြိုင်ဘက်ဖြစ်ကြောင်း အသင်းကစားသမားများကို သတိပေးပြောကြားထားသည်။ ဂွါဒီယိုလာက”အသင်းတိုင်း ရာနှုန်းပြည့်အနိုင်ရလဒ်ပိုင်ဆိုင်အောင် ကြိုးပမ်းမှာဖြစ်သလို လမ်းကြောင်းမှန်ပေါ်ကနေလည်း သွေဖီသွားနိုင်ပါတယ်။...
ဖတ်ရန်

ချန်ပီယံအသင်းအဖြစ် သတ်မှတ်ရန် အချိန်စောလွန်းသေးကြောင်း အင်တာနည်းပြဆို

အင်တာမီလန်အသင်းနည်းဖြစ်သူ မန်စီနီက အသင်းအနေဖြင့် ရာနှုန်းပြည့်နိုင်ပွဲရရှိထားသော်လည်း ချန်ပီယံအသင်းအဖြစ် သတ်မှတ်ရန်အချိန်စောလွန်းသေးကြောင်း၊ လက်ရှိချန်ပီယံ ဂျူဗင်တပ်အသင်းခြေချော်နေသည့်အချိန်တွင် အခွင့်အရေးယူနိုင်ရန်သာ အရေးကြီးကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့သည်။ လက်ရှိချန်ပီယံဂျူဗင်တပ်အသင်းအနေဖြင့် အဖွင့်ပွဲစဉ် ၃ ပွဲအထိ နိုင်ပွဲပျောက်ဆုံးနေသည့်အချိန်တွင် အင်တာမီလန်အသင်းအနေဖြင့် နိုင်ပွဲဆက်တိုက်ရရှိထားခဲ့ခြင်းကြောင့် မီဒီယာများက ချန်ပီယံအသင်းတစ်သင်းအဖြစ် ချီးကျူးရေးသားမှုများပြုလုပ်ခဲ့ခြင်းကြောင့် နည်းပြမန်စီနီက ယခုကဲ့သို့ ပြန်လည်ပြောကြားခြင်းဖြစ်သည်။ “ချန်ပီယံအသင်းအဖြစ် သတ်မှတ်ဖို့အချိန်စောပါသေးတယ်။ စီးရီအေရဲ့...
ဖတ်ရန်

ဂျော်ဒန်ကိုခြေစွမ်းအသာနဲ့(၂)ဂိုးပြတ်အနိုင်ယူပြီး အုပ်စုဦးဆောင်သူနေရာ မြန်မာရယူ

မြန်မာ ၂-၀ ဂျော်ဒန် ခင်မိုးဝေ-၁၈ မိနစ် နော်အားလိုဝါဖော(၇၁) ဘရာဇီးအိုလံပစ်အမျိုးသမီး အာရှဇုန်ခြေစစ်ပွဲ ဒုတိယအဆင့်၏ဒုတိယပွဲစဉ်ဖြစ်တဲ့ အိမ်ရှင်မြန်မာနဲ့ ဂျော်ဒန် အသင်းပွဲစဉ်မှာ မြန်မာအမျိုးသမီးအသင်းဟာ အတွေ့အကြုံရင့်ကစားသမားတွေဖြစ်တဲ့ စန်းစန်းမော်၊ နော်အားလိုဝါဖော၊ ရီရီဦး၊ခင်မိုးဝေ၊ မြဖူးငုံတို့နဲ့ ပွဲထွက်ခဲ့ပြီး ပွဲဦးထွက်နိုင်ပွဲရရှိအောင် ပွဲစကတည်းကဖိအားပေးကစားဖို့ကြိုးစားခဲ့တယ်။ ဂျော်ဒန်အမျိုးသမီးအသင်းကစားသမားအများစုက မြန်မာကစားသမားတွေထက် ခန္ဓာကိုယ်တောင့်တင်းမှုရှိပေမယ့် လျင်မြန်မှု၊အနီးကပ်အပေးအယူတိကျမှုတို့နဲ့ မြန်မာအသင်း ရဲ့အကွက်ကျကျထိုးဖောက်မှုကို...
ဖတ်ရန်

အလွန်ဆိုကို ရီးရဲလ်သို့ရောင်းချခဲ့သူ ဘင်နီတက်ဇ်အား ဂျရတ်ပြစ်တင်ဝေဖန်

ကွင်းလယ်လူအလွန်ဆိုကို ရီးရဲလ်သို့ရောင်းချခဲ့သူ နည်းပြဟောင်းဘင်နီတက်ဇ်မှာ မိုက်မဲသူဖြစ်ကြောင်း လီဗာပူးအသင်းခေါင်းဆောင်ဟောင်းဂျရတ်က ပြစ်တင်ပြောဆိုလိုက်သည်။ အလွန်ဆိုသည် လီဗာပူးအသင်းသို့ ၂၀၀၄ခုနှစ်တွင် ပြောင်းရွှေ့ရောက်ရှိခဲ့ပြီး အလျင်အမြန်အထိုင်ကျကာ ပရီးမီးယားလိဂ်၏ အကောင်းဆုံးကွင်းလယ်ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး လီဗာပူးနှင့်အတူ ၂၀၀၅ခုနှစ်ချန်ပီယံလိဂ်ဖလား၊ ၂၀၀၆ခုနှစ်အက်ဖ်အေဖလားတို့ကိုသိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် အဆိုပါဆုဖလားများသိမ်းပိုက်ပြီး ၁နှစ်အကြာတွင် ခြေစွမ်းကျဆင်းသွားပြီး ပရီးမီးယားလိဂ်ပွဲ ၁၆ပွဲသာကစားခွင့်ရချိန်တွင် လီဗာပူးမှ အခြားကွင်းလယ် ကစားသမားသစ်များခေါ်ယူရန်ပြင်ဆင်ခဲ့သည်။ ထို့နောက် ၂၀၀၇-၀၈ဘောလုံးရာသီတွင်...
ဖတ်ရန်

ကစားသမားဘ၀ နောက်ဆုံးချန်ပီယံလိဂ်ပြိုင်ပွဲဖြစ်လာနိုင်သည့်ရာသီတွင် အသင်းဟောင်းနှင့် ရင်ဆိုင်ရမည့်အတွက် စိတ်လှုပ်ရှားမိဟု အီဗရာဟီမိုဗစ် ဆို

ပီအက်စ်ဂျီတိုက်စစ်မှူးဖြစ်သူ အီဗရာဟီမိုဗစ်က ကစားသမားဘ၀ နောက်ဆုံးချန်ပီယံလိဂ်ပြိုင်ပွဲဖြစ်လာနိုင်သည့် ယခုနှစ်ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွင် လူငယ်ကစားသမားဘ၀ကိုဖြတ်သန်းခဲ့သည့် အသင်းဟောင်းမယ်လ်မိုနှင့်ပွဲစဉ်အတွက် စိတ်လှုပ်ရှားမိကြောင်းထုတ်ဖော်ပြောကြားသွားခဲ့သည်။ အသက် ၃၃နှစ်အရွယ်ရှိ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူးဖြစ်သူ အီဗရာဟီမိုဗစ်သည် လူငယ်ကစားသမားအဖြစ် မယ်လ်မိုအသင်းအကယ်ဒမီတွင် စတင်ခဲ့သူဖြစ်ပြီး အဆိုပါအသင်းတွင် ၁၉၉၁ မှ ၂၀၀၁ အထိ ပါဝင်ကစားခဲ့ပြီးနောက် နယ်သာလန်ကလပ်အေဂျက်ဇ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည်။ “နောက်ဆုံးပြိုင်ပွဲဖြစ်လာနိုင်တဲ့ဒီရာသီမှာ အသင်းဟောင်းနဲ့ ပြန်ကစားခွင့်ရမယ့်အခြေအနေက တကယ်ကိုလှပလွန်းတဲ့...
ဖတ်ရန်

မန်စီးတီးတိုက်စစ်မှူးအဂူရို ဒူးဒဏ်ရာကြောင့် ချန်ပီယံလိဂ်ပွဲလွဲချော်

မန်စီးတီးအသင်းတိုက်စစ်မှူးအဂူရိုသည် ခရစ္စတယ်ပဲလေ့စ်အသင်းကို ၁-၀ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် နောက်ခံလူစကော့ဒန်းနှင့်ထိခိုက်မိပြီး ဒူးဒဏ်ရာရရှိခဲ့သဖြင့် ဂျူဗင်တပ်နှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲကို လွဲချော်မည်ဖြစ်ကြောင်းသိရသည်။ အသက် ၂၇နှစ်ရှိ အဆိုပါအာဂျင်တီးနားတိုက်စစ်မှူး၏ ဒဏ်ရာနှင့်ပတ်သက်၍ မန်စီးတီးအသင်းနည်းပြ ပယ်လီဂရီနီက ”အဂူရိုက ကြံ့ခိုင်မှုမပြည့်ဝသေးပါဘူး။ ဒီတစ်ပတ် အကုန်လောက်ဆိုရင် သူပြန်ကောင်းနိုင်မယ်ထင်တယ်။ အခုအချိန်မှာတော့ ဆေးစစ်မှုရလဒ်ကိုစောင့်ကြည့်နေတုန်းပါ”ဟု ပြောကြားသွားခဲ့သည်။ အဂူရိုသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် ဒူးအရွတ်ကြောဒဏ်ရာရရှိခဲ့ပြီး...
ဖတ်ရန်

အဲဗာတန်နှင့်ပွဲအပြီးမေးမြန်းမှုတွင် မော်ရင်ညိုရိုင်းပျစွာပြောဆိုခဲ့

အဲဗာတန်ကို ၃-၁ ဂိုးဖြင့်အရေးနိမ့်ခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမေးမြန်းမှုတွင် ချဲလ်ဆီးအသင်းနည်းပြမော်ရင်ညိုက ရိုင်းစိုင်းစွာတုံ့ပြန်ပြောဆိုခဲ့ကြောင်းသိရသည်။ အမှတ်ပေးဇယားထိပ်သို့ ပြန်လည်ရောက်ရှိရန်ကြိုးပမ်းနေသော ချဲလ်ဆီးအသင်းမှာ အဲဗာတန်အိမ်ကွင်း ဂွတ်ဒီဆင်ပတ်ခ်တွင် တိုက်စစ်မှူးနေးစမစ်၏ ဟတ်ထရစ်ဂိုးဖြင့်အရေးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ထုံးစံအရ အိမ်ရှင်အသင်းနည်းပြက ဧည့်သည်အသင်းနည်းပြကို ဦးစားပေး၍ ပြောခွင့်ပေးရမည်ကို အဲဗာတန်နည်းပြမာတီနက်ဇ်က ဆောလျင်စွာပြောဆိုခဲ့သောကြောင့် မော်ရင်ညို အမျက်ထွက်ခဲ့ခြင်းဖြစ်သည်။ အဲဗာတန်နည်းပြရောဘတ်တိုမာတီနက်ဇ်မှ မေးမြန်မှုဖြေကြားစဉ်တွင် အနားသို့ မော်ရင်ညိုရောက်ရှိလာခဲ့ပြီး ”ငါတို့ခရီးဆက်စရာရှိသေးလို့...
ဖတ်ရန်

ပီအက်စ်ဗီနှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲတွင် ရွန်နီမပါဝင်နိုင်

မန်ယူအသင်းတိုက်စစ်မှူးရွန်နီသည် လေ့ကျင့်ရေးကွင်းတွင်ရရှိခဲ့သော တံကောက်ကြောဒဏ်ရာကြောင့် ပြီးခဲ့သည့်လီဗာပူးနှင့်ပွဲကိုလွဲချော်ခဲ့ရပြီးနောက် ကြံ့ခိုင်မှုအပြည့်အ၀ မရရှိသေးသဖြင့် ပီအက်စ်ဗီနှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲကိုပါ လွဲချော်ရတော့မည်ဖြစ်ကြောင်းသိရသည်။ မန်ယူအသင်းနည်းပြဗန်ဟားလ်ကလည်း ပီအက်စ်ဗီနှင့်ရင်ဆိုင်ရမည့် နယ်သာလန်ခရီးစဉ်တွင် တိုက်စစ်မှူးရွန်နီကို ဒဏ်ရာထပ်မံမရရှိစေရန်အတွက် ချန်လှပ်ထားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ချန်ပီယံလိဂ်ယှဉ်ပြိုင်ကစားမည့် မန်ယူအသင်းလူစာရင်းတွင် တိုက်စစ်မှူးဂျိမ်းစ်ဝီလ်ဆင်နှင့် ကွင်းလယ်လူပါရဲရားတို့ပါဝင်ကြောင်း သိရှိရပြီး အဆိုပါတိုက်စစ်မှူးမှာ ယခုနှစ်တွင် ပွဲထွက်ခွင့်တစ်ကြိမ်မှမရရှိခဲ့ဘဲ ကွင်းလယ်လူပါရဲရားသည်လည်း ပီအက်စ်ဗီမှ ပြောင်းရွှေ့ရောက်ရှိပြီးချိန်မှစ၍...
ဖတ်ရန်
error: Content is protected !!