နောက်ဆုံးရသတင်းများ

အနိမ့်ဆုံး ရှုံးထွက်အဆင့်အထိ တက်ရောက်ရန် မျှော်လင့်ကြောင်း ဘင်ဖီကာနည်းပြဆို

ဘင်ဖီကာနည်းပြဖြစ်သူ ရူအီဗစ်တိုရီးယားက အသင်းအနေဖြင့် ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲတွင် အနိမ့်ဆုံး ၁၆သင်းရှုံးထွက်အဆင့်အထိ တက်ရောက်ရန် မျှော်လင့်ထားကြောင်း၊ အက်စ်တာနာနှင့် အုပ်စုအဖွင့်ပွဲစဉ်မှာလည်း ပေါ့ဆ၍မရကြောင်း ဖွင့်ဟပြောကြား ခဲ့သည်။ ဘင်ဖီကာအသင်းသည်  ဥရောပအဆင့်ပြိုင်ပွဲများတွင် အထိုက်လျောက်အောင်မြင်ရရှိခဲ့သည့် ပေါ်တူဂီအသင်းတစ်သင်းဖြစ်ပြီး ၁၉၆၀-၆၁၊ ၁၉၆၁-၆၂ နှစ်များ၌ ဥရောပချန်ပီယံဆုများရရှိခဲ့သည့် အသင်းဖြစ်သည်။ “အုပ်စုအဖွင့်ပွဲစဉ်မှာ ရလဒ်ကောင်းရရှိထားဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ အုပ်စုတွင်...
ဖတ်ရန်

အရှေ့ဥရောပ၏အကောင်းဆုံးအသင်းတစ်သင်းအဖြစ် သက်သေပြမည်ဟု ရှက်တာဒိုးနက်ခ် နည်းပြကြုံးဝါး

စပိန်ထိပ်သီးရီးရဲလ်အသင်းနှင့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ရင်ဆိုင်ရမည့် ယူကရိန်းကလပ် ရှက်တာဒိုးနက်ခ်အသင်းနည်းပြ လူဆက်ကူက ချန်ပီယံလောင်းအသင်းနှင့် ရင်ဆိုင်ရမည့်အတွက် ခက်ခဲမည်ကို လက်ခံကြောင်း၊ အနိုင်ရရှိရန် မလွယ်သော်လည်း အရှေ့ဥရောပ၏အကောင်းဆုံးအသင်းတစ်သင်းအဖြစ် သက်သေပြမည်ဖြစ်ကြောင်း ကြုံးဝါးပြောကြားလိုက်သည်။ “ရီးရဲလ်အသင်းဆိုတာက ဆယ်စုနှစ်တစ်ခုမက ဥရောပမှာအစဉ်အလာကြီးမားခဲ့တဲ့အသင်းတစ်သင်းပါ။ ထိပ်သီးအသင်းတစ်သင်းဖြစ်တာနဲ့အညီ အနိုင်ရဖို့မလွယ်ကူပါဘူး။ ဒါပေမဲ့ အသင်းသားတွေရဲ့ စိတ်ဓာတ်ကို ယုံကြည်မှုအပြည့်ရှိပါတယ်။ နှစ်သင်းလုံးမှာ အခွင့်အရေးညီတူရှိနေတဲ့အတွက် ပွဲကောင်းတစ်ပွဲတော့ဖြစ်လာမှာပါ။...
ဖတ်ရန်

ကိုယ်ရေးအတ္ထုပ္ပတ္တိရောင်းအားကောင်းရန် ဂျရတ်လိမ်လည်နေဟု ဘင်နီတက်ဇ်တုံ့ပြန်

လီဗာပူးအသင်းနည်းပြဟောင်းဘင်နီတက်ဇ်က ဂျရတ်မှာ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်ရောင်းအားကောင်းရန် ၎င်းတို့ ၂ဦးကြားဆက်ဆံရေးကို လိမ်လည်ရေးသားခဲ့သည်ဟု တုံ့ပြန်ပြောကြားလိုက်သည်။ လီဗာပူးအသင်းခေါင်းဆောင်ဟောင်းဂျရတ်၏ အဆိုပါစာအုပ်သစ်တွင် နည်းပြဘင်နီတက်ဇ်မှာ ၎င်းအားလူပုဂ္ဂိုလ်တစ်ဦးကဲ့သို့ မသတ်မှတ်ခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည့်အတွက် ဘင်နီတက်ဇ်က ဂျရတ်အား လိမ်လည်ရေးသားသည်ဟု တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ ဂျရတ်က ”ဘင်နီတက်ဇ်က ကျွန်တော့်ကို လူပုဂ္ဂိုလ်တစ်ယောက်လိုသတ်မှတ်ခဲ့တယ်လို့ မထင်ပါဘူး။ ဘာလို့လဲတော့ ကျွန်တော်အတိအကျမပြောနိုင်ပေမယ့် ကျွန်တော့်အတွက် စိတ်မကောင်းစရာပါပဲ”ဟု ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။...
ဖတ်ရန်

နိုင်ပွဲရရန် အသင်းသားတိုင်း၌တာဝန်ရှိကြောင်း ရီးရဲလ်နောက်ခံလူကာဗာဂျာ သတိပေး

ရီးရဲလ်နောက်ခံလူကာဗာဂျာက ဥရောပထိပ်သီးအသင်းတစ်သင်းအနေဖြင့် ချန်ပီယံလိဂ်ဆုဖလားရယူနိုင်ရန် အရေးကြီးကြောင်း၊ ရှက်တာဒိုးနက်ခ်နှင့် အုပ်စုအဖွင့်ပွဲစဉ်တွင် နိုင်ပွဲရရှိရန် အသင်းသားတိုင်းတွင်တာဝန်ရှိကြောင်း သတိပေးတိုက်တွန်းခဲ့သည်။ ပြီးခဲ့သည့်နှစ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့သည့် ရီးရဲလ်အသင်းသည် ယခုနှစ်ပြိုင်ပွဲ၌ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ယူကရိန်းကလပ် ရှက်တာဒိုးနက်ခ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ “ရီးရဲလ်အသင်းလို ဥရောပထိပ်တန်းအသင်းတစ်သင်းအတွက် ချန်ပီယံလိဂ်ဆုဖလားက တကယ့်ကိုအရေးကြီးတဲ့ ပြိုင်ပွဲတစ်ခုပါ။ ချန်ပီယံဆုရယူနိုင်ဖို့အတွက် စိန်ခေါ်မှုတွေကို ကျော်ဖြတ်ရဦးမှာဖြစ်သလို အုပ်စုအဖွင့်ပွဲစဉ်မှာလည်း...
ဖတ်ရန်

ချန်ပီယံလိဂ်ဖလားရရှိပါက ပီအက်စ်ဂျီအသင်းမှ ထွက်ခွာမည်ဟု သီယာဂိုဆေးလ်ဗားဆို

ပြင်သစ်ထိပ်သီးပီအက်စ်ဂျီအသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗားက အသင်းမှထွက်ခွာမည့်အချိန်မှာ ချန်ပီယံလိဂ်ဆုဖလားရရှိခဲ့ပါက ဖြစ်လာနိုင်ကြောင်း၊ ကစားသမားဘ၀အိမ်က်တစ်ခုဖြစ်သည့် ချန်ပီယံလိဂ်ဆုဖလားကို ကစားသမားဘ၀မကုန်ဆုံးမီ ရယူလိုကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်။ ပီအက်စ်ဂျီအသင်းအနေဖြင့် ၂၀၁၅-၁၆ ဘောလုံးရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ၌ အုပ်စု (က)အတွင်း ကျရောက်နေပြီး ဆွီဒင်ကလပ် မယ်လ်မို၊ ယူကရိန်းကလပ် ရှက်တာဒိုးနက်၊ စပိန် ထိပ်သီး ရီးရဲလ်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေသည်။ “ပီအက်စ်ဂျီအသင်းကို...
ဖတ်ရန်

အာရှ ခြေစစ်ပွဲအတွက် ယူ-၁၉ အသင်း စခန်းသွင်း လေ့ကျင့်မှု စတင်ပြုလုပ်

အောင်သော်ဖြိုး။ ရန်ကုန်၊စက်တင်ဘာ ၁၅။ မြန်မာ ယူ-၁၉အသင်း ဝင်ရောက် ယှဉ်ပြိုင်မည့် အာရှ ယူ-၁၉ ခြေစစ်ပွဲကို စက်တင်ဘာလ ၂၈ရက်နေ့ တွင် ကျင်းပမည် ဖြစ်ပြီး ပဏာမ ယူ-၁၉ လက်ရွေးစင် အသင်းကို နိုဝင်ဘာလ ၁၄ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် Goal ဟိုတယ်တွင် စတင်စခန်းသွင်း...
ဖတ်ရန်

မန်ယူတွင် ဒီပေး၏ ခြေစွမ်းပိုကောင်းလာမည်ဟု ပီအက်စ်ဗီနည်းပြ ဆို

ပီအက်စ်ဗီအသင်းနည်းပြဖိလစ်ပီကိုကူးက မန်ယူတွင် ကွင်းလယ်လူဒီပေးခြေစွမ်းပြနိုင်မည့်အပေါ် သံသယမရှိကြောင်း ပြောကြားသွားခဲ့သည်။ ဒီပေးသည် ယခုနွေရာသီအပြောင်းအရွှေ့တွင် ပီအက်စ်ဗီအသင်းမှ မန်ယူသို့ပြောင်းရွှေ့ရောက်ရှိခဲ့ပြီး ယနေ့ညတွင် အသင်းဟောင်းနှင့် ပြန်လည်ရင်ဆိုင်ရမည်ဖြစ်သည်။ ကိုကူးက”ခြေစွမ်းကောင်းဖို့အတွက် အချိန်တစ်ခုလိုအပ်သလို ပွဲအများအပြားကစားရဖို့လည်းလိုအပ်ပါတယ်။ ဒီပေးဟာ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုပြည့်ဝသလို တခြားသူတွေဆီကနေ သင်ယူမှုမှာလည်း လျင်မြန်တဲ့သူပါ။ သူ့ခြေစွမ်း ပိုကောင်းလာလိမ့်မယ်လို့ ကျွန်တော်ပြောရဲပါတယ်။သူဟာ ဂိုးသွင်းဖို့အမြဲတမ်း ဆန္ဒပြင်းပြနေသူပါ။ လအနည်းငယ်အတွင်းမှာ သူ့ခြေစွမ်းကောင်းသထက်ကောင်းလာပါလိမ့်မယ်”ဟု...
ဖတ်ရန်

CSKA မော်စကိုတိုက်စစ်ကို စိတ်လှုပ်ရှားမိကြောင်း ၀ုလ်ဖ်ဘတ်နည်းပြပြောကြား

ဝုလ်ဖ်ဘတ်အသင်းနည်းပြဟက်ကင်းက ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် CSKA မော်စကိုအသင်းနှင့်ကစားရမည့်ပွဲအပေါ် စိတ်လှုပ်ရှားနေကြောင်း ပြောကြားသွားခဲ့သည်။ CSKAမော်စကိုအသင်းနှင့် ၀ုလ်ဖ်ဘတ်အသင်းတို့သည် ၂၀၀၉-၁၀ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ အဖွင့်ပွဲစဉ်တွင် တွေ့ဆုံခဲ့ကြပြီး ဘွန်ဒက်စ်လီဂါအခြေစိုက် ၀ုလ်ဖ်ဘတ်အသင်းက ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယခုအချိန်တွင်လည်း ၀ုလ်ဖ်ဘတ်အသင်းမှာ ဘွန်ဒက်စ်လီဂါအိမ်ကွင်းနောက်ဆုံး ၂၄ပွဲဆက်ရှုံးပွဲမရှိကစားထားနိုင်ခဲ့ပြီး နည်းပြဟက်ကင်းကလည်း CSKA မော်စကိုနှင့် ပွဲအတွက်  အသေအချာစဉ်းစားပြင်ဆင်ထားသည်ဟု ပြောကြားခဲ့သည်။...
ဖတ်ရန်

ဒီပြိုင်ပွဲမှာ မြန်မာ အမျိုးသမီး အသင်းက ထိုင်းကို အနိုင်ချင်ဆုံးပဲ။

၂၀၁၆ အိုလံပစ် အမျိုးသမီး ပြိုင်ပွဲ ဒုတိယ အဆင့် ခြေစစ်ပွဲ ဝင်ရောက် ယှဉ်ပြိုင်နေ သည့် မြန်မာ အမျိုး သမီး ဘောလုံး အသင်း နှင့် ပြိုင်ဘက် ထိုင်း အသင်း တို့ တွေ့ဆုံ မည့် အုပ်စု ဒုတိယပွဲစဉ် အတွက် နည်းပြချုပ် ဒေါ်...
ဖတ်ရန်

စစ်ဘေးရှောင်ဒုက္ခသည်များအား လက်မခံကြောင်း အစ္စရေးကလပ်မက္ကာဘီတဲလ်အဗစ်ပရိသတ်များ ဆန္ဒထုတ်ဖော်

အစ္စရေးလိဂ်ချန်ပီယံ မက္ကာဘီတဲလ်အဗစ်အသင်းပရိသတ်များသည် အကူအညီရယူရန် ဥရောပနိုင်ငံအနှံအပြားတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်ဒုက္ခသည်များနှင့် နိုင်ငံရေးခိုလှုံခွင့်တောင်းသူများကို လက်မခံကြောင်းရေးသားထားသည့် စာတန်းများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ အစ္စရေးပြည်တွင်းလိဂ်ပွဲစဉ်တစ်ပွဲဖြစ်သည့် ရှာမိုနာနှင့် ၁-၁ သရေကျခဲ့သည့်ပွဲစဉ်တွင် မက္ကာဘီတဲလ်အဗစ်အသင်းပရိသတ်များအနေဖြင့် “Refugees Not Welcome” ပါစာသားများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအနေဖြင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ နိုင်ငံ၏နယ်နမိတ်များတွင် စစ်ဘေးရှောင်ဒုက္ခသည်များအား လက်ခံကူညီပေးမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ခြင်းအပေါ်...
ဖတ်ရန်
error: Content is protected !!