နောက်ဆုံးရသတင်းများ

အိမ်ရှင် ဗီယက်နမ်ကို ရှုံးနိမ့်ပြီး အဖွင့်မလှခဲ့တဲ့ မြန်မာ ယူ-၁၆ အသင်း

ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့ တွင် ကျင်းပ လျက်ရှိ သည့် အာရှ ယူ၁၆ ခြေစစ်ပွဲ အုပ်စု(J) အဖွင့် ပွဲစဉ် အဖြစ်မြန်မာ အသင်းသည် အိမ်ရှင် ဗီယက်နမ် အသင်းနှင့် ယှဉ်ပြိုင် ခဲ့ပြီး ၅ဂိုး ၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး လက်ကျန် ပွဲစဉ် များတွင် အမှား...
ဖတ်ရန်

ဘယ်လီရင်နှင့် ရမ်ဆေးကို ချန်ပီယံလိဂ်ပွဲစဉ်တွင် အာဆင်နယ် အနားပေးမည်

ယခုနှစ်ဘောလုံးရာသီတွင် အဓိက ကစားသမားအများစု ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်နေရသော အာဆင်နယ်အသင်းသည် ယနေ့ညတွင်ကစားမည့် ဒိုင်နမိုဇာဂရက်နှင့်ချန်ပီယံလိဂ်အဖွင့်ပွဲတွင်လည်း နောက်ခံလူဘယ်လီရင်နှင့် ကွင်းလယ်ကစားသမားရမ်ဆေးတို့ကို အနားပေးထားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါဒဏ်ရာရလူစာရင်းတွင် အာဆင်နယ်တိုက်စစ်မှူးဝဲလ်ဘတ်မှာ ဒူးဒဏ်ရာခွဲစိတ်ကုသခံထားရသဖြင့် ကာလရှည်အနားယူရမည်ဖြစ်ပြီး ကွင်းလယ်လူဝီလ်ရှိုင်းယားမှာလည်း ဘယ်ခြေထောက်ကြွက်သားဒဏ်ရာကြောင့် ၃လခန့်ပါဝင်နိုင်မည်မဟုတ်သကဲ့သို့ နောက်ခံလူမာတီဆက်ကာသည်လည်း အဖျားဝေဒနာပြန်လည်သက်သာရန်ကြိုးပမ်းနေရ၍ ချန်ပီယံလိဂ်လူစာရင်းတွင်မပါဝင်နိုင်ခဲ့ချေ။ အသင်းကစားသမားများ၏ ဒဏ်ရာပြဿနာများနှင့်ပတ်သက်၍ နည်းပြအာစင်ဝင်းဂါးက ”ကျွန်တော်တို့အတွက် အဝေးကွင်းပွဲတွေက တကယ်ကိုခက်ခဲစေခဲ့ပါတယ်။...
ဖတ်ရန်

မက္ကာဘီတဲလ်အဗစ်နှင့်ပွဲတွင် တိုက်စစ်မှူးဖယ်လ်ကာအိုမပါဝင်နိုင်

ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မက္ကာဘီတဲလ်အဗစ်နှင့်ယှဉ်ပြိုင်ကစားမည့်ပွဲတွင် ချဲလ်ဆီးတိုက်စစ်မှူး ဖယ်လ်ကာအို ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရှိရသည်။ မိုနာကိုအသင်းမှ အငှားဖြင့်လာရောက်ကစားနေသော တိုက်စစ်မှူးဖယ်လ်ကာအိုမှာ အသေးစားဒဏ်ရာပြဿနာရှိနေသဖြင့် ချဲလ်ဆီးအသင်းလူစာရင်းတွင် မပါဝင်နိုင်ခဲ့သော်လည်း ဒူးဒဏ်ရာပျောက်ကင်းပြီး ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာသော အော်စကာပါဝင်ကစားမည်ဖြစ်ကြောင်း သိရှိရသည်။ ချဲလ်ဆီးအသင်းတွင် အဓိကဂိုးသမားကော်တိုရစ်မှာ ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူထားရပြီး ၃လခန့်အနားယူရမည်ဖြစ်သောကြောင့် အရန်ဂိုးသမားဘီဂိုဗစ်ပါဝင်ကစားမည်ဖြစ်ပြီး ခံစစ်ပိုင်းအားနည်းချက်များကိုဖြေရှင်းရန် အသင်းပွဲထွက်လူစာရင်းအပြောင်းအလဲများစွာပြုလုပ်ထားကြောင်းသိရှိရသည်။ ၂၉နှစ်တာကာလအတွင်း အဆိုးရွားဆုံးရာသီအစရလဒ်များနှင့်ကြုံတွေ့နေရသော ချဲလ်ဆီးအသင်းမှာ မကြာမီကာလတွင်...
ဖတ်ရန်

မန်ယူနောက်ခံလူလုခ်ရှော ပီအက်ဗီနှင့်ပွဲ၌ ဘယ်ခြေနှစ်ပိုင်းကျိုးဒဏ်ရာရရှိခဲ့

မန်ယူအသင်းနောက်ခံလူလုခ်ရှောသည် ပြီးခဲ့သည့်အင်္ဂါနေ့က ပီအက်စ်ဗီအသင်းနှင့်ကစားခဲ့သောပွဲချန်ပီယံလိဂ်အုပ်စု(ခ)အဖွင့်ပွဲစဉ်တွင် ဘယ်ခြေထောက်နှစ်ပိုင်းကျိုးသည့် ပြင်းထန်သောဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ လုခ်ရှောမှာ ပီအက်စ်ဗီနောက်ခံလူ မိုရီနို၏ ဖျက်ထုတ်မှုကြောင့် ယခုကဲ့သို့ ပြင်းထန်သည့်ဒဏ်ရာရရှိခဲ့ကာ အင်္ဂါညတွင်ပင် ဟော်လန်နိုင်ငံ၊ အိုင်ဟိုဗင်မြို့ရှိဆေးရုံတစ်ရုံ၌ ခွဲစိတ်ကုသမှုချက်ခြင်းပြုလုပ်ခဲ့ရကြောင်း မန်ယူအသင်းက ထုတ်ပြန်ချက်ကြေညာခဲ့သည်။ အသက် ၂၇နှစ်ရှိ မိုရီနိုကိုယ်တိုင်မှာလည်း ပြီးခဲ့သည့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေထောက်ကျိုးသည့်ဒဏ်ရာရရှိခဲ့၍ ကာလကြာရှည်စွာ အနားယူခဲ့ရဖူးသည်။ လုခ်ရှော၏ ဒဏ်ရာနှင့်ပတ်သက်၍ မန်ယူအသင်းနည်းပြဗန်ဟားလ်က...
ဖတ်ရန်

မက္ကာဘီတဲလ်အဗစ်နှင့်ပွဲလူစာရင်း၌ ချဲလ်ဆီးအဓိက ကစားသမားအများစုချန်လှပ်ခံရ

ချဲလ်ဆီးနည်းပြမော်ရင်ညိုသည် အသင်း၏ အဓိက ကစားသမားများဖြစ်သော ကွင်းလယ်လူဖာဘရီဂတ်စ်၊ နောက်ခံလူအီဗန်နိုဗစ်နှင့် တိုက်စစ်မှူးဒီယေဂိုကော်စတာတို့ကို ပုံမှန်ခြေစွမ်းပျောက်ဆုံးနေသည့်အတွက် မက္ကာဘီတဲလ်အဗစ်နှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ထည့်သွင်းအသုံးပြုသွားမည်မဟုတ်ကြောင်း သိရသည်။ ယခုနှစ်ဘောလုံးရာသီတွင် ချဲလ်ဆီးအသင်းမှာ ရလဒ်ဆိုးများနှင့်ကြုံတွေ့နေရပြီး အသင်းကစားသမားအများစု ယုံကြည်မှုပျောက်ဆုံးလျက်ရှိသည့်အတွက် အဆိုပါစာရင်းတွင်ပါဝင်နေသည့် ဖာဘရီဂတ်စ်၊ အီဗန်နိုဗစ်နှင့် ဒီယေဂိုကော်စတာတို့ကို မော်ရင်ညိုမှ အနားပေးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် နောက်ဆက်တွဲသတင်းများအရ တိုက်စစ်မှူးဒီယေဂိုကော်စတာနှင့် အသင်းခေါင်းဆောင်တယ်ရီတို့မှာ...
ဖတ်ရန်

အိုလံပီယာကော့စ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ရီဘာရီ ပြန်လည်ပါဝင်ကစားနိုင်ဖွယ်ရှိနေ

ခြေကျင်းဝတ်ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရသည့် ဘိုင်ယန်မြူးနစ်တောင်ပံကစားသမား ရီဘာရီသည် ဒဏ်ရာမှ ပြန်လည်သက်သာလာခဲ့ပြီဖြစ်သည့်အတွက် ဂရိကလပ် အိုလံပီယာကော့စ်နှင့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်တွင် ပြန်လည်ပါဝင်ကစားနိုင်ဖွယ်ရှိနေကြောင်း ဘိုင်ယန်မြူးနစ်အသင်းအမှုဆောင်ချုပ် ရူမင်နစ်ဂီက အတည်ပြုပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ် မေလကတည်းက ဒဏ်ရာကြောင့် အနားယူနေခဲ့ရသည့် ပြင်သစ်လက်ရွေးစင်ကစားသမားဟောင်းဖြစ်သူ ရီဘာရီသည် ဘိုင်ယန်မြူးနစ်အသင်း၏ ရာသီအစပွဲစဉ်များအားလုံးကို လွဲချော်ခဲ့ပြီး လက်ရှိအချိန်တွင်၎င်း၏နေရာ၌ ဘရာဇီးလက်ရွေးစင်တောင်ပံကစားသမား ဒေါက်ဂလပ်စ်ကော်စတာက ခြေစွမ်းပြကစားလျက်ရှိသည်။ “ရီဘာရီရဲ့...
ဖတ်ရန်

အာဆင်နယ်ကွင်းလယ်လူ ၀ီလ်ရှိုင်းယား ၃လခန့် အနားယူရတော့မည်

အာဆင်နယ်အသင်းကွင်းလယ်ကစားသမား ၀ီလ်ရှိုင်းယား၏ ဘယ်ခြေထောက်ကြွက်သားဒဏ်ရာမှာ ခွဲစိတ်ကုသရမည်ဖြစ်သောကြောင့် ၃ လခန့်အနားယူရတော့မည်ဖြစ်ကြောင်း သိရှိရသည်။ ပြီးခဲ့သည့်တစ်ပတ်တွင် အသင်းနည်းပြအာစင်ဝင်းဂါးက ၀ီလ်ရှိုင်းယားရရှိခဲ့သော ဒဏ်ရာမှာ ပြင်းထန်ခြင်းမရှိသဖြင့် ပြန်လည်ကောင်းမွန်ရန်နီးစပ်နေသည်ဟု ပြောကြားခဲ့သော်လည်း နောက်ဆုံးဆေးစစ်မှုအရ ခွဲစိတ်ကုသရန်လိုအပ်ကြောင်းတွေ့ရှိခဲ့ပြီးနောက် လာမည့်ရက်အနည်းငယ်အတွင်း ခွဲစိတ်မည်ဖြစ်ကြောင်းသိရှိရသည်။ ၀ီလ်ရှိုင်းယား ၃ လ အနားယူရမည်ဆိုသောသတင်းမှာ ခရစ္စမတ်ကာလတွင်မှ ပြန်လည်ကောင်းမွန်နိုင်သည့် တိုက်စစ်မှူးဝဲလ်ဘတ်ကို ဆုံးရှုံးထားရသော အာဆင်နယ်အသင်းအတွက်...
ဖတ်ရန်

ချန်ပီယံလိဂ်မှာ ဆွဲဆောင်မှုရှိပြီး ခက်ခဲသည့် ပြိုင်ပွဲတစ်ပွဲဟု ဆီဗီလာနည်းပြမှတ်ချက်ပြု

ဆီဗီလာနည်းပြ ယူနိုင်းအမ်မရီက  ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသင်းတိုင်းအတွက်ဆွဲဆောင်မှုရှိသည့် ပြိုင်ပွဲဖြစ်သည့်အပြင် နိုင်လိုစိတ်ပြင်းထန်သည့်အသင်းများကြောင့် ခက်ခဲသည့် ပြိုင်ပွဲဖြစ်ကြောင်း မှတ်ချက်ပြုပြောကြားသွားခဲ့သည်။ စပိန်ထိပ်သီးဆီဗီလာအသင်းသည် ပြီးခဲ့သည့်နှစ်ဘောလုံးရာသီ၌ အမှတ်ပေးဇယား အဆင့် ၄ နေရာကို မရယူနိုင်ခဲ့သော်လည်း ယူရိုပါလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည့်အတွက် အသစ်ရေးဆွဲထုတ်ပြန်ခဲ့သည့် ဥရောပဘောလုံးအဖွဲ့ချုပ်၏ စည်းမျဉ်းသစ်အရ ချန်ပီယံလိဂ်ပြိုင်ပွဲအား အုပ်စုအဆင့်မှစတင်၍ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းအတွက်ကြောင့် ၂၀၁၅-၁၆ ဘောလုံးရာသီ...
ဖတ်ရန်

ချန်ပီယံလိဂ်တွင် မန်စီးတီးခြေစွမ်းပြနိုင်မည်ဟု အသင်းခေါင်းဆောင် ကွန်ပနီ ကြုံးဝါး

မန်စီးတီးအသင်းခေါင်းဆောင်ကွန်ပနီက ယနေ့ညတွင် ဂျူဗင်တပ်နှင့်ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်သည် မန်စီးတီးအတွက် ခြေစွမ်းကောင်းပြသနိုင်မည့်အချိန်ဖြစ်သည်ဟု ကြုံးဝါးပြောဆိုလိုက်သည်။ မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီ ၂ခုတွင် ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့်သို့သာ တက်ရောက်နိုင်ခဲ့ပြီး ဘာစီလိုနာကို အရေးနိမ့်ခဲ့ရသော်လည်း ယခုနှစ်တွင် ခြေစွမ်းကောင်းပြသနိုင်လိမ့်မည်ဟု ကွန်ပနီက ပြောကြားခဲ့သည်။ ကွန်ပနီက ”အရာအားလုံးကောင်းဖို့အချိန်ရောက်နေပါပြီ။ လွန်ခဲ့တဲ့ ၃နှစ်၊ ၄နှစ်ကအကြောင်းကို လူတွေပြောရင်ပြောကြပါလိမ့်မယ်။...
ဖတ်ရန်

အာစင်ဝင်းဂါးနှင့် အသင်းကစားပုံကိုကြိုက်နှစ်သက်၍ ရီးရဲလ်မှ ထွက်ခွာခဲ့သည်ဟု အိုဇဲလ် ပြောကြား

အာဆင်နယ်အသင်းကွင်းလယ်ကစားသမား အိုဇဲလ်က ၂၀၁၃ ခုနှစ်တွင် ရီးရဲလ်မှ အာဆင်နယ်သို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ အသင်းကစားပုံကိုကြိုက်နှစ်သက်သည့်အပြင် နည်းပြအာစင်ဝင်းဂါးကိုပါ လေးစားသောကြောင့်ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။ အိုဇဲလ်သည် အာဆင်နယ်အသင်းနှင့် ၃ ရာသီမြောက်ဖြစ်သည့် ယခုနှစ်တွင် ခြေစွမ်းပြသနိုင်ရန်ကြိုးပမ်းနေပြီး ယခု ၂၀၁၅ခုနှစ်အတွင်း အသင်းအတွက်အခွင့်အရေး ၇၆ ကြိမ်ပိုင်ဆိုင်စေရန်စွမ်းဆောင်ပေးထားကာ ပြီးခဲ့သည့်စတုတ်စီးတီးအသင်းအား ၂-၀ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင်လည်း ၀ဲလ်ကော့ဂိုးသွင်းယူနိုင်ရန် ဖန်တီးပေးခဲ့သည်။ ရီးရဲလ်အသင်းမှ...
ဖတ်ရန်
error: Content is protected !!