ကမ္ဘာ့သတင်း
ကမ္ဘာ့သတင်း
ပေါ်တူဂီလူမျိုးကစားသမားအေးဂျင့်ဂျော့စ်မန်ဒက်စ်သည် Forbes မဂ္ဂဇင်း၏ စစ်တမ်းထုတ်ပြန်ချက်များအရ အချမ်းသာဆုံးကစားသမားအေးဂျင့်အဖြစ် ဒုတိယနေရာတွင် ရပ်တည်နေကြောင်း စပိန်မီဒီယာ As.com ၏ ဖော်ပြချက်အရသိရသည်။ ဥရောပထိပ်သီးကစားသမားအချို့၏အေးဂျင့်အဖြစ် တာဝန်ယူဆောင်ရွက်နေသည့် အေးဂျင့်ဂျော့စ်မန်ဒက်စ်သည် Forbes မဂ္ဂဇင်း၏ ထုတ်ပြန်ချက်တွင် ကန်ဒေါ်လာ ၉၅.၆ သန်းအထိ ပိုင်ဆိုင်ထားပြီး ကစားသမားအေးဂျင့်များတွင် ဒုတိယနေရာ၌ရပ်တည်ခဲ့သည်။ ကမ္ဘာ့အချမ်းသာဆုံးကစားသမားအေးဂျင့်အဖြစ် အမေရိကန်နိုင်ငံသား ဘေ့စ်ဘောကစားသမားအေးဂျင့်စကော့ဘိုရော့စ်က ကန်ဒေါ်လာ ၁၁၇.၁...
Read More
ကမ္ဘာ့သတင်း
ဂျပန်နိုင်ငံကအိမ်ရှင်အဖြစ်ကျင်းပမည့် ၂၀၁၅ ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံပွဲစဉ်များထွက်ပေါ်လာခဲ့ရာ ဥရောပချန်ပီယံဘာစီလိုနာအသင်းမှာ ဆီမီးဖိုင်နယ်အဆင့်တွင် အာရှချန်ပီယံနှင့် ကွန်ကာကပ်ဖ်ချန်ပီယံအသင်းတို့ပွဲစဉ်မှ အနိုင်ရရှိမည့်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ၁၂ ကြိမ်မြောက်ကျင်းပမည့် ယခုပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့်အသင်းများမှာ ကိုပါအမေရိကချန်ပီယံ ရေးဗာပလိတ်၊ ဥရောပချန်ပီယံ ဘာစီလိုနာ၊ ကွန်ကာကပ်ဖ်ချန်ပီယံ ကလပ်အမေရိက၊ သမုဒ္ဓရာပိုင်းဇုန်ချန်ပီယံ အုတ်ကလန်စီးတီး အသင်းတို့ဖြစ်ပြီး အိမ်ရှင်အသင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဂျပန်လိဂ်ချန်ပီယံအသင်းတစ်သင်းနှင့် အာဖရိကချန်ပီယံ၊ အာရှချန်ပီယံအသင်းများဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။...
Read More
ကမ္ဘာ့သတင်း
ကမ္ဘာ့အကောင်းဆုံးကစားသမားဆုရရှိခဲ့ဖူးသည့် ဘရာဇီးလက်ရွေးစင်ကွင်းလယ်ကစားသမား ကာကာသည် မေဂျာလိဂ်ကစားသမားများအနက် လစာအများဆုံးရရှိသည့် ကစားသမားအဖြစ်ရပ်တည်လျက်ရှိကြောင်း မေဂျာလိဂ်စစ်တမ်းများအရ သိရသည်။ အော်လန်ဒိုစီးတီးအသင်းကွင်းလယ်လူ ကာကာသည် တစ်နှစ်လုပ်ခလစာအဖြစ် ကန်ဒေါ်လာ ၆.၆သန်း အထိရရှိနေခဲ့ခြင်းဖြစ်၍ ယခုကဲ့သို့ လစာငွေအများဆုံးကစားသမားအဖြစ် ရပ်တည်နေခြင်းဖြစ်သည်။ အသက်၃၃နှစ်အရွယ်ရှိ အော်လန်ဒိုစီးတီးကွင်းလယ်ကစားသမား ကာကာအနေဖြင့် လက်ရွေးစင်နည်းပြဒွန်ဂါ၏ တစ်ကျော့ပြန်ရွေးချယ်ခြင်းခံရသည်အထိ ခြေစွမ်းပြနိုင်မှုများကြောင့် လစာငွေပိုမိုရရှိနေခြင်းဖြစ်ဟု မီဒီယာများမှဖော်ပြလျက်ရှိသည်။ အမေရိကန်မေဂျာလိဂ်တာဝန်ရှိသူများသည် ထိပ်သီးကစားသမားများအပေါ် အသင်းများမှပေးချေနေသည့်...
Read More
ကမ္ဘာ့သတင်း
ဘရာဇီးလက်ရွေးစင်တိုက်စစ်မှူးဟောင်းဖြစ်သူ ရိုမာရီယိုက ဖီဖာဥက္ကဋ္ဌသစ်အဖြစ် အရွေးချယ်ခံမည့် မစ်ချယ်ပလာတီနီအနေဖြင့် ဥက္ကဋ္ဌဟောင်း ဆပ်ဘလတ္တာကဲ့သို့ ဘောလုံးလောကကို ဦးဆောင်နိုင်မည် မဟုတ်ကြောင်း၊ ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌတစ်ယောက်ဖြစ်သည့်အတွက် ဥရောပကိုယ်စားပြုအသင်းများအပေါ် ပိုမိုအလေးပေးမှုများရှိလာနိုင်ကြောင်း ဝေဖန်သုံးသပ်ခဲ့သည်။ လက်ရှိဖီဖာအမှုဆောင်ကော်မတီဝင်များသည် လာဘ်စားမှုများနှင့် အကျင့်ပျက်ခြစားမှုကြောင့် စစ်ဆေးမှုများခံနေရသည့်အပြင် ဥက္ကဋ္ဌအဖြစ်ဆက်လက်အရွေးချယ်ခံထားရသည့် ဆပ်ဘလတ္တာမှာလည်း ရာထူးမှနုတ်ထွက်ခဲ့သဖြင့် ဖီဖာကော်မတီဝင်များအနေဖြင့် ဥက္ကဋ္ဌသစ်ထပ်မံရွေးချယ်ရန် စီစဉ်လျက်ရှိနေသည်။ “ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ လက်ရှိဥက္ကဋ္ဌဘလတ္တာရဲ့ နည်းဥပဒေတွေအတိုင်းပဲ ဆက်လက်ထိန်းသိမ်းဖို့များပါတယ်။...
Read More
ကမ္ဘာ့သတင်း
ပရီးမီးယားလိဂ်ကလပ် စပါးအသင်း၏တိုက်စစ်မှူးဖြစ်သူ အဒီဘာယောသည် လက်ရွေးစင်အသင်းနှင့်ပူးပေါင်း ရန်အချိန်ဆွဲနေခဲ့သည့်အတွက် လက်ရွေးစင်အသင်းလူစာရင်းမှချန်လှပ်ခံခဲ့ရကြောင်း မီဒီယာများမှဖော်ပြခဲ့ကြ သည်။ ပြီးခဲ့သည့်နွေရာသီကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် ၀က်စ်ဟမ်းအသင်းထံပြောင်းရွှေ့ရန်နီးစပ်ခဲ့ သည့်တိုက်စစ်မှူး အဒီဘာယောသည် စပါးအသင်း၏ ပရီးမီးယားလိဂ်လူစာရင်းနှင့် ယူရိုပါလိဂ်လူစာရင်းတို့မှ လည်းချန်လှပ်ခြင်းခံခဲ့ရသူဖြစ်သည်။ ယင်းအခြေအနေနှင့်ပတ်သက်၍ တိုဂိုလက်ရွေးစင်နည်းပြဖြစ်သူ တွန်စိန့်ဖရက်က “ နည်းပြတစ်ယောက်ရဲ့ လုပ် ပိုင်ခွင့်အရ လုပ်ခဲ့ရတယ်ဆိုပေမယ့် အဒီဘာယောအတွက် စိတ်မကောင်းပါဘူး။ ဒါပေမဲ့နိုင်ငံလက်ရွေးစင်အသင်းအတွက် မကစားပေးလိုတဲ့...
Read More
ကမ္ဘာ့သတင်း
ဘရာဇီးအသင်း၏ အဓိကတိုက်စစ်မှူးဖြစ်သူ နေမာက အသင်းအတွက်အမြဲတမ်းကူညီကစားပေးလိုကြောင်း၊ နည်းပြနှင့်အသင်းအတွက် အချိန်မရွေးအသင့်ဖြစ်နေလိုကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ တိုက်စစ်မှူးနေမာ အနေဖြင့် ခြေစမ်းပွဲစဉ်များတွင် လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ကစားခွင့်ရရှိနေခဲ့သည့်အတွက်စိတ်ပျက် လျက်ရှိနေပြီး ပွဲထွက်ကစားခွင့်ရရှိရန် နည်းပြဒွန်ဂါထံ တောင်းဆိုမှုများပြုလုပ်လျက်ရှိသည်။ “ဘရာဇီးအသင်းမှာကစားသမားကောင်းတွေအများကြီးရှိတာကိုလက်ခံပါတယ်။ တစ်ဦးတစ်ယောက်ကောင်း ကိုဦးတည်ကစားတဲ့အသင်းမဟုတ်သလို အစားထိုးဖို့ကစားသမားတွေလည်းအသင့်ရှိတဲ့အသင်းပါ။ ဒါပေမဲ့ အ သင်း လူစားဝင်ကစားသမားအဖြစ်ထက် ကွင်းထဲမှာအမြဲကစားခွင့်ရမယ့် ပွဲထွက်ကစားသမားပဲဖြစ်လိုပါတယ်။ အသင်းနဲ့နည်းပြအတွက် အမြဲတမ်းအဆင်သင့်ဖြစ်နေချင်ပါတယ်။...
Read More
ကမ္ဘာ့သတင်း
စပိန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများသည် ၁၉၈၀ ခုနှစ်ကတည်းကလက်တွဲခဲ့သောကမ္ဘာကျော်အား ကစားပစ္စည်းကုမ္ပဏီတစ်ခုဖြစ်သည့် Adidas နှင့် သက်တမ်းတိုးစာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ပြီး စာချုပ်သစ်တွင် ၂၀၂၈ခုနှစ်အထိ သက်တမ်းတိုးနိုင်မည့်အချက်လည်း ပါရှိကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့သည်။ ဂျာမနီအားကစားပစ္စည်းကုမ္ပဏီတစ်ခုဖြစ်သည့်Adidas အနေဖြင့် စပိန်ဘောလုံး နှင့် စာချုပ်သက်တမ်းတိုးမြှင့်ခဲ့ သော်လည်း စာချုပ်ချုပ်ဆိုကြေးကိုမူ ဖော်ပြခဲ့ခြင်းမရှိခဲ့ပေ။ စာချုပ်သစ်အရ Adidas အနေဖြင့် စပိန်လက်ရွေးစင်ဘောလုံးအသင်းအပြင် ဘောလုံးအဖွဲ့ချုပ်လက်အောက်ရှိ အခြားသော သက်တမ်းအလိုက် စပိန်လက်ရွေးစင်အသင်းများအတွက်ပါ...
Read More
ကမ္ဘာ့သတင်း
ဂါနာဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများသည် ပရိသတ်ဝင်ရောက်ကြည့်ရှုမှုနည်းပါး နေသည့် ပြည်တွင်းဘောလုံးပွဲစဉ်များအပေါ် ပရိသတ်များ ပြန်လည်စိတ်ဝင်စားစေရန်အတွက် ဆွဲဆောင် အားကောင်းသည့်အမျိုးသမီးများဖြင့် ပြန်လည် မြှင့်တင်ရန် စီစဉ်နေကြောင်း မီဒီယာ များမှဖော်ပြခဲ့ကြသည်။ ဂါနာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအနေဖြင့် ပရိသတ်စိတ်ဝင်စားမှုလျော့ ကျနေသည့် ပြည်တွင်းအမှတ်ပေး ဘောလုံးပွဲစဉ်များတွင် ပရိသတ်များ ပြန်လည်စိတ်ဝင်စားစေရန်အတွက် ဆွဲဆောင်မှုတစ်ခုဖြင့်ပြန်လည် မြှင့်တင်ရန်အစီအစဉ်တစ်ခုအား အဆိုတင်သွင်းခဲ့ရာတွင် တာဝန်ရှိသူများကလက်ခံခဲ့ကြကြောင်းသိရသည်။ “ပရိသတ်စိတ်ဝင်စားမှုပြန်ရဖို့ အတွက် အကြံဥာဏ်တွေအများကြီး အသုံးပြုခဲ့ရာမှ...
Read More
ကမ္ဘာ့သတင်း
ဖီဖာ အထွေထွေ အတွင်းရေးမှူး ဂျီရိုမီ ဘလက်ကီသည် လာမည့်ဖေဖော် ၀ါရီတွင်ပြု လုပ်မည့် ဖီဖာ အထွေထွေရွေးကောက် ပွဲတွင်ဥက္ကဠ ဘလတ္တာနှင့် အတူရာထူး မှနှုတ်ထွက်ပေး သွား မည်ဟု အတည်ပြုပြောကြား လိုက်သည်။ ရုရှားနိုင်ငံ တွင်ပြုလုပ် ခဲ့သည့်၂၀၁၈ ကမ္ဘာ့ ဖလားခြေစစ်ပွဲ အုပ်စု မဲခွဲခြင်း အခမ်းအနား မတိုင်မီတွင် သတင်းစာ...
Read More