ကမ္ဘာ့သတင်း

ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ချီလီအတွက် ဆန်းချက်ဇ်နှင့်ဗီဒယ် ပါဝင်နိုင်မည်မဟုတ်

တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ချီလီနှင့်ဘရာဇီးပွဲစဉ်တွင် ချီလီတိုက်စစ်မှူးဆန်းချက်ဇ်နှင့် ကွင်းလယ်ဖန်တီးရှင်ဗီဒယ်တို့မှာ ဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်မည်မဟုတ်ကြောင်း နည်းပြဆမ်ပါအိုလီက တရားဝင်ပြောကြားလိုက်သည်။ လက်ရှိကိုပါအမေရိကဖလားချန်ပီယံ ချီလီတိုက်စစ်မှူးဆန်းချက်ဇ်မှာ မန်ယူနှင့်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပေါင်ခြံဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ဗီဒယ်မှာ ဘိုင်ယန်မြူးနစ်အသင်းနောက်ဆုံးကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲကို ဒူးဒဏ်ရာကြောင့်လွဲချော်ခဲ့ကာ ဒေါ့မွန်နှင့်ပွဲတွင်လည်း မိနစ်အနည်းငယ်သာ ပါဝင်ကစားနိုင်ခဲ့သည်။ ချီလီအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ဘရာဇီးအသင်းမှ တိုက်စစ်မှူးနေမာသည်လည်း ကိုပါအမေရိကဖလားပြိုင်ပွဲအဖြစ် ကိုလံဘီယာနှင့်ကစားခဲ့သည့်ပွဲတွင် တိုက်ရိုက်အနီကတ်ဖြင့်ထုတ်ပယ်ခံခဲ့ရပြီးနောက်...
Read More

ချီလီနှင့်ရင်ဆိုင်ရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ရုန်းကန်ရဖွယ်ရှိနေကြောင်း ဘရာဇီးနည်းပြ၀န်ခံ

ဘရာဇီးနည်းပြဒွန်ဂါက ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖွင့်ပွဲစဉ်အဖြစ်ရင်ဆိုင်ရမည့် ချီလီနှင့်ပွဲစဉ်တွင် အခက်အခဲများနှင့် ရုန်းကန်ရနိုင်ကြောင်း၊ အဓိကတိုက်စစ်မှူးနေမာ မပါဝင်နိုင်သည့်အတွက် ရလဒ်ကောင်းရရှိရန် ဖိအားအချို့ရှိနေကြောင်း ၀န်ခံပြောကြားခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၅ ကိုပါအမေရိကဖလားပြိုင်ပွဲတွင် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် နေမာမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖွင့်ပွဲစဉ် ၂ ပွဲအား လွဲချော်မည်ဖြစ်သည့်အပြင် ကော်တင်ညိုကိုပါ ထပ်မံဆုံးရှုံးရမည့်အခြေအနေများကြောင့် နည်းပြဒွန်ဂါအနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ “အဖွင့်ပွဲစဉ်မှာ...
Read More

ဖီဖာစပွန်ဆာများက ဘလတ္တာကို ရာထူးမှနုတ်ထွက်ရန် တွန်းအားပေး

ဖီဖာဥက္ကဋ္ဌဆပ်ဘလတ္တာအား ဖီဖာ၏အဓိကစပွန်ဆာများဖြစ်သော ကိုကာကိုလာ၊ ဗီဇာ၊ ဘက်ဝိုက်ဆာနှင့် မက်ဒေါ်နယ်လ်တို့က ချက်ချင်းနုတ်ထွက်ရန် တိုက်တွန်းတောင်းဆိုလိုက်သည်။ အဆိုပါကုမ္ပဏီ ၄ ခု သည် ကုမ္ပဏီတစ်ခုချင်းစီ ကြေညာချက်များထုတ်ပြန်ပြီး ဘလတ္တာအား ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ ကိုကာကိုလာက ကြေညာချက်ဦးစွာထုတ်ပြန်ခဲ့ပြီး “ဖီဖာ၏ဂုဏ်သိက္ခာနှင့် ကျော်ကြားမှုများ နေ့စဉ်ထိခိုက်နေ”ဟု ထည့်သွင်းရေးသားခဲ့ကာ မက်ဒေါ်နယ်လ်ကလည်း ဘလတ္တာနုတ်ထွက်လိုက်ခြင်းသည် “အကောင်းဆုံးဖြစ်မည်” ဟု ထည့်သွင်းကြေညာခဲ့သည်။...
Read More

အောက်တိုဘာလ ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်မှုတွင် အာဂျင်တီးနားဆက်လက်ဦးဆောင်ခဲ့ပြီး ထိပ်ဆုံး ၁၀သင်းစာရင်းအတွင်း စပိန်ပြန်လည်ပါဝင်လာ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်သည် အောက်တိုဘာလအတွက် လက်ရွေးစင်အသင်းအဆင့်ရပ်တည်မှုများထုတ်ပြန်ခဲ့ရာတွင် တောင်အမေရိကထိပ်သီး အာဂျင်တီးနားအသင်းက အဆင့် ၁နေရာတွင် ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး အဆင့် ၅ ဆင့်အထိတက်လာခဲ့သည့် စပိန်အသင်းမှာလည်းထိပ်ဆုံး ၁၀သင်းစာရင်းအတွင်း ပြန်လည်ပါဝင်လာခဲ့သည်။ လက်ရှိအဆင့်ရပ်တည်မှုအရ ထိပ်ဆုံး ၁၀ သင်းတွင် တောင်အမေရိကကိုယ်စားပြုထိပ်သီးအသင်းများဖြစ်သည့် အာဂျင်တီးနား၊ ကိုလံဘီယာ၊ ဘရာဇီး၊ ချီလီအသင်းများ ပါဝင်ပြီး ဥရောပအသင်းများအဖြစ် ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ပေါ်တူဂီ၊...
Read More

ပေါ်တူဂီနည်းပြဟောင်း စကိုလာရီ အခွန် ယူရို ၃ သန်း တိမ်းရှောင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ

တရုတ်ကလပ်ဂွန်ဇူးအဲဗားဂရင်းနည်းပြ စကိုလာရီသည် ပေါ်တူဂီလက်ရွေးစင်အသင်းအားတာဝန်ယူကိုင်တွယ်ခဲ့သည့် ၂၀၀၃ မှ ၂၀၀၇ အတွင်း အခွန်တိမ်းရှောင်မှုများရှိခဲ့ပြီး ယူရို ၃သန်းအထိရှိခဲ့ကြောင်း ပေါ်တူဂီအစိုးရက အတည်ပြုခဲ့သည်။ အခွန်ဌာန၏တွေ့ရှိချက်အရ နည်းပြစကိုလာရီအနေဖြင့် ပေါ်တူဂီလက်ရွေးစင်အသင်းအား တာဝန်ယူကိုင်တွယ်ခဲ့သည့် ၄ နှစ်တာကာလအတွင်း ပုံရိပ်အသုံးပြုမှုနှင့်ပတ်သက်၍ရရှိခဲ့သည့် ၀င်ငွေအချို့ကို အခွန်ပေးချေရန် တိမ်းရှောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအတွက်ကြောင့် နည်းပြစကိုလာရီအနေဖြင့် ပေးချေရန်ရှိနေသည့် အခွန်များကို ပေးဆောင်သွားမည်ဖြစ်ကြောင်း...
Read More

စောဒကတက်သည့် ကစားသမားအား ဘရာဇီးကွင်းလယ်ဒိုင် သေနတ်ထုတ် ခြိမ်းခြောက်

ဘရာဇီးအောက်တန်းလိဂ်ပွဲစဉ်တစ်ပွဲတွင် တာဝန်ယူကိုင်တွယ်ခဲ့သည့် ဒိုင်လူကြီးက ၎င်း၏ဆုံးဖြတ်ချက်ကို စောဒကတက်ခဲ့သည့် ကစားသမားဖြစ်သူအား သေနတ်ထုတ်၍ ပြန်လည်ခြိမ်းခြောက်ခဲ့ကြောင်း ဘရာဇီးမီဒီယာများမှ ဖော်ပြခဲ့ကြသည်။ ဂါဘရီရယ်မူတာအမည်ရ ဘရာဇီးကွင်းလယ်ဒိုင်သည် ပြည်တွင်းအောက်တန်းလိဂ်ပွဲစဉ်တစ်ပွဲအား တာဝန်ယူကိုင်တွယ်စဉ် စောဒကတက်ခဲ့သည့် ကစားသမားများအား အနီကတ်၊ အ၀ါကတ် ပြသရမည့်အစား ခါးကြားမှသေနတ်ထုတ်၍ပစ်ရန် ကြံစည်ခဲ့ခြင်းအတွက် စည်းကြပ်ဒိုင်များက ထိန်းသိမ်းခဲ့ရသည်များကို ရုပ်သံအနှေးပြကွက်များတွင် တွေ့ခဲ့ရသည်။ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဘရာဇီးဒိုင်ကော်မတီဥက္ကဋ္ဌ ဘော့ဇ်ဇာနိုက”ဖြစ်စဉ်အတိအကျကို...
Read More

ဖီဖာတွင် မည့်သည့် မသမာမှုကိုမှ မလုပ်ခဲ့ဟု ဆပ် ဘလတ္တာ ငြင်းဆို

အလွဲသုံး စားပြုမှုနှင့် မသမာမှု တို့ဖြင့် ဆွစ်ဇာလန် အစိုးရက စစ်ဆေးမှု ခံယူနေရသည့် ဘလတ္တာက မိမိအနေဖြင့် စစ်ဆေးချက်များ အမှန် ဖြစ်စေရန် အာဏာပိုင် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက် ပေးနေကြောင်း နှင့် လာမည့် နှစ် ရွေးကောက်ပွဲ မတိုင်မီ အထိ ဖီဖာ ဥက္ကဌ အဖြစ် ဆက်လက်...
Read More

လက်ရွေးစင်အသင်းအဖြစ် အင်္ဂလန်အသင်းအား ဂရယ်လစ်ခ်ျ ရွေးချယ်

အက်စတွန်ဗီလာအသင်း၏ အိုင်ယာလန်ယူ-၂၁လက်ရွေးစင်လူငယ်ကစားသမားဖြစ်သူ ဂရယ်လစ်ခ်ျသည် လက်ရွေးစင်အသင်းအဖြစ် မွေးရပ်နိုင်ငံအင်္ဂလန်လက်ရွေးစင်အသင်းအား ရွေးချယ်ခဲ့ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ အသက် ၂၀အရွယ်ရှိ လူငယ်ကွင်းလယ်ကစားသမား ဂရယ်လစ်ခ်ျသည် အင်္ဂလန်နိုင်ငံတွင် မွေးဖွားခဲ့သော်လည်း အိုင်ယာလန်နိုင်ငံသားများဖြစ်သည့် အဘိုးအဘွားများနှင့်အခြေချနေထိုင်ခဲ့ခြင်းကြောင့် လူငယ်ကစားသမားဘ၀ကို အိုင်ယာလန်လူငယ်အသင်းများနှင့်အတူ ဖြတ်သန်းခဲ့ရသူဖြစ်သည်။ အစောပိုင်းကာလတွင် လက်ရွေးစင်အသင်းနည်းပြများဖြစ်သည့် အင်္ဂလန်နည်းပြရွိုင်းဟော့ဆန်နှင့် အိုင်ယာလန်နည်းပြမာတင်အိုနေးလ်တို့အကြား  ဂရယ်လစ်ခ်ျနှင့်ပတ်သက်၍ အငြင်းပွားမှုများ ရှိလာခဲ့သည်။  အိုင်ယာလန်မာတင်အိုနေးလ်က အင်္ဂလန်နည်းပြဟော့ဆန်အနေဖြင့်...
Read More

၂၀၂၂ ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲအား နိုဝင်ဘာတတိယပတ်အတွင်း ကျင်းပမည်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများအနေဖြင့်ကာတာနိုင်ငံက လက်ခံကျင်းပမည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအား   နိုဝင်ဘာတတိယပတ်အတွင်းကျင်းပရန်အတွက် ဖီဖာကွန်ဖရင့်တွင် အတည်ပြုဆုံးဖြတ်မည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများမှဖော်ပြခဲ့ကြသည်။ ဖီဖာတာဝန်ရှိသူများသည် ဇူးရစ်မြို့တွင်ကျင်းပမည့် အဆိုပါကွန်ဖရင့်၌ ၎င်းဆုံးဖြတ်ချက်အားအတည်ပြုရန် စီစဉ်ခဲ့သော်လည်း ဥက္ကဋ္ဌဖြစ်သူ ဆပ်ဘလတ္တာတက်ရောက်ခဲ့ခြင်းမရှိသဖြင့် အပြီးသတ်အတည်မပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။ အိမ်ရှင်ကာတာနိုင်ငံ၏ ရာသီဥတုအခြေအနေအရ ပုံမှန်ကျင်းပလေ့ရှိသည့် ဇွန်လအစား နိုဝင်ဘာလသို့ပြောင်းလဲကျင်းပရန် အတည်ပြုခဲ့ခြင်းအပေါ် ဝေဖန်မှုများမြင့်တက်နေသော်လည်း ဖီဖာတာဝန်ရှိသူများကမူ နိုဝင်ဘာလအတွင်း ကျင်းပရန်သာ အတည်ပြုဆုံးဖြတ်ခဲ့သည်။...
Read More

နည်းပြလောကသို့ဝင်မည်ဆိုပါက ဂျရတ်အတွက် သင့်တော်သည့်နေရာမှာ အမေရိကန်ဖြစ်ကြောင်း ဘရုစ်အရီနာ ဆို

လီဗာပူးအသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်အနေဖြင့် မိခင်ကလပ်သို့ပြန်၍ နည်းပြအဖြစ်တာဝန်ထမ်းဆောင်ရန်ဆုံးဖြတ်ထားမှုအပေါ် လက်ရှိအယ်လ်အေဂလက်ဆီအသင်းနည်းပြ ဘရုစ်အရီနာက အမေရိကန်တွင် နည်းပြပညာဆည်းပူးခြင်းက ပိုမိုသင့်တော်သည်ဟု ပြောကြားသွားခဲ့သည်။ ဘရုစ်အရီနာက ”ကမ္ဘာပေါ်မှာ နည်းပြဖြစ်ဖို့ အကောင်းဆုံးသင်ကြားပေးနိုင်တဲ့ ရပ်ဝန်းက အမေရိကန်ပါပဲ”ဟု ဂျရတ်နှင့်ပတ်သက်၍ ၎င်း၏ယူဆချက်ကိုပြောကြားခဲ့သည်။ ထို့အပြင် ဘရုစ်အရီနာက အခြားနာမည်ကြီးအားကစားပြိုင်ပွဲများဖြစ်သော အမေရိကန်ဖွတ်ဘော၊ ဘေ့စ်ဘော၊ ဘက်စကတ်ဘောနှင့် ရေခဲပြင်ဟော်ကီတို့ကိုလည်း လေ့လာနိုင်ကြောင်းပြောကြားခဲ့ပြီး ”ပရီးမီးယားလိဂ်နဲ့ဝေးတဲ့နေရာ၊ ဘောလုံးလောကနဲ့...
Read More
error: Content is protected !!