ကမ္ဘာ့သတင်း

ဒဏ်ရာပြဿနာများကြောင့် အာဂျင်တီးနားလက်ရွေးစင်လူစာရင်းမှ မက်ဆီနှင့်အဂူရိုတို့ နုတ်ထွက်

တောင်အမေရိကထိပ်သီး အာဂျင်တီးနားအသင်း၏ အဓိက ကစားသမားများဖြစ်သည့် အသင်းခေါင်းဆောင်မက်ဆီနှင့် တိုက်စစ်မှူးအဂူရိုတို့မှာ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရသည့်အတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲယှဉ်ပြိုင်မည့် လက်ရွေးစင်လူစာရင်းမှ နုတ်ထွက်ခဲ့ကြောင်း သိရှိရသည်။ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီသည် လက်စ်ပါးမက်အသင်းအားအနိုင်ရရှိခဲ့သည့် လာလီဂါပွဲစဉ်တွင် ရရှိခဲ့သည့် ဒူးဒဏ်ရာကြောင့် အနားယူနေရခြင်းဖြစ်ပြီး အဂူရိုမှာမူ  ကြွက်သားဒဏ်ရာကြောင့် နိုဝင်ဘာဒုတိယပတ်အထိ အနားယူရမည့်အခြေအနေနှင့်ရင်ဆိုင်နေရသည်။ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ ပွဲအပြီးတွင် နိုင်ပွဲရရှိခြင်းမရှိသေးသည့်အချိန် အဓိက...
Read More

၎င်းကဲ့သို့ ထူးချွန်ထက်မြက်သည့် ဘောလုံးသမားမရှိဟု ပီလီဆို

အသက် ၇၅ နှစ်အရွယ် ဂန္ထ၀င်ဘောလုံးသမား ပီလီက မက်ဆီနှင့် ရော်နယ်ဒိုတို့မှာ ၎င်းတို့မျိုးဆက်၏ အကောင်းဆုံးများဖြစ်သော်လည်း ထာဝရအကောင်းဆုံးကစားသမားများ မဟုတ်ဟု ပြောကြားလိုက်သည်။ ကမ္ဘာ့ဖလား ၃ ကြိမ်ရခဲ့သည့် ပီလီက ၎င်းကဲ့သို့ ထူးချွန်ထက်မြက်သည့် ဘောလုံးသမားကိုလည်း မမြင်ခဲ့ဖူးကြောင်း ဖွင့်ဟခဲ့သည်။ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ရော်နယ်ဒိုနှင့် မက်ဆီတို့မှာ အောင်မြင်မှုများစွာရရှိခဲ့သော်လည်း ပီလီက မိမိသည်သာ...
Read More

ဘောလုံးလောက၏ တန်ဖိုးအရှိဆုံးကစားသမားအဖြစ် ရော်နယ်ဒို ရပ်တည်နိုင်ခဲ့

Forbes မဂ္ဂဇင်း၏ တန်ဖိုးအရှိဆုံးအားကစားသမား ၁၀ ဦးစာရင်းတွင် ပါဝင်ခဲ့ပြီး အဆင့် ၈ နေရာတွင် ရပ်တည်နိုင်ခဲ့သည့် ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုသည်  ဘောလုံးလောက၏ တန်ဖိုးအရှိဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်သည် အားကစားလောကမှ တန်ဖိုးအရှိဆုံးကစားသမားများ ရွေးချယ်ရာတွင် ကစားသမားဘ၀အောင်မြင်မှုများနှင့် စပွန်ဆာကြေးများ၊ ပုံရိပ်အသုံးပြုခ၀င်ငွေ ရရှိမှုများအားလုံးကို တွက်ချက်ရွေးချယ်ကြခြင်းဖြစ်သည်။ ရီးရဲလ်သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် မှတ်တမ်းတင်ထားနိုင်ခဲ့သည့် ရော်နယ်ဒိုသည် ဒေါ်လာ...
Read More

ကမ္ဘာ့အကောင်းဆုံးကစားသမား ပဏာမစာရင်းတွင် လာလီဂါမှ ၁၁ ဦးအထိ အများဆုံးပါဝင်နေ

၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးကစားသမား ပဏာမ ၂၃ ဦးစာရင်း ထုတ်ပြန်ခဲ့ရာတွင် ဥရောပထိပ်သီးလိဂ်များမှ ကစားသမားများ ပါဝင်ခဲ့ကြပြီး လာလီဂါမှ ကစားသမား ၁၁ဦးအထိ အများဆုံးပါဝင်ခဲ့ကာ ပရီးမီးယားလိဂ်နှင့် ဘွန်ဒက်စ်လီဂါတို့မှ ကစားသမား ၅ ဦးစီ၊ စီးရီးအေနှင့် ပြင်သစ်လီဂူး-၁မှ ကစားသမား ၁ ဦးစီ ပါဝင်ခဲ့သည်။ အဆိုပါ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက် နောက်ဆုံးဆန်ကာတင်...
Read More

ထမ်းစင်သယ်တဲ့ ဆေးအကူအဖွဲ့ကြောင့် အခြေအနေပိုဆိုးသွားတဲ့ ဒဏ်ရာရကစားသမား

ဒီရာသီအစမှာ မော်ရင်ညိုတစ်ယောက် သူ့အသင်းဆေးအဖွဲ့ကို မကျေနပ်လို့ ဟိုးလေးတစ်ကျော်ဖြစ်ခဲ့ဖူးပေမယ့် အဲဒီချဲလ်ဆီးနည်းပြဟာ ဂရိဒုတိယတန်းကလပ်တစ်ခုကိုတော့ နည်းပြအဖြစ် တာဝန်ယူဖို့ လုံးဝလက်မခံရဲမှာသေချာပါတယ်။ လာရီဆာနဲ့ အာဂိုတီလစ်တို့ယှဉ်ပြိုင်တဲ့ ဂရိဒုတိယတန်းပွဲစဉ်တစ်ပွဲမှာ ဒဏ်ရာရသွားတဲ့ကစားသမားတစ်ယောက်ကို ကျွမ်းကျင်မှုမရှိတဲ့ ဆေးအကူအဖွဲ့ဝင်တွေက ကွင်းပြင်သယ်ထုတ်ရာမှာ ဖြစ်ပျက်ခဲ့တဲ့အဖြစ်တစ်ခုက ရယ်စရာအဖြစ် နာမည်ကျော်နေပါတယ်။ အာဂိုတီလစ်ကွင်းလယ်လူ လီယိုနာဒိုကော့တ်ရစ်ဟာ ဒဏ်ရာရပြီးနောက် ကွင်းပြင်ကို ထမ်းစင်နဲ့သယ်ထုတ်ခံရချိန်မှာ ကျန်းမာရေးအသိ၊ လုံခြုံရေးအသိမရှိတဲ့ လူ...
Read More

စပါးနောက်ခံလူဟောင်း ဖီဖာဥက္ကဋ္ဌအရွေးခံရန် စဉ်းစားနေ

စပါးနောက်ခံလူဟောင်း ရေမွန်ဗီဂါသည် ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စဉ်းစားနေကြောင်း သိရှိရသည်။ ဖီဖာမှာ လက်ရှိအချိန်တွင် ဥက္ကဋ္ဌ ဘလတ္တာနှင့် ဒုဥက္ကဋ္ဌ ပလာတီနီတို့ကို ခြစားမှုစွပ်စွဲချက်များကြောင့် တာဝန်ထမ်းဆောင်ခွင့် ရက် ၉၀ ပိတ်ပင်ထားသည်။ ဖီဖာအမှုဆောင်ကော်မတီမှာ အင်္ဂါနေ့တွင် အစည်းအဝေးပြုလုပ်မည်ဖြစ်ပြီး လာမည့်ဖေဖော်ဝါရီလတွင်ကျင်းပမည့် ဥက္ကဋ္ဌရွေးကောက်ပွဲကို ရွှေ့ဆိုင်းမည်၊ မရွှေ့ဆိုင်းမည်ကို ဆုံးဖြတ်မည်ဖြစ်သည်။ “ကျွန်တော့်မှာ ဘောလုံးလောကအတွေ့အကြုံရော ငွေရေးကြေးရေးအတွေ့အကြုံပါ...
Read More

အာဖရိကအကောင်းဆုံးကစားသမားဆုရရန် ယာယာတိုရေးနှင့် အူဘာမီယန် ရေပန်းစားနေ

မန်စီးတီးကစားသမား ယာယာတိုရေးနှင့် ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူး ယာနစ်ဘိုလာဆီတို့မှာ အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ပဏာမစာရင်းတွင် အခြားပရီးမီးယားလိဂ်ကစားသမား ၁၁ ဦးနှင့်အတူ ပါဝင်နေပြီး ထိုဆုရရှိရန် ရေပန်းအစားဆုံးမှာ ယာယာတိုရေးနှင့် ဒေါ့မွန်တိုက်စစ်မှူး အူဘာမီယန်တို့ဖြစ်ကြောင်း သိရသည်။ ယာယာတိုရေးမှာ ပြီးခဲ့သည့်နှစ်က ထိုဆုအား ၄ နှစ်ဆက် ရရှိခဲ့ပြီး ဘိုလာဆီမှာလည်း ယမန်နှစ်က ပဏာမစာရင်းတွင် ပါဝင်ခဲ့သူဖြစ်သည်။ ဆွမ်ဆီးအသင်းမှ ခေါ်ယူထားသည့်...
Read More

တံကောက်ကြောဒဏ်ရာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တစ်ချို့ အဂူရိုလွဲချော်ဖွယ်ရှိနေ

အာဂျင်တီးနားတိုက်စစ်မှူး အဂူရိုသည် အီကွေဒေါအသင်းအား ၀-၂ ဂိုးဖြင့် အရေးနိမ့်ခဲ့သည့် တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင် တံကောက်ကြောဒဏ်ရရှိခဲ့ခြင်းကြောင့် အချိန်အနည်းငယ်အနားယူရတော့မည်ပြီး ပရီးမီးယားလိဂ်ပွဲစဉ်အချို့ လွဲချော်တော့မည်ဖြစ်ကြောင်း သိရှိရသည်။ အဂူရို၏ ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးက ဒဏ်ရာအခြေအနေကို စစ်ဆေးမှုများပြုလုပ်နေဆဲဖြစ်ကြောင်း၊ အနားယူရမည့်ကာလကို အတိအကျမထုတ်ပြန်သေးသော်လည်း ပါရာဂွေးနှင့် ခြေစစ်ပွဲအား သေချာပေါက်လွဲချော်တော့မည်ဖြစ်ကြောင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်အချို့ကိုပါ လွဲချော်ဖွယ်ရှိနေကြောင်း ပြောကြားခဲ့သည်။ နယူးကာဆယ်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင်...
Read More

ဖီဖာ၏ ရက် ၉၀ ပြစ်ဒဏ်ကို ဘလတ္တာအယူခံဝင်

ဖီဖာဥက္ကဋ္ဌဘလတ္တာသည် ၎င်းအား ဖီဖာကျင့်ဝတ်ကော်မတီက ခြစားမှုများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေစဉ်အတွင်း ဖီဖာနှင့်သက်ဆိုင်သောကိစ္စရပ်များကို ရက် ၉၀ ကြာ မပတ်သက်ရန် ပြစ်ဒဏ်ချမှတ်ထားခြင်းအား အယူခံဝင်လိုက်သည်။ ဘလတ္တာမှာ ယမန်နေ့က ဖီဖာအတွင်းရေးမှူးချုပ် ဂျရုန်းဗက်ကီ၊ ဒုဥက္ကဋ္ဌ ပလာတီနီတို့နှင့်အတူ ရက် ၉၀ ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ ဘလတ္တာ၏ မိတ်ဆွေနှင့် အကြံပေးဖြစ်သူ ကလော့စ်စတော့ကာက “ဖီဖာအယူခံကော်မတီကို သူ့အယူခံတင်လိုက်ပါပြီ။ သူ့ရာထူးအတွက်...
Read More

ကလပ်တွင် ပွဲထွက်ခွင့်မရရှိခဲ့ခြင်းက ဖယ်လ်ကာအို ယုံကြည်ချက်ပျောက်ဆုံးစေကြောင်း ကိုလံဘီယာနည်းပြဆို

ကိုလံဘီယာနည်းပြပီကာမန်က  ချဲလ်ဆီးအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်မရရှိခဲ့၍ အသင်း၏အဓိကတိုက်စစ်မှူး ဖယ်လ်ကာအိုအတွက် ယုံကြည်မှုပျောက်ဆုံးစေခဲ့ကြောင်း၊ ဒဏ်ရာမှပြန်လည်သက်သာလာခဲ့ပြီးနောက် ပွဲချိန်ပြည့်ကစားနိုင်ရန် ရုန်းကန်နေရခြင်းမှာ ကလပ်အသင်းများကြောင့်ဖြစ်ကြောင်း စွပ်စွဲပြောကြားလိုက်သည်။ ဥရောပထိပ်တန်းတိုက်စစ်မှူးတစ်ဦးဖြစ်သူ ဖယ်လ်ကာအိုသည် ပြီးခဲ့သည့်ဘောလုံးရာသီတွင် မန်ယူအသင်း၌ အခက်အခဲများနှင့်ရင်ဆိုင်ခဲ့ရပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံချဲလ်ဆီးအသင်းထံ ပြောင်းရွှေ့ခဲ့သည့်အချိန်တွင် ပုံမှန်ခြေစွမ်းပြန်လည်ရရှိရန် ရုန်းကန်ရလျက်ရှိသည်။ “ဖယ်လ်ကာအိုအနေနဲ့ ချဲလ်ဆီးအသင်းမှာ ပွဲချိန်ပြည့်ကစားခွင့်မရရှိခဲ့တာက တကယ်ကိုဆိုးရွားလွန်းပါတယ်။ ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်အတွက် ပွဲချိန် ၁၅ မိနစ်၊...
Read More
error: Content is protected !!