ကမ္ဘာ့သတင်း
ကမ္ဘာ့သတင်း
ပေါ်တူဂီအမှတ်ပေးလိဂ်-၅ အသင်းတစ်သင်းဖြစ်သည့် အန်ဒိုရင်ဟာသည် ၎င်းတို့၏ လူငယ်စီမံကိန်းမှ ထွက်ပေါ်ခဲ့သည့် လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်သူ ရော်နယ်ဒိုဝတ်ဆင်ကစားခဲ့သည့် ကျောနံပါတ် ၇ အား အနားပေးခဲ့ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုသည် အသက် ၇ နှစ်အရွယ်မှစ၍ အန်ဒိုရင်ဟာအသင်းတွင် လူငယ်ကစားသမားအဖြစ် ဖြတ်သန်းခဲ့သူဖြစ်ပြီး ၃ နှစ်အကြာတွင် နေစီယွန်နယ်အသင်းသို့ ပြောင်းရွှေ့ခဲ့ကာ ယင်းမှတစ်ဆင့် စပို့တင်းလစ္စဘွန်း၊ မန်ယူ၊...
Read More
ကမ္ဘာ့သတင်း
လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်သူ ရော်နယ်ဒိုက ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအား ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသာရရှိလိမ့်မည်ဖြစ်ကြောင်း၊ နိုင်ငံအသင်းး၊ ကလပ်အသင်းများနှင့်အတူ အောင်မြင်မှုများရရှိသူသာ ယင်းဆုနှင့်ထိုက်တန်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက် ပဏာမ ၂၃ ဦး စာရင်းထုတ်ပြန်ထားပြီးချိန်၌ ၂၁၀၅ ခုနှစ်အတွင်း ဘာစီလိုနာအသင်းနှင့်အတူ စံချိန်တင်အောင်မြင်မှုများရရှိခဲ့ခြင်း၊ နိုင်ငံအသင်းဖြစ်သည့် အာဂျင်တီးနားအသင်းတွင်လည်း အောင်မြင်မှုအထိုက်အလျောက်ရရှိခဲ့ခြင်းများကြောင့် အကောင်းဆုံးဆုအတွက် မက်ဆီက ရေပန်းအစားဆုံးဖြစ်နေခဲ့သည်။ ”အရိုးသားဆုံး...
Read More
ကမ္ဘာ့သတင်း
အာဂျင်တီးနားနှင့် ဘရာဇီးအသင်းတို့၏ ၂၀၁၈ကမ္ဘာ့ဖလားခြေစစ်ပွဲတောင်အမေရိကဇုန်ပွဲစဉ်မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပွဲရွှေ့ဆိုင်းခဲ့ရကြောင်းသိရသည်။ အဆိုပါပွဲစဉ်ကျင်းပမည့် Monumental ကွင်းတွင် မိုးပြင်းထန်စွာရွာသွင်းခဲ့သည့်အတွက် ကွင်းမျက်နှာပြင်တွင် ရေများစွာတင်ကျန်ခဲ့သည့်အပြင် ပရိသတ်များမှာလည်းကွင်းသို့လာရာတွင် လမ်းပိတ်ဆို့မှုများကြောင့်လာရောက်အားပေးရန်အခက်အခဲများစွာရှိခဲ့ကြောင်း သိရသည်။ မိုးသန်ထန်စွာရွာသွန်းခဲ့၍ ပွဲရွေ့ခဲ့သည့် ယင်းပွဲကို ၁၄ရက်နေ့ နံနက် ၆နာရီခွဲအချိန်တွင် ပြန်လည်ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။ ပွဲရွှေ့ခဲ့ရခြင်းနှင့်ပတ်သက်ပြီး ဘရာဇီးလက်ထောက်နည်းပြက”ကျွန်တော်တို့တွေ ပွဲကြီးကြပ်သူတွေ အာဂျင်တီးနားအသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်။ ဒီပွဲ...
Read More
ကမ္ဘာ့သတင်း
ပရီးမီးယားလိဂ်အသင်းများဖြစ်သည့် စပါး၊ ဆန်းဒါးလန်း၊ လက်စတာ၊ စတုတ်စီးတီး၊ ၀က်စ်ဘရွန်းအသင်းနှင့်အတူ ပရီးမီးယားလိဂ်ပွဲပေါင်းများစွာ ပါဝင်ကစားခဲ့ဖူးသည့် ဟန်ဂေရီလက်ရွေးစင်ဂိုးသမားဟောင်းဖြစ်သူ မာတင်ဖူလော့ပ်သည် ကင်ဆာရောဂါဖြင့် အသက် ၃၂နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း ဟန်ဂေရီကလပ် ဘူဒါပတ်အသင်းက သတင်းထုတ်ပြန်ခဲ့သည်။ ဂိုးသမားဖူလော့ပ်သည် လက်မောင်းတွင် အကျိတ်ဖြစ်ပွားခဲ့ရာမှ တစ်ဆင့်ကင်ဆာရောဂါဖြစ်ပွားခဲ့ခြင်းကြောင့် ၂၀၁၃ ခုနှစ်တွင် ကစားသမားဘ၀မှအနားယူခဲ့ပြီးနောက် ခွဲစိတ်ကုသမှုခံခဲ့ရာတွင် အောင်မြင်ခဲ့သော်လည်း ယင်းကင်ဆာရောဂါဖြင့်ပင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း...
Read More
ကမ္ဘာ့သတင်း
အာဂျင်တီးနားနည်းပြမာတီနိုက ဒဏ်ရာရကစားသမားများရှိနေသည့်အတွက် ဘရာဇီးနှင့်ပွဲစဉ်တွင် အခက်အခဲများရှိလာနိုင်ကြောင်း၊ ပြိုင်ဘက်အသင်း၏ တန်ပြန်တိုက်စစ်ကို သတိပြုရမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။ ၂၀၁၈ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် ၂ ပွဲအပြီးတွင် နိုင်ပွဲလုံးဝမရသေးသည့် အာဂျင်တီးနားအသင်းသည် အဆင့် ၇ နေရာတွင် ရပ်တည်လျက်ရှိပြီး အဓိက ကစားသမားများဖြစ်သည့် အသင်းခေါင်းဆောင်မက်ဆီ၊ အဂူရို၊ တီဗက်ဇ် တို့ဒဏ်ရာပြဿနာရှိနေသည့်အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ “မက်ဆီမပါဝင်နိုင်တာက...
Read More
ကမ္ဘာ့သတင်း
၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် အာဂျင်တီးနှင့်ယှဉ်ပြိုင်မည့်ပွဲတွင် ၄ ပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ရသော ဘရာဇီးတိုက်စစ်မှူးနေမာ ပြန်လည်ပွဲထွက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါခြေစစ်ပွဲ အိမ်ရှင်အဖြစ်လက်ခံကစားမည့် အာဂျင်တီးနားအသင်းမှာ ခြေစစ်ပွဲ ၂ ပွဲကစားပြီးချိန်တွင် နိုင်ပွဲပျောက်ဆုံးမှုကြောင့် ရလဒ်ဆိုးများနှင့်ရင်ဆိုင်နေရပြီး အဓိကကစားသမားများဖြစ်သော မက်ဆီ၊ အဂူရိုနှင့် တီဗက်ဇ်တို့မှာ ဒဏ်ရာပြဿနာများကြောင့် ပါဝင်ကစားနိုင်မည်မဟုတ်ကြောင်း သိရသည်။ အာဂျင်တီးနားနှင့်ပွဲတွင် ပြန်လည်ပွဲထွက်ခွင့်ရရှိမည့် ဘရာဇီးတိုက်စစ်မှူးနေမာသည် ပြီးခဲ့သည့်ဇွန်လက ကျင်းပခဲ့သော...
Read More
ကမ္ဘာ့သတင်း
အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး တီဗက်ဇ်သည် ဘိုကာဂျူနီယာအသင်းနှင့်အတူ ပြည်တွင်းလိဂ်ပွဲစဉ်များယှဉ်ပြိုင်ကစားခဲ့ရာ၌ ရရှိခဲ့သည့် ဒူးဒဏ်ရာကြောင့် ဒေသတွင်းခါးသီးပြိုင်ဘက် ဘရာဇီးနှင့်ယှဉ်ပြိုင်ရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အား လွဲချော်တော့မည်ဖြစ်ကြောင်း အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ခဲ့သည်။ ၂၀၁၈ ကမ္ဘာ့ဖလား တောင်အမေရိကဇုန် ခြေစစ်ပွဲစဉ် ၂ ပွဲကစားပြီးချိန်၌ နိုင်ပွဲလုံးဝမရရှိသေးသည့် အာဂျင်တီးနားအသင်းသည် အဓိက ကစားသမားများဖြစ်သည့် အသင်းခေါင်းဆောင်မက်ဆီ၊ အဂူရို၊ ဇာဘလက်တာ၊ ဂါရေးလ်တို့ ဒဏ်ရာရရှိနေခဲ့ချိန်တွင် တီဗက်ဇ်လည်း...
Read More
ကမ္ဘာ့သတင်း
နီပေါဘောလုံးသမား ၅ ဦးမှာ ၂၀၁၁ ခုနှစ်က ကမ္ဘာ့ဖလားခြေစစ်ပွဲကစားခဲ့ရာတွင် လုပ်ပွဲကစားသည်ဟု စွပ်စွဲခံရပြီးနောက် နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စွဲချက်တင်ခံထားရကြောင်း နီပေါရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ နီပေါအသင်းခေါင်းဆောင်ဟောင်း ဆာဂါသာပါနှင့် ဂိုးသမား ရီတက်ရှ်သာတို့အပါအ၀င် အခြားကစားသမား ၃ ဦးမှာ ပြီးခဲ့သည့်လက ဖမ်းဆီးခံခဲ့ရသည်။ ရဲတပ်ဖွဲ့ကပြောကြားရာတွင် ၎င်းကစားသမားများ၏ ဘဏ်ငွေစာရင်းတွင် အလွန်များပြားသော ငွေပမာဏများရှိနေသည်ကို သိရှိခဲ့ရပြီးနောက် အရှေ့တောင်အာရှဒေသတွင်...
Read More
ကမ္ဘာ့သတင်း
နိုဝင်ဘာလ၏ ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ဘယ်လ်ဂျီယံအသင်းမှာ ပထမဆုံးအကြိမ်အဖြစ် အဆင့် ၃ နေရာမှ ကမ္ဘာ့အဆင့် ၁ နေရာသို့ တက်လှမ်းနိုင်ခဲ့ကြောင်းသိရသည်။ ယခင် ကမ္ဘာ့အဆင့် ၁ နေရာတွင်ရပ်တည်နေသော အာဂျင်တီးနားအသင်းမှာ အဆင့် ၃ နေရာသို့ လျော့ကျခဲ့ပြီး လက်ရှိကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်းမှာမူ အဆင့် ၂ နေရာတွင် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။ ယခုကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အကြီးမားဆုံးအဆင့်မြင့်တက်မှုအဖြစ်...
Read More
ကမ္ဘာ့သတင်း
အင်္ဂလန်၊ ရုရှားလက်ရွေးစင်အသင်းများကို တာဝန်ယူကိုင်တွယ်ခဲ့သည့် အီတလီဝါရင့်နည်းပြ ကာပယ်လိုသည် အမေရိကန်မေဂျာလိဂ်ထိပ်သီး နယူးယောက်စီးတီးအသင်းအား တာဝန်ယူကိုင်တွယ်ရန်အတွက် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်နေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။ ၂၀၁၅ ဇွန်လတွင် ရုရှားလက်ရွေးစင်နည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရသည့် နည်းပြကာပယ်လိုသည် စီးရီးအေကလပ်အသင်းအချို့အား တာဝန်ယူကိုင်တွယ်ဖွယ်ရှိနေကြောင်း သတင်းများကဖော်ပြခဲ့သော်လည်း လက်ရှိထွက်ပေါ်နေသည့်သတင်းများအရ နယူးယောက်စီးတီး နည်းပြဖြစ်လာရန် နီးစပ်နေပြီဖြစ်သည်။ နယူးယောက်စီးတီးတာဝန်ရှိသူများသည် ပြီးခဲ့သည့်နှစ်ပြိုင်ပွဲတွင် ရလဒ်များဆိုးရွားခဲ့သည့်အတွက် နည်းပြဂျာဆန်ခရစ်နှင့်လမ်းခွဲရန် စီစဉ်နေပြီး နည်းပြသစ်အဖြစ်...
Read More