ကမ္ဘာ့သတင်း
ကမ္ဘာ့သတင်း
ဗင်နီဇွဲလားလက်ရွေးစင်အသင်းသားများသည် လက်ရွေးစင်အသင်းအတွက် ထောက်ပံ့မှုနည်းပါးသည့်အပြင်ငွေကြေးလိမ်ညာမှုများ၊ အလွဲသုံးစားမှုများပြုလုပ်မှုများရှိနေကြောင်း သတင်းများထွက်ပေါ်နေသည့် အဖွဲ့ချုပ်ဥက္ကဋ္ဌရာဖေးလ်အား ရာထူးမှနုတ်ထွက်ရန် တောင်းဆိုမှုများပြုလုပ်ခဲ့သည်။ ဖိအားပေးခြင်းခံရသည့် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌသည် ဖီဖာအမှု ဆောင်အဖွဲ့ဝင်များနှင့်အတူ လာဘ်စားမှုများရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ပြီးခဲ့သည့်မေလတွင်ဆွစ်ဇာလန်ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရသူဖြစ်သည်။ ထို့ပြင် ၎င်းသည် ၂၀၁၅ ကိုပါအမေရိကပြိုင်ပွဲနှင့်ပတ်သက်၍လည်း ငွေကြေးအလွဲသုံးစားမှုများရှိနေကြောင်း သတင်းဆိုးများထွက်ပေါ်လျက်ရှိသူဖြစ်သည်။ လက်ရွေးစင်အသင်းခေါင်းဆောင် သောမတ်စ်ရိန်ကွန်နှင့် ထိပ်တန်းတိုက်စစ်မှူး ရွန်ဒွန်တို့ ပါဝင်သည့်...
Read More
ကမ္ဘာ့သတင်း
ဂျေလိဂ်ကလပ် မတ်ဆူမိုတိုယာမာဂါသည် ၎င်းတို့၏ကတိအတိုင်း စင်ကာပူဂိုးသမား အစ်ဇ်ဝမ်အား အသင်းနှင့်အတူ တစ်ပတ်ကြာ လာရောက်လေ့ကျင့် အစမ်းသပ်ခံရန် ခေါ်ယူခဲ့သည်။ အသက် ၂၅ နှစ်အရွယ် ထိုဂိုးသမားသည် ယနေ့မှစ၍ လာမည့်တနင်္လာနေ့အထိ ဂျပန်တွင်နေထိုင်မည်ဖြစ်ပြီး ယခုနှစ်ဂျေလိဂ်တွင် အဆင့် ၁၆ သာရရှိခဲ့၍ တန်းဆင်းခဲ့ရသော ၎င်းအသင်းနှင့် အမြဲတမ်းစာချုပ်ချုပ်ဆိုနိုင်ရန် စမ်းသပ်မှုခံယူမည်ဖြစ်သည်။ ထိုကစားသမားမှာ စမ်းသပ်မှုအောင်မြင်ပြီး ပြောင်းရွှေ့ဖြစ်ခဲ့ပါက...
Read More
ကမ္ဘာ့သတင်း
တစ်နှစ်တာကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအဖြစ် ရွေးချယ်ပေးအပ်သည့် ဖီဖာရွှေဘောလုံးဆုအတွက် ဆန်ကာတင် ၃ ဦးစာရင်းကို ကြေညာခဲ့ရာတွင် ရော်နယ်ဒို၊ မက်ဆီနှင့် နေမာတို့ ပါဝင်လာခဲ့သည်။ ထိုဆန်ကာတင်စာရင်းတွင် ရော်နယ်ဒိုနှင့် မက်ဆီတို့မှာ ၈ နှစ်ဆက်တိုက်ပါဝင်နိုင်ခဲ့ခြင်းဖြစ်ပြီး အကောင်းဆုံးဘောလုံးသမားအား ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် ကြေညာသွားမည်ဖြစ်သည်။ ရော်နယ်ဒိုမှာ ပြီးခဲ့သည့် ၂ ကြိမ်တွင် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအဖြစ် ရွေးချယ်ခံရပြီး မက်ဆီက...
Read More
ကမ္ဘာ့သတင်း
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများသည် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဘရာဇီးဘောလုံးအဖွဲ့ချုပ်မှ အမှတ်တရလက်ဆောင်အဖြစ်ပေးအပ်ခဲ့သည့် အဖိုးတန်နာရီ ၆၅ လုံးအား ပြန်လည်ရောင်းချမည်ဖြစ်ပြီး အဆိုပါရောင်းရငွေများအား လူမှုရေးအဖွဲ့အစည်းများသို့ ပေးလှူသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ဘရာဇီးဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများသည် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပခဲ့စဉ်က ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာ၊ ယူအီးအက်ဖ်အေဥက္ကဋ္ဌ မစ်ချယ်ပလာတီနီ၊ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရက်ဒိုက်ခ်တို့အပါအ၀င် ဘောလုံးလောကထိပ်သီး ပုဂ္ဂိုလ် ၆၅ ဦးတို့အားပေါင် ၁၆၀၀၀ တန်...
Read More
ကမ္ဘာ့သတင်း
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက လက်စ်ပါးမက်နှင့်လာလီဂါပွဲစဉ်တွင် ရရှိခဲ့သည့် ဒူးဒဏ်ရာမှပြန်လည်သက်သာရန် ရုန်းကန်ခဲ့ရကြောင်းနှင့် မကြာမီကြေညာမည့် ကမ္ဘာ့အကောင်းဆုံးကစားသမား ဆန်ကာတင် ၃ ဦးစာရင်းတွင် ဘာစီလိုနာကစားသမားများသာ ပါဝင်ခွင့်ရရန် မျှော်လင့်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ အဆိုပါဒူးဒဏ်ရာကြောင့် ၂ လကြာအနားယူခဲ့ရသည့် မက်ဆီသည် ရီးရဲလ်အား အနိုင်ရရှိခဲ့သည့် အယ်ကလက်စီပွဲစဉ်တွင် လူစားဝင်ကစားသမားအဖြစ် ပြန်လည်ပါဝင်ကစားပေးနိုင်ခဲ့သည်။ “ဒဏ်ရာရရှိနေတဲ့အချိန်မှာ ပြန်ကစားနိုင်ဖို့ ယုံကြည်ချက်ရှိအောင် ခက်ခက်ခဲခဲပြင်ဆင်ခဲ့ရပါတယ်။...
Read More
ကမ္ဘာ့သတင်း
ချီလီတောင်ပံကစားသမား ဆန်းချက်ဇ်သည် ကိုလံဘီယာနှင့်သရေကျခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ တွင် ခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့ခြင်းကြောင့် ပွဲစဉ် ၄ အဖြစ်ရင်ဆိုင်ရမည့် ဥရုဂွေးနှင့် ပွဲစဉ်ကို လွဲချော်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ လက်ရှိတောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ရှုံးပွဲမရှိရလဒ်ဖြင့် အီကွေဒေါ၏နောက် ဒုတိယနေရာတွင် ရပ်တည်နေသည့် ချီလီအသင်းမှ တောင်ပံကစားသမားဆန်းချက်ဇ်သည် ချီလီအသင်းကစားခဲ့ပြီးသည့် ခြေစစ်ပွဲစဉ် ၃ ပွဲအပြီးတွင် အသင်းအတွက်...
Read More
ကမ္ဘာ့သတင်း
အင်္ဂလန်နည်းပြရွိုင်းဟော့ဆန်က ပြီးခဲ့သည့်သောကြာနေ့တွင် ပဲရစ်မြို့၌ အကြမ်းဖက်တိုက်ခိုက်ခံရမှုပြီးနောက် ၀င်ဘလေကွင်းတွင်ကစားမည့် အင်္ဂလန်-ပြင်သစ်ယနေ့ညပွဲစဉ်မှာ သာမန်ခြေစမ်းပွဲမဟုတ်ကြောင်း ပြောကြားခဲ့သည်။ သောကြာနေ့ကဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်ခံရမှုတွင် လူပေါင်း ၁၂၉ ဦးသေဆုံးခဲ့ပြီး အမြောက်အများဒဏ်ရာရရှိခဲ့သည့်အတွက် ယနေ့ညယှဉ်ပြိုင်မည့်ပွဲနှင့်ပတ်သက်၍ အင်္ဂလန်နည်းပြရွိုင်းဟော့ဆန်က ”အခုယှဉ်ပြိုင်မယ့်ပွဲဟာ အကြောင်းတရားတွေရဲ့ဖိစီးမှုအောက်ရောက်နေလို့ သာမန်ပွဲတစ်ပွဲမဟုတ်ဘူးဆိုတာ ကျွန်တော်မငြင်းနိုင်ပါဘူး။ ကျွန်တော်တို့ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ဖိစီးမှုတွေကရှိနေဦးမှာပါ။ ကစားခဲ့ဖူးတဲ့ ဘောလုံးပြိုင်ပွဲမှာ ဘယ်တုန်းကမှ ဒီလိုမျိုး ကျွန်တော်မကြုံခဲ့ဖူးပါဘူး”...
Read More
ကမ္ဘာ့သတင်း
ကိုလံဘီယာအသင်းခေါင်းဆောင် ဂျိမ်းစ်ရိုဒရီဂွက်ဇ်က ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ်ရင်ဆိုင်ရမည့် အာဂျင်တီးနားအသင်းတွင် မက်ဆီ၊ အဂူရိုတို့ ဒဏ်ရာကြောင့် မပါဝင်နိုင်သော်လည်း လျှော့တွက်၍မရကြောင်း၊ နိုင်ပွဲမရရှိသေးသည့် ရုန်းအားကြောင့် ခက်ခဲသည့်ပွဲစဉ်ဖြစ်လာနိုင်ကြောင်း အသင်းဖော်များအား သတိပေးပြောကြားခဲ့သည်။ ၂၀၁၈ ကမ္ဘာ့ဖလား တောင်အမေရိကဇုန်ခြေစစ်ပွဲစဉ် ၃ အပြီးတွင် နိုင်ပွဲရရှိခြင်းမရှိသေးသည့် အာဂျင်တီးနားသည် အဆင့် ၉ နေရာတွင် ရပ်တည်လျက်ရှိပြီး ကိုလံဘီယာကမူ ဥရုဂွေးကိုသာ အရေးနိမ့်ထားခဲ့ပြီး...
Read More
ကမ္ဘာ့သတင်း
အင်္ဂလန်အသင်းနှင့်ဝင်ဘလေကွင်းတွင် ခြေစမ်းပွဲကစားရန် ပြင်သစ်လက်ရွေးစင်ကစားသမား၂၃ဦးစလုံးလိုက်ပါသွားမည်ဟု သိရသည်။ ပြင်သစ်အသင်းတွင်ရွေးချယ်ခံထားရသောကစားသမားများမှာ ပဲရစ်တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ခြေစမ်းပွဲကစားရန် လိုက်ပါမည်ဆိုသည့်သတင်းများကို ငြင်းဆန်ပယ်ချကာအင်္ဂလန်တွင်သွားရောက်ကစားမည်ဟု အတည်ပြုလိုက်ခြင်းဖြစ်သည်။ ပြင်သစ်လက်ရွေးစင်လက်ဆာနာ ဒီယာရာ၏ ၀မ်းကွဲအစ်မတစ်ဦးမှာ ပဲရစ်တိုက်ခိုက်မှုဖြစ်စဉ်တွင် သေဆုံးခဲ့သူများထဲတွင်ပါဝင်ခဲ့ပြီး ဂရစ်ဇ်မန်း၏ညီမဖြစ်သူမှာမူ ၈၉ဦးသေဆုံးခဲ့သည် ဘတာကလန်ပြဇတ်ရုံတွင်လွတ်မြောက်ခဲ့ရကြောင်းသိရသည်။ အဆိုပါကစားသမားနှစ်ဦးစလုံးမှာ ပဲရစ်တိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပေါ်ခဲ့သည့်နေ့က ဂျာမနီနှင့်ခြေစမ်းပွဲတွင် ၀င်ရောက်ကစားပေးနေကြောင်းသိရသည်။ ပြင်သစ်လက်ရွေးစင်နည်းပြ ဒက်စ်ချမ့်က ၎င်း၏ကစားသမားများအား အသင်းလူစာရင်းမှထွက်နိုင်ကြောင်းအခွင့်အရေးပေးခဲ့သော်လည်း ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကမူလက်ရွေးစင်အသင်းတွင်ပါဝင်နေသူများ ပါဝင်ကစားမည်ဟုအတည်ပြုခဲ့သည်။...
Read More
ကမ္ဘာ့သတင်း
ပြီးခဲ့သည့်သောကြာနေ့က ပဲရစ်မြို့အတွင်း အကြမ်းဖက်တိုက်ခိုက်မှုခံခဲ့ရမှုများအပြီးတွင် လာမည့်တစ်ပတ်အတွင်း ယှဉ်ပြိုင်ကစားမည့် အားကစားပွဲစဉ်အားလုံး ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြခဲ့သည်။ နိုင်ငံတော်အဆင့်အရေးပေါ်အခြေအနေ ကြေညာထားသဖြင့် လာမည့်တစ်ပတ်အတွင်း အားကစားပွဲစဉ်များ ရွှေ့ဆိုင်းခဲ့ရာတွင် ယနေ့ညတွင် ယှဉ်ပြိုင်မည့် ပြင်သစ်လိဂ်ဖလားပွဲစဉ်များ ပါဝင်သည့်အပြင် လာမည့်ရက်သတ္တပတ်အတွင်း ယှဉ်ပြိုင်မည့် အားကစားပွဲစဉ်များအားလုံးအား ရွှေ့ဆိုင်းလိုက်ပြီဖြစ်သည်။ အင်္ဂလန်ကလပ်အသင်းများကလည်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သေဆုံး ဒဏ်ရာရရှိခဲ့သူများအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ပြိုင်ပွဲမစတင်မီ...
Read More