ကမ္ဘာ့သတင်း

မြန်မာသို့ ကစားသမားတရားမ၀င်ပြောင်းရွှေ့မှုအတွက် ယူဂန်ဒါဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူ ၃ ဦး ရာထူးရပ်ဆိုင်းခံရ

ယူဂန်ဒါဘောလုံးအဖွဲ့ချုပ်သည် မြန်မာကလပ်တစ်ခုသို့ ကစားသမားတရားမ၀င်ပြောင်းရွှေ့မှုအတွက် တာဝန်ရှိသူ ၃ ဦးကို ရာထူးမှရပ်ဆိုင်းလိုက်ကြောင်း သိရှိရသည်။ ယူဂန်ဒါဘောလုံးအဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် အာမက်ဟူစိန်က ရှင်ဟွာသတင်းဌာနသို့ပြောကြားရာတွင် ထိုတာဝန်ရှိသူများမှာ ဂျိုးဆက်ပန်ဒီဘိုလင်ဘို၏ အပြောင်းအရွှေ့တွင် မရိုးသားသည့်လုပ်ရပ်များ လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရသည်ဟု ပြောကြားခဲ့သည်။ “ယူဂန်ဒါဘောလုံးအဖွဲ့ချုပ် ကျင့်ဝတ်ဆိုင်ရာကော်မတီဟာ SC Vipers ကစားသမားရဲ့အပြောင်းအရွှေ့မှာပါဝင်တဲ့ တာဝန်ရှိသူ ၃ ဦးကို ဘောလုံးကိစ္စရပ်များနဲ့ ရက်...
Read More

တစ်နှစ်တာအကောင်းဆုံးဂျာမနီဘောလုံးသမားဆုကို ၅ နှစ်အတွင်း ၄ ကြိမ်မြောက်အဖြစ် အိုဇဲလ်ရရှိ

အာဆင်နယ်ကစားသမား အိုဇဲလ်သည် ၅ နှစ်အတွင်း ၄ ကြိမ်မြောက်အဖြစ် ဂျာမနီအကောင်းဆုံးဘောလုံးသမားဆု မဲပေးရွေးချယ်ခံခဲ့ရကြောင်း သိရှိရသည်။ ကမ္ဘာ့ဖလားဆုရှင် အိုဇဲလ်သည် ယခုရာသီတွင် အာဆင်နယ်၏ပရီးမီးယားလိဂ်အိပ်မက်ကို အဓိကအသက်သွင်းပေးနေသူဖြစ်ပြီး အာဆင်နယ်တွင်လည်း တစ်လတာအကောင်းဆုံးကစားသမားဆု ၃ လဆက်တိုက်ရရှိထားကာ ယခုအချိန်တွင် နိုင်ငံအသင်း၏တစ်နှစ်တာဆုအား ထပ်မံရရှိခဲ့ခြင်းဖြစ်သည်။ အိုဇဲလ်သည် ယူရို-၂၀၁၆ ခြေစစ်ပွဲတစ်လျှောက် ဂျာမနီအတွက် တစ်ပွဲသာပါဝင်ကစားခြင်းမရှိခဲ့ဘဲ တစ်နှစ်တာအကောင်းဆုံးဂျာမန်ဘောလုံးသမားဆုအတွက် မဲအားလုံး၏...
Read More

ရော်နယ်ဒိုနှင့် နေမာတို့ကိုကျော်ဖြတ်ကာ ဖီဖာရွှေဘောလုံးဆုကို မက်ဆီဆွတ်ခူး

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ကမ္ဘာ့အကောင်းဆုံးကစားသမားဆုဖြစ်သည့် ဖီဖာရွှေဘောလုံးဆုကို ၅ ကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့သည်။ အသက် ၂၈ နှစ်အရွယ် အာဂျင်တီးနားအသင်းခေါင်းဆောင်သည် မဲပေးမှု၏ ၄၁.၃၃ ရာခိုင်နှုန်းရရှိခဲ့ပြီး ရော်နယ်ဒိုက ၂၇.၇၆ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ အသင်းဖော်နေမာက ၇.၈၆ ရာခိုင်နှုန်းဖြင့် တတိယရရှိခဲ့သည်။ ပြီးခဲ့သည့် အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဟက်ထရစ်သွင်းခဲ့သည့် အမေရိကန်အမျိုးသမီးလက်ရွေးစင်ကွင်းလယ်ကစားသမား ကာလီလွိုက်မှာ ကမ္ဘာ့အကောင်းဆုံးအမျိုးသမီးကစားသမားဆုရရှိခဲ့ပြီး အင်္ဂလန်အမျိုးသမီးအသင်းနည်းပြ...
Read More

ဖီဖာရွှေဘောလုံးဆုနဲ့ပတ်သက်တဲ့ အချက်အလက်တချို့

နာရီသံတစ်ချက်ချက်မြည်သံနဲ့အတူ စိတ်ဝင်စားမှုရင်ခုန်သံတွေလည်း တဖြည်းဖြည်းများပြားလာပါပြီ။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေနဲ့ နည်းပြတွေကို နှစ်စဉ်ကျင်းပနေကျ ဖီဖာရွှေဘောလုံးဆုပေးပွဲအခမ်းအနားဖြစ်တဲ့ ဇန်န၀ါရီ ၁၁ ရက်မှာ အသိအမှတ်ပြုချီးမြှင့်ကြတော့မှာပါ။ ဇူးရစ်မြို့ရဲ့ Kongresshaus ခန်းမဟာ အခမ်းအနားတက်ရောက်သူတွေကို အကန့်အသတ်သာလက်ခံနိုင်ပေမယ့် ဒီအခမ်းအနားမှာပေးမယ့်ဆုတွေကတော့ ဘောလုံးလောကမိသားစုဝင်တွေရဲ့အသံတွေကို ထင်ဟပ်စေမှာဖြစ်ပါတယ်။ ဖီဖာရွှေဘောလုံးဆုအတွက် ဆန်ကာတင်စာရင်းဝင် ၃ ဦးမှာ ဘယ်သူက ရွှေဘောလုံးဆုရမလဲဆိုတာကို ဖီဖာအဖွဲ့ဝင် ၂၀၇...
Read More

အာဖရိကအကောင်းဆုံးကစားသမားဆုမရရှိမှုကြောင့် ယာယာတိုရေး ဒေါသတကြီးဝေဖန်

မန်စီးတီးကွင်းလယ်ကစားသမား ယာယာတိုရေးသည် အာဖရိကအကောင်းဆုံးကစားသမားဆု မရရှိခဲ့ခြင်းကြောင့် ဒေါသတကြီးတုံ့ပြန်ပြောကြားလိုက်သည်။ ၎င်းမှာ ၂၀၁၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတွင် အိုင်ဗရီကို့စ်အား အသင်းခေါင်းဆောင်တာဝန်ယူပြီး ဖလားရစေခဲ့သော်လည်း ဂါဘွန်နှင့် ဒေါ့မွန်တိုက်စစ်မှူး အူဘာမီယန်ကို မကျော်ဖြတ်နိုင်ခဲ့ဘဲ အာဖရိကအကောင်းဆုံးကစားသမား ဒုတိယဆုကိုသာ ရရှိခဲ့သဖြင့်”အာဖရိကအတွက်တော့ ဒီအဖြစ်က အရှက်ရစရာပါ။ ဒီလိုအဖြစ်မျိုး မဖြစ်သင့်ပါဘူ။ ဒါပေမဲ့ ဘာများတတ်နိုင်ဦးမှာလဲ”ဟု ထုတ်ဖော်ဝေဖန်ခဲ့သည်။ ယာယာတိုရေးသည် အာဖရိကအကောင်းဆုံးကစားသမားဆုကို ပြီးခဲ့သည့်...
Read More

အာဖရိကအကောင်းဆုံးကစားသမားဆုကို ယာယာတိုရေးအားကျော်ဖြတ်ပြီး အူဘာမီယန်ရရှိ

ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်သည် အာဖရိကဘောလုံးအဖွဲ့ချုပ်၏ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို အိုင်ဗရီကို့စ်ကစားသမားယာယာတိုရေးအား အမှတ်အနည်းငယ်အသာဖြင့် ရရှိသွားခဲ့ကြောင်း သိရှိရသည်။ အာဖရိကဘောလုံးအဖွဲ့ချုပ်ဝင်နိုင်ငံများမှ နည်းပြများ၊ နည်းစနစ်ဒါရိုက်တာများက မဲပေးမှုအရ အူဘာမီယန်မှာ ၁၄၃ မှတ်၊ မန်စီးတီးကွင်းလယ်လူ ယာယာတိုရေးက ၁၃၆ မှတ် ရရှိခဲ့ကြပြီး အသက် ၂၆ နှစ်အရွယ် အူဘာမီယန်မှာ ထိုဆုရရှိသည့် ပထမဆုံးဂါဘွန်ကစားသမားဖြစ်လာခဲ့ပြီး ဂါနာနှင့် ဆွမ်ဆီးကွင်းလယ်လူ...
Read More

အဲလ်ဆာဗေးဒိုးလက်ရွေးစင်ကစားသမားဟောင်း အဲဖရက်ဒို ပါချီကို သေနတ်ဒဏ်ရာကြောင့် သေဆုံး

အသက် ၃၃ နှစ်အရွယ် အဲလ်ဆာဗေးဒိုးလက်ရွေးစင်ကစားသမားဟောင်း အဲဖရက်ဒို ပါချီကိုသည် မြို့တော် ဆန်ဆာဗေးဒိုး၏ အနောက်ဘက် ၇၆ ကီလိုမီတာအကွာရှိ ဆန်တာအန်နာမြို့တွင်းဆီဆိုင်တစ်ဆိုင်တွင် သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခံခဲ့ရပြီး ယင်းဒဏ်ရာများကြောင့် သေဆုံးခဲ့ကြောင်းရဲတပ်ဖွဲ့ကအတည်ပြုလိုက်သည်။ အဲလ်ဆာဗေးဒိုးရဲတပ်ဖွဲ့၏ပြောကြားချက်အရ အဆိုပါတိုက်ခိုက်မှုတွင် အခြားလူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရသည်။ အဲလ်ဆာဗေးဒိုးအတွက် ပွဲအများဆုံးကစားပေးထားသည့် အဆိုပါနောက်ခံလူမှာ လုပ်ပွဲကစားမှုကြောင့် ၂၀၁၃...
Read More

ယူရို-၂၀၁၆ အပြီးတွင် နည်းပြရာထူးမှ အနားယူရန်စီစဉ်ထားသည်ဟု ဒဲလ်ဘော့စကေးပြောကြား

စပိန်နည်းပြဒဲလ်ဘော့စကေးက လာမည့်ယူရို-၂၀၁၆ ပြိုင်ပွဲပြီးဆုံးချိန်တွင် နည်းပြရာထူးမှ အနားယူရန်စီစဉ်ထားကြောင်း တရားဝင်ပြောကြားလိုက်သည်။ အနားယူမည့်ကိစ္စနှင့်ပတ်သက်၍ ဒဲလ်ဘော့စကေးက ”ကျွန်တော်အနားယူဖို့အချိန် နီးကပ်နေပါပြီ။ ယူရို-၂၀၁၆ ပြိုင်ပွဲအပြီးမှာ အနားယူဖို့ပြင်ဆင်ထားတယ်။ ကျွန်တော်က အဖွဲ့အစည်းနဲ့အလုပ်လုပ်နေတဲ့သူဆိုတော့ နောက်ဆုံးအဆုံးအဖြတ်မပေးခင် အပြီးသတ်ပြောကြားသွားမှာပါ” ဟု ဖွင့်ဟခဲ့သည်။ အသက် ၆၄ နှစ်ရှိအဆိုပါရီးရဲလ်နည်းပြဟောင်းသည် စပိန်အသင်းကို ၂၀၁၀ ကမ္ဘာ့ဖလားနှင့် ယူရို-၂၀၁၂ ဖလားများ ဆွတ်ခူးပေးခဲ့သူဖြစ်သည်။...
Read More

ပေါ်လင်ဟိုရဲ့ နောက်ကျသွင်းဂိုးကြောင့် ကွမ်ကျိုးအီဗာဂရန်ဒီအသင်း ၂၀၁၅ကမ္ဘာ့ကလပ်ဖလားကွာတားဖိုင်နယ်တက်ရောက်

တရုတ်စူပါလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးချန်ပီယံကွမ်ကျိုးအီဗာဂရန်ဒီအသင်းဟာ ၂၀၁၅ကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲမှာ ကလပ်အမေရိကအသင်းကို ၂-၁နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကိုတက်ရောက်နိုင်ခဲ့ပြီး စပိန်ကလပ်ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်။ ယခင်ဘရာဇီးနည်းပြစကိုလာရီကိုင်တွယ်နေတဲ့ ကွမ်ကျိုးအသင်းဟာအခုပွဲစဉ်မှာ ကမ္ဘာကျော်ကစားသမားရော်ဘင်ဟို၊ပေါ်လင်ဟိုနဲ့ 2015 အာရှအကောင်းဆုံးကစားသမားဆုဒုတိယဇန်ဇီတို့ဦးဆောင်ပါဝင်ခဲ့ပြီး ကလပ်အမေရိကအသင်းကလည်းမက္ကဆီကိုလက်ရွေးစင်အတွေ့ကြုံရင့်ကစားသမားအဂူလာ၊ပါရဲလာ၊ အာဂျင်တီးနားကစားသမားဆမ်ဘွီဇာတို့နဲ့ ပြန်လည်ရင်ဆိုင်ခဲ့တယ်။ ကလပ်အမေရိကအသင်းအနေနဲ့ ပွဲချိန်အစောပိုင်းမှာ ဂိုးရလုနီးပါးအခွင့်အရေးတွေအများအပြားရရှိခဲ့ပြီးကွမ်ကျိုးအသင်းနောက်တန်းကစားသမားတွေ အသည်းအသန်ဖျက်ထုတ်နေခဲ့ရတဲ့အပြင်အဆုံးသတ်ညံ့ဖျင်းနေခဲ့တဲ့အတွက်ကြောင့် မက္ကဆီကိုကလပ်ဂိုးရဖို့ခက်ခဲနေခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ ကွမ်ကျိုးအသင်းဟာ ခြေစွမ်းမပြနိုင်တဲ့ရော်ဘင်ဟိုကိုထုတ်ပြီး တရုတ်လက်ရွေးစင်ဘယ်တောင်ပံကစားသမားလောင်းဇန်ကိုထည့်ခဲ့ပါတယ်။ ဂိုးရဖို့ဖိအားပေးနေတဲ့ ကလပ်အမေရိကအသင်းအဖွင့်ဂိုးရခဲ့ပြီး...
Read More

ကမ္ဘာ့ဖလားနောက်ဆုံးအဆင့်တွင် အသင်း ၄၀ အထိတိုးမြှင့်ရေးကို ဆက်လက်လေ့လာမည်

ဖီဖာသည် ယမန်နေ့ကပြုလုပ်ခဲ့သည့် အမှုဆောင်ကော်မတီအစည်းအဝေးတွင် ဖီဖာအဖွဲ့အစည်းပြုပြင်ပြောင်းလဲမှုတစ်စိတ်တစ်ပိုင်းအဖြစ် ကမ္ဘာ့ဖလားနောက်ဆုံးအဆင့်ပြိုင်ပွဲဝင် အသင်း ၄၀ အထိ တိုးမြှင့်ရန် ဆုံးဖြတ်ချက်ကို ခေတ္တရွှေ့ဆိုင်းထားကြောင်း သိရသည်။ ထိုအစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်မှု၌ အမျိုးသမီးများ ပိုမိုပါဝင်ခွင့်ရရန် ဆန္ဒမဲပေးခဲ့ကြပြီး အကြီးတန်းတာဝန်ရှိသူများကို လုပ်ပိုင်ခွင့်ကန့်သတ်ခြင်းနှင့် လစာပမာဏကို လူသိရှင်ကြားကြေညာခြင်းတို့ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ဖီဖာသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ၎င်းတို့အဖွဲ့အစည်းကို ခေတ်မီသော...
Read More
error: Content is protected !!