ကမ္ဘာ့သတင်း

ဒိုင်နမိုဘူခါရက်နှင့် ကင်မရွန်းကွင်းလယ်လူ အီကိန်း ပွဲကစားနေစဉ် လဲကျသေဆုံး

ဒိုင်နမိုဘူခါရက်နှင့် ကင်မရွန်းကွင်းလယ်ကစားသမား ပက်ထရစ်အီကိန်းမှာ ပွဲကစားနေစဉ်အတွင်း နှလုံးဖောက်ကာ လဲကျသေဆုံးခဲ့ပြီး ၎င်း၏အသက်မှာ ၂၆ နှစ်သာရှိသေးကြောင်း သိရှိရသည်။ အီကိန်းမှာ ရုပ်သံမှတိုက်ရိုက်ထုတ်လွှင့်ခဲ့သည့် ရုရှားပြည်တွင်းလိဂ်ပွဲစဉ်တစ်ခုတွင် ပွဲချိန်မိနစ် ၇၀ အရောက်၌ လဲကျသွားခဲ့ကာ ဆေးရုံသို့ပို့ဆောင်ပြီး ၂ နာရီအကြာတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၃ ခုနှစ်ကလည်း ကင်မရွန်းလက်ရွေးစင်ကစားသမား ဗီဗီယန်ဖိုးမှာ ပြင်သစ်တွင် ကိုလံဘီယာနှင့် ကွန်ဖက်ဒရေးရှင်းဖလားပွဲကစားနေစဉ်...
Read More

ယူရို ၂၀၁၆ အတွက် ရက်ခ်ျဖို့ဒ်ကိုခေါ်ရန်မသင့်ကြောင်း ရွိုင်းဟော့ဆန်ပြောကြား

အင်္ဂလန်နည်းပြ ရွိုင်းဟော့ဆန်က ယူရို ၂၀၁၆ လူစာရင်းတွင် မားကပ်စ်ရက်ခ်ျဖို့ဒ်ကိုထည့်သွင်းရန်အတွက် ၎င်းထက်ပိုမိုသင့်တော်သောကစားသမားတစ်ဦးကို မချန်ထားခဲ့လိုကြောင်း ပြောကြားခဲ့သည်။ အသက် ၁၉ နှစ်ပြည့်ရန်ပင် ၆ လခန့်လိုသေးသော မန်ယူလူငယ်တိုက်စစ်မှူးရက်ခ်ျဖို့ဒ်သည် ပွဲဦးထွက်ခွင့်ရစဉ်ကတည်းက ခြေစွမ်းပြလျက်ရှိပြီး ၁၃ ပွဲတွင် ၇ ဂိုးသွင်းယူနိုင်ခဲ့သည်။ ရွိုင်းဟော့ဆန်သည် ရက်ခ်ျဖို့ဒ်၏ခြေစွမ်းကိုသဘောကျသော်လည်း အင်္ဂလန်တိုက်စစ်တွင် ၀ိန်းရွန်နီ၊ ဟယ်ရီကိန်း၊ ဗာဒီ၊ စတာရစ်ခ်ျ၊...
Read More

အိုလံပစ်ပြိုင်ပွဲတွင် ဘရာဇီးအတွက် နေမာပါဝင်မည်ဖြစ်သော်လည်း ကိုပါအမေရိကပြိုင်ပွဲကိုလွဲချော်

နေမာသည် လာမည့်နွေရာသီတွင် ရီယိုဒီဂျနေရိုးမြို့၌ ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲတွင် ဘရာဇီးအတွက်ပါဝင်ကစားမည်ဖြစ်သော်လည်း ကိုပါအမေရိကပြိုင်ပွဲတွင်မူ ပါဝင်မည်မဟုတ်ကြောင်း ဘာစီလိုနာက ဒီပို့တီဗိုကို ၈-၀ ဖြင့်အနိုင်ရခဲ့ သောပွဲစဉ်အပြီးတွင် ထုတ်ပြန်ကြေညာခဲ့သည်။ နေမာက ပြိုင်ပွဲ ၂ ရပ်လုံးတွင် ပါဝင်ကစားလိုကြောင်း ဖွင့်ဟထားသော်လည်း ဘာစီလိုနာက ၎င်းတို့၏ထိပ်တန်းတိုက်စစ်မှူးကို အချိန်ကြာမြင့်စွာ လက်လွတ်မခံလိုသဖြင့် ဘာစီလိုနာနှင့်ဘရာဇီးအသင်းတို့မှာ နေမာကိစ္စနှင့်ပတ်သက်၍ လအတန်ကြာဆွေးနွေးခဲ့ကြပြီး ယခုမှသဘောတူညီမှုရရှိခဲ့ကြခြင်းဖြစ်သည်။...
Read More

လုပ်ပွဲကစားမှုနှင့်ပတ်သက်၍ ကွန်တီအား ထောင်ဒဏ်ကျခံစေရန် အီတလီအစိုးရရှေ့နေတစ်ဦးလိုလားနေ

ချဲလ်ဆီးနည်းပြသစ်ဖြစ်လာမည့် အန်တိုနီယိုကွန်တီအား လုပ်ပွဲကစားမှုနှင့်ပတ်သက်၍ ထောင်ဒဏ် ၆ လနှင့် ဒဏ်ကြေးပေးဆောင်စေရန် အီတလီနိုင်ငံအစိုးရရှေ့နေတစ်ဦးက လိုလားနေကြောင်း ကွန်တီ၏ရှေ့နေကပြောကြားခဲ့သည်။ အဆိုပါကိစ္စမှာ ၂၀၁၁ ခုနှစ်က အီတလီစီးရီးဘီမှ ဆီနာအသင်းကို ကွန်တီကိုင်တွယ်စဉ်က ကျူးလွန်ခဲ့ဖွယ်ရှိသော ကိစ္စရပ်များကို ရည်ရွယ်ခြင်းဖြစ်သည်။ အသက် ၄၆ နှစ်အရွယ် ဂျူဗင်နည်းပြဟောင်းကွန်တီသည် လက်ရှိတွင်အီတလီလက်ရွေးစင်းအသင်းကိုကိုင်တွယ်နေပြီး ယူရို ၂၀၁၆ အပြီး ချဲလ်ဆီးနည်းပြအဖြစ်တာဝန်ယူမည်ဖြစ်သည်။...
Read More

အီတလီနှင့် အေစီမီလန်ဂန္ထ၀င်နောက်ခံလူ ဆီဆာရီမာလ်ဒီနီကွယ်လွန်

အသက် ၈၄ နှစ်ရှိ အီတလီနှင့် အေစီမီလန်ဂန္ထ၀င်နောက်ခံလူ ဆီဆာရီမာလ်ဒီနီသည် ယမန်နေ့က ကွယ်လွန်သွားခဲ့ကြောင်းသိရှိရသည်။ ဆီဆာရီမာလ်ဒီနီ၏ သားဖြစ်သူ အေစီမီလန်ဂန္ထ၀င်နောက်ခံလူဖြစ်သည့် ပါအိုလိုမာလ်ဒီနီသည်လည်း ဖခင်၏ခြေရာနင်းနိုင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်တွင် မြေးဖြစ်သူ ခရစ္စတီယန်မာလ်ဒီနီမှာ အေစီမီလန် ယူ-၁၉ အသင်းတွင် ကစားလျက်ရှိ သည်။ ဆီဆာရီမာလ်ဒီနီနှင့်ပတ်သက်၍ အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ တာဗက်ချီယိုက ”အီတလီဘောလုံးလောကရဲ့ တကယ့်ဂန္ထ၀င်တစ်ဦးဖြစ်တဲ့ ဆီဆာရီမာလ်ဒီနီကတော့ ကျွန်တော်တို့ကို...
Read More

ပွဲထွက်ခွင့်အာမခံချက်ရရန် မမျှော်လင့်ခဲ့ကြောင်း ရွန်နီဖွင့်ဟ

အင်္ဂလန်အသင်းခေါင်းဆောင်ဝိန်းရွန်နီက ပွဲထွက်လူစာရင်းအတွက်အာမခံချက်ရရန် မည်သည့်အခါကမှ မမျှော်လင့်ခဲ့ကြောင်း ဖွင့်ဟခဲ့ပြီး ယူရို ၂၀၁၆ တွင် အင်္ဂလန်အသင်း၏အလားအလာနှင့်ပတ်သက်၍ စိတ်လှုပ်ရှားနေကြောင်း ပြော ကြားခဲ့သည်။ ရွန်နီသည်လက်ရှိအချိန်တွင် ဒူးဒဏ်ရာကြောင့် ပွဲထွက်ကစားနိုင်ခြင်းမရှိသော်လည်း တစ်ပတ် သို့မဟုတ် ၁၀ ရက်အတွင်း လေ့ကျင့်ခန်းပြန်ဆင်းနိုင်ဖွယ်ရှိနေသည်။ ဟယ်ရီကိန်းနှင့်ဗာဒီတို့ခြေစွမ်းပြနေခြင်း၊ စတာရစ်ခ်ျဒဏ်ရာမှသက်သာလာခြင်းတို့က ရွန်နီ၏အင်္ဂလန်ပွဲထွက်ခွင့်အတွက် ခြိမ်းခြောက်မှုဖြစ်ခဲ့သော်လည်း ထိုကဲ့သို့ ၎င်းအပေါ်ဖိအားများရှိလာခြင်းကိုကျေနပ်ကြောင်း ရွန်နီကဖွင့်ဟခဲ့သည်။ “ကျွန်တော်စိတ်လှုပ်ရှားမိပါတယ်။...
Read More

ဂျိမ်စ်းရိုဒရီဂွက်ဇ်ကို ရီးရဲလ်က အရေးပေးမှုမရှိကြောင်း အက်စ်ပရီလာဝေဖန်

ရီးရဲလ်မက်ဒရစ်သည် ဂျိမ်းစ်ရိုဒရီဂွက်ဇ်အား လိုအပ်သည့်အရေးပေးမှုများမရှိကြောင်း နယူးကာဆယ်တိုက်စစ်မှူးဟောင်း ဖော်စတီနိုအက်စ်ပရီလာက ဖွင့်ဟသွားခဲ့သည်။ ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်သည် ရီးရဲလ်နှင့်ပွဲဦးထွက်ရာသီက အန်ဆယ်လော့တီလက်အောက်တွင် ပြိုင်ပွဲစုံ ၁၇ ဂိုးသွင်းယူပြီး ၁၈ ဂိုးဖန်တီးနိုင်ခဲ့သော်လည်း ယခုရာသီတွင်မူ ကြွက်သားဒဏ်ရာရရှိခဲ့မှုကြောင့် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသည်။ “ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ရီးရဲလ်မှာထက် ကိုလံဘီယာမှာ ခြေစွမ်းပိုပြနိုင်တယ်ဆိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုလံဘီယာမှာက ကစားသမားတစ်ယောက်အတွက်အရေးကြီးတဲ့ အလေးထားမှုတွေပေးတဲ့အတွက်...
Read More

မက်ဆီ၊ ရော်နယ်ဒိုကိစ္စ အငြင်းပွားရာမှ လူသတ်မှုဖြစ်ပွား

အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းခရိုင်အတွင်းရှိ ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် မက်ဆီနှင့်ရော်နယ်ဒို မည်သူက ပိုကောင်းသည်နှင့်ပတ်သက်၍ သူငယ်ချင်းနှစ်ဦး စကားများရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့် စနေနေ့ညက ပါတီပွဲတစ်ခုတွင် အသက် ၂၁ နှစ်အရွယ် နိုင်ဂျီးရီးယားလူမျိုး မိုက်ကယ်ချုကူမာဆိုသူက တစ်နယ်တည်းသား အိုဘီနာဒူရမ်ချူကူအား ဖန်ခွက်ကွဲ အပိုင်းအစဖြင့် ထိုးသတ်ခဲ့ကြောင်း အိန္ဒိယရဲအရာရှိတစ်ဦးကေ ပြာကြားခဲ့သည်။ “သူတို့ ဘောလုံးသမားတွေအကြောင်း ဆွေးနွေးငြင်းခုံနေကြတာပါ။...
Read More

ဖီဖာဥက္ကဋ္ဌအဖြစ် ယူအီးအက်ဖ်အေအထွေထွေအတွင်းရေးမှူး အင်ဖန်တီနို ရွေးကောက်ခံရ

ယူအီးအက်ဖ်အေအထွေထွေအတွင်းရေးမှူး ဂျီယန်နီအင်ဖန်တီနိုမှာ တစ်နိုင်ငံတည်းသားဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာ၏နေရာကို ဆက်ခံရမည့် ဥက္ကဋ္ဌသစ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရကြောင်း သိရှိရသည်။ အင်ဖန်တီနိုမှာ ဆန္ဒမဲပေးမှုတွင် ၁၁၅ မဲရရှိခဲ့ပြီး ဒုတိယနေရာမှ ရှိတ်ဆယ်လ်မန်ဘင်အီဘရာဟင်အယ်လ်ခါလီဖာထက် ၂၇ မဲ အသာရခဲ့ကာ မင်းသားအလီဘင်အယ်လ်ဟူစိန်က ၄ မဲ၊ ဂျရုန်းရှန်ပိန်က မဲမရရှိခဲ့ပေ။ အသက် ၄၅ နှစ်အရွယ် ရှေ့နေတစ်ဦးဖြစ်သူ အင်ဖန်တီနိုမှာ ယူအီးအက်ဖ်အေဥက္ကဋ္ဌ...
Read More

မက်ဆီလက်မှတ်ထိုးထားတဲ့ဂျာစီ ပိုင်ဆိုင်သွားပြီဖြစ်တဲ့ အာဖဂန်ကလေးငယ်

လီယွန်နယ်မက်ဆီရဲ့ နာမည်ကျော် ကျောနံပါတ် ၁၀ ကို အိမ်လုပ်ဂျာစီအဖြစ်ဖန်တီးဝတ်ဆင်ခဲ့တဲ့ အာဖဂန်ကလေးငယ်ဟာ အခုအချိန်မှာတော့ အာဂျင်တီးနားလက်ရွေးစင်ရဲ့ ဂျာစီအစစ်ကို အမှန်တကယ်ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။ မက်ဆီရဲ့အမာခံပရိသတ်ဖြစ်တဲ့ အာဖဂန်နစ္စတန်နိုင်ငံ ဂါဇ်နီပြည်နယ်အရှေ့ပိုင်း ဂျက်ဂရီခရိုင်က အသက် ၅ နှစ်အရွယ် မာတာဇာအာမက်ဒီကို ရှာဖွေတွေ့ရှိဖို့အတွက် ဘီဘီစီကကူညီပေးခဲ့တာဖြစ်ပြီး မက်ဆီရဲ့စီမံခန့်ခွဲမှုအဖွဲ့က မာတာဇာအတွက် မက်ဆီလက်မှတ်ထိုးထားတဲ့ အာဂျင်တီးနားဂျာစီနဲ့ဘောလုံးကို ပေးပို့လိုက်ပြီလို့ ကြာသပတေးနေ့မှာ အတည်ပြုခဲ့ပါတယ်။...
Read More
error: Content is protected !!