လာလီဂါ

စပိန်အသင်း၏ ခြေစမ်းပွဲများကို ရာမို့စ်နှင့် ဟွမ်ဖရန် ဒဏ်ရာကြောင့် လွဲချော်မည်

စပိန်အသင်းနောက်ခံလူများဖြစ်သည့် ရာမို့စ်နှင့် ဟွမ်ဖရန်တို့သည့် လာလီဂါပြိုင်ပွဲတွင် ဒဏ်ရာရရှိခဲ့သောကြောင့် အင်္ဂလန်၊ ဘယ်လ်ဂျီယံတို့နှင့်ယှဉ်ပြိုင်မည့်ပွဲစဉ်များကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။ ရီးရဲလ်မက်ဒရစ်ဗဟိုနောက်ခံလူရာမို့စ်မှာ ယမန်နေ့က ဆီဗီလာနှင့်ယှဉ်ပြိုင်ခဲ့သော လာလီဂါပွဲစဉ်တွင် ပခုံးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဟွမ်ဖရန်မှာ ဂီဂျွန်နှင့်ကစားခဲ့သည့်ပွဲတွင် ပေါင်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် စပိန်အသင်းနည်းပြဒယ်ဘော့စကေးမှာ အဆိုပါနောက်ခံလူ ၂ ဦး၏နေရာတွင် အစားထိုးခေါ်ယူမှုအဖြစ် ရီးရဲလ်မှ နာချိုဖာနန်ဒက်ဇ်နှင့် ဘီလ်ဘာအိုမှ မားကို့စ်တို့ကို ခေါ်ယူထားကြောင်းသိရသည်။...
Read More

ရလဒ်ဆိုးများကြောင့် နည်းပြမိုရက်စ်နှင့်လမ်းခွဲရန် ဆိုစီဒက်စီစဉ်နေ

စပိန်လာလီဂါကလပ်အသင်းတစ်သင်းဖြစ်သည့် ရီးရဲလ်ဆိုစီဒက်အသင်းတာဝန်ရှိသူများသည် တန်းတက်လက်စ်ပါးမက်စ်အား အဝေးကွင်းတွင် အရေးနိမ့်ခဲ့သည့်အတွက် ၂ ပွဲဆက်ရှုံးပွဲကြုံတွေ့ခဲ့ပြီးနောက် နည်းပြမိုရက်စ်နှင့် လမ်းခွဲရန် စီစဉ်နေကြောင်း စပိန်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ လာလီဂါပွဲစဉ် ၁၁ အပြီး ရှုံးပွဲ ၆ ပွဲအထိ ရှိခဲ့ခြင်းကြောင့် တန်းဆင်းဇုန်အန္တရာယ်နှင့် ရင်ဆိုင်နေရပြီဖြစ်သည့် ဆိုစီဒက်သည်  အမှတ်ပေးဇယားထိပ်ပိုင်းအသင်းများဖြစ်သည့် ဆီဗီလာ၊ ဘာစီလိုနာအသင်းများနှင့် နိုဝင်ဘာလအတွင်း ထပ်မံရင်ဆိုင်ရမည်ဖြစ်သည့်အတွက်...
Read More

မန်ယူအသင်း ရုန်းကန်နေရခြင်းကို မမြင်တွေ့လိုကြောင်း ရော်နယ်ဒို ဖွင့်ဟ

ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမားရော်နယ်ဒိုက အသင်းဟောင်းမန်ယူမှာ နိုင်ပွဲများရရန် ရုန်းကန်နေရသည့်အတွက် စိတ်ထိခိုက်မိသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ မန်ယူအသင်းမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူ မန်စီးတီးနှင့် ၄ အမှတ်အကွာ အဆင့် ၄ နေရာ၌ရပ်တည်နေသော်လည်း နည်းပြဗန်ဟားလ်၏ နည်းဗျူဟာနှင့်ပတ်သက်၍ မန်ယူဂန္ထ၀င်ကစားသမားပေါလ်စခိုးလ်က ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ဝေဖန်ပြစ်တင်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် အဲလက်စ်ဖာဂူဆန် အနားယူခဲ့သည့်နောက်ပိုင်း နည်းပြမိုယက်စ်လက်ထက်၌ ခက်ခဲမှုများနှင့်ကြုံတွေ့ခဲ့ရပြီးနောက်မန်ယူပရိသတ်များမှ ဗန်ဟားလ်မှာ အသင်းကိုပြန်လည်ထူထောင်မည့်သူဟု မျှော်လင့်ခဲ့သော်လည်း...
Read More

မိမိသည် မက်ဆီထက် ပိုကောင်းသူဟု ရော်နယ်ဒိုပြောကြား

ရီးရဲလ်တိုက်စစ်မှူးရော်နယ်ဒိုက ခေတ်ပြိုင်ကစားသမားဖြစ်သူ မက်ဆီထက် မိမိမှာ ပိုကောင်းသူဖြစ်ကြောင်း ပြောကြားလိုက်သည်။ ပရိသတ်များအကြား နှစ်ပေါင်းများစွာ ရေပန်းစားနေခဲ့သည့် မက်ဆီနှင့် ရော်နယ်ဒိုတို့အနက် မည်သူက ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်သည်ဆိုသည့် မေးခွန်းအား AS သတင်းဌာနနှင့် အင်တာဗျူးပြုလုပ်ခဲ့သည့် ရော်နယ်ဒိုက”အဲဒါက ကိစ္စမရှိပါဘူ။ လွန်ခဲ့တဲ့ ၈ နှစ်အတွင်း ကျွန်တော့်အနေအထားကို ပြန်ကြည့်ရင် အမြဲတမ်းခြေစွမ်းပြခဲ့တာပဲ တွေ့ရလိမ့်မယ်။ အဲဒါမျိုးကစားနိုင်ဖို့ ခက်တယ်လေ။...
Read More

ရီးရဲလ်အသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိနေသည်ဆိုသည့် သတင်းများအပေါ် ဗာရာတီ ငြင်းဆန်

ပီအက်စ်ဂျီအသင်း၏ အီတလီလက်ရွေးစင်ကွင်းလယ်လူ ဗာရာတီသည် ၎င်းအားစိတ်ဝင်စားနေသည့် ရီးရဲလ်အသင်းထံ ပြောင်းရွှေ့ဖွယ်ရှိနေကြောင်းထွက်ပေါ်လာသည့်သတင်းများအပေါ် ငြင်းဆန်ခဲ့ပြီး ပီအက်စ်ဂျီအသင်းအား စွန့်ခွာရန် အစီအစဉ်မရှိကြောင်း မီဒီယာများထံ ဖွင့်ဟပြောကြားခဲ့သည်။ ပက်စကာရာအသင်းလူငယ်စီမံကိန်းမှ ပေါ်ထွက်လာခဲ့သည့် ဗာရာတီသည် ပီအက်စ်ဂျီအသင်းနှင့်အတူ ပြင်သစ်လိဂ်ပွဲစဉ်များတွင် ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် ဥရောပအသင်းကြီးအချို့၏ စိတ်ဝင်စားခြင်းကိုခံနေသော်လည်း ၂၀၁၉ အထိအသင်းနှင့် စာချုပ်သက်တမ်းတိုးမြှင့်ချုပ်ဆိုထားသူဖြစ်သည်။ “ထိပ်တန်းအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကိုလက်ခံရရှိတဲ့အတွက် ကျေနပ်မိသလို ဂုဏ်လည်းယူပါတယ်။ ဒါပေမဲ့...
Read More

ပရီးမီယားလိဂ်လွှမ်းမိုးမှုကို ကျော်ဖြတ်ရန် လာလီဂါစီစဉ်နေ

စပိန်လာလီဂါဘောလုံးအဖွဲ့ချုပ်သည် ပရီးမီးယားလိဂ်က စီးပွားရေးအရ လွှမ်းမိုးထားမှုကို ကျော်ဖြတ်နိုင်ရန် စီစဉ်နေကြောင်း သိရှိရသည်။ လာလီဂါမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားများဖြစ်သည့် ရော်နယ်ဒို၊ မက်ဆီတို့ ရှိနေပြီး ကမ္ဘာ့ထိပ်တန်းကလပ် ရီးရဲလ်နှင့် ဘာစီလိုနာတို့ ပါဝင်ကစားနေသော်လည်း တစ်ကမ္ဘာလုံးဆိုင်ရာ အမည်ကျော်ကြားမှုတွင် ပရီးမီးယားလိဂ်ကသာ လက်ဝါးကြီးအုပ်ထားမှုကို ကျော်ဖြတ်လိုနေခြင်းဖြစ်သည်။ လာလီဂါဥက္ကဌ ဟားဗီယားတီဗက်စ်က”ပရီးမီယားလိဂ်က နောက် ၅ နှစ်အတွင်း ဘောလုံးလောကရဲ့ NBA...
Read More

လာမည့်ဇန်န၀ါရီ အပြောင်းအရွှေ့တွင် ဂါရတ်ဘေးလ်အား မန်ယူအသင်းခေါ်ယူဖွယ်ရှိ

မန်ယူအသင်းသည် လက်ရှိ ကြုံတွေ့နေရသည့် တိုက်စစ်ပြဿနာကို ဖြေရှင်းရန် ရီးရဲလ်မက်ဒရစ်အသင်းမှ ဝေးလ်တိုက်စစ်မှူး ဂါရတ်ဘေးလ် အား ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၉၀ အထိ အသုံးပြုရန် စီစဉ်နေကြောင်း sunday people သတင်းစာကဖော်ပြခဲ့သည်။ အသက် ၂၆ နှစ်အရွယ် ဂါရတ်ဘေးလ်မှာ လာမည့် အပြောင်းအရွှေ့တွင် မန်ယူ၏ နံပတ်တစ် ဦးစားပေး...
Read More

နာဗက်စ်၊ ဘန်ဇီမာ၊ ရာမို့စ်တို့အား ဘင်နီတက်ဇ်အနားပေးမည်

ရီးရဲလ်နည်းပြ ဘင်နီတက်ဇ်သည် လက်စ်ပါးမက်စ်အသင်းနှင့် ပွဲစဉ်အတွက် လူစာရင်းရွေးချယ်ခဲ့ရာတွင် ဒဏ်ရာပြဿနာများရှိနေသည့် ပွဲထွက်ကစားသမားအများစုအား ချန်လှပ်ထားခဲ့ပြီး ကြံခိုင်မှုပြည့်ဝရန် ရုန်းကန်နေရသည့် နာဗက်စ်၊ ရာမို့စ်၊ ဘန်ဇီမာ၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့အား အနားပေးထားခဲ့သည်။ ယင်းအတွက်ကြောင့် အဓိကပွဲထွက်ဂိုးသမားဖြစ်သူ နာဗက်စ်သည် ယခုနှစ်ရာသီအတွင်း ပွဲထွက်ကစားခွင့် ပထမဆုံး ဆုံးရှုံးတော့မည်ဖြစ်ပြီး ဘန်ဇီမာ၊ ရာမို့စ်၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့မှာ ဒဏ်ရာများမှ ပြန်လည်သက်သာလာပြီး ကြံ့ခိုင်မှုအပြည့်ရရန်...
Read More

စိန်ခေါ်မှုများနှင့်ရင်ဆိုင်ရန် အသင့်ဖြစ်နေကြောင်း ဆီမြွန်နီကြုံးဝါး

အက်သလက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီက စောင့်ကြည့်ရမည့် မျက်နှာသစ်လူငယ်ကစားသမားများဖြင့် လာလီဂါချန်ပီယံဆုသိမ်းပိုက်ရန် စိန်ခေါ်နိုင်စွမ်းရှိကြောင်း ပြောကြားခဲ့သည်။ ယခုနှစ်နွေရာသီတွင် အက်သလက်တီကိုမှာ အားထားရသောကစားသမားများဖြစ်သည့် အာဒါတူရန်နှင့် မန်ဇူကစ်တို့ ထွက်ခွာသွားသော်လည်း လူငယ်ကစားသမားများဖြင့် ဟန်ချက်တည်ငြိမ်ရန် ကြိုးပမ်းနိုင်ခဲ့ပြီးနောက် ပုံမှန်ခြေစွမ်းပြန်လည်ရရှိလာခဲ့သည်။ နည်းပြဆီမြွန်နီက ”ချန်ပီယံဆုရခဲ့ပြီးတော့ ကျွန်တော်တို့အတွက် အရမ်းခက်ခဲတဲ့နှစ်ဖြစ်ခဲ့ပါတယ်။ အရမ်းကို ခက်ခဲခဲ့တာပါ။ ပြင်းထန်တဲ့ကြိုးပမ်းမှုတွေနဲ့ အကောင်းဆုံးဖြေရှင်းနိုင်ခဲ့ပြီးနောက်မှာတော့ ခြေစွမ်းကောင်း ပြန်ပြနိုင်ခဲ့ပါတယ်။ အခု...
Read More

ဗယ်လာဒိုလစ်နည်းပြဟောင်း ဂျိုအန်ဖရန်ဆစ်အား နည်းပြသစ်အဖြစ်လီဗန်တေးခန့်အပ်

လာလီဂါပွဲစဉ် ၉ အပြီး ရမှတ် ၆ မှတ်ဖြင့် အဆင့် ၂၀ နေရာတွင် ရပ်တည်နေသည့် လီဗန်တေးအသင်းတာဝန်ရှိသူများသည် လစ်လပ်နေသည့်နေသည့်နည်းပြနေရာတွင် ဗယ်လာဒိုလစ်နည်းပြဟောင်း ဂျိုအန်ဖရန်ဆစ်အား ရာသီကုန်အထိတာဝန်ယူကိုင်တွယ်ရန် ကာလတိုစာချုပ်ဖြင့် ခန့်အပ်တာဝန်ပေးခဲ့ကြောင်း အသင်းမှ အတည်ပြုခဲ့သည်။ လီဗန်တေးအသင်းသည် ပွဲစဉ် ၉ တွင်  အိမ်ကွင်း၌  ဆိုစီဒက်အသင်းအား ၀-၄ ဂိုးဖြင့် အရေးနိမ့်ခဲ့၍...
Read More
error: Content is protected !!