လာလီဂါ
လာလီဂါ
ရီးရဲလ်အသင်း၏ အဓိကပွဲထွက်ကစားသမားများဖြစ်သည့် တောင်ပံကစားသမား ဂါရတ်ဘေးလ်နှင့် ဂိုးသမား နာဗက်စ်တို့သည် ဒဏ်ရာပြဿနာများမှ ပြန်လည်သက်သာလာခဲ့ပြီး အသင်းနှင့်အတူ လေ့ကျင့်ရေးအစီအစဉ်များပြုလုပ်နိုင်ပြီဖြစ်၍ ဘာစီလိုနာနှင့်ယှဉ်ပြိုင်ရမည့် အယ်ကလက်စီကို ပွဲစဉ်တွင် ပြန်လည်ပါဝင်နိုင်တော့မည်ဖြစ်သည်။ တောင်ပံကစားသမား ဂါရတ်ဘေးလ်သည် ယူရိုခြေစစ်ပွဲကစားခဲ့ရာတွင် တံကောက်ကြောဒဏ်ရာရခဲ့ပြီး ပြန်လည်သက်သာလာခဲ့သော်လည်း ရှက်တာဒိုးနက်နှင့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် ဒဏ်ရာထပ်မံရရှိခဲ့ခြင်းကြောင့် အနားယူခဲ့ရခြင်းဖြစ်ပြီး ဂိုးသမား နာဗက်စ်ကမူ ကြွက်သားဒဏ်ရာကြောင့် အနားယူနေရသူဖြစ်သည်။ တံကောက်ကြောဒဏ်ရာကြောင့်...
Read More
လာလီဂါ
ရီးရဲလ်နှင့်ဘာစီလိုနာတို့ ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်အား တိုက်ရိုက်ထုတ်လွှင့်ပြသမည့် MediaPro ရုပ်သံကုမ္ပဏီဥက္ကဋ္ဌက အယ်ကလက်စီကိုပွဲစဉ်အား ကမ္ဘာ့အနှံ့ရှိ ပရိသတ် သန်း ၄၀၀ ခန့် စောင့်ကြည့်ဖွယ်ရှိနေကြောင်း၊ ပရိသတ်အခိုင်အမာရရှိထားသည့် ရပ်ဘီ၊ ပရီးမီးယားလိဂ်ပွဲစဉ်များထက် ပိုမိုများပြားသည့် ပမာဏဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။ ၂၀၀၀ ခုနှစ်နောက်ပိုင်း ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည့် မက်ဒရစ်အခြေစိုက် ရီးရဲလ်နှင့် ကာတာလန်အခြေစိုက် ဘာစီလိုနာတို့၏ ထိပ်တိုက်တွေ့ဆုံမှုမှာ ကမ္ဘာ့ဘောလုံးပရိသတ်များအတွက်...
Read More
လာလီဂါ
လာလီဂါတာဝန်ရှိသူများသည် နိုဝင်ဘာ ၂၁ရက်တွင် ရီးရဲလ်-ဘာစီလိုနာယှဉ်ပြိုင်ကစားမည့် အယ်ကလက်စီကိုပွဲစဉ်တွင် လာလီဂါနာမည်ကြီး ဒိုင်တစ်ဦးဖြစ်သည့် ဖာနန်ဒက်စ်ဘိုဘာလန်အား တာဝန်ယူကိုင်တွယ်စေမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ဒိုင်လူကြီး ဘိုဘာလန်သည် ယခုနှစ်ဘောလုံးရာသီပွဲစဉ်များတွင် အ၀ါကတ်ပြသမှုအများဆုံးဒိုင်လူကြီးအဖြစ် နာမည်ကြီးနေသူတစ်ဦးဖြစ်ပြီး နောက်ဆုံးတာဝန်ယူကိုင်တွယ်ခဲ့သည့် ပွဲစဉ် ၅ ပွဲတွင်အ၀ါကတ် ၂၈ ကတ်နှင့် အနီကတ် ၃ ကတ်အထိ ပြသခဲ့သူဖြစ်သည်။ အဆိုပါအယ်ကလက်စီကိုပွဲစဉ်တွင် ရီးရဲလ်အသင်းဘက်မှ အလေးပေးဆုံးဖြတ်ပေးရန်...
Read More
လာလီဂါ
လာလီဂါဥက္ကဋ္ဌတာဘက်စ်က ဥရောပထိပ်တန်းကစားသမားအများစုအား လာလီဂါကစားသမားများအဖြစ် မြင်တွေ့လိုကြောင်း၊ ရွန်နီ၊ ဒီဂီယာတို့ကဲ့သို့ ကမ္ဘာ့အဆင့်ကစားသမားများနှင့်အတူ လာလီဂါပြိုင်ပွဲပုံရိပ်အား ဆက်လက်ရှင်သန်လိုကြောင်း ဖွင့်ဟပြောကြားသွားသည်။ လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားများဖြစ်သည့်အပြင် လာလီဂါထိပ်သီးကစားသမားများဖြစ်သည့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနှင့် ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုတို့အနေဖြင့် ယခုရာသီကုန်တွင် ၎င်းတို့၏ကလပ်များမှ ထွက်ခွာတော့မည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် ဥက္ကဋ္ဌတာဘက်စ်က ထိပ်တန်းကစားသမားများအလိုရှိနေခြင်းဖြစ်သည်။ ”လာလီဂါရဲ့ပုံရိပ်ပိုမိုရှင်သန်နိုင်ဖို့အတွက် ပရီးမီးယားလိဂ်၊ စီးရီးအေ၊ ဘွန်ဒက်စ်လီဂါတွေရဲ့ ထိပ်တန်းအားကစားသမားအားလုံး ကို...
Read More
လာလီဂါ
ဘာစီလိုနာအသင်း၏ အဓိကတိုက်စစ်မှူးမက်ဆီသည် ၇ပတ်ကြာဒဏ်ရာကြောင့်နားနေရာမှ ယခုတစ်ပတ်စနေနေ့တွင် ယှဉ်ပြိုင်ကစားရမည့် EL Clasicoဒါဘီမတိုင်မီပထမဦးဆုံးအကြိမ်လေ့ကျင့်ခန်းဆင်းခြင်းကိုပြုလုပ်နိုင်ခဲ့ကြောင်း ဘီဘီစီမှဖော်ပြသည့်သတင်းတစ်ရပ်အရသိရသည်။ အသက်၂၈နှစ်ရှိမက်ဆီသည် ဒူးဒဏ်ရာကြောင့် လွန်ခဲ့သည့် စက်တင်ဘာ၂၆ရက်ကတည်းကနားနေရသူဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကွင်းသို့သွားရောက်ယှဉ်ပြိုင်မည့်ဘာစီလိုနာအသင်းလူစာရင်းတွင်ပါဝင်ဖွယ်ရှိကြောင်း စပိန်မီဒီယာများဖော်ပြခဲ့ကြောင်းသိရသည်။ လက်ရှိအချိန်တွင် စပိန်လာလီဂါအမှတ်ပေးဇယားကို ဘာစီလိုနာအသင်းက ရီးရဲလ်မက်ဒရစ်အား ၃ မှတ်ဖြတ်ကာ အမှတ်ပေးဇယားအားဦးဆောင်ထားနိုင်ပြီး တိုက်စစ်မှူး နေမာနှင့် ဆွာရက်ဇ်တို့မှာ မက်ဆီမပါနိုင်သည့် အမှတ်ပေးပွဲ ၁၁ ပွဲတွင်...
Read More
ကမ္ဘာ့သတင်း
ပေါ်တူဂီအမှတ်ပေးလိဂ်-၅ အသင်းတစ်သင်းဖြစ်သည့် အန်ဒိုရင်ဟာသည် ၎င်းတို့၏ လူငယ်စီမံကိန်းမှ ထွက်ပေါ်ခဲ့သည့် လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်သူ ရော်နယ်ဒိုဝတ်ဆင်ကစားခဲ့သည့် ကျောနံပါတ် ၇ အား အနားပေးခဲ့ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုသည် အသက် ၇ နှစ်အရွယ်မှစ၍ အန်ဒိုရင်ဟာအသင်းတွင် လူငယ်ကစားသမားအဖြစ် ဖြတ်သန်းခဲ့သူဖြစ်ပြီး ၃ နှစ်အကြာတွင် နေစီယွန်နယ်အသင်းသို့ ပြောင်းရွှေ့ခဲ့ကာ ယင်းမှတစ်ဆင့် စပို့တင်းလစ္စဘွန်း၊ မန်ယူ၊...
Read More
ကမ္ဘာ့သတင်း
လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်သူ ရော်နယ်ဒိုက ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအား ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသာရရှိလိမ့်မည်ဖြစ်ကြောင်း၊ နိုင်ငံအသင်းး၊ ကလပ်အသင်းများနှင့်အတူ အောင်မြင်မှုများရရှိသူသာ ယင်းဆုနှင့်ထိုက်တန်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက် ပဏာမ ၂၃ ဦး စာရင်းထုတ်ပြန်ထားပြီးချိန်၌ ၂၁၀၅ ခုနှစ်အတွင်း ဘာစီလိုနာအသင်းနှင့်အတူ စံချိန်တင်အောင်မြင်မှုများရရှိခဲ့ခြင်း၊ နိုင်ငံအသင်းဖြစ်သည့် အာဂျင်တီးနားအသင်းတွင်လည်း အောင်မြင်မှုအထိုက်အလျောက်ရရှိခဲ့ခြင်းများကြောင့် အကောင်းဆုံးဆုအတွက် မက်ဆီက ရေပန်းအစားဆုံးဖြစ်နေခဲ့သည်။ ”အရိုးသားဆုံး...
Read More
လာလီဂါ
ဆယ်တာဗီဂိုတိုက်စစ်မှူး နိုလီတိုက လက်ရှိဘာစီလိုနာနည်းပြဖြစ်သူ အန်းနရစ်မှာ ဘောလုံးသမားဘ၀တွင် ဖခင်တစ်ဦးကဲ့သို့ ရင်းနှီးသည့် ဆက်ဆံမှုရှိကြောင်း၊ ကစားသမားဘ၀အောင်မြင်မှုအတွက် အဓိကနေရာမှ အကူအညီပေးခဲ့သူဖြစ်သော်လည်း ဆယ်တာဗီဂိုအသင်းအား စွန့်ခွာမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ဗလင်စီယာလူငယ်စီမံကိန်းမှ ထွက်ပေါ်လာခဲ့သည့် တိုက်စစ်မှူး နိုလီတိုသည် ဘာစီလိုနာ (ခ)အသင်းတွင် နည်းပြအန်းနရစ်နှင့်အတူလက်တွဲခဲ့ဖူးသည့် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၀-၁၁ ဘောလုံးရာသီတွင် ဘာစီလိုနာအသင်းကြီးနှင့်အတူ ပါဝင်ကစားခွင့်ရရှိခဲ့သော်လည်း ပုံမှန်ပွဲထွက်ခွင့် မရရှိခဲ့သဖြင့်...
Read More
လာလီဂါ
မန်ယူအသင်းနည်းပြဟောင်း ဒေးဗစ်မိုယက်စ်သည် ဆိုစီဒက်အသင်းသို့ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်နေ့တွင် ပြောင်းရွှေ့ရောက်ရှိခဲ့ပြီးနောက် ၁၂ လတာမပြည့်မီ ၁ ရက်အလို ယခုလ ၉ ရက်နေ့တွင် ဆိုစီဒက်နည်းပြရာထူးမှ ဖယ်ရှားခံခဲ့ရကြောင်း သိရသည်။ အသက် ၅၂ နှစ်ရှိ အဆိုပါနည်းပြကိုင်တွယ်သည့် ဆိုစီဒက်အသင်းမှာ ပြီးခဲ့သည့်သောကြာနေ့က လက်စ်ပါးမက်စ်အိမ်ကွင်းတွင် ၂-၀ ဂိုးဖြင့်အရေးနိမ့်ခဲ့ပြီးနောက်...
Read More
လာလီဂါ
ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို၏အေးဂျင့် ဂျော့စ်မန်ဒက်စ်က ၎င်း၏ကစားသမားမှာ ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းအပေါ် သံယောဇဉ်ရှိနေဆဲဖြစ်သော်လည်း ရီးရဲလ်တွင်သာ ကစားသမားဘ၀အဆုံးသတ်မည့်သူဖြစ်ကြောင်း၊ ရီးရဲလ်နှင့်အတူ အောင်မြင်မှုများဆက်လက်ရယူရန် ဆန္ဒပြင်းပြနေဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့သည်။ လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နေသည့် ရော်နယ်ဒိုအား အသင်းဟောင်းမန်ယူက ပြန်လည်ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းများထွက်ပေါ်နေသည့်အပြင် ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီအသင်းကလည်း ခေါ်ယူရန်စိတ်ဝင်စားနေကြောင်း မီဒီယာများက ဖော်ပြလျက်ရှိသည်။ “ရော်နယ်ဒိုဟာ အသင်းဟောင်းမန်ယူအပေါ် သံယောဇဉ်ရှိနေဆဲဖြစ်သလို...
Read More