လာလီဂါ
လာလီဂါ
လာလီဂါတာဝန်ရှိသူများသည် ပုံမှန်သတ်မှတ်ထားသည့် လာလီဂါပွဲစဉ် ၁၇ ပွဲစဉ်အများစုမှာ ခရစ္စမတ်နားရက်ကာလအတွင်းရောက်ရှိနေသည့်အတွက် ပွဲစဉ်အချို့ကိုအချိန်ရွှေ့ဆိုင်းရန်ဆုံးဖြတ်ခဲ့ပြီးနောက် ဒီဇင်ဘာ ၃၀ ရက်တွင် ပွဲစဉ် ၉ ပွဲ၊ ၃၁ ရက်နေ့တွင် ၁ ပွဲပြောင်းလဲကျင်းပမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ အစောပိုင်းကာလတွင် အဆိုပါပွဲစဉ် ၁၇ အား ဒီဇင်ဘာ ၃၀ ရက်တွင် ၅ ပွဲ၊ ဒီဇင်ဘာ...
Read More
လာလီဂါ
ရီးရဲလ်နောက်တန်းကစားသမား ဗာရာနီသည် ရှက်တာဒိုးနက်အသင်းအား အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် ကြွက်သားဒဏ်ရာရရှိခဲ့ခြင်းကြောင့် ဆေးစစ်မှုများထပ်မံပြုလုပ်ရမည်ဖြစ်ကြောင်း၊ အနည်းဆုံးရက်သတ္တပတ် ၃ ပတ်ခန့်အထိ အနားယူရတော့မည်ဖြစ်ကြောင်း အသင်းက အတည်ပြုခဲ့သည်။ ယင်းအတွက်ကြောင့် ရီးရဲလ်အသင်း၏နောက်တန်းတွင် အဓိကကစားသမားများဖြစ်သည့် ပီပီ၊ ရာမို့စ် တို့ဒဏ်ရာရရှိနေချိန်တွင် ဗာရာနီဒဏ်ရာထပ်မံရရှိခဲ့သည့်အတွက် အသင်းအတွက်နစ်နာကြောင်း နည်းပြ ဘင်နီတက်ဇ်က မှတ်ချက်ပြုခဲ့သည်။ အနည်းဆုံးရက်သတ္တပတ် ၃ ပတ်ခန့်အထိ အနားယူရဖွယ်ရှိနေသည့်...
Read More
လာလီဂါ
ရီးရဲလ်ကွင်းလယ်ကစားသမား အစ္စကိုသည် ဘာစီလိုနာအား အရေးနိမ့်ခဲ့သည့် ပွဲစဉ်တွင် ပြိုင်ဘက်တိုက်စစ်မှူးနေမာကို ဥပဒေပကြမ်းတမ်းစွာ ကစားခဲ့သည့်အတွက် အနီကတ်ပြခံခဲ့ရခြင်းကြောင့် ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း အသင်းမှအတည်ပြုခဲ့သည်။ ယင်းကဲ့သို့ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် ကွင်းလယ်ကစားသမားအစ္စကိုသည် အီဘာ၊ ဂီတာဖေးတို့နှင့်ယှဉ်ပြိုင်ရမည့် လာလီဂါပွဲစဉ်များအား လွဲချော်တော့မည်ဖြစ်ကာ အစ္စကို၏ ပြစ်ဒဏ်နှင့်ပတ်သက်၍ အယူခံဝင်မည်မဟုတ်ကြောင်း ရီးရဲလ်က ထုတ်ပြန်ခဲ့သည်။ “ရလဒ်ကောင်းရဖို့အတွက် ပိုမိုအာရုံစိုက်ရမှာဖြစ်သလို ကြုံတွေ့ခဲ့သမျှကိုလည်း သင်ခန်းစာယူရမှာပါ။...
Read More
ကမ္ဘာ့သတင်း
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက လက်စ်ပါးမက်နှင့်လာလီဂါပွဲစဉ်တွင် ရရှိခဲ့သည့် ဒူးဒဏ်ရာမှပြန်လည်သက်သာရန် ရုန်းကန်ခဲ့ရကြောင်းနှင့် မကြာမီကြေညာမည့် ကမ္ဘာ့အကောင်းဆုံးကစားသမား ဆန်ကာတင် ၃ ဦးစာရင်းတွင် ဘာစီလိုနာကစားသမားများသာ ပါဝင်ခွင့်ရရန် မျှော်လင့်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ အဆိုပါဒူးဒဏ်ရာကြောင့် ၂ လကြာအနားယူခဲ့ရသည့် မက်ဆီသည် ရီးရဲလ်အား အနိုင်ရရှိခဲ့သည့် အယ်ကလက်စီပွဲစဉ်တွင် လူစားဝင်ကစားသမားအဖြစ် ပြန်လည်ပါဝင်ကစားပေးနိုင်ခဲ့သည်။ “ဒဏ်ရာရရှိနေတဲ့အချိန်မှာ ပြန်ကစားနိုင်ဖို့ ယုံကြည်ချက်ရှိအောင် ခက်ခက်ခဲခဲပြင်ဆင်ခဲ့ရပါတယ်။...
Read More
စီးရီးအေ
ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေက ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် တစ်သက်တာအကောင်းဆုံးကစားသမား ၁၁ ဦး စာရင်းထုတ်ပြန်ခဲ့ရာတွင် လာလီဂါမှ ကစားသမား ၆ ဦးအထိ အများဆုံးပါဝင်ခဲ့ပြီး ပရီးမီးယားလိဂ်မှ ၃ဦးရွေးချယ်ခံခဲ့ရကာ စီးရီးအေနှင့်ဘွန်ဒက်စ်လီဂါတို့မှာ ၁ ဦးစီရွေးချယ်ခံခဲ့ရသည်။ လာလီဂါကိုယ်စားပြုကစားသမား ၆ ဦးတွင် ဘာစီလိုနာကစားသမားများဖြစ်သည့် မက်ဆီ၊ အင်နီယေစတာ၊ ဇာဗီ၊ ပူယိုးလ်တို့ ပါဝင်ခဲ့ပြီး ရီးရဲလ်အသင်းမှ ရာမို့စ်နှင့်...
Read More
လာလီဂါ
ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို၏ အေးဂျင့်အဖြစ်ဆောင်ရွက်နေသူ ပေါ်တူဂီလူမျိုးထိပ်တန်းအေးဂျင့် ဂျော့မန်ဒက်စ်က ရော်နယ်ဒိုမှာ ရီးရဲလ်တွင်သာ ကစားသမားဘ၀ ကုန်ဆုံးလိုနေသည်ကို ထပ်မံပြောကြားလိုကြောင်း၊ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ဖွယ်ရှိနေသည်ဆိုသောသတင်းများမှာ လုံးဝမဖြစ်နိုင်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။ အသက် ၃၀ အရွယ် တိုက်စစ်မှူး ရော်နယ်ဒိုသည် ယခုနှစ်ရာသီကုန်တွင် အသင်းမှထွက်ခွာရန်ဆန္ဒရှိနေကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် ၎င်းအား စိတ်ဝင်စားနေသည့်အသင်းများတွင် အသင်းဟောင်းမန်ယူအသင်းအပါအ၀င် ပရီးမီးယားချန်ပီယံ ချဲလ်ဆီး၊ ပြင်သစ်ထိပ်သီး...
Read More
လာလီဂါ
ဘာစီလိုနာအသင်းအား အရေးနိမ့်ခဲ့ပြီးနောက် လက်ရှိရီးရဲလ်နည်းပြဘင်နီတက်ဇ်အား ရာထူးမှထုတ်ပယ်ရန်နီးစပ်နေပြီဟု သတင်းများထွက်ပေါ်လာသော်လည်း ရီးရဲလ်လူငယ်အသင်းနည်းပြ ဇီဒန်းက ရီးရဲလ်နည်းပြအဖြစ် ဘင်နီတက်ဇ်သာ အထိုက်တန်ဆုံးဖြစ်ကြောင်း၊ မိမိမှာ အသင်းကြီးနည်းပြတာဝန်ယူရန် မဖြစ်နိုင်သေးကြောင်း ပြောကြားခဲ့သည်။ ရီးရဲလ်နည်းပြဘင်နီတက်ဇ်သည် လာလီဂါပွဲစဉ် ၁၂ တွင် ဘာစီလိုနာကို အိမ်ကွင်းတွင် ၀-၄ ဂိုးဖြင့် အရေးနိမ့်ခဲ့သည့်အတွက် ရမှတ် ၆ မှတ်အထိ ကွာဟသွားခဲ့ခြင်းကြောင့် ပရိသတ်များ၏...
Read More
လာလီဂါ
ရီးရဲလ်နှင့် ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်မည့် အယ်ကလက်စီကို ပွဲစဉ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများမကြုံတွေ့ရန်နှင့် ပရိသတ်များလုံခြုံမှုရှိစေရန်အတွက် စစ်သည် ၂၅၀၀ အား အရေးပေါ်အင်အားဖြည့်တင်းခဲ့ကြောင်းစပိန်အားကစားဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် AS.com ၏ ဖော်ပြချက်အရသိရသည်။ နိုင်ငံတကာခြေစမ်းပွဲစဉ်အဖြစ် ပြင်သစ်နှင့်ဂျာမနီတို့ ယှဉ်ပြိုင်ခဲ့သည့် စတိတ်ဒီးဖရန့်ကွင်းတွင် အသေခံဗုံးခွဲမှုများနှင့် ပြင်သစ်နိုင်ငံတွင် အကြမ်းဖက်မှုများကြောင့် ဥရောပထိပ်တန်းအမှတ်ပေးလိဂ်ပြိုင်ပွဲများတွင် ပွဲစဉ်များလုံခြုံရေးအတွက် ပိုမိုအလေးပေးဆောင်ရွက်လာကြောင်းသိရသည်။ အစောပိုင်းသတင်းများအရ မက်ဒရစ်မြို့အာဏာပိုင်များအနေဖြင့် လုံခြုံရေးအတွက်ရဲအရာရှိ ၁၂၀၀...
Read More
လာလီဂါ
လာလီဂါထိပ်သီး ဘာစီလိုနာအသင်းသည် အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုများရှိလာနိုင်သည့် အတွက် ဒေသခံရဲတပ်ဖွဲ့၏ အကူအညီဖြင့်ချန်ပီယံလိဂ်ပွဲစဉ်အတွက် နျူးကမ့်ကွင်းတွင် လုံခြုံရေးအင်အား၂ဆတိုးမြှင့်ထားသည့်အပြင်ပုဂ္ဂလိကလုံခြုံရေးအဖွဲ့များ ငှားရမ်းထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အစ္စလာမ်ဘာသာဝင်အများအပြားနေထိုင်ရာ ကာတာလန်ဒေသအခြေစိုက် ဘာစီလိုနာအသင်းအနေဖြင့်အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုများရှိလာနိုင်ကြောင်း သတင်းများထွက်ပေါ်ခဲ့ခြင်းများကြောင့် ကာတာလန်ဒေသအာဏာပိုင်များက လုံခြုံရေးအခြေအနေကိုတိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ယင်းအခြေအနေများနှင့်ပတ်သက်၍ နည်းပြအန်းနရစ်က အကြမ်းဖက်မှုများနှင့်ပတ်သက်၍တစ်စုံတစ်ရာမှတ်ချက်မပြုလိုကြောင်း၊ အကြမ်းဖက်ခံရများအပေါ် ပူးပေါင်းဖြေရှင်းရမည်ဖြစ်သော်လည်း နည်းပြတစ်ယောက်အနေဖြင့် အသင်းရလဒ်ကောင်းရန်အတွက်သာ အာရုံစိုက်လိုကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်။ ကာတာလန်ဒေသတွင်...
Read More
လာလီဂါ
လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့တွင်ယခုလ၁၇ရက်နေ့က ဖြစ်ပွားခဲ့သည့် အသေခံဗုံးခွဲမှုတွင် မိဘနှစ်ဦးလုံး ဆုံးရှုံးခဲ့သည့် အသက် ၃နှစ် အရွယ်ရှိ ကလေးငယ်တစ်ဦးသည် စီရော်နယ်ဒိုနှင့် တွေ့ဆုံခွင့်ရရှိရန် တောင်းဆိုခဲ့ရာ၌ ဒေသခံသတင်းထောက်တစ်ဦး၏ အကူအညီကြောင့် တွေ့ဆုံခွင့်ရရှိရန် နီးစပ်ခဲ့ပြီဖြစ်သည်။ ဟိုက်ဒရာမူစတာဖာအမည်ရ လက်ဘနွန်ကလေးသည် ရီးရဲလ်အသင်းပရိသတ်တစ်ဦးဖြစ်ပြီး ရာနာဟာဘီအမည်ရ လက်ဘနွန်သတင်းထောက်တစ်ဦး၏ လူမှုကွန်ရက်တွစ်တာမှတဆင့်အကူအညီတောင်းခဲ့ခြင်းကြောင့် အသင်း၏ တရားဝင်ဆက်သွယ်ခြင်းကို လက်ခံရရှိခဲ့ပြီဖြစ်ကြောင်းသိရသည်။ လူပေါင်း ၄၀သေဆုံးခဲ့ပြီး...
Read More