လာလီဂါ

၁၆ နှစ်အတွင်း ပထမဆုံးအကြိမ် လူစားမလဲခဲ့သည့် ဘာစီလိုနာ

စပိန်ကလပ်ဘာစီလိုနာသည် အရန်ကစားသမားလဲလှယ်ခွင့် ၃ ကြိမ်အား လုံးဝအသုံးမပြုမှု မရှိခဲ့သည်မှာ ဆယ်စုနှစ် ၁ ခုကျော် ကြာမြင့်ပြီဖြစ်သည်။ သို့သော် ဘာစီလိုနာနည်းပြလူးဝစ်အန်းနရစ်သည် မက်စ်တဲလား၌ကစားခဲ့သော ဗလင်စီယာနှင့်ပွဲတွင် လူစားလဲလှယ်ခွင့် ၃ ကြိမ်ကို လုံးဝအသုံးမပြုခဲ့ဘဲ အရန်ကစားသမားများအဖြစ်စာရင်းပေးထားသည့် တာစတီဂန်၊ ဘာထရာ၊ မူနီအာ၊ ဆန်ဒရို၊ အက်ဒရီယာနို၊ ဗာမယ်လန်နှင့် ဆမ်ပါတို့ကို အရန်ခုံတွင်သာ မိနစ်...
Read More

ကိုပါဒယ်လ်ရေးပြိုင်ပွဲမှ ရီးရဲလ်ထုတ်ပယ်ခံရ

ကိုပါဒယ်လ်ရေးပွဲစဉ်တစ်ခုတွင် ထည့်သွင်းကစားခွင့်မရှိသော ကစားသမားအား အသုံးပြုခဲ့သည့်အတွက် ရီးရဲလ်မက်ဒရစ်အား စပိန်ဘောလုံးအဖွဲ့ချုပ်က ထိုပြိုင်ပွဲမှ ထုတ်ပယ်လိုက်ကြောင်း သိရှိရသည်။ အဆိုပါပြိုင်ပွဲ စတုတ္ထအဆင့် ပထမအကျော့အဖြစ် ကာဒစ်ဇ်နှင့်ကစားခဲ့သည့်ပွဲတွင် ရီးရဲလ်သည် ထည့်သွင်းကစားခွင့်မရှိသည့် ဒန်းနစ်ချရေးရှက်ဗ်ကို ပွဲထွက်အသုံးပြုခဲ့သည့်အပြင် ထိုကစားသမားက အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့သည်။ သို့သော် ၎င်းကစားသမားမှာ ပြီးခဲ့သည့်ရာသီက ဗီလာရီးရဲလ်တွင် အငှားကစားခဲ့စဉ် အ၀ါကတ် ၃ ကြိမ်...
Read More

ပွဲပယ်ကစားသမားအားအသုံးပြုခဲ့သည့်အတွက် ကိုပါဒယ်ရေးပြိုင်ပွဲမှ ရီးရဲလ်ထုတ်ပယ်ခံရဖွယ်ရှိနေ

စပိန်ထိပ်သီးရီးရဲလ်အသင်းသည်ကိုပါဒယ်ရေးပွဲစဉ်တွင် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရသည့် လူငယ်တောင်ပံကစားသမားတစ်ဦးအားပွဲထွက်ကစားသမားအဖြစ် ထည့်သွင်းအသုံးပြုခဲ့ပြီးနောက် ပြိုင်ဘက်အသင်း၏ တိုင်ကြားခြင်းကို ခံခဲ့ရခြင်းကြောင့် ပြိုင်ပွဲမှ ထုတ်ပယ်ခံရမည့်အခြေအနေနှင့် ရင်ဆိုင်နေရလျက်ရှိသည်။ ဒန်းနစ်ချရေးရှက်ဗ်အမည်ရ လူငယ်တောင်ပံကစားသမားသည် ပြီးခဲ့သည့်နှစ်ဘောလုံးရာသီ၌  ဗီလာရီးရဲလ်အသင်းသို့အငှားစာချုပ်ဖြင့်သွားရောက်ကစားခဲ့စဉ်က အ၀ါ ကတ် ၃ကတ်ပြသခံခဲ့ရခြင်းကြောင့် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရသူဖြစ်ပြီး ကာဒစ်ဇ်နှင့် ကိုပါဒယ်ရေးပွဲစဉ်တွင် ရီးရဲလ်အသင်းနှင့်အတူ ပွဲထွက်ခဲ့သည့်အတွက် ကာဒစ်ဇ်အသင်းက ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။ ယင်းအခြေအနေနှင့်ပတ်သက် ၍ ရီးရဲလ်အသင်းမှာ ဝေဖန်မှုများ...
Read More

ဂျိမ်းစ်ရိုဒရီဂွက်ဇ်နှင့်အကြားတွင် ပြဿနာတစ်စုံတစ်ရာမရှိကြောင်း ဘင်နီတက်ဇ်ဆို

ရီးရဲလ်နည်းပြဘင်နီတက်ဇ်က အဓိကကစားသမားဖြစ်သူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်နှင့်ကြားတွင် အငြင်းပွားမှုပြဿနာတစ်စုံတစ်ရာမရှိကြောင်း၊ အသင်းရလဒ်ကောင်း ရန်အတွက် အတူတကွဖြေရှင်းရန် ကြိုးစားလျက်ရှိကြောင်း၊ ဘာစီလိုနာနှင့် ရှုံးပွဲအတွက် နိုင်ပွဲများဖြင့် ပြန်လည်ကုစားရန် ပိုမိုအာရုံစိုက်နေကြောင်းထုတ်ဖော် ပြောကြားခဲ့သည်။ ” ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဆိုတာက နိုင်ငံလက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်တစ်ဦးဖြစ်သလို အသင်းအတွက်လည်း အရေးပါဆုံးကစားသမားတွေထဲကတစ် ယောက်ပါ။ ဒါပေမဲ့ ရီးရဲလ်လိုအသင်းမျိုးမှာ နေရာအမြဲရဖို့ မလွယ်ကူပါဘူး။ ထိပ်သီးကစားသမားတွေဖြစ်တဲ့အတွက် ပွဲထွက်ခွင့်ရဖို့အတွက် အပြိုင်အဆိုင်ကြိုး...
Read More

၂၀၁၄-၁၅ ရာသီ လာလီဂါအကောင်းဆုံးကစားသမားဆု မက်ဆီရရှိ

ဘာစီလိုနာကစားသမား မက်ဆီသည် ၂၀၁၄-၁၅ ဘောလုံးရာသီ၏ လာလီဂါအကောင်းဆုံးကစားသမားဆုအား ထပ်မံရရှိခဲ့ကြောင်း သိရှိရသည်။ မက်ဆီသည် ထိုဆုပေးပွဲသက်တမ်း ၇ နှစ်အတွင်း ၆ ကြိမ်မြောက် ရရှိခြင်းဖြစ်ကာ ထိုဆုအား ရရှိဖူးသည့် အခြားကစားသမားမှာ ယမန်နှစ်က ဆွတ်ခူးခဲ့သည့် ရော်နယ်ဒိုတစ်ဦးသာရှိသည်။ မက်ဆီမှာ အကောင်းဆုံးကစားသမားဆုအပြင် အကောင်းဆုံးတိုက်စစ်မှူးအဖြစ်လည်း ရွေးချယ်ခံခဲ့ရပြီး ၎င်းရရှိခဲ့သည့် ဆုများနှင့် သွင်းဂိုးများအား သားဖြစ်သူ...
Read More

ခြေသလုံးရိုးကျိုးခဲ့၍ အက်သလက်တီကိုကွင်းလယ်လူ တီယာဂို ၄ လ နားရမည်

အက်သလက်တီကိုကွင်းလယ်လူ တီယာဂိုသည် အက်စပန်ညိုအား အနိုင်ရရှိခဲ့သည့် လာလီဂါပွဲစဉ်တွင် ခြေသလုံးရိုးကျိုးခဲ့သည့်အတွက် ၄ လကြာအနားယူရတော့မည်ဖြစ်ကြောင်း၊ ရာသီကုန်ဆုံးချိန်အထိ ပြန်လည်ကစားပေးနိုင်ရန် မလွယ်ကူကြောင်း သိရှိရသည်။ တီယာဂိုသည် အက်စပန်ညိုကွင်းလယ်လူအက်ဆန်ဆီအို၏ ဥပဒေပဖျက်ထုတ်မှုကြောင့် ခြေသလုံးရိုးကျိုးခဲ့ခြင်းဖြစ်ပြီး ရာသီကုန်အထိ အနားယူရမည်ဖြစ်သည့်အတွက် အသင်းတာဝန်ရှိသူများက ၎င်းနေရာတွင် အစားထိုးနိုင်ရန် ဇန်န၀ါရီအပြောင်းအရွှေ့တွင် ကစားသမားသစ်ခေါ်ယူရေး ပြင်ဆင်လျက်ရှိသည်။ တီယာဂို၏ ဒဏ်ရာနှင့်ပတ်သက်၍ အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက...
Read More

ဖီဖာရွှေဘောလုံးဆု ဆန်ကာတင်စာရင်းတွင် ရော်နယ်ဒို၊ မက်ဆီနှင့် နေမာတို့ ပါဝင်

တစ်နှစ်တာကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအဖြစ် ရွေးချယ်ပေးအပ်သည့် ဖီဖာရွှေဘောလုံးဆုအတွက် ဆန်ကာတင် ၃ ဦးစာရင်းကို ကြေညာခဲ့ရာတွင် ရော်နယ်ဒို၊ မက်ဆီနှင့် နေမာတို့ ပါဝင်လာခဲ့သည်။ ထိုဆန်ကာတင်စာရင်းတွင် ရော်နယ်ဒိုနှင့် မက်ဆီတို့မှာ ၈ နှစ်ဆက်တိုက်ပါဝင်နိုင်ခဲ့ခြင်းဖြစ်ပြီး အကောင်းဆုံးဘောလုံးသမားအား ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် ကြေညာသွားမည်ဖြစ်သည်။ ရော်နယ်ဒိုမှာ ပြီးခဲ့သည့် ၂ ကြိမ်တွင် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအဖြစ် ရွေးချယ်ခံရပြီး မက်ဆီက...
Read More

လာလီဂါသမိုင်းတစ်လျှောက် တတိယမြောက်ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရော်နယ်ဒိုရပ်တည်နိုင်ခဲ့

ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုသည် အီဘာအား ၀-၂ ဂိုးဖြင့်အနိုင်ရရှိခဲ့သည့် လာလီဂါပွဲစဉ်တွင် အသင်းအတွက် ၁ ဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့် လာလီဂါသွင်းဂိုး ၂၃၄ ဂိုး အထိရှိလာခဲ့ပြီဖြစ်ရာ လာလီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် တတိယမြောက်ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်သည်။ လက်ရှိလာလီဂါဂိုးသွင်းများဆုံးကစားသမားအဖြစ်  ၁၁ နှစ်အတွင်း သွင်းဂိုးပေါင်း ၂၈၉ ဂိုးအထိသွင်းယူခဲ့သည့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိပြီး ၎င်း၏နောက်တွင် ဘီလ်ဘာအိုတိုက်စစ်မှူးဟောင်း...
Read More

ဗလင်စီယာနည်းပြအဖြစ်မှ နူနိုအက်စ်ပီရီတို နုတ်ထွက်

မန်ယူနောက်ခံလူဟောင်း ဖီးလ်နဗီးလ်က လက်ထောက်နည်းပြအဖြစ် တာဝန်ယူနေသည့် စပိန်ကလပ် ဗလင်စီယာမှ နည်းပြ နူနိုအက်စ်ပီရီတိုဆန်တိုမှာ ရာထူးမှ နုတ်ထွက်သွားကြောင်း သိရှိရသည်။ အသက် ၄၁ နှစ်အရွယ် ထိုနည်းပြမှာ ဗလင်စီယာကို ၁ ရာသီသာ တာဝန်ယူခဲ့ပြီး ဆီဗီလာကို ၁-၀ ဖြင့် အရေးနိမ့်ခဲ့သော ပွဲအပြီးတွင် နုတ်ထွက်ရန် ဆုံးဖြတ်ချက်အား ဆီဗီလာနှင့်ပွဲမတိုင်ခင်ကပင် အသင်းပိုင်ရှင်ပီတာလင်းကို...
Read More

ဆိုစီဒက်အားဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးတွင် ၄မှတ်အသာဖြင့် ဘာစီလိုနာ ဆက်လက်ဦးဆောင်

ဘာစီလိုနာအသင်းသည် ဆိုစီဒက်အား၎ဂိုးပြတ်အနိုင်ယူကာ အမှတ်ပေးဇယားထိပ်ဆုံးတွင် ၄ မှတ်အသာဖြင့် ဆက်လက်ဦးဆောင်နိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါပွဲစဉ်တွင် တိုက်စစ်မှူးမက်ဆီသည် ဒဏ်ရာကြောင့်၂လကြာနားနေရာမှ ၎င်းအတွက် ပထမဦးဆုံးလာလီဂါဂိုးကို သွင်းယူနိုင်ခဲ့သည်။မက်ဆီသည် စက်တင်ဘာ ၂၆ ရက်နေ့က လက်စ်ပါးမက်အသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သော ပွဲစဉ်တွင် ဒူးဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။ ဘာစီလိုနာအသင်းသည် အိမ်ကွင်းတွင် ဆိုစီဒက်အသင်းအား နေမာ ၊ ဆွာရက်ဇ်တို့၏...
Read More
error: Content is protected !!