လာလီဂါ

၁၀-၂ ဖြင့်အရေးနိမ့်ခဲ့သည်မှာ အရှက်ခွဲခံရသည်ဟု ခံစားရကြောင်း ဗယ်လက်ကာနိုနည်းပြ ဆို

ရီးရဲလ်မက်ဒရစ်အား ၁၀-၂ ဖြင့် အရေးနိမ့်ခဲ့သည့် ဗယ်လက်ကာနိုနည်းပြ ပါကိုဂျီမက်ဇ်က မိမိတို့အသင်းမှာ အရှက်ခွဲခြင်းနှင့် စော်ကားခြင်းခံခဲ့ရသည်ဟု ပြောကြားလိုက်သည်။ ထိုပွဲစဉ်တွင် ၉ ယောက်ကျန် ပြိုင်ဘက်အသင်းကို အိမ်ကွင်းတွင် ဂါရတ်ဘေးလ်၏ စူပါဟက်ထရစ်၊ ဘန်ဇီမာ၏ ဟက်ထရစ်တို့အပါအ၀င် ၁၀ ဂိုးသွင်းယူခဲ့သော်လည်း ဂျီမက်ဇ်က ထိုပွဲစဉ်မှာ လာလီဂါအတွက်အရေးနိမ့်မှုဖြစ်ပြီး စပိန်ဘောလုံးလောကအတွက် ဆုံးရှုံးမှုများခဲ့သည်ဟု ဆိုသည်။ “ကျွန်တော်တို့...
Read More

ဆဲလ်တာဗီဂိုတိုက်စစ်မှူး နိုလီတို တံကောက်ကြောဒဏ်ရာကြောင့် ၄ ပတ်ခန့်အနားယူရမည်

ဆဲလ်တာဗီဂိုအသင်း၏ အားထားရသည့်တိုက်စစ်မှူးတစ်ဦးဖြစ်သည့် နိုလီတိုသည် တံကောက်ကြောဒဏ်ရာကြောင့် ၂၀၁၅ ခုနှစ်အကုန်အထိကစားနိုင်မည်မဟုတ်ကြောင်းသိရသည်။ နိုလီတိုသည် ယခုရာသီတွင် ဆဲလ်တာဗီဂိုအား ပွဲစဉ် ၁၅ အပြီး၌ အဆင့် ၄ နေရာသို့ရောက်ရှိအောင် ကူညီပေးနိုင်ခဲ့ကာ ဘာစီလိုနာအားကစားဒါရိုက်တာ ရောဘတ်ဖာနန်ဒက်ဇ်၏ ထုတ်ဖော်ချီးကျူးမှုခံထားရသည့် တိုက်စစ်မှူးတစ်ဦးဖြစ်သည်။ ဘာစီလိုနာအသင်း၏စိတ်ဝင်စားမှုခံနေရသည်ဟု သတင်းများတွင်ဖော်ပြခြင်းခံခဲ့ရသည့် နိုလီတိုသည် အက်စပန်ညိုအား ၁-၀ ဖြင့်အနိုင်ရခဲ့သည့်ပွဲစဉ်၌ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။...
Read More

လီဗာပူးပစ်မှတ် ရှယ်ရီရှက်ဗ် ရီးရဲလ်မှထွက်ခွာမည်ဟု သတင်းထွက်ပေါ်

လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် လီဗာပူးမှခေါ်ယူရန်စိတ်ဝင်စားနေသော ရီးရဲလ်ကွင်းလယ်လူ ရှယ်ရီရှက်ဗ်မှာ အသင်းမှထွက်ခွာရန်နီးစပ်နေကြောင်း သတင်းဌာနများက ဖော်ပြခဲ့သည်။ အဆိုပါရုရှားကွင်းလယ်လူသည် ရီးရဲလ်နည်းပြဘင်နီတက်ဇ်လက်အောက်တွင် ၆ ပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့ပြီး ပွဲထွက်ခွင့်ပိုမိုရရှိမှသာ လာမည့်နွေရာသီတွင်ကျင်းပမည့် ယူရိုပြိုင်ပွဲဝင် ရုရှားလက်ရွေးစင်အသင်းနှင့် ပါဝင်ခွင့်ရရှိမည်ဖြစ်သဖြင့် အသင်းမှထွက်ခွာလိုနေခြင်းဖြစ်ကြောင်း သိရသည်။ ဆက်စပ်သတင်းများအရ လီဗာပူးဂိုးသမားမစ်ဂ်နိုလတ်မှာ အသင်းနှင့်သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် နီးစပ်နေကြောင်းသိရပြီး ယခုလကုန်တွင် အကောင်အထည်ပေါ်နိုင်ကြောင်း The Guardian သတင်းစာမှ...
Read More

ဒီပို့တီဗိုနှင့်ပွဲစဉ်တွင်နေမာပါဝင်ရန် မသေချာ

အင်္ဂါနေ့ဘာစီလိုနာလေ့ကျင့်ရေးအစီအစဉ်တွင် ပေါင်ဒဏ်ရာရရှိခဲ့သော ဘရာဇီးတိုက်စစ်မှူးနေမာသည် လေဗာကူဆင်နှင့်ချန်ပီယံလိဂ်ပွဲစဉ်တွင် မပါဝင်နိုင်ခဲ့ဘဲ ဒီပို့တီဗိုနှင့်ယှဉ်ပြိုင်မည့် လာလီဂါအိမ်ကွင်းပွဲစဉ်ကိုပါ လွဲချော်ရန်ရှိနေကြောင်း သိရသည်။ ဘာစီလိုနာ၏သတင်းထုတ်ပြန်ချက်တွင် နေမာပြန်လည်ကစားနိုင်မည့်အချိန်မှာ ဒဏ်ရာအခြေအနေတိုးတက်မှုအပေါ်မူတည်သည်ဟု ဖော်ပြထားသည်။ အသင်း၏အခြားတိုက်စစ်မှူးတစ်ဦးဖြစ်သည့် မက်ဆီမှာမူ ဒဏ်ရာပြဿနာမရှိကြောင်း နည်းပြအန်းနရစ်က ထုတ်ဖော်ပြောကြားထားသည်။ ဘာစီလိုနာမှာ ယခုတစ်ပတ်လာလီဂါပွဲအပြီးတွင် ဂျပန်တွင်ကျင်းပမည့် ကမ္ဘာ့ကလပ်ချန်ပီယံပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်၍ ဒီဇင်ဘာ ၃၀ ရက်နေ့အထိ ပြည်တွင်းပွဲစဉ်များ ကစားမည်မဟုတ်ချေ။...
Read More

ဘုရင့်ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရမှုကို အားကစားဆိုင်ရာဖျန်ဖြေရေးတရားရုံးသို့ ရီးရဲလ်အယူခံဝင်

ဘုရင့်ဖလားပြိုင်ပွဲမှ ထုတ်ပယ်ခံခဲ့ရခြင်းနှင့်ပတ်သက်၍ ရီးရဲလ်အသင်းက အားကစားဆိုင်ရာဖျန်ဖြေရေးတရားရုံးသို့ အယူခံဝင်ထားကြောင်း သိရသည်။ ရီးရဲလ်သည် ဘုရင့်ဖလားပြိုင်ပွဲ၏ ၃၂ သင်းအဆင့်၊ ပထမအကျော့၌ ကာဒစ်ဇ်ကိုယှဉ်ပြိုင်ခဲ့ရာတွင် ဗီလာရီးရဲလ်သို့အငှားချထားစဉ် ပွဲပယ်ခံထားရသည့် ရုရှားကွင်းလယ်လူရှရီရှက်ဗ်ကို ထည့်သွင်းအသုံးပြုခဲ့သဖြင့် ပြိုင်ပွဲမှထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါတောင်ပံကစားသမား ပွဲပယ်ခံထားရမှုကို အသင်းနှင့် ကစားသမားအား အသိပေးထားခြင်းမရှိကြောင်း ရီးရဲလ်မှထုတ်ပြန်၍ အယူခံဝင်ခဲ့သော်လည်း စပိန်ဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့သည့်ရာသီ ဘုရင့်ဖလားပြိုင်ပွဲတွင် အလားတူအဖြစ်ကြုံခဲ့သော...
Read More

လာလီဂါ တစ်လတာအကောင်းဆုံးကစားသမားဆုကို နေမာဆွတ်ခူး

ဘာစီလိုနာတိုက်စစ်မှူးနေမာသည် နိုဝင်ဘာလ၏ လာလီဂါအကောင်းဆုံးကစားသမားဆုဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှစ၍ ထိုဆုရရှိသည့် ပထမဆုံးဘာစီလိုနာကစားသမားဖြစ်ခဲ့ကြောင်း သိရသည်။ အဆိုပါဘရာဇီးတိုက်စစ်မှူးသည် ယခုနှစ်ဘောလုံးရာသီတွင် လာလီဂါပွဲစဉ် ၁၃ ပွဲ၌ အသင်းအတွက် ၁၄ ဂိုးသွင်းယူပေးနိုင်ခဲ့ကာ ဗီလာရီးရဲလ်၊ ဆိုစီဒက်၊ ရီးရဲလ်နှင့်ယှဉ်ပြိုင်ခဲ့သော အယ်လ်ကလက်စီကိုပွဲများတွင် ခြေစွမ်းပြဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့် တစ်လတာအကောင်းဆုံးကစားသမားဆုရရှိခဲ့ခြင်းဖြစ်သည်။ လာလီဂါတစ်လတာအကောင်းဆုံးကစားသမားဆုကို ဘာစီလိုနာတိုက်စစ်မှူးမက်ဆီက တစ်ကြိမ်မှရယူနိုင်ခဲ့ခြင်းမရှိဘဲ ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုမှာ ၂...
Read More

ချန်ပီယံလိဂ်တွင် ၁ ပွဲအတွင်း ၄ ဂိုးသွင်းယူနိုင်သည့် ပထမဆုံးရီးရဲလ်ကစားသမားအဖြစ် ရော်နယ်ဒိုစံချိန်တင်

ရီးရဲလ်တိုက်စစ်မှူးရော်နယ်ဒိုသည် ယမန်နေ့ကယှဉ်ပြိုင်ခဲ့သော မယ်လ်မိုနှင့်ချန်ပီယံလိဂ်ပွဲစဉ်တွင် ၄ ဂိုးသွင်းယူနိုင်ခဲ့သဖြင့် ချန်ပီယံလိဂ်ပွဲစဉ် ၁ ပွဲအတွင် ၄ ဂိုးသွင်းယူနိုင်သည့် ပထမဆုံးရီးရဲလ်ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့သည်။ အဆိုပါပွဲတွင် ရီးရဲလ်မှာ မယ်လ်မိုက ၈-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရော်နယ်ဒိုသည် ပွဲချိန် ၃၉၊ ၄၇၊ ၅၀၊ ၅၈ မိနစ်တို့တွင် စံချိန်တင်နိုင်မည့် သွင်းဂိုးများရယူခဲ့ခြင်းဖြစ်သည်။ ရော်နယ်ဒိုသည်...
Read More

အက်သလက်တီကိုတွင်သာ ဆက်ရှိနေမည်ဟု ဂရစ်ဇ်မန်းပြောကြား

လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် ချဲလ်ဆီးမှခေါ်ယူရန်ကြိုးပမ်းနေသော အက်သလက်တီကိုတိုက်စစ်မှူးဂရစ်ဇ်မန်းက လက်ရှိအသင်းနှင့်သာ ဆက်ရှိနေမည်ဟု ပြောကြားလိုက်သည်။ အဆိုပါတိုက်စစ်မှူးသည် ယခုနွေရာသီကာလတွင် အက်သလက်တီကိုနှင့် စာချုပ်သစ်ထပ်မံချုပ်ဆိုထားကာ ယခုဘောလုံးရာသီတွင် သွင်းဂိုး ၇ ဂိုးရယူပေးနိုင်ခဲ့ပြီး လာမည့်ဘောလုံးရာသီများတွင်လည်း ခြေစွမ်းပြရန်ပြင်ဆင်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဂရစ်ဇ်မန်းက ”လီဂူး-၁၊ ပရီးမီးယားလိဂ်နဲ့ စီးရီးအေတို့မှာ ကစားဖို့ဆန္ဒမရှိပါဘူး။ ကျွန်တော်အခုစပိန်ကိုရောက်နေတာပါ။ ကျွန်တော်ဒီမှာကစားရတာပျော်ရွှင်ပါတယ်။ ဒီမှာရှိတဲ့အရာအားလုံးကို ကျွန်တော်နှစ်သက်တယ်” ဟု...
Read More

အလှည့်ကျကစားသမားသုံးစွဲမည်ဖြစ်သော်လည်း လက်ရှိခြေစွမ်းဆက်ထိန်းမည်ဟု ဘင်နီတက်ဇ်ပြောကြား

ရီးရဲလ်နည်းပြဘင်နီတက်ဇ်က ယနေ့ညတွင် မယ်လ်မိုနှင့်ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲ၌ အလှည့်ကျကစားသမားစနစ်သုံးစွဲမည်ဖြစ်သော်လည်း မူလခြေစွမ်းကိုထိန်းသိမ်းသွားမည်ဟု ပြောကြားခဲ့သည်။ မယ်လ်မိုနှင့်ပွဲနှင့်ပတ်သက်၍ နည်းပြဘင်နီတက်ဇ်က ”ဒီနေ့ညကစားမယ့်ပွဲက အလှည့်ကျကစားသမားသုံးစွဲခွင့်ရမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့တစ်သမတ်တည်းရည်ရွယ်ချက်က နိုင်ပွဲရဖို့ဖြစ်ပြီး ဒါတွေအားလုံးအဆင်ပြေဖို့ ကြိုးပမ်းမှာပါ။ အလှည့်ကျကစားသမား သုံးစွဲတာကလည်း ဗီလာရီးရဲလ်နဲ့ပွဲမှာ ရလဒ်ကောင်းဖို့အတွက်ပါပဲ” ဟု ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ရီးရဲလ်မှာ ဘာစီလိုနာနှင့်ယှဉ်ပြိုင်ခဲ့သည့် အယ်လ်ကလက်စီကိုရှုံးပွဲအပြီးတွင် ပုံမှန်ခြေစွမ်းရရန်ပြန်လည်ရုန်းကန်ခဲ့ပြီးနောက်...
Read More

နည်းပြဂယ်ရီနဗီးလ်၏ ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်ကို ပရိသတ်များစွာ လာရောက်ကြည့်ရှု

ဗလင်စီယာနည်းပြအဖြစ် ဂယ်ရီနဗီးလ်က ပထမဆုံးပြုလုပ်သည့် တနင်္လာနေ့လေ့ကျင့်ခန်းအစီအစဉ်ကို ပရိသတ်ထောင်ပေါင်းများစွာ လာရောက်ကြည့်ရှုခဲ့ကြောင်းသိရှိရသည်။ မန်ယူကစားသမားဟောင်း ဂယ်ရီနဗီးလ်မှာ ဗလင်စီယာနည်းပြအဖြစ် လိုင်ယွန်နှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်ကို ပထမဆုံးတာဝန်ယူမည်ဖြစ်ပြီး ၎င်း၏ပွဲဦးထွက်လေ့ကျင့်ရေးအစီအစဉ်အား လာရောက်ကြည့်ရှုရန် ပရိသတ်များနှင့် မီဒီယာများကို ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ဂယ်ရီနဗီးလ်၏ ညီဖြစ်သူ ဖီးလ်နဗီးလ်မှာ ဗလင်စီယာလက်ထောက်နည်းပြအဖြစ် ဇူလိုင်လကတည်းက တာဝန်ယူနေပြီး အစ်ကိုဖြစ်သူရောက်ရှိလာချိန်တွင်လည်း ထိုရာထူးဖြင့်ပင် ဆက်လက်တာဝန်ထမ်းဆောင်နေသည်။...
Read More
error: Content is protected !!