လာလီဂါ

ရွိုင်ယန်ဂစ်ရှိခြင်းကြောင့် ဂါရတ်ဘေးလ်ကိုခေါ်ယူနိုင်ရန် မန်ယူမျှော်လင့်နေ

မန်ယူအသင်းသည် ဂါရတ်ဘေးလ်အား ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းဖြင့် ယခုလအတွင်းခေါ်ယူရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။ ဂါရတ်ဘေးလ်မှာ ရီးရဲလ်နည်းပြဖြစ်သူ ဘင်နီတက်ဇ်ကို အသင်းမှထုတ်ပယ်လိုက်ပြီးနောက် ၎င်း၏အနာဂတ်နှင့်ပတ်သက်၍ ထင်ကြေးပေးခံရမှုများ မြင့်တက်လာနေပြီး ထိုအခြေအနေများကြောင့် ၂၀၁၃ ခုနှစ်က စပါးမှ ရီးရဲလ်သို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းဖြင့် ပြောင်းရွှေ့ခဲ့သူ ဘေးလ်အား ခေါ်ယူလိုနေသည့်...
Read More

ဂွါဒီယိုလာနှင့်မနှိုင်းယှဉ်ရန် ဇီဒန်းတောင်းဆို

ရီးရဲလ်နည်းပြသစ် ဇီဒန်းက မိမိအား ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာနှင့်နှိုင်းယှဉ်ခြင်းမှာ လွန်ကျွံရာကျသည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။ အသက် ၄၃ နှစ်အရွယ် ဇီဒန်းကို တနင်္လာနေ့က နည်းပြဟောင်းဘင်နီတက်ဇ်နေရာတွင် အစားထိုးခဲ့သဖြင့် ဘာစီလိုနာကို ဂွါဒီယိုလာတာဝန်ယူစဉ်ကကဲ့သို့အခြေအနေမျိုးဖြစ်သည်ဟု သုံးသပ်ချက်များထွက်ပေါ်လာခြင်းကို ဇီဒန်းက”ကျွန်တော့်ကို ဂွါဒီယိုလာနဲ့ မနှိုင်းယှဉ်ထိုက်ပါဘူး။ သူအောင်မြင်မှုရထားတာတွေက အံ့မခန်းတွေပါ။ ဂွါဒီယိုလာက အရမ်းတော်တဲ့နည်းပြပါ။ သူစွမ်းဆောင်နေတာတွေက အရမ်းသဘောကျစရာပါ။ ဒါပေမဲ့ ဂွါဒီယိုလာက...
Read More

တူရန်နှင့် ဗီဒယ်လ် ယခုသီတင်းပတ်တွင် ဘာကာအတွက် ပွဲထွက်မည်

ဘာစီလိုနာက နွေရာသီတွင်ခေါ်ယူခဲ့သည့် အဲလက်စ်ဗီဒယ်လ်နှင့် အာဒါတူရန်တို့သည် ဘာစီလိုနာအသင်းကို ကစားသမားမှတ်ပုံတင်ခွင့် ၁၄ လကြာပိတ်ပင်သည့်ပြစ်ဒဏ်ချမှတ်ထားမှု သက်တမ်းပြည့်သွားပြီဖြစ်၍ ယခုသီတင်းပတ်တွင် ပွဲဦးထွက်ကစားနိုင်တော့မည်ဟု သိရှိရသည်။ နောက်ခံလူဗီဒယ်လ်မှာ ဆီဗီလာမှ ပေါင် ၁၃ သန်းဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ကျောနံပါတ် ၂၂ ၀တ်ဆင်မည်ဖြစ်ကာ တူရန်မှာ အက်သလက်တီကိုမှပြောင်းရွှေ့လာပြီး ကျောနံပါတ် ၇ ၀တ်ဆင်ကစားမည်ဖြစ်သည်။ ထိုကစားသမား ၂...
Read More

ဘင်နီတက်ဇ်ကိုထုတ်ပယ်ပြီး ဇီဒန်းကို နည်းပြအဖြစ် ရီးရဲလ်ခန့်အပ်

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်သည် နည်းပြဘင်နီတက်ဇ်အားခန့်အပ်ပြီး ၇ လအကြာတွင် ရာထူးမှထုတ်ပယ်လိုက်ကာ အသင်းဂန္ထ၀င်ဇီဒန်းအား နည်းပြအဖြစ် အစားထိုးခန့်အပ်လိုက်ကြောင်း သိရှိရသည်။ စပိန်လူမျိုး အသက် ၅၅ နှစ်အရွယ် ဘင်နီတက်ဇ်မှာ တနင်္လာနေ့တွင် ဘုတ်အဖွဲ့အစည်းအဝေးပြုလုပ်ပြီးနောက် ရာထူးမှထုတ်ပယ်ခံလိုက်ရခြင်းဖြစ်ပြီး ရီးရဲလ်(ခ)အသင်းနည်းပြ အသက် ၄၃ နှစ်အရွယ် ဇီဒန်းကို အသင်းကြီးနည်းပြအဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်သည်။ ပြင်သစ်လက်ရွေးစင်နှင့် ရီးရဲလ်ကစားသမားဟောင်း ဇီဒန်းက”ဒီအလုပ်ကို...
Read More

မန်ယူ သို့မဟုတ် အင်္ဂလန်နည်းပြဖြစ်လာမည်ဆိုသည်မှာ အဓိပ္ပာယ်မရှိဟု ဂယ်ရီနဗီးလ်တုံ့ပြန်

မန်ယူ သို့မဟုတ် အင်္ဂလန်နည်းပြဖြစ်လာမည့်သူမှာ မိမိဖြစ်သည်ဟု ပြောကြားနေမှုများမှာ အဓိပ္ပာယ်မရှိကြောင်း ဗလင်စီယာနည်းပြ ဂယ်ရီနဗီးလ်က တုံ့ပြန်ပြောကြားလိုက်သည်။ မန်ယူဂန္ထ၀င် ဂယ်ရီနဗီးလ်မှာ လာလီဂါကလပ် ဗလင်စီယာကို ယခုလအစောပိုင်းက နည်းပြအဖြစ် အံ့အားသင့်ဖွယ်တာဝန်ယူခဲ့သူဖြစ်ပြီး ၎င်းမှာ ဖိအားဒဏ်ခံနေရသည့် မန်ယူနည်းပြဗန်ဟားလ်နေရာကို အစားဝင်နိုင်သူအဖြစ်လည်းကောင်း၊ အင်္ဂလန်နည်းပြရွိုင်းဟော့ဆန် စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် လက်ရွေးစင်နည်းပြဖြစ်လာမည့်သူအဖြစ်လည်းကောင်း ထင်ကြေးပေးခံနေရသည်။ သို့သော် ဂယ်ရီနဗီးလ်က ထိုကဲ့သို့ပြောကြားမှုများကို ပယ်ချခဲ့ပြီး”နောက်...
Read More

ရီးရဲလ်နှင့်ပွဲတွင် ဆုံးဖြတ်ချက်များအတွက် ဒိုင်ဖြစ်သူကို ရဲတိုင်မည်ဟု ဆိုစီဒက်ခြိမ်းခြောက်ခဲ့

ယမန်နေ့ညက ကစားခဲ့သည့် လာလီဂါပွဲစဉ်တွင် ကွင်းလယ်ဒိုင်ဖြစ်သူ၏ဆုံးဖြတ်ချက်များမှာ ပြိုင်ဘက်ရီးရဲလ်အပေါ် အလေးသာသည်ဟု ခံစားရသည့်အတွက် ဒိုင်လူကြီးအဖြစ်တာဝန်ယူခဲ့သော ဟိုဆေးလူးဝစ်ဂွန်ဇာလက်ဂွန်ဇာလက်အား ရဲတိုင်မည်ဟု ဆိုစီဒက်အသင်းက ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရသည်။ ဆိုစီဒက်သည် ထိုပွဲစဉ်ပထမပိုင်းတွင် အငြင်းပွားဖွယ်ပင်နယ်တီ ၂ ကြိမ်ပေးခဲ့ရပြီး ပွဲပြီးအစီရင်ခံစာတွင် ကွင်းလယ်ဒိုင်ဂွန်ဇာလက်က ဆိုစီဒက်ဥက္ကဋ္ဌ ဂျိုကင်အာပါရီဘေးမှာ ဒိုင်လူကြီးနားနေခန်းသို့ ပထမပိုင်းရပ်နားချိန်တွင် ရောက်ရှိလာပြီး”ရှက်ဖို့ကောင်းတယ်။ ခင်ဗျားတို့က ကျွန်တော်တို့ကို အနိုင်ကျင့်ဖို့...
Read More

ဘက်တစ်နှင့်ပွဲတွင် ဘာစီလိုနာအတွက် မက်ဆီ ပွဲ ၅၀၀ ပြည့်မည်

ယနေ့ညတွင် ဘက်တစ်နှင့်ကစားရမည့် အိမ်ကွင်းပွဲစဉ်တွင် ဘာစီလိုနာတိုက်စစ်မှူးမက်ဆီမှာ အသင်းအတွက် ပွဲ ၅၀၀ ပြည့်မြောက်မည်ဖြစ်ကြောင်း သိရှိရသည်။ အသက် ၂၈ နှစ်အရွယ် မက်ဆီသည် ဒူဘိုင်းတွင် Globe Soccer Awards အခမ်းအနားတက်ရောက်ခဲ့ပြီးနောက် သီးသန့်ဂျက်လေယာဉ်ဖြင့် စပိန်သို့ပြန်လာခဲ့ကြောင်း သိရှိရသည်။ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ကမ္ဘာ့ကလပ်ချန်ပီယံဖလားရယူပြီးနောက် အနားယူနေသည့် ကစားသမားများနှင့်ပတ်သက်ပြီး ဘာစီလိုနာနည်းပြအန်းနရစ်က”ဒီမနက်...
Read More

မိမိကို မလိုလားသည့်လှုပ်ရှားမှုရှိနေဟု ဘင်နီတက်ဇ်စွပ်စွဲ

ရီးရဲလ်နည်းပြ ဘင်နီတက်ဇ်က ၎င်းနှင့် ရီးရဲလ်အား မလိုလားသည့် လှုပ်ရှားမှုတစ်ခုရှိနေသည်ဟုယုံကြည်ကြောင်း စွပ်စွဲပြောကြားလိုက်သည်။ စပိန်မီဒီယာများက ကောက်ယူခံသည့် ဆန္ဒမဲတွင် ရီးရဲလ်ပရိသတ်များက နည်းပြဖြစ်သူဘင်နီတက်ဇ်ကို အခြားတစ်ဦးနှင့်အစားထိုးလိုသည့်ရာခိုင်နှုန်း ပိုမိုများပြားနေကြောင်းတွေ့ရှိသည်။ ရီးရဲလ်မှာ လာလီဂါအမှတ်ပေးဇယား အဆင့် ၃ နေရာတွင်ရောက်ရှိနေပြီး တစ်ပွဲလျော့ဘာစီလိုနာနှင့် ၂ မှတ်ကွာဟနေသည်။ “ဝေဖန်လို့ရတယ်ဆိုတာက ဝေဖန်မှုအတွက်ကိုပဲ ရည်ရွယ်တာပါ။ ကြိုးကိုင်ခြယ်လှယ်ဖို့မဟုတ်ပါဘူး။ ဖလော်ရင်တီနိုပီရက်ဇ်၊ ရီးရဲလ်နဲ့...
Read More

တွစ်တာမှတ်ချက်ကြောင့် ကစားသမားသစ် ဆာဂျီဂွါဒီယိုလာကို ဘာစီလိုနာထုတ်ပယ်

ကစားသမားတိုင်း၏အိပ်မက်မှာ ဘာစီလိုနာအသင်းတွင် ကစားခွင့်ရရန်ဖြစ်သော်လည်း ထိုကလပ်၏အရန်အသင်းအတွက် စာချုပ်ချုပ်ဆိုခဲ့ပြီး နာရီပိုင်းအကြာတွင် တိုက်စစ်မှူးဆာဂျီဂွါဒီယိုလာမှာ လွန်ခဲ့သည့် ၂ နှစ်က တွစ်တာတွင် ဘာစီလိုနာနှင့် ကာတာလန်အသင်းအား တိုက်ခိုက်သည့်စာသားများတင်ခဲ့ဖူးသည်ဟု အာဏာပိုင်များသိရှိပြီးနောက် အသင်းမှထုတ်ပယ်ခံခဲ့ရသည်။ အသက် ၂၄ နှစ်အရွယ် ဂွါဒီယိုလာမှာ တနင်္လာနေ့တွင် ဘာစီလိုနာ(ခ)အသင်းသို့ ရောက်ရှိလာခဲ့သော်လည်း မာကာ၏ဖော်ပြချက်အရ ထိုကစားသမားမှာ ရီးရဲလ်မက်ဒရစ်လိုလားသည့်စာသားများ တွစ်တာတွင်ရေးတင်ခဲ့သည့်အပြင် ကာတာလန်ဒေသနှင့်ပတ်သက်ပြီး...
Read More

Globe Soccer Awards မှချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို မက်ဆီရရှိ

ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီသည် ဒူဘိုင်းရှိ Globe Soccer Awards မှချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆု ရရှိခဲ့ကြောင်း သိရပြီး ၎င်းနှင့်အတူ အမေရိကန် မေဂျာလိဂ်ကလပ် နယူးယော့ခ်စီးတီးအသင်းတွင် တွဲဖက်ကစားနေကြသည့် ဖရန့်လမ်းပတ်နှင့် ပီယာလိုတို့မှာလည်း ကစားသမားဘ၀ဂုဏ်ပြုဆုများကို အသီးသီးဆွတ်ခူးရရှိခဲ့ကြသည်။ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာသည် ပြီးခဲ့သည့်ရာသီက တစ်ရာသီအတွင်း ဖလား ၅ လုံးဆွတ်ခူးနိုင်ခဲ့ပြီး အသင်း၏သမိုင်းဝင်နှစ်တစ်နှစ်ဖြစ်ခဲ့ကာ ယင်းအောင်မြင်မှုများကြောင့်...
Read More
error: Content is protected !!