လာလီဂါ
လာလီဂါ
ဗလင်စီယာသည် စပိန်ဘုရင့်ဖလားအကြိုဗိုလ်လုပွဲ ပထမအကျော့ပွဲစဉ်အဖြစ် ဘာစီလိုနာအိမ်ကွင်းနူးကမ့်တွင် ယှဉ်ပြိုင်ကစားခဲ့ရာ ၇-၀ ဖြင့်ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် နည်းပြဂယ်ရီနဗီးလ်က ဘောလုံးနှင့်ပတ်သက်သည့် ၎င်း၏ဘ၀အတွေ့အကြုံများအနက် အဆိုးရွားဆုံးဖြစ်ရပ်တစ်ခုဟု ၀န်ခံပြောကြားလိုက်သည်။ “ဒီနေ့ညတော့ ကျွန်တော်ကောင်းကောင်းအိပ်ပျော်မှာ မဟုတ်ပါဘူး။ ဒီပွဲက ကျွန်တော့်အတွက် အဆိုးရွားဆုံးအတွေ့အကြုံတွေထဲက တစ်ခုပါ”ဟု ပြောကြားသွားခဲ့ပြီး ရာထူးမှနုတ်ထွက်ရန် အစီအစဉ်မရှိကြောင်း ငြင်းဆန်သွားခဲ့သည်။ ထိုပွဲရှုံးနိမ့်မှုကြောင့် လာလီဂါနောက်ဆုံး ၈ ပွဲတွင်လည်း တစ်ပွဲမှ...
Read More
လာလီဂါ
ဗလင်စီယာအသင်းသည် ရီးရဲလ်မက်ဒရစ်မှ ရုရှားတောင်ပံကစားသမား ဒန်းနစ်ရှရီရှက်ဗ်ကို ရာသီကုန်အထိရှိနေမည့် အငှားစာချုပ်ဖြင့်ခေါ်ယူလိုက်ကြောင်း သိရသည်။ အသက် ၂၅ နှစ်ရှိ အဆိုပါကစားသမားသည် ဒီဇင်ဘာလအတွင်း စပိန်ဘုရင့်ဖလားပြိုင်ပွဲအဖြစ် ကာဒစ်ဇ်နှင့်ပွဲစဉ်တွင် ကစားခွင့်ပိတ်ပင်ခံထားရသော်လည်း ရီးရဲလ်အတွက် ပါဝင်ကစားခဲ့ပြီး ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက် ရီးရဲလ်အသင်းသည် ကစားခွင့်ပိတ်ပင်ခံထားရသော ကစားသမားအား ထည့်သွင်းကစားခဲ့မှုကြောင့် ဘုရင့်ဖလားပြိုင်ပွဲမှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။ ဗလင်စီယာသည် ပြီးခဲ့သည့်ဒီဇင်ဘာလတွင် မန်ယူနောက်ခံလူဟောင်း...
Read More
လာလီဂါ
ဘာစီလိုနာနှင့် အာဂျင်တီးနားကစားသမား မာရှေယာနိုသည် ယူရို ၁.၅ သန်းအတွက် အခွန်မဆောင်မှုကြောင့် ဆိုင်းငံ့ထောင်ဒဏ် ၁ နှစ်နှင့် ယူရို ၈၁၆၀၀၀ ချမှတ်ခံခဲ့ရကြောင်း သိရှိရသည်။ ထိုပြစ်ဒဏ်အား ယမန်နေ့ကချမှတ်ခဲ့ခြင်းဖြစ်ပြီး မာရှေယာနို၏ရှေ့နေများက ဆိုင်းငံ့ထောင်ဒဏ်နှင့် ဒဏ်ငွေချမှတ်ရန် အသနားခံခဲ့သည်ကို အစိုးရရှေ့နေများက ဒီဇင်ဘာလတွင် သဘောတူခဲ့ခြင်းဖြစ်သည်။ စပိန်ဥပဒေအရ ၂ နှစ်အောက်ထောင်ဒဏ်များတွင် ပြစ်မှုကျူးလွန်သူမှာ ရာဇ၀တ်မှတ်တမ်းမရှိပါက...
Read More
လာလီဂါ
ရီးရဲလ်မက်ဒရစ်တိုက်စစ်ကစားသမားဂါရတ်ဘေးလ်မှာ ယခုနှစ်အတွင်း တတိယအကြိမ်အဖြစ် ခြေသလုံးကြွက်သားဒဏ်ရာထပ်မံရရှိခဲ့၍ အနားယူရမည်ဖြစ်ကြောင်းသိရသည်။ အသက် ၂၆ နှစ်ရှိ အဆိုပါဝေးလ်လက်ရွေးစင်သည် အိမ်ကွင်းတွင် ဂီဂျွန်ကို ၅-၁ ဂိုးဖြင့်အနိုင်ရခဲ့သည့် လာလီဂါပွဲစဉ်၌ ကြွက်သားဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ၃ ပတ်ခန့်အနားယူရနိုင်သည်ဟု သတင်းဌာနများက ဖော်ပြခဲ့သည်။ ဂါရတ်ဘေးလ်၏ ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ ရီးရဲလ်အသင်းက စစ်ဆေးချက်များထွက်ပေါ်ခဲ့ပြီးနောက် အဆိုပါကစားသမားမှာ ဘယ်ဘက်ခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့ကြောင်းနှင့် ကြံ့ခိုင်မှုပြန်လည်ရရှိရန် စောင့်ကြည့်ရမည်ဖြစ်ကြောင်း အသင်းဝက်ဆိုက်၌...
Read More
လာလီဂါ
ဘီလ်ဘာအိုကို ၆ ဂိုးပြတ်အနိုင်ရခဲ့သည့်ပွဲစဉ်တွင် မက်ဆီရရှိခဲ့သောဒဏ်ရာမှာ ထိခိုက်မိသည့် သာမန်ဒဏ်ရာသာဖြစ်ကြောင်း ဘာစီလိုနာက သတင်းထုတ်ပြန်ခဲ့သည်။ ယခုရာသီတွင် ဒူးဒဏ်ရာကြောင့် ၂ လ အနားယူခဲ့ရသော အသက် ၂၈ နှစ်အရွယ် ထိုကစားသမားကို ဘာစီလိုနာက ပထမပိုင်းအပြီးတွင် ကြိုတင်ကာကွယ်သည့်အနေဖြင့် လူစားလဲခဲ့ပြီး ဘာစီလိုနာက သတင်းထုတ်ပြန်ရာတွင် “တိုက်စစ်မှူးမက်ဆီအား ဆေးစစ်ဆေးမှုအပြီး တနင်္လာနေ့တွင်ထုတ်ပြန်ခဲ့သည့် သတင်းများမှာ ကောင်းမွန်ခဲ့သည်။...
Read More
ပရီးမီးယားလိဂ်
ပြီးခဲ့သည့်ဘောလုံးရာသီတွင် လာလီဂါအမြန်ဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့သော ဘီလ်ဘာအိုတိုက်စစ်မှူး ၀ီလီယမ်ကို လီဗာပူးနှင့်အာဆင်နယ်တို့မှ ပေါင် ၁၅ သန်းပေးချေ၍ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြောင်းသိရသည်။ အသက် ၂၁ နှစ်ရှိ အဆိုပါစပိန် ယူ-၂၁ တိုက်စစ်မှူးနှင့် ဘီလ်ဘာအိုအသင်းချုပ်ဆိုထားသည့်စာချုပ်တွင် အသင်းမှထွက်ခွာမည်ဆိုပါက ပေါင် ၁၅.၃ သန်းပေးချေရမည်ဆိုသော အချက်ပါဝင်သဖြင့် လီဗာပူးနည်းပြကလော့ပ်က ခေါ်ယူရန်စိတ်ဝင်စားနေခြင်းဖြစ်သည်။ ၀ီလီယမ်သည် ပြီးခဲ့သည့်ဘောလုံးရာသီတွင် ဒီပို့တီဗိုနှင့်ယှဉ်ပြိုင်ခဲ့သောပွဲ၌ ၁ နာရီ...
Read More
လာလီဂါ
စပိန်ဘုရင့်ဖလားလက်ရှိချန်ပီယံ ဘာစီလိုနာသည် ထိုပြိုင်ပွဲကွာတားဖိုင်နယ်အဆင့်တွင် ယမန်နှစ်ဗိုလ်လုပွဲတွင် ဆုံတွေ့ခဲ့သည့် ဘီလ်ဘာအိုနှင့်ကစားရမည်ဖြစ်ကြောင်း သိရှိရသည်။ ဂယ်ရီနဗီးလ်ကိုင်တွယ်နေသည့် ဗလင်စီယာမှာ လာလီဂါတွင်ရုန်းကန်နေရသည့် အဆင့် ၁၆ နေရာမှ လက်စ်ပါးမက်စ်နှင့်ကစားရမည်ဖြစ်ကာ လာလီဂါတွင် အဆင့် ၁ ရောက်နေသော အက်သလက်တီကိုမှာ ဆဲလ်တာဗီဂိုနှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ကွာတားဖိုင်နယ်အဆင့်တွင် ဒုတိယတန်းမှတစ်သင်းတည်းသောအသင်းအဖြစ် ကျန်ရစ်ခဲ့သည့် မီရန်ဒက်စ်မှာ ဆီဗီလာနှင့်တွေ့ဆုံနေပြီး ကြားရက်များတွင်ကစားမည့် ထိုပွဲစဉ်များကို လာမည့်...
Read More
လာလီဂါ
စပိန်ကလပ်ရီးရဲလ်မက်ဒရစ်နှင့် အက်သလက်တီကိုမက်ဒရစ်တို့ကို လာမည့်အပြောင်းအရွှေ့ကာလ ၂ ခုတွင် ကစားသမားမှတ်ပုံတင်ခွင့်ပိတ်ပင်ခြင်းပြစ်ဒဏ် ချမှတ်လိုက်ကြောင်းသိရှိရသည်။ ထိုကလပ်များမှာ အပြောင်းအရွှေ့စည်းမျဉ်းများ ချိုးဖောက်သည့်အတွက် ယခုကဲ့သို့ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်ဟု ဖီဖာကကြေညာချက်ထုတ်ပြန်ခဲ့ပြီး အဆိုပါ ၂ သင်းက ယခုပြစ်ဒဏ်အတွက် အယူခံဝင်သွားမည်ဟု ထုတ်ပြန်ထားသည်။ ယခုပြစ်ဒဏ်မှာ လက်ရှိဇန်န၀ါရီအပြောင်းအရွှေ့ကာလ အကျုံးမ၀င်သော်လည်း အက်သလက်တီကိုမှာ ဒဏ်ငွေ ပေါင် ၆၂၂၀၀၀ နှင့် ရီးရဲလ်မှာ ပေါင်...
Read More
လာလီဂါ
ရေတိုကာလအတွင်း ရီးရဲလ်တိုက်စစ်မှူးရော်နယ်ဒိုမှာ အသင်းမှထွက်ခွာမည်မဟုတ်ကြောင်း ရီးရဲလ်နည်းပြသစ်ဇီဒန်းက ပြောကြားလိုက်ပြီး ထိုကစားသမားမှာ ရီးရဲလ်၏၀ိညာဉ်ဖြစ်သည်ဟု တင်စားလိုက်သည်။ မန်ယူနည်းပြဗန်ဟားလ်သည် ပြီးခဲ့သည့်နိုဝင်ဘာလက ရော်နယ်ဒိုအား မန်ယူသို့ပြန်လည်ခေါ်ယူလိုသည်ဟု ဖွင့်ဟခဲ့ဖူးသော်လည်း ဇီဒန်းက ဒီပို့တီဗိုနှင့်ကစားရမည့် ၎င်း၏အသင်းကြီးနည်းပြပွဲဦးထွက်ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲ၌”ရော်နယ်ဒိုက ပြောင်းရွှေ့ခွင့်ပေးလို့မရတဲ့ကစားသမားဆိုတာထက် ပိုပါတယ်။ သူက အသင်းရဲ့ဝိညာဉ်ပါ။ သူဘယ်မှသွားမှာ မဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။ ရော်နယ်ဒိုမှာ ၂၀၀၉ ခုနှစ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး...
Read More
လာလီဂါ
ဘာစီလိုနာတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်သည် အက်စ်ပန်ညိုနှင့်ကစားခဲ့သည့် စပိန်ဘုရင့်ဖလားပွဲစဉ်တွင် အချင်းများမှုကြောင့် ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း သိရှိရသည်။ အဆိုပါဥရုဂွေးတိုက်စစ်မှူးသည် ဗုဒ္ဓဟူးနေ့က ၄-၁ ဖြင့်အနိုင်ရခဲ့သည့် ထိုပွဲစဉ်၌ ပြိုင်ဘက်ကစားသမားများကို ခြိမ်းခြောက်ခဲ့သည်ဟု စွပ်စွဲခံထားရကာ ယခုပြစ်ဒဏ်မှာ လာမည့်ဗုဒ္ဓဟူးနေ့တွင်ကစားရမည့် စပိန်ဘုရင့်ဖလား ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အပါအ၀င် ထိုပြိုင်ပွဲတွင်သာ အကျုံးဝင်မည်ဟု သိရသည်။ ထိုပြစ်ဒဏ်အတွက် အယူခံဝင်ထားသည့် ဘာစီလိုနာက...
Read More