လာလီဂါ

ရော်နယ်ဒို၏ညာခြေထက် မက်ဆီ၏ဘယ်ခြေကိုရွေးချယ်မည်ဟု နေမာပြောကြား

ဘာစီလိုနာတိုက်စစ်မှူးနေမာသည် မက်ဆီ၏ဘယ်ခြေထောက်နှင့် ရော်နယ်ဒို၏ညာခြေထောက်တို့အနက် မည်သူ၏ခြေထောက်ကိုရွေးချယ်မည်နည်းဟု အင်တာဗျူးတစ်ခုတွင်မေးမြန်းခံခဲ့ရချိန်၌ “ရော်နယ်ဒိုကိုမလေးစားတာမဟုတ်ပါဘူး။ ဒါပေမဲ့ မက်ဆီရဲ့ဘယ်ခြေကို ကျွန်တော်ရွေးပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ညာခြေကလည်း အရမ်းအသုံးဝင်တယ်လေ”ဟု ရယ်ရယ်မောမောဖြေကြားသွားခဲ့သည်။ ပီလီနှင့်မက်ဆီ ၂ ဦးအနက် တစ်ဦးကိုရွေးချယ်ခိုင်းချိန်တွင် နေမာက”ပီလီကစားတာကို မမြင်ဖူးပါဘူး။ ကျွန်တော့်အဖိုးက ပီလီဘယ်လိုကစားတယ်ဆိုတာ အမြဲပြောပြလေ့ရှိပါတယ်။ ကျွန်တော့်အဖိုးပြောပြသလောက်ပဲ သူ့အကြောင်းကိုကျွန်တော်သိတာပါ။ မက်ဆီနဲ့က အတူတူတွဲကစားရတဲ့အတွက် သူ့ခြေစွမ်းကိုကောင်းကောင်းသိပါတယ်။ အဲဒါကြောင့်...
Read More

မက်ဒရစ်ဒါဘီတွင် ရှုံးပွဲကြုံပြီးနောက် ချန်ပီယံမျှော်လင့်ချက်ပြီးဆုံးခဲ့သည်ဟု ဇီဒန်းဖွင့်ဟ

ရီးရဲလ်နည်းပြဇီဒန်းက အက်သလက်တီကိုနှင့်ယှဉ်ပြိုင်ခဲ့သော မက်ဒရစ်ဒါဘီပွဲတွင် ၁-၀ ဂိုးဖြင့်အရေးနိမ့်ခဲ့သဖြင့် လာလီဂါချန်ပီယံဆုရရှိတော့မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါပွဲတွင် ဂရစ်ဇ်မန်း၏သွင်းဂိုးဖြင့် အက်သလက်တီကိုအနိုင်ရခဲ့ခြင်းဖြစ်ပြီး ရှုံးပွဲကြုံခဲ့သည့်ရီးရဲလ်မှာ အမှတ်ပေးဇယားဦးဆောင်သူဘာစီလိုနာနှင့် ရမှတ် ၁၂ မှတ်အထိကွာဟသွားသောကြောင့် ရီးရဲလ်နည်းပြဇီဒန်းက ယခုကဲ့သို့ပြော ကြားခဲ့ခြင်းဖြစ်သည်။ အသက် ၄၃ နှစ်ရှိ နည်းပြဇီဒန်းက ”ချန်ပီယံမဖြစ်နိုင်တော့ပါဘူး။ ဒီပြိုင်ပွဲက အမြဲတမ်းခက်ခဲခဲ့တဲ့ပြိုင်ပွဲပါ။ အက်သလက်တီကိုနဲ့ပွဲမှာ ရှုံးမယ်ဆိုရင် ပိုပြီးခက်ခဲသွားလိမ့်မယ်လို့...
Read More

လာလီဂါဖလားရရှိရေး လက်မလျှော့သေးဟု ရီးရဲလ်နည်းပြ ဇီဒန်းဆို

ရီးရဲလ်နည်းပြ ဇီဒန်းက ယနေ့ကစားမည့် အက်သလက်တီကိုနှင့် မက်ဒရစ်ဒါဘီတွင် အရေးနိမ့်ခဲ့လျှင်လည်း လာလီဂါဖလားရရှိရေးအတွက် လက်လျှော့သွားမည်မဟုတ်ဟု ပြောကြားလိုက်သည်။ မက်ဒရစ်ဒါဘီကစားရမည့် ရီးရဲလ်တွင် ဒဏ်ရာရနေသော ဂါရတ်ဘေးလ်ပါဝင်နိုင်မည်မဟုတ်ဘဲ လက်ရှိအမှတ်ပေးဇယားရပ်တည်မှုတွင် ပွဲစဉ် ၁၃ ပွဲကျန်ချိန်၌ အဆင့် ၁ နေရာမှ ဘာစီလိုနာနှင့် ၉ မှတ်အကွာ၊ အက်သလက်တီကိုနှင့် ၁ မှတ်အကွာ အဆင့် ၃...
Read More

တစ်ပွဲချင်းစီအတွက်သာ အာရုံစိုက်ရန် အသင်းသားများအား အက်သလက်တီကိုနည်းပြတိုက်တွန်း

အက်သလက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီက လာလီဂါနှင့် ချန်ပီယံလိဂ်မျှော်မှန်းချက်များ ဟန်ချက်မျှစေရန်အတွက် တစ်ပွဲချင်းစီကိုသာ အာရုံစိုက်ကစားရန် အသင်းသားများအား တိုက်တွန်းလိုက်သည်။ အက်သလက်တီကိုမှာ ယခုရာသီတွင် လာလီဂါ၌ ဒုတိယနေရာတွင် ရပ်တည်နေသော်လည်း ဥရောပတွင် အောင်မြင်မှုရရန်မှာ ပိုမိုအလားအလာကောင်းသည်ဟု ယူဆထားသည့် ဆီမြွန်နီက ၎င်းအနေဖြင့် တစ်ပွဲချင်းစီအတွက်သာ တွေးတောသွားမည်ဟု ဖွင့်ဟခဲ့သည်။ “ဗိုလ်လုပွဲကိုရောက်ဖို့အတွက်က ပြည်တွင်းအမှတ်ပေးပွဲမှာ ဗိုလ်စွဲဖို့ထက် ကစားရတဲ့ပွဲ ပိုနည်းပါတယ်။...
Read More

ရလဒ်ဆိုးများကြောင့် နည်းပြဆန်ဒိုဗယ်ကို ဂရန်နာဒါထုတ်ပယ်ပြီး ဂွန်ဇာလက်ဇ်နည်းပြသစ်ဖြစ်လာ

ဂရန်နာဒါအသင်းသည် ရလဒ်များဆက်တိုက်ဆိုးရွားနေပြီး လာလီဂါအမှတ်ပေးဇယားအောက်ဆုံးတွင်ရပ်တည်နေရသဖြင့် ယမန်နေ့က အသင်းနည်းပြဆန်ဒိုဗယ်ကိုထုတ်ပယ်လိုက်ပြီး နာရီပိုင်းအကြာတွင် နည်းပြသစ်ဂွန်ဇာလက်ဇ်ကို အစားထိုးခန့်အပ်ကြောင်း ကြေညာခဲ့သည်။ နည်းပြဆန်ဒိုဗယ်ကို ထုတ်ပယ်ခဲ့ခြင်းနှင့်ပတ်သက်၍ ဂရန်နာဒါအသင်းက ”နည်းပြရာထူးမှ ဆန်ဒိုဗယ်ကို ထုတ်ပယ်လိုက်ကြောင်း ဂရန်နာဒါဘက်မှ အတည်ပြုသည်။ မကြာမီကထွက်ပေါ်ခဲ့သော ရလဒ်များကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်” ဟု ထုတ်ပြန်ခဲ့သည်။ ဂရန်နာဒါမှ နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့သည့် ဂွန်ဇာလက်ဇ်မှာ တရုတ်စူပါလိဂ်ကလပ် ဘေဂျင်းဂိုအန်၏...
Read More

ဘာစီလိုနာသမိုင်းတစ်လျှောက်သွင်းဂိုးစုစုပေါင်း၏ ၄.၃၉ ရာခိုင်နှုန်းကို မက်ဆီသွင်းယူထား

မက်ဆီသည် ၁၈၉၉ ခုနှစ်ကစတင်တည်ထောင်ခဲ့ကာ သက်တမ်း ၁၁၇ နှစ်ရှိပြီဖြစ်သော ဘာစီလိုနာသမိုင်းတစ်လျှောက်သွင်းဂိုးစုစုပေါင်း၏ ၄.၃၉ ရာခိုင်နှုန်းကိုသွင်းယူနိုင်ခဲ့ပြီးဖြစ်ကာ ထိုကိန်းဂဏန်းမှာ ဘာစီလိုနာသွင်းယူထားသောဂိုး ၂၀ တိုင်းတွင် ၁ ဂိုးနှုန်းခန့်ဖြစ်သည်။ ဗုဒ္ဓဟူးနေ့ကကစားခဲ့သော စပို့တင်းဂီဂျွန်နှင့်ပွဲစဉ်တွင် မက်ဆီသည် ၎င်းအတွက် လာလီဂါသွင်းဂိုး ၃၀၀ နှင့်ဘာစီလိုနာသမိုင်းတစ်လျှောက် ဂိုးပေါင်း ၁၀၀၀၀ ပြည့်မြောက်သောဂိုး အပါအ၀င် ၂ ဂိုးသွင်းယူနိုင်ခဲ့သည်။...
Read More

ပထမဆုံးလာလီဂါသွင်းဂိုး ၃၀၀ ပြည့်ကစားသမားအဖြစ် မက်ဆီမှတ်တမ်းဝင်

ဘာစီလိုနာတိုက်စစ်မှူးမက်ဆီသည် စပို့တင်းဂီဂျွန်နှင့်ကစားခဲ့သည့် ယမန်နေ့က လာလီဂါပွဲကျန်တွင် ၂ ဂိုးသွင်းယူခဲ့သဖြင့် လာလီဂါသွင်းဂိုး ၃၀၀ ပြည့်မြောက်သည့် ပထမဆုံးကစားသမားဖြစ်လာခဲ့သည်။ ဘာစီလိုနာမှာလည်း ထိုပွဲအနိုင်ကြောင့် အမှတ်ပေးဇယားဒုတိယနေရာမှအသင်းကို ၆ မှတ်ဖြတ်ထားနိုင်ခဲ့ပြီး ၃၁ ပွဲရှုံးပွဲမရှိစံချိန်ရရှိကာ စပိန်ပြည်တွင်းစံချိန် ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။ မက်ဆီမှာ ၎င်း၏ ၃၀၀ ပြည့်ဂိုးကို ဂိုးဧရိယာပြင်ပမှသွင်းယူခဲ့ပြီး ဆွာရက်ဇ်၏ပေးပို့မှုမှတစ်ဆင့် ဒုတိယဂိုးသွင်းယူခဲ့သည်။ သို့သော် မက်ဆီအတွက်...
Read More

လာလီဂါ ၁ လတာအကောင်းဆုကို တိုက်စစ်မှူးမက်ဆီ ပထမဆုံးအကြိမ်ဆွတ်ခူး

ဘာစီလိုနာတိုက်စစ်မှူးမက်ဆီသည် စပိန်လာလီဂါ၏ ၁ လတာအကောင်းဆုံးဆုကို ပထမဦးဆုံးအကြိမ်အဖြစ် ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ ၎င်းဆုကို ၂၀၁၃-၂၀၁၄ ရာသီကမှစ၍ ၂၂ ကြိမ်ပေးအပ်ခဲ့ပြီးဖြစ်ရာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ၅ ကြိမ်ရရှိထားသည့် လီယွန်နယ်မက်ဆီသည် ၁ ကြိမ်မှရရှိခဲ့ဖူးခြင်းမရှိဘဲ ယခုမှပထမဦးဆုံးအကြိမ်အဖြစ် ဆွတ်ခူးနိုင်ခဲ့ခြင်ြး ဖစ်သည်။ အသက် ၂၈ နှစ်အရွယ်ရှိ အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးမက်ဆီသည် ဇန်န၀ါရီလအတွင်း လာလီဂါ ၅...
Read More

ဘာစီလိုနာတိုက်စစ်မှူးမက်ဆီ ကျောက်ကပ်စစ်ဆေးမှုခံယူနေရ

ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာလတွင် နာကျင်မှုခံစားခဲ့ရသော ဘာစီလိုနာတိုက်စစ်မှူးမက်ဆီ၏ ကျောက်ကပ်အခြေအနေကို ယမန်နေ့က စစ်ဆေးမှုများစတင်ပြုလုပ်ခဲ့သဖြင့် အသင်းလေ့ကျင့်ခန်းအစီအစဉ်နှင့် လွဲချော်ခဲ့ရကြောင်း သိရသည်။ အဆိုပါအာဂျင်တီးနားတိုက်စစ်မှူးသည် ဒီဇင်ဘာလတွင် ကျင်းပခဲ့သော ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံ ဆီမီးဖိုင်နယ်ပွဲစဉ်ကို အဆိုပါဝေဒနာကြောင့် လွဲချော်ခဲ့သော်လည်း ၃ ရက်အကြာတွင်ကျင်ပခဲ့သည့် ဗိုလ်လုပွဲ၌ ပြန်လည်ပါဝင်ကစားနိုင်ခဲ့ပြီး ယခုနှစ်ဘောလုံးရာသီတစ်လျှောက် ပါဝင်ကစားပေးနိုင်ခဲ့သည်။ အသက် ၂၈ နှစ်ရှိ တိုက်စစ်မှူးမက်ဆီနှင့်ပတ်သက်၍ ဘာစီလိုနာအသင်းက...
Read More

ဗလင်စီယာတွင် ၎င်း၏နည်းပြဘ၀ သေဆုံးပြီးသားဖြစ်ကြောင်း ဂယ်ရီနဗီးလ်ပြော

လာလီဂါတွင် ခြေစွမ်းကျဆင်းနေသော ရီးရဲလ်ဘက်တစ်ကို ၁-၀ ဖြင့်ရှုံးနိမ့်ပြီးနောက် ဂယ်ရီနဗီးလ်သည် ဗလင်စီယာတွင် ၎င်း၏နည်းပြဘ၀မှာ သေဆုံးသွားပြီးဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။ ဗလင်စီယာသည် လာလီဂါနောက်ဆုံး ၉ ပွဲတွင် ၄ ပွဲရှုံး ၅ ပွဲသရေရလဒ်သာရရှိအောင် စွမ်းဆောင်ထားနိုင်ပြီး စပိန်ဘုရင့်ဖလားပွဲစဉ်တွင်လည်း ဘာစီလိုနာကို ၇-၀ ဖြင့် ဂိုးပြတ်ရှုံးနိမ့်ထားခဲ့သော်လည်း နီဗီးလ်ကနုတ်ထွက်ရန်ထပ်မံငြင်းဆိုခဲ့သည်။ ဂယ်ရီနဗီးလ်က”အသင်းကိုမရောက်ခင်က ကျွန်တော့်ကို ၅...
Read More
error: Content is protected !!