လာလီဂါ

ကော်တင်ညိုအား ဘာစီလိုနာသို့ပြောင်းရွှေ့ရန် လက်ရွေးစင်အသင်းဖော် နေမာ ကမ်းလှမ်းခဲ့

ဘာစီလိုနာအသင်း၏ အဓိကတိုက်စစ်မှူးဖြစ်သူ နေမာက ဘရာဇီးလက်ရွေးစင်အသင်းဖော်ဖြစ်သည့် လီဗာပူးတောင်ပံကစားသမားကော်တင်ညို၏ ခြေစွမ်းမှာ ဘာစီလိုနာအသင်းနှင့် ထိုက်တန်ကြောင်း၊ ဘာစီလိုနာအသင်းတွင် လက်တွဲပြီး အောင်မြင်မှုများစွာ ရယူလိုကြောင်း ဖွင့်ဟပြောကြားသွားခဲ့ သည်။ ဆောင်းရာသီကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် လီဗာပူးတောင်ပံကစားသမားကော်တင်ညိုအား ခေါ်ယူဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် နေမာအနေဖြင့် ယခုကဲ့သို့ ကမ်းလှမ်းဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ “ကော်တင်ညိုက ထိပ်သီးအသင်းတွေနဲ့ ထိုက်တန်တဲ့ခြေစွမ်းကို ပိုင်ဆိုင်ထားတဲ့ကစားသမားတစ်ဦးပါ။ ဘရာဇီးရဲ့အကောင်းဆုံးတောင်ပံကစားသမားတစ်ဦးဖြစ်သလို အသင်းဖော်တွေနဲ့လည်း လိုက်လျောညီထွေကစားနိုင်တဲ့သူလို့...
Read More

ကာတာလန်ဒေသခွဲထွက်ခွင့်ရရှိခဲ့ပါက ဘာစီလိုနာ၊ အက်စ်ပန်ညိုတို့ လာလီဂါမှ နုတ်ထွက်ရဖွယ် ရှိနေ

စပိန်နိုင်ငံမှ ခွဲထွက်ရန် ကြိုးပမ်းနေသည့် ကာတာလန်ဒေသအနေဖြင့် အောက်တိုဘာလအတွင်းပြုလုပ်မည့် ရွေးကောက်တွင် ခွဲထွက်ခွင့်ရရှိခဲ့ပါက ကာတာလန်ဒေသအခြေစိုက် လက်ရှိချန်ပီယံဘာစီလိုနာအသင်းနှင့် အက်စ်ပန်ညိုအသင်းများအနေဖြင့် လာလီဂါပြိုင်ပွဲမှ နုတ်ထွက်ရဖွယ်ရှိနေကြောင်း လာလီဂါဥက္ကဋ္ဌဖြစ်သူ ဂျာဗီယာတာဘတ်စ်က သတိပေးပြောကြားခဲ့သည်။ အစောပိုင်းကာလတွင် ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမြူအနေဖြင့် စပိန်နိုင်ငံမှ ကာတာလန်ဒေသခွဲထွက်ခဲ့ပါက လာလီဂါပြိုင်ပွဲမှ နုတ်ထွက်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဘာစီလိုနာကစားသမားအချို့မှာလည်း ကာတာလန်လက်ရွေးစင်ဘောလုံးအသင်းအတွက် ပါဝင်ကစားပေးလိုကြောင်းပြောကြားခဲ့မှုများကြောင့် စပိန်ပရိသတ်များအကြား ဝေဖန်မှုများမြင့်တက်လာခဲ့သည်။...
Read More

လီဗာပူးတောင်ပံကစားသမားကော်တင်ညိုအားခေါ်ယူရန် ဘာစီလိုနာပြင်ဆင်နေ

ဘာစီလိုနာအသင်းသည် လာမည့်ဆောင်းရာသီကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် လီဗာပူးတောင်ပံကစားသမားကော်တင်ညိုအားခေါ်ယူရန် ပြင်ဆင်နေကြောင်း စပိန်မီဒီယာများမှဖော်ပြ လျက်ရှိသည်။ ဘရာဇီးလက်ရွေးစင်ကွင်းလယ်ကစားသမားဖြစ်သူ ကော်တင်ညိုအနေဖြင့် လီဗာပူးအသင်းတွင်တွဲကစားခဲ့ဖူးသည့် အသင်းဖော်ဟောင်းဆွာရက်ဇ်၏ကမ်းလှမ်းမှုအား လက်ခံရရှိခဲ့ပြီးနောက် ယခုကဲ့သို့သတင်းများထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါသတင်းနှင့်ပတ်သက်၍ အသင်း ၂ သင်းလုံးက အတည်ပြုချက်ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း စပိန်မီဒီယာများကမူ ဘာစီလိုနာအသင်းအနေဖြင့် လာမည့်နွေရာသီကစားသမားအပြောင်းအရွှေ့တွင် ကော်တင်ညိုအားခေါ်ယူရန် ရာနှုန်းပြည့်နီးပါးသေချာနေကြောင်း အခိုင်အမာဖော်ပြနေခဲ့ခြင်းဖြစ်သည်။...
Read More

စီရော်နယ်ဒိုကဲ့သို့ တစ်ရာသီသွင်းဂိုး ၅၀ ရရန် မဖြစ်နိုင်ဟု ရာအူးလ်ဆို

ရီးရဲလ်တိုက်စစ်မှူးဟောင်း ရာအူးလ်က စီရော်နယ်ဒိုအနေဖြင့် အသင်းအတွက်ဂိုးများစွာဆက်လက်သွင်းယူပေးနေမည့်သူဖြစ်ကြောင်း၊ အခြားတိုက်စစ်မှူးများ တစ်ရာသီသွင်းဂိုး ၂၀ ရရှိရန် ရုန်းကန်နေရသဖြင့် ၎င်းကဲ့သို့ ဂိုး ၅၀ သွင်းယူရန်မှာ မဖြစ်နိုင်ကြောင်း ဆိုခဲ့သည်။ တိုက်စစ်မှူးစီရော်နယ်ဒိုသည် ရီးရဲလ်အတွက် နောက်ဆုံးကစားခဲ့သည့် ပွဲစဉ် ၂ ပွဲတွင် သွင်းဂိုး ၈ ဂိုးအထိရရှိခဲ့ခြင်းကြောင့် တိုက်စစ်မှူးဟောင်းရာအူးလ် တင်ထားခဲ့သည့် ဂိုးသွင်းအများဆုံးစံချိန်အား လိုက်မီရန်...
Read More

ဘာစီလိုနာအနေဖြင့် ပြိုင်ဘက်ရီးရဲလ်ထက် ပိုမိုထက်မြက်သည့်ခြေစွမ်းကို ပိုင်ဆိုင် ထားကြောင်း ကလွိုင်းဗတ် သုံးသပ်

နယ်သာလန်လက်ထောက်နည်းပြဟောင်းဖြစ်သူ ပက်ထရစ်ကလွိုင်းဗတ်က လက်ရှိလာလီဂါချန်ပီယံ ဘာစီလိုနာအသင်းအနေဖြင့် ပြိုင်ဘက်ရီးရဲလ်အသင်းထက် ပိုမိုထက်မြက်သည့်ခြေစွမ်းကို ပိုင်ဆိုင်ထားကြောင်း၊ မက်ဆီမှာလည်း စီရော်နယ်ဒိုထက် ပိုကောင်းသည့်ကစားသမားတစ်ဦးဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ ဘာစီလိုနာအသင်းနှင့်အတူ လာလီဂါချန်ပီယံဆုရရှိခဲ့ဖူးသည့် ကစားသမားဟောင်းဖြစ်သူ ကလွိုင်းဗတ်အနေဖြင့် လက်ရှိအချိန်တွင် ကာရစ်ဘီယံဒေသမှ ကူရာကာအိုလက်ရွေးစင်အသင်းအား တာဝန်ယူကိုင်တွယ်လျက်ရှိပြီး ဆွာရက်ဇ်၊ နေမာ၊ မက်ဆီတို့ ပါဝင်သည့် ဘာစီလိုနာတိုက်စစ်မှာ စီရော်နယ်ဒိုတစ်ဦးတည်းကိုသာအားပြုကစားနေရသည့် ရီးရဲလ်တိုက်စစ်ထက် ပိုမိုသာလွန်ကောင်းမွန်ကြောင်း သုံးသပ်ခဲ့ခြင်းဖြစ်သည်။...
Read More

ရာသီကုန်အထိ ရာဖင်ညာအနားယူရတော့မည်ဖြစ်ကြောင်း ဘာစီလိုနာအတည်ပြု

ဘာစီလိုနာလူငယ်ကွင်းလယ်ကစားသမားဖြစ်သူ ရာဖင်ညာသည် ရိုးမားအသင်းနှင့် သရေကျခဲ့သည့်ပွဲစဉ်တွင် ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့ခြင်းကြောင့် ရာသီကုန်အထိအနားယူရတော့မည်ဖြစ်ကြောင်း အသင်းမှအတည်ပြုခဲ့သည်။ ဘရာဇီးလက်ရွေးစင် လူငယ်ကွင်းလယ်ကစားသမားဖြစ်သူ ရာဖင်ညာသည် ရိုးမားအသင်းနှင့် ပွဲစဉ်တွင် ကွင်းလယ်ကစားသမားဖြစ်သူ ရာကီတစ်နှင့် လူစားလဲပြီးနောက် ၅ မိနစ်အကြာတွင် ရိုးမားဂိုးသမားဖြစ်သူ ရှက်ဇီနီနှင့် ထိခိုက်မိသဖြင့် ဒူးအရွတ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး မာရှေယာနိုနှင့် ပြန်လည်လူစားလဲခဲ့ရသည်။ ဘာစီလိုနာအသင်း၏ သတင်းထုတ်ပြန်မှုတွင် ရာဖင်ညာအနေဖြင့် ညာဘက်ဒူးအရွတ်စုတ်ပြဲသွားခဲ့ကြောင်း၊ ဆိုးရွားသည့်ဒဏ်ရာအခြေအနေကြောင့်...
Read More

အသင်းအတွက် အာရုံပိုစိုက်ရန် လိုအပ်နေပြီဟု အသင်းသားများကို ဆီဗီလာနည်းပြ သတိပေး

ဆီဗီလာနည်းပြဖြစ်သူ အမ်မရီက ဆိုးရွားသည့်ရာသီအဖွင့်ရလဒ်အတွက် စိတ်မကောင်းကြောင်း၊ ၃ ပွဲကစားပြီးချိန်အထိ နိုင်ပွဲမရရှိခဲ့သည်က ဆိုးရွားလွန်းကြောင်း၊ အသင်းသားများအနေဖြင့် အာရုံပိုစိုက်ရန် လိုအပ်နေပြီဖြစ်ကြောင်း သတိပေးပြောကြားသွားခဲ့သည်။ လာလီဂါပွဲစဉ်-၃အဖြစ် လီဗန်တေးနှင့်သရေကျခဲ့သည့် ဆီဗီလာအသင်းသည် ယခုနှစ်ဘောလုံးရာသီသစ်၌ နိုင်ပွဲလုံးဝပျောက်ဆုံးနေခဲ့ပြီး အဆိုးရွားဆုံးရာသီအစကို ဖြတ်သန်းနေရသည်။ “ပြီးခဲ့တဲ့ရာသီကလို နိုင်ပွဲတွေရဖို့အတွက်  ပိုပြီးအာရုံစိုက်ဖို့ လိုအပ်နေပါပြီ။ ရမှတ် ၂ မှတ်ရရှိထားရုံနဲ့ မလုံလောက်သေးပါဘူး။ နိုင်ပွဲရရှိဖို့အတွက်...
Read More

ဘက်တစ်လူငယ်ကစားသမား ကာဘယ်လော့စ်အား စိတ်ဝင်စားသည့်အသင်းများတွင် ချဲလ်ဆီးပါဝင်လာ

ပရီးမီးယားလိဂ် ကလပ်အသင်းကြီး များဖြစ်သည့် လီဗာပူး၊ အာဆင်နယ်အသင်းတို့၏ စိတ်ဝင်စားခြင်းခံနေရသည့် စပိန်ယူ-၂၁လက်ရွေးစင် ဘက် တစ်ကွင်းလယ်ကစားသမားဖြစ်သူ ကာဘယ်လော့စ်အား ခေါ်ယူရန် ပြင်ဆင်နေသည့် အသင်းများတွင် ချဲလ်ဆီးအသင်းလည်း ပါဝင်လာခဲ့ကြောင်း အသင်းမှ သတင်းထုတ်ပြန်ခဲ့သည်။ စပိန်လက်ရွေးစင်ကွင်းလယ်ကစားသမားဖြစ်သူ အလွန်ဆိုလက်သစ်အဖြစ် နာမည်ကြီးနေသူဖြစ်ပြီး ကွင်းလယ်ခံစစ်ကစားသမားလိုအပ်နေသည့် ချဲလ်ဆီးအသင်းအနေဖြင့် အနာဂတ်တွင် မီခေးလ်၊ မာတစ်တို့၏ နေရာတွင် အစားထိုးရန်အတွက် အဆိုပါကစားသမားအား...
Read More

လက်ရွေးစင် အသင်း အတွက် ကစားနေသူအား ဝေဖန်ခြင်းမှာ သနားစရာ လုပ်ရပ်ဟု ဘာစီလိုနာ နည်းပြတုံ့ပြန်

ဘာစီလိုနာ အသင်း နည်းပြ လူးဝစ် အန်းနရစ်က  နောက်ခံ လူ ပီကေး အနေဖြင့် ဝေဖန် မှုများ ရှိနေသော် လည်း ပရော်ဖက် ရှင်နယ် ပီသစွာ ရင် ဆိုင်ကျော်ဖြတ်နေကြောင်း၊ နိုင်ငံ အသင်း အား ကိုယ်စားပြု ကစားနေသည့် ကစား သမား အပေါ် ဝေဖန်နေသူ များ၏...
Read More

ဘင်နီတက်ဇ်မှာ မော်ရင်ညိုထက် ပိုတော်သူဟု ရီးရဲလ်ဥက္ကဋ္ဌချီးကျူး

စပိန်ထိပ်သီးရီးရဲလ်အသင်း၏ ဥက္ကဋ္ဌဖြစ်သူပီရက်ဇ်က အသင်းအားလက်ရှိတာဝန်ယူကိုင်တွယ်နေသည့် နည်းပြဘင်နီတက်ဇ်မှာ နည်းပြဟောင်းမော်ရင်ဟိုထက် ပိုတော်သည့်နည်းပြတစ်ဦးဖြစ်ကြောင်း၊ ချဲလ်ဆီးအသင်းကဲ့သို့ မော်ရင်ညိုကို တစ်ကျော့ပြန် တာဝန်ပေးမည်မဟုတ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ ရီးရဲလ်နည်းပြသစ်ဖြစ်သူ ဘင်နီတက်ဇ်အနေဖြင့် ရာသီအဖွင့်ပွဲစဉ်နှစ်ပွဲတွင် ရှုံးပွဲမရှိရလဒ်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ခြင်း ကြောင့် ဥက္ကဋ္ဌဖြစ်သူ၏ ယုံကြည်မှုအပြည့်ရရှိထားနိုင်ခဲ့သည်။ “မော်ရင်ညိုကို တစ်ကျော့ပြန်ခေါ်ယူဖို့အစီအစဉ်မရှိပါဘူး။ အသင်းရလဒ်ကောင်းဖို့အတွက်အမှန်တကယ်လိုအပ်နေရင်တောင် တခြားနည်းပြတစ်ဦးကိုပဲ အစားထိုးခန့်အပ်မှာပါ။ အဲဒီအတွက် ဘင်နီတက်ဇ်လို ထိပ်တန်းနည်းပြမျိုးကို ပိုင်ဆိုင်ထားပြီးပါပြီ။...
Read More
error: Content is protected !!