လာလီဂါ
လာလီဂါ
ဂျာမနီကလပ်လေဗာကူဆင်အသင်းနှင့်ချန်ပီယံလိဂ်ပွဲစဉ်တွင် တံကောက်ကြောဒဏ်ရာရရှိခဲ့သည့် ဘာစီလိုနာကွင်းလယ်ကစားသမား အင်နီယေစတာမှာ ၂ လခန့်အနားယူရဖွယ်ရှိနေကြောင်း သိရှိရသည်။ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်တွင် ရိုးမားအသင်းနှင့် သရေကျခဲ့သည့် ဘာစီလိုနာမှာ လေဗာကူဆင်အသင်းအားအနိုင်ရရှိခဲ့သည့်အတွက် အမှတ်ပေးဇယားအား ဦးဆောင်ခွင့်ရရှိခဲ့သော်လည်း အဓိကကစားသမားများဖြစ်သည့် အင်နီယေစတာ၊ မက်ဆီ၊ ဗာမယ်လန်၊ ရာဖင်ညာတို့ ဒဏ်ရာရရှိနေခဲ့ခြင်းကြောင့် နည်းပြအန်းနရစ်အတွက် အခက်အခဲဆုံးအခြေအနေဖြစ်နေကြောင်း စပိန်မီဒီယာများမှဖော်ပြလျက်ရှိသည်။ အင်နီယေစတာ၏ ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ အသင်းမှတရားဝင်ထုတ်ပြန်ခြင်းမရှိသေးသော်လည်း စပိန်အားကစားမီဒီယာတစ်ခုဖြစ်သည့် AS.com၏...
Read More
လာလီဂါ
ဘာစီလိုနာအသင်းမှ ဘရာဇီးလက်ရွေးစင်တိုက်စစ်မှူးနေမာ၏ အေးဂျင့်အဖြစ်ဆောင်ရွက်နေသည့် ၎င်း၏ဖခင်က နေမာအနေဖြင့် ကစားသမားဘ၀နောက်ဆုံးအချိန်ကို စပိန်ထိပ်သီးအသင်းကြီးတစ်သင်းဖြစ်သည့် ရီးရဲလ်အသင်းတွင် ကုန်ဆုံးဖွယ်ရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့တွင် မန်ယူအသင်းထံပြောင်းရွှေ့ရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း ၀န်ခံပြောကြားခဲ့ပြီးနောက် တိုက်စစ်မှူးနေမာအနေဖြင့် ဘာစီလိုနာအသင်းမှ ထွက်ခွာတော့မည့် သတင်းများဆက်တိုက်ထွက်ပေါ်လာခဲ့သည်။ လာလီဂါကစားသမားအေးဂျင့်တစ်ဦးဖြစ်သူ ရီဘာရီယိုက နေမာ၏ဖခင်ဖြစ်သူအနေနှင့် ၎င်း၏သားဖြစ်သူအား ကစားသမားဘ၀နောက်ဆုံးအချိန်အတွက် ရီးရဲလ်အသင်းကို ရွေးချယ်ရန်အကြံပေးခဲ့ကြောင်း၊ နေမာအနေဖြင့်အချိန်ကာလအနည်းငယ်အတွင်း ဥရောပဘောလုံးလောကမှ ပြောင်းရွှေ့ဖွယ်ရှိနေကြောင်းနှင့်...
Read More
လာလီဂါ
ဘာစီလိုနာအသင်းဆရာဝန်ဗီလာနီက လက်စ်ပါးမက်အသင်းနှင့်ပွဲစဉ်တွင် ဒူးဒဏ်ရာရရှိခဲ့သည့်မက်ဆီ၏ ဒဏ်ရာအခြေအနေမှာ ပြင်းထန်ခြင်းမရှိကြောင်း၊ သတင်းများထွက်ပေါ်နေသည့်အတိုင်း ၂ လအထိ အနားယူရန်မလိုအပ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ မက်ဆီသည် လက်စ်ပါးမက်စ်အသင်းဂိုးသမားနှင့်ထိခိုက်မိခဲ့ပြီးနောက် ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ အလျင်အမြန်သွားရောက်ကာ ဆေးစစ်မှုခံယူခဲ့ရသည်။ ယင်းအတွက်ကြောင့် အသင်းနည်းပြက မက်ဆီမှာ ၂ လခန့်အနားယူရဖွယ်ရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ”ကနဦးသတင်းတွေမှာဖော်ပြထားသလို မက်ဆီရဲ့ဒဏ်ရာက ပြင်းထန်မှုမရှိပါဘူး။ အချိန်အနည်းငယ်လောက်အနားယူလိုက်ရင် အဆင်ပြေသွားမှာပါ။ ဒူးအရွတ်စုတ်ပြဲဒဏ်ရာဆိုပေမယ့်...
Read More
လာလီဂါ
ဘာစီလိုနာနှင့် ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်း ပီတစ်က စပိန်လာလီဂါတွင်ကြုံတွေ့နေသည့် ပြဿနာများမှာ စပိန်နှင့်ကာတာလန်ဒေသနှစ်ခုအကြား လူမျိုးရေးခွဲခြားမှုများကြီးမားနေခြင်းက အဓိကပြဿနာဖြစ်ကြောင်း၊ ကာတာလန်ဒေသသားများမှာ စပိန်ဘာသာစကားပြောရန် ခါးသီးစွာငြင်းဆန်နေသူများဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ ပြင်သစ်လက်ရွေးစင်အသင်းနှင့်အတူ ကမ္ဘာ့ဖလား၊ ဥရောပဖလားများရရှိခဲ့ဖူးသည့် ပီတစ်သည် ၂၀၀၀ခုနှစ်တွင် အာဆင်နယ်အသင်းမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဘောလုံးရာသီတစ်ရာသီသာ ပါဝင်ကစားခဲ့ကာ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းထံ ပြန်လည်ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ “ကာတာလန်ဒေသသားတွေနဲ့ စပိန်နိုင်ငံသားတွေကြားမှာ လူမျိုးရေးခွဲခြားမှုကြီးမားနေတာက...
Read More
လာလီဂါ
ရီးရဲလ်နည်းပြဘင်နီတက်ဇ်က ရှုံးပွဲမရှိရလဒ်ဖြင့် အမှတ်ပေးဇယားအားဦးဆောင်နိုင်နေသော်လည်း ချန်ပီယံဆုအတွက် မသေချာသေးကြောင်း၊ အောက်တိုဘာလအတွင်းယှဉ်ပြိုင်ရမည့်ပွဲစဉ်များမှာ ချန်ပီယံဆုအတွက်အဆုံးအဖြတ်ပေးမည့်ပွဲစဉ်များ ဖြစ်လာနိုင်ကြောင်း ၀န်ခံပြောကြားသွားခဲ့သည်။ လာလီဂါပွဲစဉ် ၅ အပြီး ရမှတ် ၁၃မှတ်ဖြင့်အမှတ်ပေးဇယားအားဦးဆောင်နေသည့် ရီးရဲလ်အသင်းသည် အောက်တိုဘာလအတွင်း အက်သလက်တီကို၊ လီဗန်တေး၊ ဆယ်တာဗီဂိုအသင်းများနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည့်အတွက် အမှတ်ပေးဇယားရပ်တည်မှုအပြောင်းအလဲဖြစ်ပေါ်လာနိုင်၍ နည်းပြဘင်နီတက်ဇ်မှ ယခုကဲ့သို့သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။ “အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတယ်ဆိုပေမယ့် ဖိအားဒဏ်တော့မရှိပါဘူး။ ရလဒ်ကောင်းဖို့အတွက်ပဲ အာရုံစိုက်နေကြတာပါ။...
Read More
လာလီဂါ
တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရသည့် ဘာစီလိုနာနောက်ခံလူ ဂျော်ဒီအယ်လ်ဘာသည် အသင်းလေ့ကျင့်ရေးအစီအစဉ်များတွင် ပြန်လည်ပါဝင်နိုင်ခဲ့ပြီဖြစ်၍ တန်းတက်လက်စ်ပါးမက်စ်နှင့် ပွဲစဉ်တွင် အသင်းအတွက် ပြန်ကစားပေးနိုင်တော့မည်ဖြစ်ကြောင်း နည်းပြအန်းနရစ်က အတည်ပြုပြောကြားခဲ့သည်။ နောက်ခံလူဂျော်ဒီအယ်လ်ဘာအနေဖြင့် စက်တင်ဘာပထမပတ်အတွင်းက ဘာစီလိုနာ-ဘီအသင်းနှင့်အတူလေ့ကျင့်မှုများပြန်လည်ပြုလုပ်နိုင်ခဲ့ပြီး အသင်းကြီးအတွက် ပြန်လည်ကစားနိုင်ရန်အသင့်ဖြစ်နေပြီဟု လူငယ်အသင်းနည်းပြများက အတည်ပြုခဲ့ခြင်းဖြစ်သည်။ လက်ရှိချန်ပီယံဘာစီလိုနာအသင်းသည် ဆယ်တာဗီဂိုအား အရေးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယားအဆင့် ၅ နေရာသို့ ဆင်းပေးခဲ့ရသည့်အတွက် နည်းပြအန်းနရစ်က အမှတ်ပေးဇယားအား...
Read More
လာလီဂါ
စပိန်လာလီဂါကလပ်အက်စ်ပန်ညိုအသင်းဥက္ကဋ္ဌ ဂျိုအန်ကော်လက်က စပိန်နိုင်ငံမှ ကာတာလန်ဒေသခွဲထွက်မည့်အခြေအနေမှာ အားကစားအသင်းတစ်သင်းဖြစ်သည့် အက်စ်ပန်ညိုအသင်းနှင့်မသက်ဆိုင်ကြောင်း၊ အသင်းအနေဖြင့် လာလီဂါတွင်သာ ဆက်လက်ယှဉ်ပြိုင်ကစားလိုကြောင်းနှင့် မြို့ခံပြိုင်ဘက်ဘာစီလိုနာအသင်းကိုလည်း လာလီဂါတွင်ဆက်လက်မြင်တွေ့လိုကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ နိုင်ငံအတွင်းမှခွဲထွက်ပြီး သီးခြားနိုင်ငံတည်ထောင်လိုနေသည့် ကာတာလန်အစိုးရအနေဖြင့် ၂၀၁၅ ဒီဇင်ဘာတွင်ပြုလုပ်မည့် ရွေးကောက်ပွဲ၌ အနိုင်ရရှိပြီး သီးသန့်ခွဲထွက်ခဲ့ပါက ဘာစီလိုနာအသင်းနှင့်အက်စ်ပန်ညိုအသင်းတို့သည် စည်းမျဉ်းများအရ လာလီဂါပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်ခွင့်ရရှိတော့မည်မဟုတ်ပေ။ ယင်းအတွက်ကြောင့် ပြိုင်ပွဲမှနုတ်ထွက်ရမည့်အခြေအနေအပေါ် အက်စ်ပန်ညိုဥက္ကဋ္ဌက ပြိုင်ပွဲမှမထွက်လိုကြောင်းဆိုခဲ့ခြင်းဖြစ်သည်။...
Read More
လာလီဂါ
စပိန်အားကစားကောင်စီဥက္ကဋ္ဌ မီဂွယ်လ်ကာဒီနယ်က စပိန်နိုင်ငံမှခွဲထွက်ရန်ပြင်ဆင်နေသည့် ကာတာလန်အစိုးရတာဝန်ရှိသူများအနေဖြင့် မဲဆွယ်မှုပြုလုပ်ရာ၌ အားကစားအသင်းများကို ခုတုံးလုပ်၍ မဲဆွယ်ခြင်းမပြုလုပ်ရန် တောင်းဆိုလိုက်သည်။ ကာတာလန်အစိုးရအနေဖြင့် ၂၀၁၅ ဒီဇင်ဘာတွင်ပြုလုပ်မည့် ရွေးကောက်တွင် စပိန်နိုင်ငံမှခွဲထွက်ရန်ပြင်ဆင်လျက်ရှိနေခြင်းကြောင့် ကာတာလန်အခြေစိုက် စပိန်ထိပ်သီးအသင်းများဖြစ်သည့် ဘာစီလိုနာ၊ အက်စ်ပန်ညိုအသင်းများမှာလည်း လာလီဂါပြိုင်ပွဲမှ ထွက်ခွာဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် အားကစားကောင်စီဥက္ကဋ္ဌက ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ “ဘာစီလိုနာအသင်းဥက္ကဋ္ဌရဲ့မှတ်ချက်ပြုပြောစကားအရ ဘာစီလိုနာအသင်းအနေနဲ့ လာလီဂါကနေထွက်ခွာဖို့မရှိပါဘူး။ ဒါပေမဲ့...
Read More
လာလီဂါ
ဘာစီလိုနာဥက္ကဋ္ဌဘာတိုမြူက ကမ္ဘာ့ထိပ်တန်းအသင်းတစ်သင်းအဖြစ်ရပ်တည်ရန်အတွက် ဈေးကွက်ပိုင်းအရယှဉ်ပြိုင်ရာတွင် ပရီးမီးယားလိဂ်မှာ လာလီဂါ၏ အဓိကပြိုင်ဘက်ဖြစ်ကြောင်း၊ ဥရောပအဆင်ြ့ပိုင်ပွဲများတွင် လာလီဂါအသင်းအချို့အောင်မြင်နေသော်လည်း ပရိသတ်စိတ်ဝင်စားမှုအများဆုံးအဖြစ် ပရီးမီးယားလိဂ်ပြိုင်ပွဲက ရပ်တည်လျက်ရှိကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။ “ရုပ်သံထုတ်လွှင့်မှုပိုင်းဆိုင်ရာအရ လာလီဂါရဲ့အဓိကပြိုင်ဘက်က ပရီးမီးယားလိဂ်ပြိုင်ပွဲလို့ ပြောချင်ပါတယ်။ အက်ဖ်အေတာဝန်ရှိသူတွေအနေနဲ့ ရုပ်သံထုတ်လွှင့်ခွင့်ဆိုင်ရာမူဝါဒများအရ အသင်းတိုင်းအပေါ်အချိုးတူမျှဝေထားမှုကလည်း ပရိသတ်စိတ်ဝင်စားမှုအမြင့်ဆုံးအဖြစ်ရပ်တည်နေခဲ့တာပါ။ လာလီဂါမှာ ရီးရဲလ်၊ ဘာစီလိုနာတို့သာ အပြည့်အ၀ရရှိထားတဲ့ ရုပ်သံထုတ်လွှင့်မှုဥပဒေမူတွေကြောင့် စပိန်အသင်းအချို့အပေါ် ပြည်ပပရိသတ်စိတ်ဝင်စားမှုမှာ နည်းပါးနေတယ်လို့...
Read More
လာလီဂါ
ဘာစီလိုနာနည်းပြအန်းနရစ်က လက်ရှိချန်ပီယံဆုကာကွယ်ရန်နှင့် အမှတ်ပေးဇယားအားဆက်လက်ဦးဆောင်ခွင့်ရရှိရန်အတွက် ဆယ်တာဗီဂိုအသင်းနှင့် ပွဲစဉ်တွင် ကျိန်းသေပေါက်အနိုင်ရရှိရန်လိုအပ်ကြောင်း၊ ကစားသမားများအနေဖြင့် ရွေးကောက်ပွဲသတင်းများနှင့် ကာတာလန်ဒေသခွဲထွက်ရေး သတင်းများအပေါ် အာရုံမစိုက်သင့်ကြောင်း သတိပေးပြောကြားခဲ့သည်။ ကာတာလန်ဒေသအနေဖြင့် စပိန်နိုင်ငံမှခွဲထွက်ဖြစ်ခဲ့ပါက ဘာစီလိုနာအသင်းအနေဖြင့် လာလီဂါပြိုင်ပွဲတွင်ဆက်လက်ယှဉ်ပြိုင်ခွင့်မရရှိနိုင်ကြောင်း လာလီဂါဥက္ကဋ္ဌ၏ မှတ်ချက်ပြုပြောကြားထားသော်လည်း အသင်းပွဲစဉ်များအပေါ်တွင်သာ ပိုမိုအာရုံစိုက်ရန် နည်းပြအန်းနရစ်က သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။ “ဆယ်တာဗီဂိုအသင်းဆိုတာ အခက်အခဲဆုံးပြိုင်ဘက်တွေထဲက တစ်သင်းပါ။ နိုင်ငံတွင်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေအပေါ်...
Read More