လာလီဂါ

မက်ဒရစ်ဒါဘီအပြီး မှတ်ချက်စကားအတွက် ရာမို့စ်ကို ဘင်နီတက်ဇ်ဖြေရှင်း

မက်ဒရစ်ဒါဘီပွဲအပြီးတွင် နောက်ခံလူရာမို့စ်အားပြောကြားခဲ့သည့် မှတ်ချက်များနှင့်ပတ်သက်ပြီး ရီးရဲလ်နည်းပြဘင်နီတက်ဇ်က ရာမို့စ်အား ဖုန်းခေါ်ဆိုကာ ပြန်လည်ဖြေရှင်းခဲ့ကြောင်း သိရှိရသည်။ ထိုပွဲတွင် ရာမို့စ်၏လူပေးမှားမှုမှတစ်ဆင့် အက်သလက်တီကိုအသင်း ဘောလုံးရသွားပြီး ထိုဘောလုံးအား လိုက်လံတားဆီးရာတွင် ကြမ်းတမ်းခဲ့သည့်အတွက် ပင်နယ်တီပေးလိုက်ရခြင်းအပေါ် ဘင်နီတက်ဇ်က ပွဲအပြီးတွင် ဝေဖန်ခဲ့သည်။ ထိုအဖြစ်နှင့်ပတ်သက်ပြီး ဘင်နီတက်ဇ်က “ကျွန်တော်စိတ်အပျက်ဆုံးက မဖြစ်သင့်ဘဲဖြစ်ခဲ့တဲ့ ရာမို့စ်ရဲ့အမှားပါ” ဟု ဝေဖန်ခဲ့ခြင်းဖြစ်သည်။ ထိုဝေဖန်မှုအား ၂...
Read More

အခွန်ကိစ္စ မက်ဆီဘက်မှ ဘာစီလိုနာရပ်တည်

ဘာစီလိုနာအသင်းသည် အခွန်တိမ်းရှောင်မှုဖြင့် အမှုရင်ဆိုင်နေရသော မက်ဆီဘက်မှ ထောက်ခံကြောင်းကြေညာလိုက်ပြီး မိမိတို့အသင်းကို တရားမျှတမှုမရှိ ပစ်မှတ်ထားနေသည့် ဆုံးဖြတ်ချက်များကို ရင်ဆိုင်ချေဖျက်သွားမည်ဟု ဆိုလိုက်သည်။ ပြီးခဲ့သည် ကြာသပတေးနေ့က မက်ဆီနှင့် ၎င်း၏ဖခင်မှာ အခွန်တိမ်းရှောင်မှုဖြင့် တရားရင်ဆိုင်ရမည်ဟု စပိန်တရားရုံးတစ်ခုက အမိန့်ထုတ်ခဲ့သည်။ ထို့ကြောင့် ဘာစီလိုနာက ယခုဖြစ်စဉ်မှာ တကယ့်အဖြစ်မှန်နှင့် လုံးဝပြောင်းပြန်ဖြစ်ပြီး မက်ဆီတို့သားအဖအား စွဲချက်တင်ထားသည့် အစိုးရရှေ့နေမှာ ယခုအမှုအား...
Read More

ပရီးမီးယားလိဂ်ကဲ့သို့ အောင်မြင်မှုများရရှိရန် လိုအပ်နေပြီဖြစ်ကြောင်း လာလီဂါဥက္ကဋ္ဌ ဆို

စပိန်လာလီဂါဥက္ကဋ္ဌ ဟာဗီးယားတာဘက်စ်က လာလီဂါအသင်းများအနေဖြင့် ဥရောပချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိနေသော်လည်း ပရီးမီးယားလိဂ်ကဲ့သို့ ၀င်ငွေမြောက်များစွာရရှိပြီး အောင်မြင်မှုရရှိရန် လိုအပ်နေပြီဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ လာလီဂါဥက္ကဋ္ဌ ဟာဗီးယားတာဘက်စ်က လက်ရှိဥရောပပြိုင်ပွဲများတွင် အောင်မြင်မှုများစွာရရှိနေသော်လည်း ရုပ်သံမီဒီယာများမှတစ်ဆင့် ၀င်ငွေများစွာရရှိနေသည့် ပရီးမီးယားလိဂ်ကဲ့သို့ ရပ်တည်နိုင်ရန် ဆန္ဒရှိနေခြင်းလည်းဖြစ်သည်။ “လာလီဂါပွဲစဉ်တွေအနေနဲ့ ပြည်တွင်းပရိသတ်တွေအတွက် ဆွဲဆောင်မှုရှိတဲ့ ပြိုင်ပွဲတစ်ပွဲဖြစ်နေပါတယ်။ အဲဒီအတွက် ဖီဖာ၊ ယူအီးအက်ဖ်အေတို့ရဲ့ အကူအညီတွေနဲ့အတူ...
Read More

အခွန်တိမ်းရှောင်မှုကြောင့် မက်ဆီ၏ဖခင် ထောင်ဒဏ်ချမှတ်ခံရဖွယ်ရှိနေ

အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီ၏ ဖခင်ဖြစ်သူ ဂျော့ဂ်ျမက်ဆီအနေဖြင့် ၂၀၀၇ မှ ၂၀၀၉ ကာလအတွင်း အခွန်တိမ်းရှောင်မှုများရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် ထောင်ဒဏ် ၁၈ လနှင့် ဒဏ်ကြေးငွေ ယူရို ၂ သန်းပေးဆောင်ရမည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။ အစောပိုင်းတွင် ဂျော့ဂ်ျမက်ဆီအပါအ၀င် သားဖြစ်သူ လီယွန်နယ်မက်ဆီကိုပါ အခွန်တိမ်းရှောင်မှုအတွင်း ပါဝင်ခဲ့ကြောင်း စပိန် အာဏာပိုင်များမှ သံသယ၀င်ခဲ့ပြီး...
Read More

ပေးဂိုးမရှိစွမ်းဆောင်ထားနိုင်ခဲ့ခြင်းမှာ ခံစစ်အသားပေးကစားပုံကြောင့် မဟုတ်ဟု ရီးရဲလ်နည်းပြဆို

ရီးရဲလ်နည်းပြဘင်နီတက်ဇ်က လာလီဂါပွဲစဉ်များတွင် ရှုံးပွဲမရှိကစားထားနိုင်ခဲ့သည့်အပြင် ပေးဂိုးအနည်းဆုံးအသင်းအဖြစ် စွမ်းဆောင်ထားနိုင်ခြင်းမှာ ခံစစ်အသားပေးကစားပုံကြောင့် မဟုတ်ကြောင်း၊ ခံစစ်တွင် ဘတ်စ်ကားတစ်စီးပိတ်ဆို့ထားသည့်အတိုင်း ကစားလေ့မရှိကြောင်း ဝေဖန်မှုများအပေါ် ပြန်လည်တုံ့ပြန်သွားခဲ့သည်။ လာလီဂါ အမှတ်ပေးဇယားအဆင့် ၂ နေရာတွင် ရပ်တည်နေသည့် ရီးရဲလ်အသင်းသည်  ပွဲစဉ် ၇ ပြီးဆုံးချိန်အထိ ပေးဂိုး ၂ ဂိုးသာရှိခဲ့ခြင်းကြောင့် နည်းပြသစ်လက်ထက်၌ တိုက်စစ်ထက် ခံစစ်ကို ပိုမိုအသားပေးကစားလာကြောင်း...
Read More

တရားမ၀င်လက်နက်ကိုင်ဆောင်မှုဖြင့် မက်ဆီ၏ အစ်ကိုဖြစ်သူ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရ

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ၏ အစ်ကိုဖြစ်သူသည် အာဂျင်တီးနားနိုင်ငံ၌ တရားမ၀င်လက်နက်ကိုင်ဆောင်မှု၊ လိုင်စင်မဲ့လက်နက်များ သယ်ဆောင်မှုများကြောင့် ရဲတပ်ဖွဲ့က ခေါ်ယူထိန်းသိမ်းခဲ့ကြောင်း စပိန်သတင်းဌာန Marca ၏ ဖော်ပြချက်အရ သိရသည်။ မာသီးယက်စ်အမည်ရ မက်ဆီ၏အစ်ကိုဖြစ်သူသည် တနင်္ဂနွေနေ့အစောပိုင်းတွင် ၎င်း၏ အော်ဒီကားအား သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင့်ခဲ့သည့်အတွက် ယာဉ်ထိန်းရဲကစစ်ဆေးမှုကို လက်မခံခဲ့သည့်အပြင် ကားနှင့်ပတ်သက်သည့် စာရွက်စာတမ်းများထုတ်ပြရန် ငြင်းဆန်ခဲ့ကြောင်းလည်း သိရသည်။ ယင်းကဲ့သို့...
Read More

နိုင်ပွဲရရန် ရုန်းကန်နေရသော်လည်း အတောင့်တင်းဆုံးအသင်းအဖြစ် ရပ်တည်နေဆဲဟု ရီးရဲလ်နည်းပြ ဆို

ရီးရဲလ်နည်းပြဘင်နီတက်ဇ်က ရာသီအစပွဲစဉ်များတွင် နိုင်ပွဲရရှိရန် ရုန်းကန်နေရသော်လည်း လာလီဂါ၏အတောင့်တင်းဆုံးအသင်းအဖြစ် ရပ်တည်နေဆဲဖြစ်ကြောင်း၊ ချန်ပီယံဆုရရှိရန် လိုအပ်ချက်အနည်းငယ်ကိုသာ ပြင်ဆင်ရန်လိုအပ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ နည်းပြသစ်ဘင်နီတက်ဇ်အနေဖြင့် လာလီဂါပွဲစဉ် ၇ အပြီးအထိ ရှုံးပွဲမရှိရလဒ်ရရှိအောင် စွမ်းဆောင်ပေးထားနိုင်သော်လည်း ၂ ပွဲဆက်သရေရလဒ်ကြောင့် လက်ရှိချန်ပီယံဘာစီလိုနာအသင်းအား အမှတ်ဖြတ်ထားနိုင်မည့်အခွင့်အရေး ဆုံးရှုံးခဲ့သည်။ “အက်သလက်တီကိုနဲ့ပွဲစဉ်မှာ အနိုင်ရရှိဖို့မျှော်လင့်ခဲ့ပေမယ့် ပြိုင်ဘက်ကထိပ်သီးအသင်းဖြစ်လို့ အခက်အခဲတချို့ရှိခဲ့တာကို ၀န်ခံပါတယ်။ ဒါပေမဲ့ အသင်းသားတွေရဲ့...
Read More

မက်ဒရစ်ဒါဘီတွင် ဂါရတ်ဘေးလ်နှင့် ရာမို့စ် ပြန်ကစားနိုင်ဖွယ်ရှိ

စက်တင်ဘာလအတွင်းက ကစားခဲ့သည့် ရှက်တာဒိုးနက်နှင့် ချန်ပီယံလိဂ်ပွဲစဉ်မှစကာ အသင်းအတွက် ပါဝင်မကစားနိုင်ခဲ့သည့် ရီးရဲလ်ကစားသမားများဖြစ်သော ဂါရတ်ဘေးလ်နှင့် ရာမို့စ်တို့မှာ မက်ဒရစ်ဒါဘီတွင် ပြန်လည်ပါဝင်လာဖွယ်ရှိနေကြောင်း သိရှိရသည်။ ထိုကစားသမား ၂ ဦးမှာ ရရှိထားသောဒဏ်ရာများ သက်သာပျောက်ကင်းသွားပြီး ကြံ့ခိုင်မှုအပြည့်ရနေပြီဟုလည်း သိရသည်။ ရှက်တာဒိုးနက်နှင့်ပွဲစဉ်တွင် ဂါရတ်ဘေးလ်မှာ ခြေသလုံးဒဏ်ရာရခဲ့ပြီး ရာမို့စ်မှာ ပခုံးအဆစ်လွဲသွားခဲ့သဖြင့် အနားယူခဲ့ရပြီး ယခုအချိန်တွင် ရီးရဲလ်နည်းပြ ဘင်နီတက်ဇ်က”...
Read More

ဘာစီလိုနာလူစာရင်းတွင် ဂိုးသမားဘရာဗို ပြန်လည်ပါဝင်လာ

ဘာစီလိုနာအသင်းဂိုးသမားဘရာဗိုမှာ ပြီးခဲ့သည့်သြဂုတ်လနှောင်းပိုင်းမှစ၍ တံကောက်ကြောဒဏ်ရာရရှိခဲ့သဖြင့် အနားယူခဲ့ရပြီးနောက် ယခုအချိန်တွင် ပြန်လည်ပါဝင်ခွင့်ရနိုင်တော့မည်ဖြစ်ကြောင်း နည်းပြအန်းနရစ်က ဆီဗီလာနှင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။ အသက် ၃၂ နှစ်ရှိ ချီလီဂိုးသမားမှာ ဘာစီလိုနာအသင်း၏ ဦးစားပေးဂိုးသမားဖြစ်ခဲ့သော်လည်း ၎င်းမပါဝင်နိုင်ခဲ့သည့်အချိန်တွင် ပွဲထွက်ကစားနေသော တာစတီဂျန်လက်စွမ်းပြနေသောကြောင့် ပွဲထွက်ခွင့်ပြန်လည်ရရှိရန် မသေချာကြောင်း သိရှိရသည်။ ဘာစီလိုနာလူစာရင်းတွင် ဘရာဗိုပြန်လည်ပါဝင်နိုင်ခြင်းနှင့် ပတ်သက်၍ ”ဘရာဗိုပြန်လည်ပါဝင်နိုင်ပါပြီ။ ဆီဗီလာနဲ့ပွဲမှာ သူမပါဝင်နိုင်ခဲ့ဘူးဆိုရင်တော့...
Read More

ကစားသမားဘ၀ သွင်းဂိုး ၅၀၀ ပြည့်ဖြင့် ဂန္ထ၀င်ရာအူးလ်၏ ကလပ်သွင်းဂိုးစံချိန်ကို ရော်နယ်ဒိုလိုက်မီခဲ့

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးရော်နယ်ဒိုသည် ယမန်နေ့ညက ကစားခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်တွင် ပြိုင်ဘက်မယ်လ်မိုအသင်းဘက်သို့ ၂ ဂိုးသွင်းယူနိုင်ခဲ့သဖြင့် ကလပ်အသင်းများနှင့် နိုင်ငံအသင်းအတွက် ပွဲပေါင်း ၇၅၃ ပွဲကစားရာတွင် စုစုပေါင်းသွင်းဂိုး ၅၀၀ ပြည့်မြောက်သွားခဲ့ကာ ရီးရဲလ်၏ဂိုးသွင်းအများဆုံးကစားသမား ရာအူးလ်နှင့်လည်း စံချိန်တူညီသွားခဲ့သည်။ ရီးရဲလ်အတွက် နောက်ဆုံး ၆ ပွဲတွင် ၁၀ ဂိုးသွင်းယူခဲ့သည့် ရော်နယ်ဒိုမှာ ရီးရဲလ်တွင် ၇၄၁ ပွဲကစားပြီး...
Read More
error: Content is protected !!