လာလီဂါ

ရလဒ်ဆိုးများကြောင့် လက်စ်ပါးမက်နည်းပြ ပါကိုဟာရဲရား ရာထူးမှထုတ်ပယ်ခံရ

စပိန်လာလီဂါ တန်းတက်အသင်းသစ်ဖြစ်သည့် လက်စ်ပါးမက်အသင်းတာဝန်ရှိသူများသည် ရာသီအစရလဒ်ဆိုးများကြောင့် နည်းပြဖြစ်သူ ပါကိုဟာရဲရားအား ရာထူးမှထုတ်ပယ်ခဲ့ပြီဖြစ်ကြောင်း၊ လာလီဂါတွင် ဆက်လက်ကစားခွင့်ရရှိရေးအတွက် နည်းပြသစ်အား စိစစ်ခန့်အပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ပါကိုဟာရဲရားသည် ယခုနှစ် လာလီဂါပွဲစဉ်-၈ အပြီးအထိ ဆီဗီလာတစ်သင်းတည်းကိုသာ အနိုင်ရရှိခဲ့ပြီး  ဘာစီလိုနာ၊ အက်သလက်တီကို၊ အိုင်ဘာ၊ ဂီတာဖေးအသင်းတို့နှင့် ပွဲစဉ်များတွင် ရလဒ်ကောင်းရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိသဖြင့် ယခုကဲ့သို့ ရာထူးမှထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။ ဟာရဲရားအား...
Read More

ကာတာလန်ဒေသ အလံများဖြင့် အောင်ပွဲခံခဲ့သည့်အတွက် ပြစ်ဒဏ်ချမှုအား ဘာစီလိုနာအယူခံဝင်မည်

ဘာစီလိုနာပရိသတ်များသည် ပြီးခဲ့သည့် ၂၀၁၄-၁၅ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်တွင် ဂျူဗင်တပ်အသင်း အားအနိုင်ရရှိခဲ့သည့်ပွဲစဉ်၌ ကာတာလန်ဒေသ ခွဲထွက်ရေးအလံများဖြင့် အောင်ပွဲခံခဲ့သည့်အတွက် ယူအီးအက်ဖ်အေက ဒဏ်ငွေ ပေါင်၂၉၀၀၀ ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းအား အယူခံဝင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ယင်းကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံရသည့်အပေါ် ဘာစီလိုနာတာဝန်ရှိသူများက လက်မခံကြောင်း ပြန်လည်တုံ့ပြန်ခဲ့ပြီး စပိန်နိုင်ငံမှခွဲထွက်ရန် ပြင်ဆင်နေသည့် ကာတာလန်အခြေစိုက်  အသင်းတစ်သင်းဖြစ်နေသည့်အတွက် အသင်းပရိသတ်များ၏ အားပေးမှုအပေါ် လက်ခံကြောင်းနှင့်...
Read More

ဘာစီလိုနာနှင့် သက်တမ်းတိုးမည်ဟု ပရိသတ်များအား နေမာကတိပေး

ဘာစီလိုနာတိုက်စစ်မှူး နေမာက အသင်းပြောင်းရွှေ့ဖွှယ်ရှိနေသည့် သတင်းများမှာ တိကျသေချာသည့် သတင်းများမဟုတ်ကြောင်း၊ ဘာစီလိုနာနှင့် အောင်မြင်မှုများဆက်လက်ရယူလိုကြောင်း၊ အသင်းနှင့် စာချုပ်သစ်ထပ်မံချုပ်ဆိုသွားမည်ဖြစ်ကြောင်း ပရိသတ်များအား ကတိပေးပြောကြားသွားခဲ့သည်။ နေမာမှာ ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားရန် စီစဉ်ခဲ့သူဖြစ်ပြီး မန်ယူအသင်းနှင့် ဆွေးနွေးခဲ့ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သဖြင့် ဘာစီလိုနာတာဝန်ရှိသူများမှာ ပရိသတ်များ၏ ဖိအားပေးခြင်း ခံခဲ့ရသည်။ “လက်ရှိစာချုပ်သက်တမ်းက အများကြီးကျန်ပါသေးတယ်။ ဒါပေမဲ့...
Read More

ဆောင်းရာသီကစားသမားဈေးကွက်တွင် ဘာစီလိုနာသို့ ဗန်ပါစီရောက်ဖွယ်ရှိ

ဖီနာဘာချီတိုက်စစ်မှူး ဗန်ပါစီမှာ ဘာစီလိုနာအသင်း၏ စောင့်ကြည်နေခြင်းကိုခံနေရပြီး လာမည့်ဆောင်းရာသီကစားသမား အပြောင်းအရွှေ့ဈေးကွက်တွင် ယင်းစပိန်ထိပ်သီးကလပ်သို့ ပြောင်းရွှေ့ဖွယ်ရှိနေကြောင်း မီဒီယာများ၏ ဖော်ပြချက်အရသိရသည်။ အာဆင်နယ်၊ မန်ယူအသင်းများနှင့်အတူ အောင်မြင်မှုများစွာ ရရှိခဲ့သည့် ဗန်ပါစီသည် လက်ရှိအချိန်တွက် တူရကီကလပ်ဖီနာဘာချီအသင်းတွင်ပွဲထွက်ကစားခွင့်ပျောက်ဆုံးခဲ့နေခဲ့သည့်အတွက် ပွဲထွက်ကစားခွင့်ရရှိရန် အသင်းတာဝန်ရှိသူများထံ တောင်းဆိုမှုများပြုလုပ်ခဲ့ပြီးနောက်ဘာစီလိုနာ အသင်းနည်းစနစ်ဒါရိုက်တာ ရောဘတ်ဖာနန်ဒက်စ်၏ စောင့်ကြည့်ခြင်းကိုခံနေရခြင်းဖြစ် ကြောင်းသိရသည်။ လာမည့်အပြောင်းအရွှေ့ဈေးကွက်တွင် ဆဲလ်တာဗီဂို လူငယ်တိုက်စစ်မှူး နိုလီတိုအား...
Read More

မိုဒရစ် ၃ပတ်ခန့်အနားယူရမည်ဟု ရီးရဲလ်အတည်ပြု

ရီးရဲလ်အသင်း၏ ခရိုအေးရှားလက်ရွေးစင်ကွင်းလယ်ကစားသမားဖြစ်သူ မိုဒရစ်သည် ယူရို၂၀၁၆ ခြေစစ်ပွဲ စဉ်တွင် ရရှိခဲ့သည့် ပေါင်ခြံဒဏ်ရာကြောင့် ရက်သတ္တပတ် ၃ပတ်ခန့်အနားယူရန်တော့မည်ဖြစ်ကြောင်း အတည်ပြု သတင်းထုတ်ပြန်ခဲ့သည်။ မိုဒရစ်သည် ဘူလ်ဂေးရီးယားအသင်းအား ၃-၀ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ယူရိုခြေစစ်ပွဲတွင် ပေါင်ခြံဒဏ်ရာရရှိခဲ့ပြီး နောက် မော်လ်တာအသင်းနှင့် ပွဲစဉ်ကိုပါလွဲချော်ခဲ့ရကာ ဆေးစစ်ချက်အဖြေများအရ ရက်သတ္တပတ်အနည်းငယ်ခန့်အနား ယူရမည့်အခြေအနေနှင့် ရင်ဆိုင်ခဲ့ရပြီဖြစ်သည်။ ယင်းအတွက်ကြောင့် မိုဒရစ်အနေဖြင့် လီဗန်တေး၊...
Read More

ဂျေစီရိုဒရီဂွက်ဇ်အား ရီးရဲလ်မက်ဒရစ်အသင်း ပွဲထွက်ကစားခွင့် ပိုမိုပေးသင့်နေပြီဟု အေးဂျင့်သတိပေး

စပိန်လူငယ်ကစားသမား ဂျေစီရိုဒရီဂွက်ဇ်၏ အေးဂျင့် ဂျီနီက ရီးရဲလ်မက်ဒရစ်အသင်းမှာ မိမိ၏ကစားသမားဖြစ်သူအား ပွဲထွက်ကစားခွင့်ပိုမိုပေးအပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း၊ စပိန်လူငယ်ကစားသမားတစ်ယောက်အနေဖြင့် အရန်ခုံတွင်ထိုင်နေရသည်မှာ မဖြစ်သင့်ကြောင်း သတိပေးပြောကြားခဲ့သည်။ စပိန်ယူ-၂၁ကစားသမားဖြစ်သူ ဂျေစီရိုဒရီဂွက်ဇ်သည် ရီးရဲလ်လူငယ်စီမံကိန်းမှာ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး နည်းပြဟောင်းအန်စလော့တီလက်ထက်တွင် ပွဲထွက်ကစားခွင့်ပိုမိုရရှိခဲ့ပြီး လက်ရှိနည်းပြသစ် ဘင်နီတက်ဇ်လက်ထက်တွင်မူ လာလီဂါပွဲစဉ် ၃ပွဲသာ ပါဝင်ကစားခွင့်ရရှိထားသူဖြစ်သည်။ “ဂျေစီအနေနဲ့ ရီးရဲလ်အသင်းအတွက် ကစားပေးဖို့လုံလောက်တဲ့အခြေအနေရှိနေပြီဖြစ်သလို အသင်းအနေနဲ့ ပွဲထွက်ကစားခွင့်ပိုပေးဖို့...
Read More

၎ ကြိမ်မြောက် ဥရောပရွှေဖိနပ်ဆုအား ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို ရရှိ

ပြီးခဲ့သည့်ဘောလုံးရာသီတွင် လာလီဂါပွဲစဉ်များ၌ ရီးရဲလ်အသင်းအတွက် လိဂ်သွင်းဂိုး ၄၈ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သည့် တိုက်စစ်မှူး ရော်နယ်ဒိုသည် ဥရောပရွှေဖိနပ်ဆုအား ၂ နှစ်ဆက်တိုက်ရရှိခဲ့ပြီး ကစားသမားဘ၀တစ်လျှောက် ၄ ကြိမ်မြောက်အဖြစ် ရရှိခဲ့သည်။ ရော်နယ်ဒိုမှာ ပြီးခဲ့သည့် ၂၀၁၄-၁၅ ဘောလုံးရာသီတွင် ရီးရဲလ်အတွက် ပြိုင်ပွဲစုံတွင် ပွဲပေါင်း ၅၄ ပွဲကစားခဲ့ရာတွင် သွင်းဂိုးစုစုပေါင်း ၆၁...
Read More

ဂါရတ်ဘေးလ်ကို အနားပေးရန် ရီးရဲလ်က တောင်းဆိုခြင်းမရှိဟု ဝေးလ်နည်းပြ ဖွင့်ဟ

ဝေးလ်နည်းပြ ခရစ်ကိုးလ်မန်း ယူရိုခြေစစ်ပွဲအောင်မြင်ပြီးချိန်တွင် အဓိကတိုက်စစ်မှူးဖြစ်သူ ဂါရတ်ဘေးလ်ကို အနားပေးရန် ရီးရဲလ်အသင်း အနေဖြင့် တောင်းဆိုခဲ့ခြင်း မရှိကြောင်း၊ ကမ္ဘာ့ထိပ်တန်း အသင်းပီပီ ပရော်ဖက်ရှင်နယ် အပီသဆုံးအသင်း တစ်သင်းဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ ဂါရတ်ဘေးလ် အနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကစားခဲ့သည့် ရှက်တာဒိုးနက် အသင်းနှင့် ချန်ပီယံလိဂ် ပွဲစဉ်တွင် တံကောက်ကြော ဒဏ်ရာ ရရှိခဲ့ခြင်းကြောင့်...
Read More

လာလီဂါပြိုင်ပွဲ အဓိကစပွန်ဆာအဖြစ် ရပ်တည်ခွင့်ရရန် Mazda ကားကုမ္ပဏီ ပြင်ဆင်နေ

ဂျပန်ထိပ်သီးကားကုမ္ပဏီတစ်ခုဖြစ်သည့် Mazda သည် ကမ္ဘာ့ထိပ်တန်းအမှတ်ပေးလိဂ်တစ်ခုဖြစ်သည့် စပိန်လာလီဂ်ပြိုင်ပွဲတွင် အဓိကစပွန်ဆာကုမ္ပဏီအဖြစ် ရပ်တည်ခွင့်ရရှိရေးအတွက် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။ လာလီဂါပြိုင်ပွဲ၏ လက်ရှိအဓိကစပွန်ဆာ BBVA ကုမ္ပဏီ အနေဖြင့် လာမည့် ၂၀၁၆ ဇွန်လတွင် စပွန်ဆာစာချုပ်ကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် ဂျပန်ကားကုမ္ပဏီအပါအ၀င် အခြားကမ္ဘာ့ထိပ်တန်း စီးပွားရေးလုပ်ငန်းအများစုက လာလီဂါပြိုင်ပွဲအဓိကစပွန်ဆာအဖြစ် ရပ်တည်ရန် ကြိုးပမ်းနေကြသည်။ ဘီလ်ဘာအိုအခြေစိုက် ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်သည့် BBVA...
Read More

လူငယ်အသင်းနည်းပြတစ်ဦးဖြစ်သော်လည်း သားဖြစ်သူ အန်ဇိုအား အထူးအခွင့်အရေးမပေးဟု ဇီဒန်းဆို

ရီးရဲလ်(ခ)အသင်းနည်းပြ ဇီဒန်းက လူငယ်အသင်းနည်းပြတစ်ဦးဖြစ်သော်လည်း သားကြီးဖြစ်သူ အန်ဇိုအား အသင်း၌ အထူးအခွင့်အရေးမပေးကြောင်း၊ လေ့ကျင့်ရေးကွင်းတွင် စွမ်းဆောင်ရည်ကောင်းမွန်မှသာ ပွဲထွက်ကစားခွင့်ပေးကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ ပြင်သစ်အသင်းခေါင်းဆောင်ဟောင်းဖြစ်သူ ဇီဒန်းမှာ ကစားသမားဘ၀တွင် အောင်မြင်မှုများရရှိခဲ့သည့် ရီးရဲလ်အသင်း၏ လူငယ်အသင်းနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်လျက်ရှိပြီး ၎င်း၏ သား ၄ ယောက်မှာလည်း ရီးရဲလ်အကယ်ဒမီတွင် လူငယ်ကစားသမားများအဖြစ် ကစားလျက်ရှိသည်။ ယင်းတို့အနက် အသက် ၂၀...
Read More
error: Content is protected !!