လာလီဂါ
လာလီဂါ
ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမြူက ဂန္ထ၀င်ကစားသမားဖြစ်သည့်အပြင် နည်းပြဘ၀တွင်ပါ အသင်းအတွက် အောင်မြင်မှုများရယူပေးခဲ့သည့် ဂျိုဟန်ခရိုက်မှာ ကာတာလန်ဒေသနှင့် ဘာစီလိုနာအတွက် ထာဝရရှင်သန်နေမည့်သူဖြစ်ကြောင်း၊ အသင်းအတွက် ပေးဆပ်ခဲ့မှုများအတွက် ဥက္ကဋ္ဌတစ်ယောက်အနေနှင့် ကျေးဇူးတင်စကားဆိုလိုကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ အဆုတ်ကင်ဆာရောဂါခံစားနေရသည့် ဂန္ထ၀င်ကစားသမားဂျိုဟန်ခရိုက်သည် ဘာစီလိုနာတွင် ကစားသမားအဖြစ် ၁၉၇၃ မှ ၁၉၇၈ အထိ ဖြတ်သန်းခဲ့သူဖြစ်ပြီး အောင်မြင်မှုများရရှိခဲ့ကာ နည်းပြတာဝန်ယူ ၁၉၈၈ မှ...
Read More
လာလီဂါ
ယနေ့ညတွင်ကစားမည့် အီဘာနှင့်ပွဲစဉ်တွင် ဘာစီလိုနာအသင်းခေါင်းဆောင် အင်နီယေစတာ ပြန်လည်ပါဝင်နိုင်ဖွယ်ရှိကြောင်း သိရှိရသည်။ အင်နီယေစတာမှာ စက်တင်ဘာ ၂၉ ရက်နေ့က ကစားခဲ့သည့် လေဗာကူဆင်နှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဒဏ်ရာရခဲ့ပြီးနောက် ၁ လနီးပါး အနားယူခဲ့ရသော်လည်း ယမန်နေ့ လေ့ကျင့်ခန်းအစီအစဉ်တွင် ပြန်လည်ပါဝင်နိုင်ခဲ့သည်။ ဘာစီလိုနာနည်းပြ လူးဝစ်အန်းနရစ်မှာ အီဘာနှင့်ပွဲအတွက် လူရွေးချယ်ခြင်းမပြုမီ အန်နီယေစတာအား အသုံးပြုခွင့်ရရန် ဆေးအဖွဲ့၏ ထောက်ခံချက်ကို...
Read More
လာလီဂါ
ယနေ့ညတွင် ကစားမည့် ဇယားထိပ်ပိုင်းမှ ဆယ်လ်တာဗီဂိုနှင့်ပွဲစဉ်တွင် ရီးရဲလ်ကွင်းလယ်လူ မိုဒရစ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ထိုကစားသမားမှာ ကြံ့ခိုင်မှုအပြည့်ရှိသည်ဟု အသင်းဆေးအဖွဲ့က ထောက်ခံချက်ပေးခဲ့သည့်အတွက် ဆယ်လ်တာဗီဂိုနှင့် အဝေးကွင်းပွဲစဉ်တွင် နည်းပြဘင်နီတက်ဇ်က ၎င်းအား ပွဲထွက်ကစားသမားနေရာ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။ ရီးရဲလ်နည်းပြဘင်နီတက်ဇ်သည် ဒဏ်ရာကြောင့် နားနေရသည့် ဂျိမ်းစ်ရိုဒရီဂွက်ဇ်မပါဝင်နိုင်ချိန်တွင် ကွင်းလယ်၌ ကက်ဆီမီယို၊ တိုနီခရူးစ်နှင့် မိုဒရစ်တို့အတွဲကို ဆက်လက်အသုံးပြုဖွယ်ရှိနေသည်။...
Read More
လာလီဂါ
ဘာစီလိုနာလူငယ်ကစားသမား ပတ်ဆန်ဟိုသည် အံ့အားသင့်ဖွယ်အဖြစ် အသင်းကြီးနှင့်အတူ လေ့ကျင့်ခန်းဆင်းခဲ့ကြောင်း သိရှိရသည်။ ဘာစီလိုနာ ယူ-၁၈ အသင်းမှ ထိုကစားသမားသည် အီဘာနှင့်ကစားမည့်ပွဲမတိုင်မီ လေ့ကျင့်ရေးအစီအစဉ်သို့ ဘာစီလိုနာ ဘီ အသင်းမှ ဂမ်ဘူနှင့်အတူ အသင်းကြီးတွင် လေ့ကျင့်ခန်းဆင်းရန် နည်းပြအန်းနရစ်က ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ပတ်ဆန်ဟိုကိုခေါ်ယူစဉ်က အသက်မပြည့်သေးသည့်အတွက် ဖီဖာက ဘာစီလိုနာကို ပြစ်ဒဏ်ချမှတ်ထားသည့်အတွက် ၎င်းမှာ ကစားခွင့်မရသေးသော ဘာစီလိုနာကစားသမားများတွင်...
Read More
ကမ္ဘာ့သတင်း
Forbes မဂ္ဂဇင်း၏ တန်ဖိုးအရှိဆုံးအားကစားသမား ၁၀ ဦးစာရင်းတွင် ပါဝင်ခဲ့ပြီး အဆင့် ၈ နေရာတွင် ရပ်တည်နိုင်ခဲ့သည့် ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုသည် ဘောလုံးလောက၏ တန်ဖိုးအရှိဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်သည် အားကစားလောကမှ တန်ဖိုးအရှိဆုံးကစားသမားများ ရွေးချယ်ရာတွင် ကစားသမားဘ၀အောင်မြင်မှုများနှင့် စပွန်ဆာကြေးများ၊ ပုံရိပ်အသုံးပြုခ၀င်ငွေ ရရှိမှုများအားလုံးကို တွက်ချက်ရွေးချယ်ကြခြင်းဖြစ်သည်။ ရီးရဲလ်သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် မှတ်တမ်းတင်ထားနိုင်ခဲ့သည့် ရော်နယ်ဒိုသည် ဒေါ်လာ...
Read More
လာလီဂါ
ဘာစီလိုနာနှင့် ရီးရဲလ်တို့ယှဉ်ပြိုင်ကစားမည့် အက်လ်ကလက်စီကိုပွဲစဉ်နှင့် ပတ်သက်၍ ဒိုင်များအပေါ် ဖိအားပေးတောင်းဆိုမှုများရှိခဲ့ခြင်းနှင့် လုပ်ပွဲအရှုပ်တော်ပုံများရှိလာခဲ့ပါက လာလီဂါအတွက် အန္တရာယ်ရှိသည့် အခြေအနေတစ်ရပ်ဖြစ်လာနိုင်ကြောင်း ဘာစီလိုနာ လက်ထောက်ဘဏ္ဍာရေးမှူး မွန်ဂျီ က မှတ်ချက်ပြုပြောကြားခဲ့သည်။ နိုဝင်ဘာလအတွင်း ယှဉ်ပြိုင်ရမည့် ရီးရဲလ်နှင့်ပွဲစဉ်တွင် ဖိအားပေးတောင်းဆိုခြင်းများ ရှိခဲ့ကြောင်း လာလီဂါစည်းကြပ်ဒိုင်တစ်ဦးမှ ရဲတပ်ဖွဲ့ထံ ဖွင့်ဟတိုင်ကြားခဲ့သဖြင့် လာလီဂါပွဲစဉ်များတွင် လုပ်ပွဲအရှုပ်တော်ပုံများ ကြီးစိုးနေပြီဖြစ်ကြောင်း စပိန်မီဒီယာများက ဖော်ပြလျက်ရှိသည်။...
Read More
လာလီဂါ
အက်သလက်တီကိုနည်းပြ ဆီမြွန်နီက ဖီဖာမှထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အကောင်းဆုံးကစားသမား ပဏာမ ၂၃ ဦး စာရင်းတွင် ၎င်းတို့အသင်း၏ အဓိက ကစားသမားများဖြစ်သည့် ဂရစ်ဇ်မန်းနှင့် ဂိုဒင်တို့ မပါဝင်ခဲ့ခြင်းမှာ မျှတမှုမရှိသည့် ရွေးချယ်မှုဖြစ်ကြောင်း၊ ကိုယ်စားပြုအသင်းအတွက် ခြေစွမ်းပြကစားနိုင်သည့် မည်သည့်ကစားသမားမဆို ပဏာမ ၂၃ ဦး စာရင်းတွင် ပါဝင်ခွင့်ရှိသင့်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။ ဖီဖာမှထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အကောင်းဆုံးကစားသမား ပဏာမ...
Read More
လာလီဂါ
ရီးရဲလ်နှင့် ဘာစီလိုနာတို့ ယှဉ်ပြိုင်ကစားကြမည့် အယ်လ်ကလက်စီကိုပွဲစဉ်တွင် ရီးရဲလ်ဘက်မှ ဘက်လိုက်ဆုံးဖြတ်ရန် ဖိအားပေးခံခဲ့ရကြောင်း စည်းကြပ်ဒိုင်တစ်ဦးမှ ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် စပိန်ဘောလုံးလောက၏ ကြီးမားသည့် လုပ်ပွဲအရှုပ်တော်ပုံ ပေါ်ပေါက်လာဖွယ်ရှိနေကြောင်း စပိန်မီဒီယာများ၏ ဖော်ပြချက်အရသိရသည်။ အမည်မဖော်လိုသူ လာလီဂါစည်းကြပ်ဒိုင်တစ်ဦးက နိုဝင်ဘာလအတွင်း ယှဉ်ပြိုင်ကစားရမည့် အယ်လ်ကလက်စီကိုပွဲစဉ်၌ ရီးရဲလ်အသင်း အသာရစေရန်အတွက် ဖိအားပေးတောင်းဆိုခံခဲ့ရကြောင်း ရဲတပ်ဖွဲ့အား ထုတ်ဖော်တိုင်ကြားခဲ့ပြီးနောက် လာလီဂါကလပ်များအချင်းချင်း မသင်္ကာမှုများ များပြားလာခဲ့သည်။...
Read More
လာလီဂါ
ဘာစီလိုနာနည်းပြ အန်းနရစ်က ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးနည်းပြ ပဏာမစာရင်းတွင် ပါဝင်ခဲ့သော်လည်း အသင်းရလဒ်ကောင်းရရှိရန် ပိုအရေးကြီးကြောင်း၊ အောင်မြင်မှုအထိုက်အလျောက် ရရှိခဲ့သော်လည်း တစ်ဦးချင်းအောင်မြင်မှုများအပေါ် စိတ်မ၀င်စားကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်။ လာလီဂါထိပ်သီး ဘာစီလိုနာနည်းပြ အန်းနရစ်သည် ပြီးခဲ့သည့် ၂၀၁၄-၁၅ ဘောလုံးရာသီတွင် ပြည်တွင်းဖလား ၃ လုံးအပြင် ချန်ပီယံလိဂ်တွင်ပါ အောင်မြင်မှုရရှိခဲ့သည့်အတွက် ယခုကဲ့သို့ ကမ္ဘာ့အကောင်းဆုံးနည်းပြ ပဏာမစာရင်းတွင်...
Read More
ကမ္ဘာ့သတင်း
၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးကစားသမား ပဏာမ ၂၃ ဦးစာရင်း ထုတ်ပြန်ခဲ့ရာတွင် ဥရောပထိပ်သီးလိဂ်များမှ ကစားသမားများ ပါဝင်ခဲ့ကြပြီး လာလီဂါမှ ကစားသမား ၁၁ဦးအထိ အများဆုံးပါဝင်ခဲ့ကာ ပရီးမီးယားလိဂ်နှင့် ဘွန်ဒက်စ်လီဂါတို့မှ ကစားသမား ၅ ဦးစီ၊ စီးရီးအေနှင့် ပြင်သစ်လီဂူး-၁မှ ကစားသမား ၁ ဦးစီ ပါဝင်ခဲ့သည်။ အဆိုပါ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက် နောက်ဆုံးဆန်ကာတင်...
Read More