လာလီဂါ

အခွန်တိမ်းရှောင်မှုများအတွက် မာရှေယာနို ပေါင် ၁ သန်း ဒဏ်ရိုက်ခံရ

ဘာစီလိုနာကွင်းလယ်ကစားသမား မာရှေယာနိုသည် လာလီဂါသို့ စတင်ရောက်ရှိခဲ့သည့် အချိန်ကာလများတွင် စပိန်အစိုးရသို့ ပေးချေရမည့် အခွန်ငွေများအား တိမ်းရှောင်ခဲ့သည်ကို စစ်ဆေးတွေ့ခဲ့ပြီးနောက် ဒဏ်ကြေးငွေအဖြစ် ပေါင် ၁ သန်းပေးဆောင်ရန် တရားရုံး ၂ ရုံးမှ အမိန့်ချမှတ်ခဲ့သည်။ မာရှေယာနိုနှင့် ၎င်း၏ဖခင်ဖြစ်သူတို့သည် ၂၀၁၁၊ ၂၀၁၂ ခုနှစ်များတွင် ပုံရိပ်အသုံးပြုခများ၊ စပွန်ဆာဆုကြေးများမှ ရရှိခဲ့သည့် ၀င်ငွေများအပေါ် အခွန်ပေးဆောင်ရမည်ဖြစ်သော်လည်း...
Read More

လက်စ်ပါးမက်စ်နှင့်ပွဲတွင် ရီးရဲလ်အတွက် ဂိုးသမားကက်ဆီလာ ပွဲထွက်ဖွယ်ရှိ

ရီးရဲလ်နည်းပြဘင်နီတက်ဇ်က လက်စ်ပါးမက်စ်နှင့်ပွဲအတွက် ပထမဂိုးသမားနာဗတ်စ်မှာ ကြံ့ခိုင်မှုပြည့်ဝရန် ရုန်းကန်နေရသဖြင့် အရန်ဂိုးသမား ကီကိုကက်ဆီလာ ပွဲထွက်ဖွယ်ရှိနေကြောင်း အတည်ပြုလိုက်သည်။ နာဗတ်စ်မှာ လက်ရှိအချိန်တွင် ကြွက်သားဒဏ်ရာပြဿနာရှိနေပြီး ရီးရဲလ်ကစားသမားဘ၀ ရာနှုန်းပြည့် ပါဝင်ကစားနိုင်ခဲ့မှုကို အဆုံးသတ်ရဖွယ်ရှိနေသည်။ “နာဗတ်စ်က လက်စွမ်းပြနိုင်တာမှန်ပေမယ့် သူ့မှာ ကြွက်သားဒဏ်ရာရှိနေတယ်။ ဒဏ်ရာပြဿနာ မကြာအောင်လို့ သူ့ကို အနားပေးသင့်ရင် ပေးရမယ်။ ကက်ဆီလာ့ကို ကျွန်တော်ယုံကြည်တယ်လို့ ပြောခဲ့ပြီးသားပါ။...
Read More

TIME မဂ္ဂဇင်း၏ အရှိန်အ၀ါအရှိဆုံး ဆယ်ကျော်သက်စာရင်းတွင် ရီးရဲလ်လူငယ် အိုဒီဂတ်ပါဝင်

နော်ဝေလက်ရွေးစင်အသင်းနှင့် ယူရို ၂၀၁၆ ခြေစစ်ပွဲစဉ်များတွင် ခြေစွမ်းပြကစားနိုင်ခဲ့သည့် ရီးရဲလ်လူငယ်ကွင်းလယ်ကစားသမား အိုဒီဂတ်သည်TIME မဂ္ဂဇင်းမှ ထုတ်ပြန်သည့် အရှိန်အ၀ါအရှိဆုံး ဆယ်ကျော်သက်စာရင်းတွင် ရွေးချယ်ဖော်ပြခံခဲ့ရသည်။ လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်သည့် ရော်နယ်ဒို၊ မက်ဆီတို့နှင့် နှိုင်းယှဉ်ခြင်းခံထားရသည့် အိုဒီဂတ်သည် ပြီးခဲ့သည့်နှစ် ဇန်န၀ါရီလက ရီးရဲလ်အသင်းနှင့် ပေါင် ၄ သန်းတန် စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး လူမှုကွန်ရက်များတွင်လည်း ပရိသတ်များစွာ၏ အားပေးမှု...
Read More

အာဆင်နယ်၊ လီဗာပူးပစ်မှတ် လာဗက်ဇီ ဘာစီလိုနာသို့ ပြောင်းလို

ပီအက်စ်ဂျီတိုက်စစ်မှူး လာဗက်ဇီသည် ၎င်းအား စိတ်ဝင်စားနေသည့် ပရီးမီးယားလိဂ်အသင်းများသို့ ပြောင်းရွှေ့ရန်ဆန္ဒမရှိဘဲ ဘာစီလိုနာသို့သာ ပြောင်းရွှေ့ကစားလိုသည်ဟု မိတ်ဆွေများကို ပြောကြားခဲ့ကြောင်း သိရှိရသည်။ လာဗက်ဇီမှာ လက်ရှိအသင်းတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရပြီး အာဆင်နယ်နှင့် လီဗာပူးတို့က ၎င်းအား ခေါ်ယူလိုနေကြောင်း သတင်းများထွက်ပေါ်နေသည်။ ဘာစီလိုနာမှာ ပြီးခဲ့သည့်နွေရာသီတွင် ပက်ဒရိုအား ချဲလ်ဆီးသို့ ရောင်းထုတ်ခဲ့ပြီးနောက် ဖီဖာ၏အပြောင်းအရွှေ့ပိတ်ပင်မှုပြစ်ဒဏ်ကြောင့် ထိုတိုက်စစ်မှူးနေရာအား ပြန်လည်အစားထိုးရန်...
Read More

ရော်နယ်ဒိုနှင့် ဂါရတ်ဘေးလ်တို့ကို ရောင်းချမည်မဟုတ်ဟု ဇီဒန်းဆို

ရီးရဲလ်အသင်း၏ အနာဂတ်နည်းပြအဖြစ် လျာထားခြင်းခံထားရသည့် လူငယ်အသင်းနည်းပြ ဇီဒန်းက အသင်း၏အဓိက ကစားသမား ၂ ဦးဖြစ်သည့် ရော်နယ်ဒိုနှင့် ဂါရတ်ဘေးလ်တို့ကို ပြိုင်ဘက်အသင်းများထံ ရောင်းချမည်မဟုတ်ကြောင်း၊ ရီးရဲလ်အသင်းအနေဖြင့် ကမ္ဘာ့ထိပ်တန်းကစားသမားများကို လက်လွှတ်ဖွယ်မရှိကြောင်း ဆိုခဲ့သည်။ ရီးရဲလ်အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသည့် တိုက်စစ်မှူးရော်နယ်ဒိုသည် အသင်းဟောင်းမန်ယူသို့ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီး တောင်ပံကစားသမားဂါရတ်ဘေးလ်မှာလည်း ပရီးမီးယားလိဂ်သို့ ပြန်လည်ခြေချရန်ပြင်ဆင်နေသည်ဆိုသည့် သတင်းများကို...
Read More

ရီးရဲလ်နှင့် အယ်လ်ကလက်စီကိုပွဲစဉ်တွင် ဘာစီလိုနာကွင်းလယ်လူ မာရှေယာနို ပါဝင်ကစားနိုင်မည်

အီဘာအားအနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ကွင်းလယ်ဒိုင်လူကြီးကို ပြင်းထန်စွာစောဒကတက်ခဲ့သည့်အပြင် ကြမ်းတမ်းသည့် စကားအသုံးအနှုန်းများဖြင့် ပြောဆိုခဲ့သည့်အတွက် အနီကတ်ပြထုတ်ပယ်ခံခဲ့ရသော ဘာစီလိုနာကွင်းလယ်ကစားသမားမာရှေယာနိုသည်  ၂ ပွဲပယ်ပြစ်ဒဏ်သာချမှတ်ခံခဲ့ရခြင်းကြောင့် ရီးရဲလ်အသင်းနှင့် အယ်လ်ကလက်စီကိုပွဲစဉ်တွင် ပါဝင်ကစားနိုင်တော့မည်ဖြစ်သည်။ ယင်းဖြစ်စဉ်တွင် မာရှေယာနိုသည် ဒေါသကြောင့် အာဂျင်တီးနားတွင်လူသုံးများသည့် ဘာသာစကားဖြင့် ရေရွတ်ခဲ့ရာတွင် ထိုစကားမှာ စပိန်ဘာသာအရ မိခင်ဖြစ်သူအား စော်ကားပြောဆိုသည့် အဓိပ္ပါယ်ဖြစ်နေခဲ့သည့်အတွက် အနီကတ်ပြထုတ်ပယ်ခံရခြင်းဖြစ်ကြောင်း ဘာစီလိုနာနည်းပြအန်းနရစ်က ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ဒိုင်ကော်မတီက...
Read More

ပြင်သစ်လိဂ်၌ ဘာစီလိုနာသွားရောက်ကစားရန်မဖြစ်နိုင်ကြောင်း လာပေါ်တာသုံးသပ်

ဘာစီလိုနာဥက္ကဋ္ဌဟောင်း လာပေါ်တာက ပြင်သစ်ဝန်ကြီးချုပ်၏ ဖိတ်ခေါ်ခြင်းခံခဲ့ရသော်လည်း ပြင်သစ်လိဂ်၌ ဘာစီလိုနာသွားရောက်ယှဉ်ပြိုင်ရန် မဖြစ်နိုင်ကြောင်း၊ ကာတာလန်ဒေသ ခွဲထွက်ဖြစ်ခဲ့ပါကလည်း လာလီဂါပြိုင်ပွဲမှ ထွက်ခွာဖွယ်မရှိကြောင်း သုံးသပ်ပြောကြားခဲ့သည်။ ပြင်သစ်ဝန်ကြီးချုပ်က စပိန်နိုင်ငံမှ ကာတာလန်ဒေသခွဲထွက်ခဲ့ပါက လာလီဂါပြိုင်ပွဲ၏စည်းမျဉ်းများအရ ပြိုင်ပွဲမှထွက်ခွာရမည့်အခြေအနေနှင့် ရင်ဆိုင်ရမည့် ဘာစီလိုနာအား ပြင်သစ်အမှတ်ပေးလိဂ်တွင် လာရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခဲ့သည့်အတွက် ဥက္ကဋ္ဌဟောင်းလာပေါ်တာက ယခုကဲ့သို့ ပြန်လည်ပြောကြားခဲ့ခြင်းဖြစ်သည်။ “ဘာစီလိုနာအနေနဲ့  ပြည်ပအမှတ်ပေးလိဂ်တစ်ခုမှာ ကိုယ်စားပြုအသင်းတစ်သင်းအဖြစ်...
Read More

ဘာစီလိုနာမှာ ကာတာ၏ထိန်းချုပ်ခံဖြစ်နေဟု ဥက္ကဋ္ဌဟောင်းလာပေါ်တာဝေဖန်

ဘာစီလိုနာအသင်းတွင် ၇ နှစ်ကြာတာဝန်ယူခဲ့ဖူးသည့် ဥက္ကဋ္ဌဟောင်းလာပေါ်တာက ကာတာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံများအား အတိုင်းအဆမရှိ လက်ခံခဲ့သည့်အတွက် ကာတာနိုင်ငံ၏ထိန်းချုပ်မှုအောက်သို့ ဘာစီလိုနာအသင်းရောက်ရှိနေပြီဖြစ်ကြောင်း၊ အသင်း၏ ဘဏ္ဍာရေးမျှခြေများကို ထိန်းချုပ်နိုင်ရန် အားနည်းမှုများရှိနေကြောင်း ဝေဖန်ပြောကြားသွားခဲ့သည်။ အသင်းသမိုင်းတစ်လျှောက် ၃၈ ဦးမြောက် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် လာပေါ်တာသည် ပြီးခဲ့သည့် အသင်းဥက္ကဋ္ဌသစ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း လက်ရှိဥက္ကဋ္ဌ ဘာတိုမြူအားအရေးနိမ်ခဲ့သူဖြစ်သည်။ ”အသင်းအောင်မြင်မှုတွေနဲ့အတူ ရရှိခဲ့တဲ့...
Read More

ရလဒ်ဆိုးများကြောင့် အယ်လ်ကာရက်ဇ်အား လီဗန်တေးနည်းပြရာထူးမှ ထုတ်ပယ်

လာလီဂါအမှတ်ပေးဇယားအောက်ခြေတွင် ရပ်တည်နေသည့် လီဗန်တေးအသင်းသည် ဆိုစီဒက်နှင့်ပွဲစဉ်တွင် ရှုံးပွဲထပ်မံကြုံတွေ့ခဲ့ရပြီးနောက် နည်းပြလူးကပ်စ်အယ်လ်ကာရက်ဇ်အား ရာထူးမှထုတ်ပယ်ခဲ့ကြောင်း အသင်းဝက်ဘ်ဆိုက်မှတစ်ဆင့် အတည်ပြုထုတ်ပြန်ခဲ့သည်။ အမှတ်ပေးဇယားအဆင့် ၂၀ နေရာတွင် ရပ်တည်နေသည့် လီဗန်တေးအသင်းသည် ပွဲစဉ် ၉ အပြီး၌ နိုင်ပွဲ ၁ ပွဲတည်းသာရရှိထားပြီး ၅ ပွဲအထိ ရှုံးနိမ့်ထားခဲ့သည့်အတွက် တန်းဆင်းဇုန်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့်အတွက် အယ်လ်ကာရက်ဇ်နှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း...
Read More

မာရှေယာနို၏ အနီကတ်ပြစ်ဒဏ်အတွက် ဘာစီလိုနာအယူခံဝင်မည်

ဘာစီလိုနာအသင်း တာဝန်ရှိသူများသည် အီဘာအား အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် အနီကတ်ပြထုတ်ပယ်ခံခဲ့ရသည့် နောက်ခံလူမာရှေယာနိုအတွက် အယူခံဝင်သွားမည်ဖြစ်ကြောင်း၊ ကွင်းလယ်ဒိုင်နှင့် ကစားသမားအကြား ဘာသာစကား နားလည်မှုလွဲခဲ့ခြင်းကြောင့် မာရှေယာနို အနီကတ်ပြခံခဲ့ရခြင်းဖြစ်ကြောင်း နည်းပြအန်းနရစ်က ဆိုသည်။ အဆိုပါ ပွဲစဉ်တွင် အနီကတ်ပြထုတ်ပယ်ခံခဲ့ရသည့် မာရှေယာနို သည် ကွင်းလယ်ဒိုင်အား ပြင်းထန်စွာစောဒကတက်ခဲ့သည့်အပြင် ကြမ်းတမ်းသည့် စကားအသုံးအနှုန်းများ အသုံးပြုခဲ့သည့်အတွက် ဒိုင်လူကြီး၏ထုတ်ပယ်ခြင်း ခံခဲ့ရခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက်...
Read More
error: Content is protected !!