လာလီဂါ

ဆီမြွန်နီ၏ လာလီဂါလက်ကျန်ပွဲအားလုံး အနီးကပ်ကြီးကြပ်ခွင့် ပိတ်ပင်ခံရ

အက်သလက်တီကိုနည်းပြ ဆီမြွန်နီသည် လက်ရှိဘောလုံးရာသီ လာလီဂါလက်ကျန် ၃ ပွဲစလုံးတွင် အနီးကပ်ပွဲကြီးကြပ်ခွင့် ပိတ်ပင်ခံခဲ့ရသည်။ အသက် ၄၅ နှစ်အရွယ် ဆီမြွန်နီသည် ပြီးခဲ့သည့်စနေနေ့က မာလာဂါကို ၁-၀ ဖြင့်အနိုင်ရခဲ့သည့်ပွဲစဉ်တွင် မာလာဂါအသင်းမှ လက်ပစ်ဘောရရှိချိန်၌ တိုက်စစ်ဆင်နေမှုနှောင့်နှေးစေရန် ဘောလုံးကောက်သည့် လူငယ်အား ဘောလုံးကို ကွင်းတွင်းသို့ ပစ်ချရန်တိုက်တွန်းခဲ့သည်။ အဆိုပါအပြုအမူကြောင့် ဒိုင်လူကြီးက ဆီမြွန်နီကို ကွင်းတွေမှထုတ်ပယ်ကာ...
Read More

ယနေ့ညကစားမည့် ဗယ်လီကာနိုနှင့်ပွဲကို ရော်နယ်ဒိုလွဲချော်မည်

ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို၏ ညာဘက်ပေါင်ကြွက်သားဒဏ်ရာကို စစ်ဆေးမှုများပြုလုပ်ပြီးနောက် ၎င်းသည်ယနေ့ညတွင်ကစားမည့် ဗယ်လီကာနိုနှင့်ပွဲစဉ်၌ ပါဝင်နိုင်မည်မဟုတ်ကြောင်းသိရသည်။ ရော်နယ်ဒို၏ဒဏ်ရာနှင့်ပတ်သက်၍ မည်မျှခန့်အနားယူရန်လိုအပ်ကြောင်းကို အင်္ဂါနေ့တွင် မန်စီးတီးနှင့်ယှဉ်ပြိုင်မည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်မတိုင်မီ ထပ်မံစစ်ဆေးမည်ဖြစ်သည်။ ရီးရဲလ်မက်ဒရစ်သည် လက်ကျန် ၄ ပွဲကျန်ရှိချိန်တွင် အမှတ်ပေးဇယားဦးဆောင်သူဘာစီလိုနာနှင့် ဒုတိယနေရာမှ အက်သလက်တီကိုတို့၏နောက် ၁ မှတ်လျော့ဖြင့် တတိယနေရာတွင်ရပ်တည်နေသည်။ ဗီလာရီးရဲလ်ကို ၃-၀ ဖြင့်အနိုင်ရခဲ့သောပွဲတွင် နောက်ကျောဒဏ်ရာကြောင့်...
Read More

အိုလံပစ်ပြိုင်ပွဲတွင် ဘရာဇီးအတွက် နေမာပါဝင်မည်ဖြစ်သော်လည်း ကိုပါအမေရိကပြိုင်ပွဲကိုလွဲချော်

နေမာသည် လာမည့်နွေရာသီတွင် ရီယိုဒီဂျနေရိုးမြို့၌ ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲတွင် ဘရာဇီးအတွက်ပါဝင်ကစားမည်ဖြစ်သော်လည်း ကိုပါအမေရိကပြိုင်ပွဲတွင်မူ ပါဝင်မည်မဟုတ်ကြောင်း ဘာစီလိုနာက ဒီပို့တီဗိုကို ၈-၀ ဖြင့်အနိုင်ရခဲ့ သောပွဲစဉ်အပြီးတွင် ထုတ်ပြန်ကြေညာခဲ့သည်။ နေမာက ပြိုင်ပွဲ ၂ ရပ်လုံးတွင် ပါဝင်ကစားလိုကြောင်း ဖွင့်ဟထားသော်လည်း ဘာစီလိုနာက ၎င်းတို့၏ထိပ်တန်းတိုက်စစ်မှူးကို အချိန်ကြာမြင့်စွာ လက်လွတ်မခံလိုသဖြင့် ဘာစီလိုနာနှင့်ဘရာဇီးအသင်းတို့မှာ နေမာကိစ္စနှင့်ပတ်သက်၍ လအတန်ကြာဆွေးနွေးခဲ့ကြပြီး ယခုမှသဘောတူညီမှုရရှိခဲ့ကြခြင်းဖြစ်သည်။...
Read More

လာလီဂါဖလားကို ဆွတ်ခူးနိုင်သေးကြောင်း ဂါရတ်ဘေးလ်ဖွင့်ဟ

ရီးရဲလ်မက်ဒရစ်သည် စနေနေ့တွင်ယှဉ်ပြိုင်မည့် အမှတ်ပေးဇယားဦးဆောင်သူ ဘာစီလိုနာနှင့် ၁၀ မှတ်ကွာဟနေသော်လည်း ဂါရတ်ဘေးက လာလီဂါဖလားဆွတ်ခူးနိုင်သေးကြောင်း ပြောကြားခဲ့သည်။ ဘာစီလိုနာသည် နိုဝင်ဘာလ ၂၁ ရက်နေ့က ဘာနေဗျူးကွင်း၌ ရီးရဲလ်မက်ဒရစ်ကို ၄-၀ ဖြင့်အနိုင်ရခဲ့ပြီး လာလီဂါနှင့်ဖလားပြိုင်ပွဲများတွင် ၃၉ ပွဲဆက် ရှုံးပွဲမရှိစံချိန်တင်ထားခဲ့သည်။ သို့သော်ဂါရတ်ဘေးလ်က “ဘောလုံးလောကမှာ ဘာမဆိုဖြစ်နိုင်ပါတယ်”ဟု ပြောကြားခဲ့ပြီး ပြီးခဲ့သောဘောလုံးရာသီကထက် အသင်းတွင် ပို၍အခြေကျနေပြီဖြစ်ကြောင်းလည်း...
Read More

နံပါတ် ၉ နေရာနှင့်ထိုက်တန်သည့်ခြေစွမ်းပြသနိုင်ရန် ယုံကြည်မှုမရှိခဲ့ကြောင်း ဆွာရက်ဇ်ဖွင့်ဟ

ဆွာရက်ဇ်သည် ယခုဘောလုံးရာသီတွင် ခြေစွမ်းကောင်းများပြသကာ ဘာစီလိုနာအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၄၃ ဂိုးသွင်းယူထားသော်လည်း စတင်ပြောင်းရွှေ့ခဲ့ချိန် ၂၀၁၄ ခုနှစ်က ခြေစွမ်းမပြနိုင်မည်ကိုစိုးရိမ်ခဲ့ကြောင်း ဖွင့်ဟခဲ့သည်။ ဥရုဂွေးတိုက်စစ်မှူးဆွာရက်ဇ်သည် ပေါင် ၇၅ သန်းဖြင့်လီဗာပူးမှ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ပြောင်းရွှေ့ကြေးနှင့်ထိုက်တန်သည့် ခြေစွမ်းပြသရန် ဘာစီလိုနာတွင် အချိန်အနည်းငယ်ယူခဲ့ရသည်။ “ဘာစီလိုနာမှာကစားဖို့ အရင်ကတည်းက အိပ်မက်မက်ခဲ့တာပါ။ ဒါပေမဲ့ နံပါတ် ၉ တိုက်စစ်မှူးနေရာအတွက်...
Read More

မီးပွဲတော်တွင် ဂယ်ရီနဗီးလ်၏ ရုပ်ပုံများကို ဗလင်စီယာပရိသတ်များ ထည့်သွင်းမီးရှို့

ဗလင်စီယာပရိသတ်များသည် ၎င်းတို့မြို့တွင်နှစ်စဉ်ကျင်းပလေ့ရှိသော မီးပွဲတော်တွင် ဗလင်စီယာနည်းပြ ဂယ်ရီနဗီးလ်၏ရုပ်ပုံများကို မီးရှို့ကာ ထိုနည်းပြ၏စွမ်းဆောင်မှုများကို ကျေနပ်မှုမရှိကြောင်း ဆက်လက်ထုတ်ဖော်ပြသခဲ့ကြသည်။ Las Fallas (မီးပွဲတော်) မှာ ဒေသခံများက ရုပ်ပုံစက္ကူများ၊ ပုံတူကားချပ်များကို မီးရှို့ခြင်းဖြင့် ထိုအရာများမှာ ပြာအဖြစ်မှ ပိုမိုကောင်းမွန်သောအခြေအနေဖြင့် ပြန်လည်နိုးထလာမည်ဟူသော အယူအဆဖြင့် ကျင်းပသည့်ပွဲတော်ဖြစ်သည်။ ယခုနှစ်မီးပွဲတော်တွင် မီးရှို့ခံရသည့် ပုဂ္ဂိုလ်များတွင် ဂယ်ရီနဗီးလ်သာမက အသင်းပိုင်ရှင်...
Read More

လာလီဂါသွင်းဂိုးအများဆုံး ဗြိတိန်ကစားသမားအဖြစ် ဂါရတ်ဘေးလ်စံချိန်တင်

ယမန်နေ့ကဆီဗီလာကို အိမ်ကွင်းတွင် ၄-၀ ဖြင့်အနိုင်ရခဲ့သောပွဲစဉ်၌ ၂ ဂိုးသွင်းယူနိုင်ခဲ့သော ရီးရဲလ်ကစားသမား ဂါရတ်ဘေးလ်သည် ဂယ်ရီလိုင်နီကာ၏စံချိန်ကိုကျော်ဖြတ်ပြီး လာလီဂါသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားနိုင်သော ဗြိတိန်ကစားသမားဖြစ်လာခဲ့သည်။ အသက် ၂၆ နှစ်အရွယ် ဝေးလ်စ်လက်ရွေးစင်တိုက်စစ်မှူး ဂါရတ်ဘေးလ်သည် ၂၀၁၃ စက်တင်ဘာလက စပါးအသင်းမှ စံချိန်တင်ပြောင်းရွှေ့ကြေး ၈၅ သန်းဖြင့် ရီးရဲလ်သို့ရောက်ရှိခဲ့ပြီး လာလီဂါပွဲစဉ် ၇၆ ပွဲကစားကာ သွင်းဂိုး...
Read More

နည်းပြများကို ၆ လစာချုပ်ဖြင့်သာ ခန့်အပ်သင့်ဟု ဘာစီလိုနာနည်းပြသုံးသပ်

ဘာစီလိုနာနည်းပြ လူးဝစ်အန်းနရစ်က နည်းပြများကို ကာလရှည်စာချုပ်များ ချုပ်ဆိုခန့်အပ်ခြင်းအား အဆုံးသတ်ကာ ၆ လစာချုပ်များဖြင့် ခန့်အပ်သင့်သည်ဟု ၎င်း၏အမြင်ကို ထုတ်ဖော်ပြောကြားခဲ့သည်။ ရိုးမားနှင့် ဆဲလ်တာဗီဂိုတို့တွင် နည်းပြတာဝန်ယူခဲ့ဖူးသူ အန်းနရစ်မှာ ၂၀၁၄ မှစ၍ တာဝန်ယူခဲ့သည့် ဘာစီလိုနာ၌ ဖလား ၅ လုံးရယူပေးထားသူဖြစ်ကာ”၆ လထက် မပိုတဲ့စာချုပ်နဲ့သာ အဲဒီအသင်းတွေမှာ တာဝန်ယူခဲ့ရရင် အခုအချိန်မှာလိုပဲ အောင်မြင်မှာပါ။...
Read More

မက်ဆီ၊ ရော်နယ်ဒိုကိစ္စ အငြင်းပွားရာမှ လူသတ်မှုဖြစ်ပွား

အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းခရိုင်အတွင်းရှိ ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် မက်ဆီနှင့်ရော်နယ်ဒို မည်သူက ပိုကောင်းသည်နှင့်ပတ်သက်၍ သူငယ်ချင်းနှစ်ဦး စကားများရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့် စနေနေ့ညက ပါတီပွဲတစ်ခုတွင် အသက် ၂၁ နှစ်အရွယ် နိုင်ဂျီးရီးယားလူမျိုး မိုက်ကယ်ချုကူမာဆိုသူက တစ်နယ်တည်းသား အိုဘီနာဒူရမ်ချူကူအား ဖန်ခွက်ကွဲ အပိုင်းအစဖြင့် ထိုးသတ်ခဲ့ကြောင်း အိန္ဒိယရဲအရာရှိတစ်ဦးကေ ပြာကြားခဲ့သည်။ “သူတို့ ဘောလုံးသမားတွေအကြောင်း ဆွေးနွေးငြင်းခုံနေကြတာပါ။...
Read More

ယနေ့ညပွဲတွင် ရီးရဲလ်အတွက် ဂါရတ်ဘေးလ်ပြန်ကစားနိုင်မည်

ရီးရဲလ်တိုက်စစ်မှူး ဂါရတ်ဘေးလ်သည် ခြေသလုံးကြွက်သားဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက် ၂ လအတွင်း ပထမဆုံးပွဲအဖြစ် ဆဲလ်တာဗီဂိုနှင့်ကစားမည့် ယနေ့ညပွဲတွင် ပြန်လည်ပါဝင်လာမည်ဖြစ်သည်။ ဘေးလ်သည် လာလီဂါ ၈ ပွဲနှင့် ချန်ပီယံလိဂ်ပွဲစဉ်များကို လွဲချော်ခဲ့ရသော်လည်း ဆဲလ်တာဗီဂိုနှင့်ပွဲလူစာရင်းတွင် ရီးရဲလ်နည်းပြ ဇီဒန်းက ထည့်သွင်းထားသည်။ ရီးရဲလ်မှာ ဂါရတ်ဘေးလ်မပါဝင်သော လာလီဂါပွဲစဉ် ၇ ပွဲတွင် ၄ ပွဲအနိုင်ရခဲ့ပြီး လာလီဂါရာသီကုန်ရန်...
Read More
error: Content is protected !!