စီးရီးအေ

ပေါ့ဘာမှာ အတွေ့အကြုံပိုင်း အားနည်းနေကြောင်း လက်ရွေးစင်နည်းပြဒက်ချမ့် သုံးသပ်

ပြင်သစ်လက်ရွေးစင်နည်းပြ ဒက်ချမ့်က ဥရောပအသင်းကြီးအချို့၏ စိတ်ဝင်စားခြင်းခံနေရသည့် ကွင်းလယ်လူပေါ့ဘာအနေ ဖြင့် အသက်အရွယ်ကြောင့် ပွဲအတွေ့အကြုံပိုင်းအားနည်းနေသေးကြောင်း၊ နိုင်ငံအသင်းအတွက်အားကိုးရမည့် ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ရန် အချိန်ယူရဦးမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားသွားခဲ့သည်။ လက်ရှိထွက်ပေါ်နေသည့် သတင်းများအရ ပေါ့ဘာသည် လာမည့်ဆောင်းရာသီအပြောင်းအရွှေ့တွင် စပိန်ထိပ်သီးဘာစီလိုနာသို့ပြောင်းရွှေ့ရန် အကြိုသဘောတူညီမှုရရှိခဲ့ပြီဆိုသည့် သတင်းများကြောင့် ပြင်သစ်လက်ရွေးစင်နည်းပြဒက်ချမ့်က ယခုကဲ့သို့ သုံးသပ်ခဲ့ခြင်းဖြစ်သည်။ “ဂျူဗင်တပ်ရဲ့ရလဒ်ပိုင်းကျဆင်းမှုနဲ့အတူ ပေါ့ဘာရဲ့စွမ်းဆောင်ရည်က လိုအပ်ချက်တွေရှိလာတယ်လို့ထင်ပါတယ်။ အထူးသဖြင့် ပေါ့ဘာအနေနဲ့ အသက်အရွယ်ပိုင်းအရ...
Read More

အေစီမီလန်နည်းပြ မီဟိုင်းလိုဗစ် ရာထူးမှထုတ်ပယ်ခံရဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်

စီးရီးအေပွဲစဉ် ၇ တွင် နာပိုလီအသင်းအား ဂိုးပြတ်အရေးနိမ့်ခဲ့သည့် အေစီမီလန်နည်းပြမီဟိုင်းလိုဗစ်သည် ရာသီအစရလဒ်ဆိုးများကြောင့် နည်းပြရာထူးမှထုတ်ပယ်ခံရဖွယ်ရှိနေကြောင်း အီတလီမီဒီယာများက ဖော်ပြလျက်ရှိသည်။ အေစီမီလန်သည် နာပိုလီအား ၄ ဂိုးပြတ်အရေးနိမ့်ခဲ့သည့်အတွက် စီးရီးအေပွဲစဉ် ၂ ပွဲဆက်တိုက် ရှုံးပွဲကြုံခဲ့ခြင်းဖြစ်ပြီး ယခုဘောလုံးရာသီတွင် ၄ ပွဲမြောက်အရှုံးဖြစ်ခဲ့သည်။ နည်းပြမီဟိုင်းလိုဗစ်အနေဖြင့် နည်းပြရာထူးကိုဆက်လက်တည်မြဲရေး မသေချာသည့်အခြေအနေနှင့်ရင်ဆိုင်နေရကြောင်း၊ အေစီမီလန်တွင်ဆက်ရှိနေရန်လည်း ခက်ခဲနေပြီဖြစ်ကြောင်း  အီတလီအားကစားမီဒီယာ La...
Read More

ဒီနာတယ်လီ၏ခေါင်းဒဏ်ရာ ၂၅ ချက် ချုပ်ခဲ့ရ

အူဒီးနိစ်အသင်းခေါင်းဆောင် ဒီနာတယ်လီသည် ဂျီနိုအာနှင့် ၁-၁ သရေကျခဲ့သည့်ပွဲစဉ်တွင် ရရှိခဲ့သောဒဏ်ရာကို ၂၅ ချက် ချုပ်ခဲ့ရကြောင်း သိရှိရသည်။ အဆိုပါဝါရင့်တိုက်စစ်မှူးသည် ပြိုင်ဘက်ကစားသမား ဆီဘက်ရှန်ဒီမိုင်ယိုနှင့် ခေါင်းယှဉ်တိုက်ချိန်တွင် ဒဏ်ရာအပြင်းအထန် ရခဲ့သော်လည်း ဆက်လက်ကစားပြီး ဂိုးသွင်းယူနိုင်ခဲ့သည်။ ဒဏ်ရာရပြီးနောက် ၎င်း၏ခေါင်းအား ပတ်တီးစည်းခဲ့သော်လည်း သွေးများ ဆက်လက်ထွက်လာခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရသည်။ အူဒီးနိစ်အသင်း၏ ထုတ်ပြန်ချက်တွင် ဒီနာတယ်လီမှာ ဘယ်ဘက်မျက်ခုံးအပေါ်ဘက်တွင်...
Read More

ဘိုလော့ဂ်နာအား အရေးကြီးဆုံးပွဲစဉ်တစ်ခုအသွင်ကစားမည်ဟု ဂျူဗီနည်းပြပြော

ဂျူဗီနည်းပြအယ်လ်လီဂရီက ဘိုလော့ဂ်နာနှင့် ယနေ့ကစားမည့်ပွဲစဉ်တွင် ကောင်းမွန်သည့် ကစားပုံပြသရန်လို ပြီးယင်းပုံစံကောင်းမှာ ရလဒ်ကောင်းများကိုရယူပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ ဂျူဗင်တပ်အသင်းသည် စီးရီးအေအိမ်ကွင်း(၃)ပွဲကစားပြီးချိန်ထိ နိုင်ပွဲမရသေးရာ ယခုဘိုလော့ဂ်နာနှင့်ပွဲစဉ်တွင် နိုင်ပွဲရယူရန်အတွက် ကောင်းမွန်သည့်ကစားပုံပြနိုင်ရန်မှာ အဓိကအချက်ဖြစ်ကြောင်းပြောကြားလိုက်ခြင်း ဖြစ်သည်။ အယ်လ်လီဂရီက”ဒီနေ့ပွဲမှာ ကျွန်တော်တို့နိုင်ပွဲရဖို့လိုအပ်နေတယ်။ ဒါကြောင့် ကစားပုံကောင်းတစ်ခုကိုပြသဖို့ တော့လိုတယ်။ ကစားပုံကောင်းပြသနိုင်မှုက ရလဒ်ကောင်းတွေကိုဆက်တိုက်ဖြစ်စေနိုင်မယ်လို့ ကျွန်တော်ယုံ ကြည်တယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲက စီးရီးအေပြိုင်ပွဲနဲ့ လုံးဝကို...
Read More

နှလုံးခွဲစိတ်မှုခံယူပြီးနောက် လစ်ခ်ျစတိန်နာ ၁ လ နားရမည်

ဂျူဗင်တပ်နောက်ခံလူ စတီဖင်လစ်ခ်ျစတိန်နာမှာ အသက်ရှုခက်ခဲမှုကြောင့် နှလုံးခွဲစိတ်မှုခံယူခဲ့ပြီး ၁ လကြာ အနားယူရမည်ဟု သိရှိရသည်။ ဆွစ်ဇာလန်လက်ရွေးစင် ထိုကစားသမားမှာ ပြီးခဲ့သည့်တစ်ပတ်စီးရီးအေပွဲစဉ်တွင် အသက်ရှုခက်ခဲသည့်ဝေဒနာ ခံစားခဲ့ရသည်။ ထို့ကြောင့် ၎င်းသည် နောက်တစ်ရက်တွင် ဆေးစစ်ဆေးမှုခံယူပြီးနောက် အထူးကုများက ၎င်းအား ခွဲစိတ်ကုသမှုခံယူရန် လမ်းညွှန်ခဲ့သည်။ လစ်ခ်ျစတိန်နာသည် သောကြာနေ့က ခွဲစိတ်မှုခံယူခဲ့ပြီး ရက် ၃၀ အတွင်း ပြန်လည်ကစားနိုင်မည်ဟု...
Read More

ဇက်ကိုနှင့် ဆာလာတို့ကို ရိုးမားအပြီးသတ်ခေါ်ယူ

စီးရီးအေကလပ် ရိုးမားအသင်းတွင် အငှားဖြင့်သွားရောက်ကစားနေသော မန်စီးတီးတိုက်စစ်မှူးဇက်ကိုနှင့် ချဲလ်ဆီးတောင်ပံကစားသမား ဆာလာတို့ကို အပြီးသတ်လက်မှတ်ရေးထိုးခဲ့ပြီဖြစ်ကြောင်း ရိုးမားက အတည်ပြုထုတ်ပြန်ခဲ့သည်။ အဆိုပါစီးရီးအေကလပ်မှာ ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မပိတ်မီအချိန်တွင် အငှားကစားသမား ၃ ဦးခေါ်ယူခဲ့ပြီးနောက် ကစားသမားများနှင့်တွေ့ဆုံကာ စာချုပ်ချုပ်ဆိုရန်သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်သည်။ ယခုအပြီးသတ်စာချုပ်နှင့်ပတ်သက်၍ ”မန်စီးတီးမှ ဇက်ကို၊ ချဲလ်ဆီးမှ ဆာလာ၊ ဂျီနိုအာမှ ဖယ်လ်ကီတို့၏ လက်မှတ်ရေးထိုးမှုသည် ၂၀၁၄-၁၅ နွေရာသီအပြောင်းအရွှေ့ကာလအတွက် အရေးကြီးသော သဘောတူညီချက်များဖြစ်ခဲ့သည်။...
Read More

နည်းပြရာထူးအတွက် အေစီမီလန်အသင်းနှင့်ပွဲတွင် အနိုင်ရရှိရန်လိုအပ်ကြောင်း နာပိုလီနည်းပြ ၀န်ခံ

နာပိုလီနည်းပြ ဆာရီက ယူရိုပါလိဂ်အုပ်စုဒုတိယပွဲစဉ်တွင် ပိုလန်ကလပ်လီဂီယာဝါဆောအသင်းအား အနိုင်ရရှိခဲ့ပြီးနောက် ပျောက်ဆုံးနေခဲ့သည့်အသင်းစိတ်ဓါတ်ကို ပြန်လည်ရရှိခဲ့ကြောင်း၊ ရလဒ်ကောင်း အချို့ရယူနိုင်ခဲ့သော်လည်းနည်းပြအဖြစ်ဆက်လက်တာဝန်ယူခွင့်ရရှိရန်အတွက် အေစီမီလန်နှင့်ပွဲတွင် အနိုင်ရရှိရန်လိုအပ်ကြောင်း ၀န်ခံပြောကြားခဲ့သည်။ စီးရီးအေပွဲစဉ် ၆ အပြီးတွင် နိုင်ပွဲ ၂ ပွဲ သာရရှိခဲ့သည့်အတွက် ပရိသတ်အချို့၏ဝေဖန်မှုခံနေရသည့် နည်းပြဆာရီမှာ အသင်းလူစာရင်းကို အရဲစွန့်ပြောင်းလဲအသုံးပြုနေကြောင်းလည်း ထုတ်ဖော်ပြောကြားထားခဲ့သည်။ “၀ါဆောနဲ့ပွဲစဉ်မှာအသင်းသားတွေရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုကို ပြန်လည်တွေ့မြင်ခဲ့ရပါတယ်။ ကစားကွက်အပြောင်းအလဲတချို့ပြုလုပ်ခဲ့တယ်ဆိုပေမယ့်...
Read More

အယ်လီဂရီအား ထုတ်ပယ်ဖွယ်ရန်ရှိနေသည့် သတင်းများမှာ ဟာသဆန်လွန်းကြောင်း ဂျူဗင်တပ်ဥက္ကဋ္ဌဟောင်း ဆို

စီးရီးအေချန်ပီယံဂျူဗင်တပ်ဥက္ကဋ္ဌဟောင်း ကိုဘိုလီက လက်ရှိနည်းပြအယ်လီဂရီမှာ အသင်းအတွက်အသင့်တော်ဆုံးနည်းပြတစ်ဦးဖြစ်ကြောင်း၊ ရလဒ်မကောင်းသည်သည့်အတွက် ရာထူးမှထုတ်ပယ်ခံရဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ်လာခဲ့ခြင်းမှာ ဟာသဆန်လွန်းကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ နည်းပြအယ်လီဂရီနီသည် ပြီးခဲ့သည့်နှစ်ဘောလုံးရာသီတွင် ဂျူဗင်တပ်အသင်းအတွက် အောင်မြင်မှုများစွာရယူပေးခဲ့သော်လည်း လက်ရှိဘောလုံးရာသီတွင်မူ ရလဒ်ပိုင်းဆိုးရွားနေခဲ့သည့်အတွက် နည်းပြအပြောင်းအလဲဖြစ်ပေါ်လာနိုင်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။ “နည်းပြအယ်လီဂရီဆိုတာ ဥရောပရဲ့ထိပ်တန်းနည်းပြတစ်ဦးဖြစ်သလို အသင်းအတွက်အသင့်တော်ဆုံးနည်းပြတစ်ဦးပါ။ သူ့လိုနည်းပြမျိုးကို ရာထူးကနေထုတ်ပယ်ဖွယ်ရှိနေတယ်ဆိုတဲ့ သတင်းတွေက တကယ်ကိုဟာသဆန်လွန်းပါတယ်။ အသင်းအနေနဲ့လည်း ထိပ်တန်းနည်းပြတစ်ဦးကို ရုတ်တရက်ထုတ်ပယ်မှာမဟုတ်ဘူး”ဟု ကိုဘိုလီက...
Read More

ကွင်းသစ်စီမံကိန်းပြီးစီးပါက မီလန်အခြေစိုက်အသင်းများ ဆန်စီရိုကွင်းကို ယခင်အတိုင်းဆက်လက်အသုံးပြုမည်

အင်တာမီလန်ဥက္ကဋ္ဌဟောင်းမိုရက်တီက အသစ်ပြန်လည်ပြုပြင်မည့် ဆန်စီရိုကွင်းအားပြင်ဆင်ပြီးချိန်တွင်လည်း  မီလန်အခြေစိုက်အသင်း ၂ သင်းအနေဖြင့် လက်ရှိအခြေအနေအတိုင်းဆက်လက်ခွဲဝေအသုံးပြုသွားမည်ဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ အင်တာမီလန်အသင်းဥက္ကဋ္ဌသစ်ဖြစ်သူ အဲရစ်သိုဟာမှာ အိမ်ကွင်းဆန်စီရိုအား အကြီးစားပြင်ဆင်မှုများပြုလုပ်ရန်ဆန္ဒရှိနေခဲ့ပြီး ပေါင်သန်း ၁၅၀ အထိကုန်ကျဖွယ်ရှိနေသည့် ပြင်ဆင်ရေးစီမံကိန်းအတွက် စပွန်ဆာအကူအညီများ ရှာဖွေလျက်ရှိနေသည်။ “ခါးသီးတဲ့မြို့ခံပြိုင်ဘက်အသင်းတွေဖြစ်ပေမယ့် ကွင်းသစ်စီမံကိန်းအတွက် ညှိနှိုင်းမှုတွေပြုလုပ်နေပါပြီ။ ကုန်ကျစရိတ်တွေအတွက် သဘောတူညီမှုရရှိခဲ့တယ်ဆိုပေမယ့် စပွန်ဆာထောက်ပံ့မှုတွေလိုအပ်နေဆဲလို့ သိထားပါတယ်။ ဒါပေမဲ့ မီလန်ကိုယ်စားပြုအသင်း၂ သင်းအနေနဲ့...
Read More

ကစားသမားများကို အလွဲသုံးစားလုပ်ခဲ့သည့် ပါးမားဥက္ကဋ္ဌဟောင်း ဘောလုံးလောကမှ ၅ နှစ် ပယ်ခံရ

အီတလီဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများသည် ပြီးခဲ့သည့်နှစ်ဘောလုံးရာသီတွင် စီးရီးအေပြိုင်ပွဲ၌ ဒေ၀ါလီခံခဲ့သည့် ပါးမားအသင်း၏ ဥက္ကဋ္ဌဖြစ်သူ မာနန်တီအား ကစားသမားများကို လစာငွေပေးချေမှုမရှိခဲ့သည့်အတွက် ဘောလုံးလောကနှင့် ၅ နှစ် မပတ်သက်ရန် ပြစ်ဒဏ်ချမှတ်ကြောင်း အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ မာနန်တီသည် ပြီးခဲ့သည့်နှစ်ဘောလုံးရာသီတွင် အသင်းသားများကို လစာငွေပေးချေရန်ပျက်ကွက်ခဲ့ခြင်း၊ ငွေမည်းခ၀ါချမှုများပြုလုပ်ခဲ့ခြင်းနှင့် ငွေကြေးအလွဲသုံးစားမှုများပြုလုပ်ခဲ့သည့်အတွက် ၂၀၁၅ မတ်လအတွင်းက ရဲတပ်ဖွဲ့၏ စစ်ဆေးထိန်းသိမ်းခြင်းခံခဲ့ရသူဖြစ်သည်။ ပါးမားအသင်းဥက္ကဋ္ဌဟောင်း နန်တီသည်...
Read More
error: Content is protected !!