စီးရီးအေ

့ ပွဲကြပ်ကာလအတွင်း ဒဏ်ရာရကစားသမားများပြားနေသည့်အပေါ် အူဒီးနီစ်နည်းပြ စိုးရိမ်နေ

အူဒီးနီစ်အသင်းနည်းပြ ကိုလန်တူအိုနိုက ရလဒ်ကောင်းများရရှိရန် ရုန်းကန်နေရသည့်အချိန်တွင် ဒဏ်ရာရကစားသမားများပြားနေခဲ့ခြင်းမှာ အသင်းအတွက် နစ်နာကြောင်းနှင့် ပွဲကြပ်ကာလအတွက် အဓိကကစားသမားအချို့ ဒဏ်ရာရရှိနေခဲ့သည့်အပေါ် စိုးရိမ်မိကြောင်း ထုတ်ဖော်ပြော ကြားခဲ့သည်။ စီးရီးအေပွဲစဉ်-၇အပြီး အမှတ်ပေးဇယား အဆင့်၁၄နေရာတွင် ရပ်တည်နေသည့် အူးဒီးနီစ်အသင်းတွင် အဓိကကစားသမားဖြစ်သည့် တိုက်စစ်မှူး ဇာပါတာ၊ ဒီနာတယ်လီတို့ ဒဏ်ရာပြဿနာများရှိနေခဲ့သည့်အပြင် ကွင်းလယ်ကစားသမားများဖြစ်သည့် မာကယ်လ်၊ ကိုနေးလ်တို့အပါအ၀င်ဒဏ် ရာရကစားသမား ၈ဦးအထိရှိနေခဲ့သည်။...
Read More

အသင်းရှယ်ယာအချို့ ရောင်းထုတ်ရန် အင်တာမီလန်ဥက္ကဋ္ဌဟောင်း စီစဉ်နေ

အင်တာမီလန်အသင်းဥက္ကဋ္ဌဟောင်းဖြစ်သူ မိုရက်တီသည် အသင်း၌ ၎င်းပိုင်ဆိုင်ထားသည့် ရှယ်ယာအချို့အား ရောင်းထုတ်ပြီးအသင်းမှထွက်ခွာရန် စီစဉ်နေကြောင်း အီတလီအားကစားသတင်းစာ La Repubblica ၏ ဖော်ပြချက်အရသိရသည်။ ၂၀၀၆ မှ ၂၀၁၃ အထိ အင်တာမီလန်အသင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် မိုရက်တီသည် ၎င်း၏ရှယ်ယာအများစုအား အင်ဒိုနီးရှားစီးပွားရေးလုပ်ငန်းရှင် အဲရစ်သိုဟာ ထံရောင်းချခဲ့ပြီး လက်ရှိအချိန်တွင် အသင်း၏ ရှယ်ယာ ၃၀ရာခိုင်နှုန်းအား ချုပ်ကိုင်ထားနိုင်ဆဲဖြစ်သည်။...
Read More

ဖီအိုရင်တီးနားတွင် နာပိုလီနည်းပြဆာရီ တာဝန်ယူကိုင်တွယ်လိုဟု အေးဂျင့်ကထုတ်ဖော်ပြောကြား

စီးရီးအေကလပ်နာပိုလီအသင်းနည်းပြဆာရီ၏ အေးဂျင့် အလက်ဇန်ဒရိုက ဆာရီမှာ အသင်းတစ်သင်းအားအောင်မြင်စွာတာဝန်ယူကိုင်တွယ်နေနိုင်ခဲ့သော်လည်း တစ်ချိန်တွင် မွေးရပ်မြေကလပ်အသင်းတစ်သင်းသို့ ပြောင်းရွှေ့လိုနေကြောင်း၊ ဖီအိုရင်တီးနားအသင်းအား တာဝန်ယူကိုင်တွယ်ရန် ဆန္ဒရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ နည်းပြဆာရီသည် နည်းပြဘ၀သက်တမ်းတစ်လျှောက်တွင် စီးရီးဘီအသင်းများကိုသာ တာဝန်ယူကိုင်တွယ်ခဲ့ဖူးပြီး၂၀၁၅ တွင် အမ်ပိုလီအသင်းနှင့်အတူ အောင်မြင်မှုရရှိခဲ့သဖြင့် စီးရီးအေအသင်းများ၏ စိတ်ဝင်စားခြင်းကိုခံခဲ့ရကာ ၂၀၁၅-၁၆ ဘောလုံးရာသီတွင် ရာထူးမှနုတ်ထွက်ခဲ့သည့် နာပိုလီနည်းပြ ဘင်နီတက်ဇ်၏ နေရာ၌ အစားထိုးခန့်အပ်တာဝန်ပေးခံခဲ့ရသူဖြစ်သည်။...
Read More

နည်းပြ မီဟိုင်းလိုဗစ် နည်းဗျူဟာပိုင်းပြောင်းလဲသင့်နေပြီဟု အေစီမီလန်ဥက္ကဋ္ဌ မှတ်ချက်ပြု

အေစီမီလန်အသင်းဥက္ကဋ္ဌဘာလူစကိုနီက လက်ရှိအသင်းခြေစွမ်းအပေါ် အားရခြင်းမရှိသော်လည်း နည်းပြမီဟိုင်းလိုဗစ်မှာ နည်းဗျူဟာပိုင်းအရ ပြောင်းလဲအသုံးပြုရန်လိုအပ်နေပြီဖြစ်ကြောင်း၊ ထိပ်တန်းနည်းပြတစ်ဦးဖြစ်သည့်အတွက် လုံလောက်သည့် အချိန်အတိုင်းအတာတစ်ခုပေးအပ်ရမည်ကိုလည်း လက်ခံကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။ စီးရီးအေပွဲစဉ်-၇အပြီးတွင် ရှုံးပွဲ ၄ပွဲအထိကြုံတွေ့ခဲ့ထားသည့် အေစီမီလန်အသင်းသည် ပရိသတ်များ၏ဝေဖန်မှုများခံနေရလျက်ရှိပြီး ပွဲစဉ်-၈အဖြစ် တိုရီနိုနှင့်ပွဲစဉ်တွင် ရလဒ်မကောင်းခဲ့ပါကး နည်းပြမီဟိုင်းလိုဗစ်မှာ ရာထူးမှထုတ်ပယ်ခံရဖွယ်ရှိနေကြောင်းလည်း သတင်းများထွက်ပေါ်လျက်ရှိနေသည်။ ” မီဟိုင်းလိုဗစ်က စီးရီးအေရဲ့ ၀ါရင့်ထိပ်သီးနည်းပြတစ်ဦးပါ။ ကစားသမားတစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်ကိုဘယ်လိုထုတ်သုံးရမယ်ဆိုတာ...
Read More

ဂျူဗင်တပ်နှင့်တွေ့ဆုံမှု ၅ ကြိမ်တွင် ၆ ဂိုးသွင်းယူနိုင်ခြင်းကို အမှတ်ရနေဆဲဟု အိုင်ကာဒီ ပြောကြား

အင်တာမီလန်တိုက်စစ်မှူးအိုင်ကာဒီက ဂျူဗင်တပ်နှင့်တွေ့ဆုံမှု ၅ ကြိမ်တွင် ၆ ဂိုးသွင်းယူနိုင်ခြင်းကို အမှတ်ရနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပြီး ယခုတနင်္ဂနွေနေ့တွင် ကစားမည့်ပွဲတွင်လည်း ခြေစွမ်းပြနိုင်မည်ဟု ယုံကြည်ကြောင်းဆိုခဲ့သည်။ အိုင်ကာဒီမှာ အင်တာမီလန်သို့ မပြောင်းရွှေ့မီအချိန်တွင် ဆမ်ဒိုးရီးယားတိုက်စစ်မှူးအဖြစ်ကစားခဲ့ပြီး ဂျူဗင်တပ်နှင့်ပွဲတွင် ဂိုးသွင်းယူနိုင်ခြင်းနှင့်ပတ်သက်၍ ”ဂျူဗင်တပ်ကွင်းမှာ အောင်ပွဲခံခဲ့တဲ့ အမှတ်တရတွေကို ကျွန်တော်ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ အဲဒီပွဲတုန်းက ကျွန်တော်တို့ဘက်က ကစားသမားတစ်ယောက်လျော့နေသလို တစ်ဂိုးလည်းပေးထား ရပါတယ်။...
Read More

အောင်မြင်မှုလမ်းကြောင်းပေါ် ပြန်ရောက်ရန် အခက်အခဲများရှိနေဟု အေစီမီလန်နည်းပြ ၀န်ခံ

စီးရီးအေပြိုင်ပွဲများတွင် ရလဒ်ကောင်းများရရှိရန် ရုန်းကန်နေရသည့် အေစီမီလန်နည်းပြ မီဟိုင်းလိုဗစ်က အောင်မြင်မှုပြန်လည်ရရှိရန်အတွက်အခက်အခဲများရှိနေခဲ့ကြောင်း၊ အသင်းသားများအနေဖြင့် ကြုံတွေ့နေရသည့် အခက်အခဲများအပေါ် အတူတကွဖြေရှင်းနိုင်မှသာ ရလဒ်ကောင်းပြန်ရနိုင်ကြောင်း ၀န်ခံပြောကြားသွားခဲ့သည်။ အေစီမီလန်အသင်းသည် စီးရီးအေပွဲစဉ်-၇ အပြီးတွင် ရှုံးပွဲ ၄ပွဲအထိကြုံတွေ့ခဲ့သည့်အတွက် အမှတ်ပေးဇယားအဆင့် ၁၁ နေရာတွင် ရပ်တည်နေခဲ့ရာ နည်းပြမီဟိုင်းလိုဗစ်မှာ ပရိသတ်များ၏ ဖိအားပေးခြင်းခံခဲ့ရသည့်အပြင် အသင်းတာဝန်ရှိသူများ၏ ဖိအားပေးခြင်းကိုပါ ခံနေရ သည်။...
Read More

အေစီမီလန်နည်းပြ ဖြစ်လာနိုင်သည်ဆိုသည့် သတင်းများကို လစ်ပီငြင်းဆန်ခဲ့

အီတလီထိပ်သီးနည်းပြ မာဆယ်လိုလစ်ပီက စီးရီးအေထိပ်သီးကလပ်ဖြစ်သည့် အေစီမီလန်နှင့် ညှိနှိုင်းမှုများရှိနေသည်ဆိုသည့် သတင်းများမှာ မသေချာသည့် သတင်းများဖြစ်ကြောင်း ငြင်းဆန်ပြောကြားခဲ့သည်။ အေစီမီလန်အသင်းသည် စီးရီးအေတွင် ရှုံးပွဲ ၄ ပွဲအထိ ရှိနေခဲ့ခြင်းကြောင့် ပရိသတ်များ၏ ဝေဖန်မှုများကိုခံနေရပြီး နည်းပြမီဟိုင်းလိုဗစ်မှာလည်း  ရာထူးမှထုတ်ပယ်ခံရနိုင်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိနေသည်။ ထို့ပြင် အီတလီလက်ရွေးစင်အသင်းအား ကမ္ဘာ့ဖလားချန်ပီယံဆုရယူပေးခဲ့သည့် ၀ါရင့်နည်းပြလစ်ပီမှာ အေစီမီလန်အသင်း၏ နည်းပြသစ်ဖြစ်လာနိုင်ဖွယ်ရှိကြောင်း၊ အသင်းတာဝန်ရှိသူများနှင့် ညှိနှိုင်းမှုများပြုလုပ်ခဲ့ကြောင်း...
Read More

အေစီမီလန်အသင်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာစေရမည်ဟု အသင်းဥက္ကဋ္ဌ ဘာလူစကိုနီ ကတိပေး

စီးရီးအေကလပ် အေစီမီလန်အသင်းဥက္ကဋ္ဌ ဘာလူစကိုနီက အသင်းနိုင်ပွဲပြန်လည်ရရှိရန် နည်းပြမီဟိုင်းလိုဗစ်က စွမ်းဆောင်ပေးနိုင်မည်ကို ယုံကြည်ကြောင်း၊ ရလဒ်ဆိုးများကြားမှ ရုန်းထွက်ပြီး အောင်မြင်မှုလမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိလာစေရမည်ဖြစ်ကြောင်း အသင်းပရိသတ်များကို ကတိပေးပြောကြားခဲ့သည်။ အေစီမီလန်အသင်းမှာ စီးရီးအေပွဲစဉ် ၇ အပြီးတွင် ရှုံးပွဲ ၄ ပွဲအထိရှိနေခြင်းကြောင့် ပရိသတ်များ၏ဝေဖန်မှု ခံနေရပြီး နည်းပြဖြစ်သူ မီဟိုင်းလိုဗစ်မှာလည်း လာမည့် ပွဲစဉ် ၈  တိုရီနိုနှင့်ပွဲစဉ်တွင်...
Read More

နည်းပြ ဆာရီအား လစာတိုးမြှင့်၍ စာချုပ်သစ်ချုပ်ဆိုရန် နာပိုလီစီစဉ်နေ

စီးရီးအေကလပ် နာပိုလီအသင်းသည် နည်းပြဘင်နီတက်ဇ် အသင်းမှထွက်ခွာသွားခဲ့ပြီးနောက် ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ထားနိုင်သည့် နည်းပြဆာရီအား လစာတိုးမြှင့်၍ စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း အီတလီမီဒီယာများ၏ ဖော်ပြချက်အရသိရသည်။ နာပိုလီနည်းပြဆာရီအနေဖြင့် စီးရီးအေပွဲစဉ် ၇ အပြီးတွင် ရှုံးပွဲ ၁ ပွဲ ကြုံတွေ့ခဲ့သည့်အပြင် ယူရိုပါလိဂ်ပွဲစဉ်များတွင်လည်း ရာနှုန်းပြည့်နိုင်ပွဲရထားကာ စီးရီးအေပြိုင်ဘက်များဖြစ်သည့် အေစီမီလန်၊ ရိုးမားအသင်းများ၏ စိတ်ဝင်စားခြင်းခံနေရသည့်အတွက် အသင်းတာဝန်ရှိသူများမှ စာချုပ်သစ်ထပ်မံချုပ်ဆိုရန်...
Read More

မီဟိုင်းလိုဗစ်၏ နေရာတွင် ၀ါရင့်နည်းပြ လစ်ပီဖြင့် အစားထိုးရန် အေစီမီလန်စီစဉ်နေ

စီးရီးအေပွဲစဉ်များတွင် ရှုံးပွဲ ၄ ပွဲအထိ ကြုံတွေခဲ့ပြီး ရလဒ်ကောင်းရရှိရန် ရုန်းကန်နေရသည့် အေစီမီလန်အသင်းသည် လက်ရှိနည်းပြ မီဟိုင်းလိုဗစ်၏နေရာတွင် အီတလီဝါရင့်နည်းပြလစ်ပီနှင့် အစားထိုးရန်စီစဉ်နေကြောင်း အီတလီမီဒီယာများ၏ဖော်ပြချက်အရ သိရသည်။ှ အေစီမီလန်အသင်းသည် ယခုရာသီအစတွင် နည်းပြအင်ဇာဂီနှင့် လမ်းခွဲခဲ့ပြီးနောက် ဆမ်ဒိုးရီးယားနည်းပြဖြစ်သူ မီဟိုင်းမီဟိုင်းလိုဗစ်အား အစားထိုးခန့်အပ်ခဲ့ပြီးနောက် ပြင်ဆင်မှုများပြုလုပ်ပေးခဲ့သော်လည်း စီးရီးအေပွဲစဉ် ၇ အပြီးတွင် အဆင့်  ၁၁...
Read More
error: Content is protected !!