စီးရီးအေ
စီးရီးအေ
အင်တာမီလန်လူငယ်တိုက်စစ်မှူး အိုင်ကာဒီသည် ရိုးမားနှင့်ကစားမည့် ယနေ့ညပွဲစဉ်တွင် ပွဲထွက်လူစာရင်းမှ ချန်လှပ်ခံရဖွယ်ရှိနေကြောင်း သိရှိရသည်။ လက်ရှိအချိန်တွင် ဘိုလော့ဂ်နာကိုအနိုင်ရခဲ့သောပွဲက အနီကတ်ပြခံရသည့်အတွက် ပါဝင်ကစားနိုင်မည်မဟုတ်သော်လည်း အင်တာမီလန်နည်းပြ မန်စီနီအတွက် စိတ်ကြိုက်လူရွေးချယ်ရန် ကစားသမားအားလုံး ဒဏ်ရာကင်းစင်နေသည်။ အိုင်ကာဒီမှာ ပွဲအနည်းငယ်သာ ကစားခွင့်ရထားသည့်အပေါ် စောဒကတက်ခဲ့သည့်အတွက် မန်စီနီက ၎င်းအား ချန်လှပ်ဖွယ်ရှိနေကြောင်း သတင်းထွက်ပေါ်လာခြင်းဖြစ်ပြီး ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင်လည်း မန်စီနီက”သူ့ဆီက သွင်းဂိုးတွေ လိုချင်တယ်။...
Read More
စီးရီးအေ
၁၉၉၂ မှ ၁၉၉၈ ခုနှစ်အထိ ဂျူဗင်တပ်အသင်းတွင် နောက်ခံကစားသမားအဖြစ် ခြေစွမ်းပြကစားနိုင်ခဲ့သည့် အသင်းသားဟောင်း မိုရီနိုက အဆိုးရွားဆုံးရာသီအစနှင့်အတူ နိုင်ပွဲရရှိရန်အတွက် အခက်အခဲများနှင့်ရင်ဆိုင်နေရပြီဖြစ်ကြောင်း၊ အသင်းတာဝန်ရှိသူ၊ နည်းပြအဖွဲ့ဝင်များအနေဖြင့် ချန်ပီယံဆုအတွက် ပြန်လည်တိုက်ပွဲဝင်နိုင်မည်ကို ယုံကြည်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ ဂျူဗင်တပ်အသင်းသည် စီးရီးအေပွဲစဉ် ၁၀ တွင် ဆက်ဆူလိုအား အရေးနိမ့်ခဲ့သည့်အတွက် စီးရီးအေရှုံးပွဲ ၄ ပွဲအထိရှိလာခဲ့ပြီး အဆိုးရွားဆုံးအခြေအနေနှင့်...
Read More
စီးရီးအေ
အေစီမီလန်ဒုဥက္ကဋ္ဌ ဂယ်လီယာနီက ပွဲစဉ် ၁၀ အပြီးတွင် စီးရီးအေပွဲစဉ်များမှာ ပိုမိုအသက်ဝင်လာကြောင်း၊ အေစီမီလန်အနေဖြင့် အမှတ်ပေးဇယားထိပ်ပိုင်းကို ပြန်လည်တက်ရောက်နိုင်သည့်အတွက် ကျေနပ်မိသော်လည်း အံအားသင့်စရာမရှိကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ ရလဒ်ဆိုးများကြောင့် ရုန်းကန်နေရသည့် အေစီမီလန်နည်းပြ မီဟိုင်းလိုဗစ်သည် နည်းပြရာထူးအတွက် ဖိအားပေးခံခဲ့ရသော်လည်း မီလန်ဒါဘီပွဲစဉ်တွင် အင်တာမီလန်အား အရေးနိမ့်ခဲ့ပြီးနောက် ဆက်ဆူလို၊ ချီယေဗိုအသင်းများအား ဆက်တိုက်အနိုင်ရရှိခဲ့ခြင်းကြောင့် အမှတ်ပေးဇယားအဆင့် ၈ နေရာသို့...
Read More
စီးရီးအေ
စီးရီးအေကလပ် ဘိုလော့ဂ်နာအသင်းသည် ပွဲစဉ် ၁၀အဖြစ် အင်တာမီလန်နှင့်ရင်ဆိုင်ခဲ့သည့်ပွဲတွင် ၀-၁ ဖြင့်အရေးနိမ့်ခဲ့သောကြောင့် နည်းပြရော့စီအား ရာထူးမှရုတ်တရက်ထုတ်ပယ်ခဲ့ပြီးနောက် အီတလီဝါရင့်နည်းပြဒိုနာဒိုနီအား နည်းပြသစ်အဖြစ် ချက်ချင်းခန့်အပ် တာဝန်ပေးအပ်ခဲ့ကြောင်း အသင်းပိုင်ဝက်ဘ်ဆိုက်မှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။ တန်းတက်ဘိုလော့ဂ်နာသည် ပွဲစဉ် ၁၀ ကစားပြီးချိန်အထိ ဖရိုဆီနွန်၊ ကာပီအသင်းတို့ကိုသာ အနိုင်ရရှိခဲ့ပြီး အင်တာမီလန်အား အိမ်ကွင်းတွင် အရေးနိမ့်ခဲ့ပြီးနောက် တန်းဆင်းဇုန်အတွင်းမှ ရုန်းထွက်နိုင်ခြင်းမရှိသဖြင့် နည်းပြရော့စီနှင့်...
Read More
စီးရီးအေ
ဂျူဗင်တပ်အသင်းဒုတိယဥက္ကဋ္ဌ ပေဗယ်နက်ဗက်က နိုင်ပွဲတစ်ပွဲရရှိရန်အတွက် ဖိအားများစွာရင်ဆိုင်ရသည့် နည်းပြလောကသို့ ခြေချရန်အစီအစဉ်မရှိကြောင်း၊ ဂျူဗင်တပ်အသင်းအောင်မြင်မှုရရှိဖို့အတွက်သာ အမြဲတမ်းအာရုံစိုက်သွားမည်ဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ ချက်လက်ရွေးစင်အသင်းနှင့် ဂျူဗင်တပ်အသင်းများတွင် အဓိက ကစားသမားအဖြစ် ဖြတ်သန်းခဲ့သည့် ပေဗယ်နက်ဗက်သည် ဂျူဗင်တပ်အသင်းဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ် ၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အသင်းဒုဥက္ကဋ္ဌရာထူး ရယူနိုင်ခဲ့သူဖြစ်သည်။ “အီတလီပြည်တွင်းလိဂ်ပွဲစဉ်တွေက တကယ်ကိုစိတ်လှုပ်ရှားကောင်းတဲ့ ပွဲစဉ်တွေအဖြစ် ဆက်ရှိနေဆဲပါ။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတွေဖြစ်တာနဲ့အညီ နည်းပြတွေရဲ့...
Read More
စီးရီးအေ
ပြင်းထန်သည့်ဒူးဒဏ်ရာကြောင့် ကာလရှည်ကြာအနားယူနေရသော ရိုးမားအသင်း၏ ဟော်လန်လက်ရွေးစင်ကွင်းလယ်လူ စထရွတ်မန်းသည် အသင်းနှင့်အတူ အပေါ့စားလေ့ကျင့်ခန်း ပြန်လည်ပြုလုပ်နိုင်ပြီဖြစ်သည့်အတွက် ပြန်လည်ကစားပေးနိုင်တော့မည်ဖြစ်ကြောင်း အသင်းဆေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့်နှစ် စီးရီးအေပွဲစဉ် ၂၀ အဖြစ် ဖီအိုရင်တီးနားနှင့် သရေကျခဲ့သည့် ပွဲစဉ်တွင် ရရှိခဲ့သောဒဏ်ရာကြောင့် အနားယူနေခဲ့ရသည့် စထရွတ်မန်းသည် စက်တင်ဘာလက ခွဲစိတ်ကုသမှုခံယူခဲ့ပြီးနောက် ပြန်လည်သက်သာလာခြင်းဖြစ်သည်။ ရိုးမား၏သတင်းထုတ်ပြန်ချက်တွင် ၎င်းကစားသမားမှာ အသင်းနှင့်အတူ အပေါ့စားလေ့ကျင့်ခန်းများ...
Read More
စီးရီးအေ
ဥရောပထိပ်သီးအေးဂျင့် မီနိုရိုင်အိုလာက ၎င်း၏ကစားသမားဖြစ်သူ ပေါ့ဘာအား ထိပ်သီးအသင်း ၃ သင်းခန့်က နောက်နှစ်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ခေါ်ယူရန် စောင့်ကြည့်နေကြောင်း၊ ကမ်းလှမ်းမှုအချို့ လက်ခံရရှိထားသော်လည်း ဘာစီလိုနာနှင့် သဘောတူညီမှုရရှိခဲ့ပြီဟူသည့် သတင်းများမှာ မဟုတ်မှန်ကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်။ ပြီးခဲ့သည့်ဘောလုံးရာသီက ဂျူဗင်တပ်နှင့်အတူ ခြေစွမ်းပြကစားနိုင်ခဲ့သည့် ပြင်သစ်လက်ရွေးစင်လူငယ်ကွင်းလယ်လူ ပေါ့ဘာအား စိတ်ဝင်စားနေသည့် အသင်းများတွင် ရီးရဲလ်၊ ဘာစီလိုနာတို့ပါဝင်နေပြီး အသင်းဟောင်း မန်ယူကပါ...
Read More
စီးရီးအေ
အေစီမီလန်လူငယ်ဂိုးသမား ဒွန်နာအမ်မာသည် ဆက်ဆူလိုအား အနိုင်ရရှိခဲ့သည့် စီးရီးအေပွဲစဉ်တွင် အသင်းအတွက် ပထမဆုံး ပွဲထွက်ကစားခွင့်ရရှိခဲ့ခြင်းကြောင့် စီးရီးအေပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ပွဲထွက်ကစားခွင့်ရရှိခဲ့သည့် ဂိုးသမားအဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။ အီတလီလူငယ်ဂိုးသမား ဒွန်နာအမ်မာသည် ပထမဆုံးစီးရီးအေပွဲစဉ်အဖြစ် ပွဲထွက်ကစားခွင့်ရရှိခဲ့ချိန်၌ အသက် ၁၆ နှစ်၊ ၈ လ၊ ၆ ရက်သာ ရှိသေးသည့်အတွက် သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး...
Read More
စီးရီးအေ
အေစီမီလန်အသင်းသည် ယနေ့ညတွင်ကစားမည့် ဆက်ဆူလိုနှင့်ပွဲစဉ်တွင် အသက် ၁၆ နှစ်အရွယ်ရှိ ဂိုးသမား ဂီယန်လူဂီဒွန်နာအမ်မာကို ပွဲထွက်စေဖွယ်ရှိနေကြောင်း သိရှိရသည်။ La Gazzetta dello Sport နှင့် Sky Sport Italia သတင်းဌာနများက အေစီမီလန်အနေဖြင့် အနိုင်ရရန် အလွန်အရေးကြီးနေသော ယခုပွဲတွင် နည်းပြမီဟိုင်းလိုဗစ်က ပထမဂိုးသမား ဒီယေဂိုလိုပက်ဇ်နေရာတွင် ဒွန်နာအမ်မာကို အစားထိုးဖွယ်ရှိနေသည်ဟု...
Read More
စီးရီးအေ
ရိုးမားကွင်းလယ်လူ ရော့စီသည် လေဗာကူဆင်နှင့် သရေကျခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် ခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့၍ စီးရီးအေပွဲစဉ် ၉ အဖြစ်ကစားမည့် ဖီအိုရင်တီးနားနှင့် ပွဲစဉ်တွင် ပါဝင်ကစားပေးနိုင်ရန်မသေချာကြောင်း နည်းပြဂါစီယာက အတည်ပြုပြောကြားခဲ့သည်။ ဒူးဒဏ်ရာမှ ပြန်သက်သာလာခဲ့ပြီးနောက် ရိုးမားအတွက် ပြန်လည်ခြေစွမ်းပြနေသည့် ရော့စီသည် အသင်းဖော်ဖြစ်သူ ဖလော်ရန်စီနှင့်အတူ အဓိကပွဲထွက်ကစားသမားနေရာ ရယူထားနိုင်ခဲ့ပြီး နောက်ဆုံးကစားခဲ့သည့် ပွဲစဉ် ၂ ပွဲတွင် ၃...
Read More