စီးရီးအေ

ဆမ်ဒိုးရီးယားအား တာဝန်ယူကိုင်တွယ်ရန် မွန်တဲလ်လား သဘောတူညီမှုရရှိခဲ့ပြီဖြစ်

နည်းပြလစ်လပ်နေသည့် ဆမ်ဒိုးရီးယားအသင်းသည် နည်းပြသစ်ခန့်အပ်ရန် ဆွေးနွေးမှုအချို့ပြုလုပ်ခဲ့ရာတွင် ဖီအိုရင်တီးနားနည်းပြဟောင်းဖြစ်သူ မွန်တဲလ်လားနှင့် အပြီးသတ်သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး ၂၄ နာရီအတွင်း အပြီးသတ်စာချုပ်ချုပ်ဆိုတော့မည်ဖြစ်ကြောင်း အီတလီအားကစားမီဒီယာ gazzetta world ၏ ဖော်ပြချက်အရ သိရသည်။ ဆမ်ဒိုးရီးယားအသင်း တာဝန်ရှိများသည် နည်းပြဇန်ဂါနှင့် လမ်းခွဲခဲ့ပြီးနောက် နည်းပြသစ်နေရာအတွက်  အီတလီထိပ်သီးနည်းပြများစွာနှင့် ညှိနှိုင်းမှုများပြုလုပ်ခဲ့သော်လည်း မွန်တဲလ်လားနှင့် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။ နည်းပြသစ်ဖြစ်လာရန် သေချာခဲ့ပြီဖြစ်သည့် ဖီအိုရင်တီးနားနည်းပြဟောင်းဖြစ်သူ...
Read More

ဂိုးသမားဆက်ဇနီအား အပြီးသတ်ခေါ်ယူရန် ရိုးမားဆန္ဒရှိနေ

စီးရီးအေထိပ်သီး ရိုးမားအသင်းသည် တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူထားသည် အာဆင်နယ်အသင်းမှ ပိုလန်လက်ရွေးစင်ဂိုးသမားဖြစ်သူ ဆက်ဇနီအား ရာသီကုန်တွင် အပြီးသတ်စာချူပ်ချုပ်ဆို ခေါ်ယူရန် ဆန္ဒရှိနေကြောင်း၊ အာဆင်နယ်က လက်ခံလောက်သည့် ပြောင်းရွှေ့ကြေးပမာဏဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။ ပရီးမီးယားလိဂ်ထိပ်သီး ဂိုးသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သည့် အာဆင်နယ်ဂိုးသမား ဆက်ဇနီသည် ပြီးခဲ့သည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့တွင် အသင်းထံ ပီတာချက်ရောက်ရှိလာခဲ့ပြီးနောက် ပုံမှန်ပွဲထွက်ခွင့်ရရှိရန်အတွက်...
Read More

ဆမ်ဒိုးရီးယားနည်းပြသစ်အဖြစ် မွန်တဲလ်လား ခန့်အပ်ခံရဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်

စီးရီးအေကလပ် ဆမ်ဒိုးရီးယားအသင်းသည် ရလဒ်ကောင်းများရရှိရန် ရုန်းကန်နေရသည့် နည်းပြဇန်ဂါအား ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ်အဖြစ် ဖီအိုရင်တီးနားနည်းပြဟောင်း မွန်တဲလ်လားအားခန့်အပ်တာဝန်ပေးရန် အပြီးသတ်သဘောတူညီမှုများရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ အသက် ၅၅ နှစ်အရွယ်ရှိ နည်းပြဟောင်းဇန်ဂါသည်  အေစီမီလန်အသင်းသို့ပြောင်းရွှေ့ခဲ့သည့်နည်းပြမီဟိုင်းလိုဗစ်၏နေရာတွင် အစားထိုးတာဝန်ယူကိုင်တွယ်ခဲ့ရာတွင် စီးရီးအေပွဲစဉ် ၁၂ ပွဲကစားခဲ့ပြီးရာ၌ နိုင်ပွဲ ၄ ပွဲသာရယူပေးနိုင်ခဲ့သည့်အတွက် ဝေဖန်မှုများခံခဲ့ရပြီးနောက်ယခုကဲ့သို့ ရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။ လက်ရှိထွက်ပေါ်နေသည့်သတင်းများအရ...
Read More

နည်းပြဟောင်း ဗယ်လာဒီနီအား နည်းပြသစ်အဖြစ် ပါလာမိုအသင်းခန့်အပ်

စီးရီးအေကလပ် ပါလာမိုအသင်းသည် ရာသီအစပွဲစဉ်များတွင် ရလဒ်ဆိုးများနှင့် ရုန်းကန်ခဲ့ရပြီးနောက် နည်းပြဂူဆက်ပီအိုင်ချီနီနှင့် လမ်းခွဲခဲ့ပြီး နည်းပြဟောင်းတစ်ဦးဖြစ်သူ ဗယ်လာဒီနီအား နည်းပြသစ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း အသင်းပိုင်ဝက်ဘ်ဆိုက်မှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။ နည်းပြဂူဆက်ပီအိုင်ချီနီသည် ပွဲစဉ်-၁၂ တွင် ချီယေဗိုအသင်းအား အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း ရှုံးပွဲ ၆ ပွဲအထိရှိခဲ့ခြင်းကြောင့် အသင်းတာဝန်ရှိသူများအနေဖြင့် လမ်းခွဲရန်ဆုံးဖြတ်ခဲ့ပြီး လစ်လပ်နေသည့် နည်းပြနေရာအတွက် ဗယ်လာဒိုနီအား ယခုနှစ်ရာသီကုန်အထိ...
Read More

ခြေကျင်းဝတ်ဒဏ်ရာကြောင့် ရိုးမားကွင်းလယ်လူ ဆာလက် ၆ ပတ်ခန့် အနားယူရမည်

ရိုးမားတောင်ပံကစားသမား ဆာလက်သည် လာဇီယိုအသင်းအား ၂-၀ ဂိုးဖြင့် အနိုင်ရှိခဲ့သည့် ပွဲစဉ်တွင် ခြေကျင်းဝတ်အရွတ်စုတ်ပြဲဒဏ်ရာကြောင့် အနည်းဆုံးရက်သတ္တပတ် ၆ ပတ်ခန့် အနားယူရမည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ စီးရီးအေပွဲစဉ် ၁၂ အပြီးတွင် ရိုးမားအသင်းအတွက် ၅ ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့သည့် ဆာလက်သည် လာဇီယိုကွင်းလယ်လူ ဆာနက်ဒ်လူလစ်နှင့် ပွဲချိန် ၅၈ မိနစ်တွင်ထိခိုက်မိ၍ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ရိုးမား၏...
Read More

အေစီမီလန်ကို အကြိတ်အနယ်ရင်ဆိုင်မည်ဟု အတ္တလန်တာနည်းပြ ဆို

အတ္တလန်တာနည်းပြ အက်ဒီရီဂျာက အေစီမီလန်ကို အဝေးကွင်းတွင် အကြိတ်အနယ်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့သည်။ “ဘိုလော့ဂ်နာနဲ့ပွဲတုန်းက ဒုတိယပိုင်းခြေစွမ်းအကြောင်း အခုထိ တွေးနေမိတုန်းပါပဲ။ အဲဒီလိုမျိုး ထပ်မဖြစ်တော့ဘူးလို့လည်း မျှော်လင့်ပါတယ်။ အေစီမီလန်နဲ့ပွဲက အရမ်းခက်ခဲမှာပါ။ ဒီတစ်ပတ်အတွင်းမှာတော့ ကျွန်တော့်ကစားသမားတွေ ပုံစံကောင်းရထားတာ တွေ့ခဲ့တယ်။ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့လည်း အကောင်းဆုံးစိတ်ဓာတ်ရှိနေတယ်။ ဆန်စီရိုမှာ အကောင်းဆုံးယှဉ်ပြိုင်သွားမယ်။ အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားသွားမယ်။ အေစီမီလန်ကလည်း အကောင်းဆုံးပုံစံရနေတယ်။...
Read More

ရောမဒါဘီပွဲနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း အုပ်ချုပ်ရေးမှူးပြောကြား

ရောမမြို့အုပ်ချုပ်ရေးမှူးဖရန်ကိုဂါဘရယ်လီက တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားမည့် ရိုးမား-လာဇီယိုပွဲနှင့်ပတ်သက်၍ လုံခြုံရေးအတွက် စိတ်ပူပန်ကြောင်း ပြောကြားခဲ့သည်။ အသက် ၅၅ နှစ်ရှိအဆိုပါ အုပ်ချုပ်ရေးမှူးက ရောမဒါဘီပွဲကျင်းပချိန်တွင် တင်းမာမှုများအရှိန်အဟုန်မြင့်တက်လျက်ရှိသောကြောင့် ထိုသို့မဖြစ်ပေါ်စေရေးအတွက် ဆိုးသွမ်းပရိသတ်များကို အကောင်းဆုံးထိန်းချုပ်နိုင်ရန်အိုလံပီကိုကွင်း ထောင့်နှစ်ဖက်တွင် ရုံးခန်းဖွင့်၍ ထိန်းချုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရောမဒါဘီပွဲနှင့်ပတ်သက်၍ ဂါဘရယ်လီက ”ကျွန်တော်အရမ်းစိတ်ပင်ပန်းနေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ဒါဘီပွဲမှာကောင်းကောင်းမထိန်းချုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ရဲဝန်ထမ်း ၁၇၀၀...
Read More

ဇန်န၀ါရီအပြောင်းအရွှေ့တွင် ဟွန်ဒါကို ရောင်းချမည်မဟုတ်ကြောင်း အေစီမီလန် အတည်ပြု

ကွင်းလယ်ဖန်တီးရှင်ဟွန်ဒါသည် အေစီမီလန်၌ ပုံမှန်ပွဲထွက်ခွင့်ရရှိရန်ရုန်းကန်နေရသောကြောင့်ပရီးမီးယားလိဂ်အခြေစိုက် စပါးနှင့် အဲဗာတန်အသင်းတို့မှ ခေါ်ယူနိုင်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်နေသော်လည်းအဆိုပါဂျပန်လက်ရွေးစင်ကစားသမားကို လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့တွင်ရောင်းချမည်မဟုတ်ကြောင်း အေစီမီလန်အသင်းက ထုတ်ပြန်ခဲ့သည်။ ဟွန်ဒါသည် ၂၀၁၃ ခုနှစ်တွင် CSKA မော်စကိုအသင်းမှ အေစီမီလန်သို့ ပြောင်းရွှေ့ရောက်ရှိခဲ့ပြီးခြေစွမ်းပြနိုင်ခဲ့သော်လည်း ယခုဘောလုံးရာသီတွင် စီးရီးအေ၌ ခြေစွမ်းပျောက်ဆုံး၍ ပွဲထွက်ခွင့်အနည်းငယ်သာရရှိခဲ့သောကြောင့် အသင်းပြောင်းရွှေ့ဖွယ်ရှိသည်ဆိုသော သတင်းများထွက်ပေါ်ခဲ့သည်။ သို့သော် အေစီမီလန်အသင်းမှ ဟွန်ဒါကိုဆက်လက်ထိန်းသိမ်းလိုသောကြောင့် ရောင်းချမည်မဟုတ်ကြောင်းထုတ်ပြန်ခဲ့သည့်အတွက် တိုက်စစ်မြှင့်တင်လိုသည့်...
Read More

နိုင်ပွဲပြန်လည်ရရှိနေခြင်းမှာ ကစားကွက်ပြောင်းလဲခဲ့ခြင်းကြောင့်ဟု အေစီမီလန်နည်းပြ ဖွင့်ဟ

စီးရီးအေပွဲစဉ် ၃ ပွဲဆက်တိုက်နိုင်ပွဲပြန်လည်ရရှိခဲ့သည့် အေစီမီလန်နည်းပြ မီဟိုင်းလိုဗစ်က ရလဒ်ကောင်းပြန်လည်ရရှိနေခဲ့ခြင်းမှာ ကံတရားအရတိုက်ဆိုင်မှုရှိ၍မဟုတ်ကြောင်း၊ ကစားကွက်အနေအထားအပြောင်းအလဲကြောင့် နောက်ဆုံး ၄ပွဲတွင် ရမှတ် ၁၀မှတ်ရရှိခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ ရာသီအစပွဲစဉ်များတွင် ရလဒ်များဆိုးရွားခဲ့ခြင်းကြောင့် ဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့ရသည့် နည်းပြမီဟိုင်းလိုဗစ်သည် ရာထူးမှထုတ်ပယ်ခံရမည့်အခြေအနေများနှင့်ရင်ဆိုင်ခဲ့ရသည့်အပြင် အသင်းဥက္ကဋ္ဌ ဘာလူစကိုနီ၊ စီအီးအို ဂယ်လီယာနီတို့၏ သတိပေးခြင်းကိုပင်ခံခဲ့ရသော်လည်း လက်ရှိအချိန်တွင် မူ ရလဒ်ကောင်းများပြန်လည်ရယူပေးနိုင်ခဲ့ပြီဖြစ်သည်။ “နိုင်ပွဲတွေပြန်လည်ရရှိခဲ့ခြင်းက ကံတရားအရ...
Read More

အေစီမီလန်နောက်ခံလူ အဲလက်စ်၏ဦးခေါင်းဒဏ်ရာ ပြင်းထန်

လာဇီယိုကို ၃-၁ ဖြင့်အနိုင်ရခဲ့သောပွဲစဉ်တွင် နောက်ခံလူ အဲလက်စ်မှာ ပြင်းထန်သည့် ဦးခေါင်းဒဏ်ရာရရှိခဲ့ကြောင်း အေစီမီလန်က အတည်ပြုခဲ့သည်။ ထိုနောက်ခံလူမှာ အသင်းဖော် ဂိုးသမားဒွန်နာအမ်မာ၏ ဒူးခေါင်းနှင့် ၎င်း၏ခေါင်းတိုက်မိပြီးနောက် သတိမေ့သွားခဲ့ခြင်းဖြစ်သည်။ ထိုကစားသမားမှာ ကွင်းမြက်ခင်းပြင်ပေါ်သို့ ပြန်မကျမီ သတိလစ်သွားခဲ့သဖြင့် ပြန်အကျ၌လည်း ထိခိုက်မှုပြင်းထန်ခဲ့သည်။ ဘရာဇီးကစားသမားအဲလက်စ်ကို ဆေးအဖွဲ့က သတိမေ့လျက်ဖြင့် ထမ်းစင်ပေါ်သို့တင်ကာ အ၀တ်လဲခန်းသို့ ခေါ်ဆောင်သွားခဲ့ရပြီး ထို့နောက်...
Read More
error: Content is protected !!