စီးရီးအေ

အေစီမီလန်၏ပြဿနာမှာ ဂယ်လီယာနီဖြစ်နေဟု မာလ်ဒီနီဖွင့်ဟ

အေစီမီလန်ဂန္ထ၀င်ကစားသမား မာလ်ဒီနီက အေစီမီလန်၏ပြဿနာမှာ ဂယ်လီယာနီဖြစ်ပြီး ဘောလုံးအကြောင်းကို ၎င်းက နားမလည်ကြောင်း ဝေဖန်ခဲ့သည်။ အေစီမီလန်အသင်းခေါင်းဆောင်ဟောင်း မာလ်ဒီနီမှာ အမှုဆောင်အရာရှိချုပ် ဂယ်လီယာနီနှင့် လူသိရှင်ကြား ပြဿနာဖြစ်ဖူးပြီး ထိုပုဂ္ဂိုလ်ရှိနေသရွေ့ အေစီမီလန်တွင် မည်သည့်တာဝန်မှရယူမည်မဟုတ်ဟု ခန့်မှန်းခံထားရသူဖြစ်သည်။ “အေစီမီလန်ရဲ့အကောင်းဆုံးကာလတွေ ပြန်လိုချင်ရင် ရှင်းလင်းမှု၊ အတွေးအခေါ်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်ပါတယ်။ ဘောလုံးအကြောင်းနားလည်တဲ့လူတွေ လိုအပ်တယ်။ လောလောဆယ် အဲဒီလိုလူတွေ...
Read More

လုံခြုံရေးအခြေအနေကြောင့် လာဇီယိုအသင်းပရိသတ်များ ယူရိုပါလိဂ်ပွဲစဉ်ကြည့်ရှုခွင့် ပိတ်ပင်ခံရ

ပြင်သစ်ကလပ် စိန့်အက်တီယန်၏ အိမ်ကွင်းတွင် ယူရိုပါလိဂ်အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမည့်ပွဲစဉ်တွင် လုံခြုံရေးအခြေ အနေအကြောင်းပြချက်အရ အဝေးကွင်းသို့သွားရောက်အားပေးမည့် လာဇီယိုအသင်းပရိသတ်များအနေဖြင့် ပွဲကြည့်ရှုခွင့်ပိတ်ပင်ခံရကြောင်း ယင်းစီးရီးအေအသင်းကသတင်းထုတ်ပြန်ခဲ့သည်။ အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခံရမှုများကြောင့် လူပေါင်း ၁၃၀ကျော် သေဆုံးခဲ့ပြီး ၄၀၀ နီးပါးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပဲရစ်မြို့အကြမ်းဖက်ခံခဲ့ရပြီးနော က် ပြင်သစ်လိဂ်-၁၊ လိဂ်-၂ ပွဲစဉ်များကို ပုံမှန်အတိုင်းအတိုင်း ယှဉ်ပြိုင်ကစားလျက်ရှိသော်လည်း နိုင်ငံတော်အဆင့် လုံခြုံရေးသတ်မှတ်မှုများကြောင့်...
Read More

ရလဒ်ဆိုးများကြောင့် နည်းပြ မာဒိုလင်နီအား ဗီရိုနာ ထုတ်ပယ်

စီးရီးအေပွဲစဉ်များတွင် နိုင်ပွဲရရှိရန် ရုန်းကန်နေရပြီး တန်းဆင်းဇုန်အတွင်း ရပ်တည်နေသည့် ဗီရိုနာသည် ပွဲစဉ် ၁၄ ၌ တန်းတက် ဖရိုဆီနိုနီကို ထပ်မံအရေးနိမ့်ခဲ့ပြီးနောက် နည်းပြမာဒိုလင်နီနှင့် လမ်းခွဲခဲ့ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာခဲ့သည်။ ဗီရိုနာသည် ပွဲစဉ် ၁၄ ကစားပြီးချိန်၌ ရမှတ် ၆ မှတ်သာရရှိထားခဲ့ခြင်းကြောင့် ရာသီကုန်တွင်တန်းမဆင်းရရေးအတွက် အသင်းတာဝန်ရှိသူများက နည်းပြမာဒိုလင်နီနှင့် လမ်းခွဲခဲ့ခြင်းဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင်...
Read More

ဂိုးမပေးရသည့်အချိန် အကြာဆုံး ဂိုးသမားအဖြစ် နာပိုလီဂိုးသမား ရီနာ စံချိန်တင်

နာပိုလီ အဓိကဂိုးသမား ရီနာသည် အင်တာမီလန်နှင့် စီးရီးအေပွဲစဉ် ၁၄ တွင် ဂိုးပေးခဲ့ရသော်လည်း ဂိုးမပေးရသည့် အချိန် ၅၃၄ မိနစ်အထိရှိခဲ့ခြင်းကြောင့် ဥရောပ၏ ဂိုးမပေးရသည့်အချိန် အကြာဆုံးဂိုးသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပြီဖြစ်သည်။ ၀ါရင့်ဂိုးသမားဖြစ်သူ ရီနာသည် အင်တာမီလန်ကွင်းလယ်လူ အယ်ဂျာဂျစ်၏ သွင်းဂိုးအား ခွင့်ပြုခဲ့ရသည့်အချိန်တွင် ၅၃၄ မိနစ်အထိ ပေးဂိုးမရှိအောင်စွမ်းဆောင်နိုင်ခဲ့သည့်အတွက် ယခင်စံချိန်ရှင်ဖြစ်သည့် မန်ယူဂိုးသမား ဒီဂီယာ၏...
Read More

အူဒီးနီစ်တိုက်စစ်မှူး ဒီနာတယ်လီ ကစားသမားဘ၀မှ အနားယူရန် စီစဉ်နေ

အူဒီးနိစ်အသင်း၏ ၀ါရင့်တိုက်စစ်မှူး ဒီနာတယ်လီသည် ဒဏ်ရာပြဿနာအချို့နှင့်ရင်ဆိုင်နေရသည့်အတွက် လာမည့်နှစ်သစ်ကူးခရစ်စမတ်ကာလတွင် ကစားသမားဘ၀မှ အနားယူရန် စီစဉ်နေကြောင်း အီတလီမီဒီယာများ၏ ဖော်ပြချက်အရသိရသည်။ အသက် ၃၈ နှစ်အရွယ်ရှိ အီတလီလက်ရွေးစင်တိုက်စစ်မှူးဟောင်းဒီနာတယ်လီသည် အူနီးနိစ်အသင်းတွင် ၂၀၀၄ ခုနှစ်မှစတင်ကာ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး လက်ရှိအချိန်အထိ ဘောလုံးရာသီ ၁၂ရာသီအတွင်း ပွဲပေါင်း ၃၆၉ ပွဲတွင် ဂိုးပေါင်း ၁၉၂ ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့သူဖြစ်သည်။ အီတလီအားကစားသတင်းစာတစ်ခုဖြစ်သည့်...
Read More

ချန်ပီယံလိဂ်တစ်သက်တာ အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းတွင် လာလီဂါကစားသမားအများစုပါဝင်

ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေက ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် တစ်သက်တာအကောင်းဆုံးကစားသမား ၁၁ ဦး စာရင်းထုတ်ပြန်ခဲ့ရာတွင် လာလီဂါမှ ကစားသမား ၆ ဦးအထိ အများဆုံးပါဝင်ခဲ့ပြီး ပရီးမီးယားလိဂ်မှ ၃ဦးရွေးချယ်ခံခဲ့ရကာ စီးရီးအေနှင့်ဘွန်ဒက်စ်လီဂါတို့မှာ ၁ ဦးစီရွေးချယ်ခံခဲ့ရသည်။ လာလီဂါကိုယ်စားပြုကစားသမား ၆ ဦးတွင် ဘာစီလိုနာကစားသမားများဖြစ်သည့် မက်ဆီ၊ အင်နီယေစတာ၊ ဇာဗီ၊ ပူယိုးလ်တို့ ပါဝင်ခဲ့ပြီး ရီးရဲလ်အသင်းမှ ရာမို့စ်နှင့်...
Read More

ဇယားထိပ်ပိုင်းမှအသင်းတိုင်း ချန်ပီယံဆုမျှော်လင့်ခွင့်ရှိနေဆဲဟု အင်တာမီလန်နည်းပြဆို

တန်းတက် ဖရိုစီနိုနီအသင်းအား အိမ်ကွင်းတွင် ဂိုးပြတ်အနိုင်ရရှိခဲ့သည့် အင်တာမီလန်နည်းပြ မန်စီနီက အမှတ်ပေးဇယားအား ပြန်လည်ဦးဆောင်ခွင့်ရရှိခဲ့သော်လည်း ချန်ပီယံအသင်းအဖြစ် သတ်မှတ်ရန် မဖြစ်နိုင်သေးကြောင်း၊ အမှတ်ပေးဇယားထိပ်ပိုင်း၌ ရပ်တည်နေသည့် အသင်းတိုင်း ချန်ပီယံဆုမျှော်လင့်ခွင့် ရှိနေဆဲဖြစ်ကြောင်း ဆိုခဲ့သည်။ ရာသီအစပွဲစဉ်များတွင် ၅ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားအား ဦးဆောင်နိုင်ခဲ့သည့် အင်တာမီလန်အသင်းသည် ပွဲစဉ် ၆ တွင် ဖီအိုရင်တီးနားအသင်းကို...
Read More

ပေါင်ဒဏ်ရာကြောင့် ရိုးမားတောင်ပံကစားသမား ဂါဗင်ဟို ၃ ပတ်နားရမည်

ရိုးမားအသင်း၏ အိုင်ဗရီကို့စ်လက်ရွေးစင်တောင်ပံကစားသမား ဂါဗင်ဟိုသည် လက်ရွေးစင်အသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် လိုက်ဘေးရီးယားအသင်းနှင့် ပွဲစဉ်တွင် ပေါင်ခြံဒဏ်ရာရရှိခဲ့ခြင်းကြောင့် ရက်သတ္တပတ် ၃ ပတ်ခန့် အနားယူရတော့မည်ဖြစ်ကြောင်း အသင်းမှသတင်းထုတ်ပြန်ခဲ့သည်။ ယင်းကဲ့သို့ ဒဏ်ရာရရှိခဲ့သည့် ဂါဗင်ဟိုသည် ရိုးမားအသင်း၏ အဓိကစီးရီးအေပွဲစဉ်အချို့လွဲချော်ရတော့မည့်အပြင် ဘာစီလိုနားနှင့်ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ကိုပါ လွဲချော်ရမည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။ ဒဏ်ရာရကစားသမားများပြားနေခြင်းကြောင့် အခက်တွေ့နေသည့် နည်းပြဂါဆီယာက ဂါဗင်ဟို၏ဒဏ်ရာမှာ ပြင်းထန်မှုမရှိကြောင်း၊ ရက်သတ္တပတ်...
Read More

အေစီမီလန်နှင့်ပွဲတွင် ဂျူဗင်တပ်ဂိုးသမား ဘူဖွန်နှင့် မန်ဇူကစ် တို့ လွဲချော်ဖွယ်ရှိ

စီးရီးအေချန်ပီယံ ဂျူဗင်တပ်ဂိုးသမား ဘူဖွန်နှင့် တိုက်စစ်မှူး မန်ဇူကစ်တို့သည် ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်နေရသည့်အတွက် အေစီမီလန်နှင့်ယှဉ်ပြိုင်ရမည့် စီးရီးအေပွဲစဉ် ၁၃ အား လွဲချော်ဖွယ်ရှိနေကြောင်း နည်းပြအယ်လီဂရီက အတည်ပြုပြောကြားခဲ့သည်။ ဂိုးသမားဘူဖွန်သည် ရိုမေးနီးယားအသင်းနှင့် ၂-၂ သရေကျခဲ့သည့် အီတလီပွဲစဉ်တွင် ရရှိခဲ့သည့် ကြွက်သားဒဏ်ရာကြောင့် ပွဲထွက်ကစားရန်မသေချာသည့် အခြေအနေနှင့် ရင်ဆိုင်နေရခြင်းဖြစ်ပြီး တိုက်စစ်မှူး မန်ဇူကစ်မှာမူ ခရိုအေးရှားလက်ရွေးစင်အသင်းအတွက် ကစားပေးခဲ့ရာ၌ တံကောက်ကြောဒဏ်ရာရရှိခဲ့ခြင်းကြောင့်...
Read More

၂ ပတ်အတွင်း ပြန်ကစားနိုင်မည်ဟု ဘာလော့တယ်လီဆို

ပေါင်ခြံဒဏ်ရာကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရသည့် အေစီမီလန်တိုက်စစ်မှူးဘာလော့တယ်လီက ခွဲစိတ်မှုအောင်မြင်ခဲ့သည့်အတွက် ကျေနပ်မိကြောင်း၊ ရက်သတ္တပတ် ၂ ပတ်အတွင်း ပြန်လည်ကစားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ ဘာလော့တယ်လီသည် အဆိုပါပေါင်ခြံဒဏ်ရာကြောင့် အေစီမီလန်ပွဲစဉ်အချို့အား လွဲချော်ခဲ့ကာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ခွဲစိတ်ကုသမှုခံယူခဲ့ရခြင်းကြောင့် ၁ လခန့် အနားယူရဖွယ်ရှိနေကြောင်း အေစီမီလန်အသင်းတာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့ခြင်းအပေါ် ယခုကဲ့သို့ ပြန်လည်ဖြေရှင်းခဲ့ခြင်းဖြစ်သည်။ ”တစ်လအထိ အနားယူဖို့ လိုအပ်မယ်မထင်ပါဘူး။ ခွဲစိတ်မှုအောင်မြင်ခဲ့တဲ့အတွက်...
Read More
error: Content is protected !!