စီးရီးအေ

ရိုးမားနည်းပြဂါစီယာနေရာအစားထိုးရန် ဘီရဲဆား တစ်ပြေးနေ

ရိုးမားအသင်းသည် ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ခဲ့သော ကိုပါအီတာလီယာဖလား ၁၆ သင်းအဆင့်ပွဲစဉ်တွင်  အိမ်ကွင်း၌ အက်စ်ပီဇီရာကို ပင်နယ်တီအဆုံးအဖြတ်ဖြင့်အရေးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရသဖြင့် နည်းပြဂါစီယာ၏ အနာဂတ်မှ သေချာမှုမရှိတော့ကြောင်းသိရပြီး ယခုတစ်ပတ်တွင်ယှဉ်ပြိုင်မည့် ဂျီနိုအာနှင့်ပွဲမှာ အဆုံးအဖြတ်ဖြစ်လာနိုင်သည်ဟု သိရသည်။ နည်းပြဂါစီယာ ထုတ်ပယ်ခံရမည်ဆိုပါက ၎င်း၏နေရာတွင်အစားထိုးရန် မာဆေးနည်းပြဟောင်းဘီရဲဆားမှာ ထိပ်ဆုံးမှရေပန်းစားနေကြောင်း သိရပြီး လစ်ပီနှင့် မက်ဇာရီတို့သည်လည်း ခေါ်ယူရန်လျာထားခံရကြောင်း သတင်းဌာနများကဖော်ပြခဲ့သည်။ အဆိုပါအာဂျင်တီးနားလူမျိုးနည်းပြသည်...
Read More

တိုက်စစ်မှူးဒိုင်ဘာလာကို ရောင်းချမည်မဟုတ်ကြောင်း ဂျူဗင်တပ်ထုတ်ပြန်

ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် မန်ယူမှခေါ်ယူရန်ပြင်ဆင်နေသော တိုက်စစ်မှူးဒိုင်ဘာလာမှာ အသင်းမှထွက်ခွာဖွယ်ရှိသည်ဆိုသော သတင်းများမှာ မဟုတ်မှန်ကြောင်း ဂျူဗင်တပ်မှထုတ်ပြန်ခဲ့သည်။ ဒိုင်ဘာလာသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ပါလာမိုအသင်းမှ ယူရို ၃၂ သန်းဖြင့် ဂျူဗင်တပ်သို့ပြောင်းရွှေ့ရောက်ရှိခဲ့ပြီးနောက် ၂၅ ပွဲကစားပြီးချိန်တွင် ၉ ဂိုးသာ သွင်းယူနိုင်သဖြင့် အသင်းမှရောင်းချဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ မန်ယူဘက်မှလည်း တိုက်စစ်မှူးရွန်နီပုံမှန်ခြေစွမ်းပျောက်ဆုံး၍ မာရှယ်တစ်ဦးတည်းကိုသာ အားထားနေရသဖြင့် ဒိုင်ဘာလာကိုခေါ်ယူရန် ဆက်သွယ်လျက်ရှိနေသည်ဟု သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။...
Read More

အဆင့် ၁ နေရာဆက်ထိန်းရန် မန်စီနီမျှော်လင့်

အင်တာမီလန်နည်းပြမန်စီနီက လာမည့်နှစ်ဘောလုံးရာသီတွင်လည်း လက်ရှိအမှတ်ပေးဇယားအဆင့် ၁ နေရာဆက်ထိန်းနိုင်ရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ အင်တာမီလန်သည် ပြီးခဲ့သည့်စီးရီးအေပွဲစဉ် ၁၆ တွင် အူဒီးနီးစ်အိမ်ကွင်း၌ ၀-၄ ဂိုးဖြင့်အနိုင်ရခဲ့သဖြင့် ရမှတ် ၃၆ မှတ်ဖြင့် အမှတ်ပေးဇယားကိုဦးဆောင်နိုင်ခဲ့ပြီး ဒုတိယနေရာမှ ဖီအိုရင်တီးနားကို ၄ မှတ်ဖြတ်ထားနိုင်ခဲ့သည်။ ထို့ကြောင့် နည်းပြမန်စီနီက ”လာမယ့်နှစ်သစ်မှာလည်း အဆင့် ၁ နေရာနဲ့အဆုံးသတ်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်။...
Read More

နာပိုလီ၏ ယူရိုပါလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်တွင် ဟီဂူအင်ကိုအနားပေးမည်

နာပိုလီသည် လီဂီယာဝါဆောနှင့်ယှဉ်ပြိုင်မည့် ယူရိုပါလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်တွင် တိုက်စစ်မှူးဟီဂူအင်အား အနားပေးသွားမည်ဖြစ်ကြောင်းသိရသည်။ နာပိုလီမှာ ယူရိုပါလိဂ်အုပ်စု(ဃ)၏ အဆင့် ၁ နေရာတွင်ရပ်တည်ရန်သေချာနေသည့်အတွက် လီဂီယာဝါဆောနှင့် ယှဉ်ပြိုင်မည့် ယူရိုပါလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်တွင် ကစားသမားအပြောင်းအလဲများ ပြုလုပ်သွားမည်ဖြစ်သည်။ ထို့အပြင် အသင်း၏ထိပ်တန်းဂိုးသွင်းရှင်ဖြစ်သည့် ဟီဂူအင်ကို တနင်္ဂနွေနေ့တွင် ရိုးမားအသင်းနှင့်ယှဉ်ပြိုင်မည့်စီးရီးအေပွဲစဉ်အတွက် အနားပေးခဲ့ခြင်းဖြစ်သည်။ နာပိုလီသည် ဂိုးသမား ရေနာနှင့် အသင်းခေါင်းဆောင် ဟမ်ဆစ်ခ်တို့ကိုလည်း အနားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။...
Read More

ရုန်းကန်နေရသည့် တိုက်စစ်မှူးမိုရာတာနှင့် ဇာဇာတို့ကို ဂျူဗင်တပ် ရောင်းချဖွယ်ရှိနေ

ဂျူဗင်တပ်တိုက်စစ်မှူးများဖြစ်သော မိုရာတာနှင့် ဇာဇာတို့မှာ ယခုဘောလုံးရာသီ၌ ပုံမှန်ခြေစွမ်းပြသနိုင်ရန် ရုန်းကန်နေရသဖြင့် လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် အသင်းမှ ရောင်းချဖွယ်ရှိကြောင်းသိရသည်။ အဆိုပါစပိန်တိုက်စစ်မှူးသည် ပြီးခဲ့သည့်နှစ် ဇူလိုင်လက ရီးရဲလ်မှ ယူရို သန်း ၂၀ ဖြင့် ဂျူဗင်တပ်သို့ ပြောင်းရွှေ့ရောက်ရှိခဲ့ပြီးနောက် ခြေစွမ်းပြနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ပုံမှန်ခြေစွမ်းပျောက်ဆုံးနေသဖြင့် နည်းပြအယ်လီဂရီအတွက် စိတ်ပျက်စရာတိုးပွားလာခဲ့သည်။ ဂျူဗင်တပ်သည် ယခုနှစ်ဘောလုံးရာသီအစတွင် စီးရီးအေ၌ ရလဒ်ဆိုးများဖြင့်...
Read More

ဘိုတန်ကို ရှော်လ်ကေးမှ စာချုပ်ဖျက်သိမ်းကာ ထွက်ခွာခွင့်ပေး

ဂျာမန်ကလပ်ရှော်လ်ကေးသည် ကစားသမားကီဗင်ပရင့်စ်ဘိုတန်အား စာချုပ်ဖျက်သိမ်းကာ အသင်းမှထွက်ခွာခွင့်ပေးလိုက်သည့်အတွက် ၎င်းကစားသမားသည် အေစီမီလန်နှင့် လက်မှတ်ရေးထိုးနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။ ဂါနာလက်ရွေးစင်ဘိုတန်သည် အေစီမီလန်နှင့် လေ့ကျင့်ခန်းဆင်းနေသည်မှာ လအနည်းငယ်ကြာပြီဖြစ်ပြီး ခြေစမ်းပွဲများတွင်လည်း ပါဝင်ကစားလျက်ရှိသည်။ ထိုကစားသမားသည် အေစီမီလန်သို့ပြောင်းရွှေ့ရန်အတွက် ရှော်လ်ကေးက အငှားချထားမှု သို့မဟုတ် ၂ ဖက် စာချုပ်ဖျက်သိမ်းမှုလိုအပ်ခဲ့ပြီး ယခုအချိန်တွင် စာချုပ်ဖျက်သိမ်းလိုက်ကြောင်း ရှော်လ်ကေးဘက်မှ ကြေညာခဲ့ခြင်းဖြစ်သည်။ အေစီမီလန်နှင့် စာချုပ်ချုပ်ဆိုနိုင်တော့မည့်...
Read More

ချန်ပီယံလိဂ်တွင် အုပ်စုပထမနေရာရရေး အလွန်အရေးကြီးဟု ဂျူဗီနည်းပြ ဆို

ဂျူဗင်တပ်နည်းပြ အယ်လီဂရီက ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် ပထမနေရာရရေးမှာ အလွန်အရေးကြီးသည်ဟု ပြောကြားလိုက်သည်။ ဂျူဗင်တပ်မှာ ဆီဗီလာနှင့်ကစားမည့် အုပ်စုနောက်ဆုံးပွဲတွင် သရေကျရုံဖြင့် အုပ်စုပထမနေရာရမည်ဖြစ်ပြီး အခြားအုပ်စုများမှ ပထမနေရာဖြင့် နောက်အဆင့်တက်လာမည့်အသင်းများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ ထို့ကြောင့် အယ်လီဂရီက” အုပ်စုပထမနေရာရဖို့ အရင်လုပ်ရမယ်။ အဲဒီနေရာရဖို့က အရမ်းအရေးကြီးတယ်။ ဘာစီလိုနာ၊ ရီးရဲလ်၊ ဘိုင်ယန်မြူးနစ်တို့က သူတို့အုပ်စုတွေမှာ ပထမနေရာယူပြီးတက်လာမှာ သေချာတယ်။ သူတို့တွေက...
Read More

ရိုးမားကစားသမား ဂါဗင်ညိုနှင့် တိုရိုဆီဒစ်တို့ဒဏ်ရာရ

ရိုးမားကစားသမား ဂါဗင်ညိုမှာ တိုရီနိုနှင့်ကစားခဲ့သည့်ပွဲတွင် ရရှိခဲ့သည့် ကြွက်သားဒဏ်ရာမှာ မပြင်းထန်သော်လည်း ဘိုရီဆော့ဗ်နှင့်ချန်ပီယံလိဂ်ပွဲစဉ်တွင် ပါဝင်ရန် မသေချာသေးကြောင်းနှင့် နောက်ခံလူ တိုရိုဆီဒစ်မှာ ဒဏ်ရာပြင်းထန်ကြောင်း ရိုးမားက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဂါဗင်ညိုမှာ ဒဏ်ရာကြောင့် ၂ ပတ်ကြာ အနားယူခဲ့ပြီးနောက် ယခုပွဲတွင် ပြန်လည်ပါဝင်ခဲ့သော်လည်း ၂၅ မိနစ်သာ ကစားခဲ့ရပြီး ဆေးစစ်ချက်များအရ ကြွက်သားစုတ်ပြဲမှုမရှိသော်လည်း ၎င်း၏အခြေအနေကို တစ်ရက်ချင်း...
Read More

စာချုပ်သက်တမ်းကုန်မည့် ကစားသမားအများစု နွေရာသီတွင် အေစီမီလန်မှ ထွက်ခွာမည်

အေစီမီလန်အသင်းနှင့် လာမည့်နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ကစားသမား ၈ ဦးအနက် ၆ ဦးမှာ အသင်းမှထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။ အေစီမီလန်မှာ အငှားခေါ်ယူထားသည့်တိုက်စစ်မှူးများဖြစ်သော ဘာလော့တယ်လီ၊ ဆာဆီတို့ကို ဆက်လက်ခေါ်ယူမည်မဟုတ်တော့ဘဲ ရာသီအဆုံးတွင် ၎င်းတို့၏ ခြေစွမ်းကိုပြန်လည်သုံးသပ်မည်ဖြစ်သော်လည်း အသင်းတွင်ဆက်ရှိနေရေးမှာ ၂ ဦးလုံးအတွက် အခွင့်အရေးနည်းပါးနေကြောင်း အီတလီသတင်းဌာနတစ်ခုက သုံးသပ်ခဲ့သည်။ ထို့အပြင် အဲလက်စ်၊ မက်ဆက်စ်၊ ဇာပါတာနှင့်...
Read More

ရာထူးမှနုတ်ထွက်မည်မဟုတ်ဟု လာဇီယိုနည်းပြ ဆို

လာဇီယိုနည်းပြ စတီဖာနိုပီအိုလီက စီးရီးအေ ၆ ပွဲတွင် ၁ မှတ်သာရအောင် စွမ်းဆောင်ထားနိုင်သော်လည်း ရာထူးမှနုတ်ထွက်မည်မဟုတ်ဟု ပြောကြားလိုက်သည်။ လာဇီယိုမှာ ယမန်နေ့ညက ဂျူဗင်တပ်ကို ၂ ဂိုးပြတ်အရေးနိမ့်ခဲ့ပြီး နောက်ဆုံး ၆ ပွဲတွင် ၅ ပွဲမြောက်အရေးနိမ့်ခဲ့ပြီး ထိုပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် လာဇီယိုနည်းပြက ထိုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။ “ကျွန်တော်နုတ်ထွက်မှာမဟုတ်ဘူး။ အခုအဖြစ်တွေအတွက် ကျွန်တော်က တာဝန်အရှိဆုံးပါ။...
Read More
error: Content is protected !!