စီးရီးအေ

ဆမ်ဒိုးရီးယားတိုက်စစ်မှူးအီဒါ ၂ နှစ်အငှားစာချုပ်ဖြင့် အင်တာမီလန်သို့ ပြောင်းရွှေ့

ယခုတစ်ပတ်တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားမည့် မီလန်ဒါဘီပွဲစဉ်မတိုင်မီတွင် ဆမ်ဒိုးရီးယားတိုက်စစ်မှူးအီဒါကို အင်တာမီလန်က ၂ နှစ်အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း သိရသည်။ ယခုအပြောင်းအရွှေ့နှင့်ပတ်သက်၍ အသက် ၂၉ နှစ်ရှိအဆိုပါတိုက်စစ်မှူးက အသင်းကြီးတစ်သင်းဖြစ်သော အင်တာမီလန်အတွက် ၂ နှစ်တာကာလအတွင်း အကောင်းဆုံးကြိုးပမ်းပေးသွားမည်ဟု ပြောကြားခဲ့သည်။ အင်တာမီလန်ဘက်ကလည်း တိုက်စစ်မှူးအီဒါမှာ အတွေ့အကြုံရင့်ကျက်သည့် ထိပ်တန်းကစားသမားတစ်ဦးဖြစ်သောကြောင့် အသင်းနှင့် နည်းပြမန်စီနီအတွက် အကျိုးဖြစ်ထွန်းစေမည့် ကစားသမားဖြစ်သည်ဟု ပြောကြားခဲ့သည်။...
Read More

မန်ယူအသင်းခေါင်းဆောင်ဟောင်းဗီဒစ် ကစားသမားဘ၀မှအနားယူ

မန်ယူအသင်းခေါင်းဆောင်ဟောင်းဗီဒစ်သည် ပရော်ဖက်ရှင်နယ်ကစားသမားဘ၀မှ အနားယူလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်ရယူခဲ့ဖူးသည့် မန်ယူကစားသမားအဖြစ် ၈ နှစ်ကျင်လည်ခဲ့သူ ဗီဒစ်သည် ဒဏ်ရာများကြောင့် အနားယူလိုက်ရခြင်းဖြစ်သည်ဟုလည်း ဖွင့်ဟခဲ့သည်။ အသက် ၃၄ နှစ်အရွယ် ဗီဒစ်သည် ယခုရာသီစီးရီးအေတွင် ပွဲထွက်ခွင့်ဆုံးရှုံးခဲ့ပြီးနောက် အင်တာမီလန်နှင့် နှစ်ဘက်သဘောတူ စာချုပ်ဖျက်သိမ်းခဲ့သည်။ ဗီဒစ်က မန်ယူဝက်ဘ်ဆိုက်သို့ပြောကြားရာတွင်”ကစားသမားဘ၀ကနေ...
Read More

အယ်လ်အေဂလက်ဆီသို့ပြောင်းရွှေ့ရန် အက်ရှ်လေကိုးလ်သဘောတူ

အင်္ဂလန်လက်ရွေးစင်ဟောင်း အက်ရှ်လေကိုးလ်သည် စီးရီးအေကလပ်ရိုးမားမှ ထွက်ခွာပြီးနောက် အမေရိကန်မေဂျာလိဂ်အသင်း အယ်လ်အေဂလက်ဆီသို့ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ပြီဟု သိရှိရသည်။ အသက် ၃၅ နှစ်အရွယ် အက်ရှ်လေကိုးလ်သည် ရိုးမားနှင့် နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်းပြီးနောက် အင်္ဂလန်အသင်းဖော်ဟောင်း ဂျရတ်ရှိရာ အယ်လ်အေဂလက်ဆီသို့ အလွတ်ပြောင်းရွှေ့နိုင်ခဲ့ခြင်းဖြစ်သည်။ ချဲလ်ဆီးနှင့် အာဆင်နယ်နောက်ခံလူဟောင်း အက်ရှ်လေကိုးလ်သည် ရိုးမားသို့ ၂၀၁၄ ခုနှစ် ဇူလိုင်လက ပြောင်းရွှေ့ခဲ့ပြီး ၁၆...
Read More

နောက်ခံလူဗီဒစ်ကို အင်တာမီလန်က ထွက်ခွာခွင့်ပြု

ယခုရာသီတွင် ခြေစွမ်းပြသနိုင်ခြင်းမရှိဘဲ ပွဲထွက်ခွင့်မရခဲ့သည့် နောက်ခံလူ နီမန်ဂျာဗီဒစ်အား အင်တာမီလန်က စာချုပ်ဖျက်သိမ်းပေးခဲ့ကြောင်း သိရှိရသည်။ အသက် ၃၄ နှစ်အရွယ် ဆားဘီးယားလက်ရွေးစင်ဟောင်းဗီဒစ်သည် ၂၀၁၄ ခုနှစ်က မန်ယူမှ အင်တာမီလန်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရောက်ရှိလာပြီး ယမန်နှစ်ရာသီက ၂၈ ပွဲ ပါဝင်ကစားပေးခဲ့သည်။ “အင်တာမီလန်မိသားစုနဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ အသင်းအနာဂတ်ပိုမိုကောင်းမွန်ပါစေလို့ ဆုတောင်းပေးပါတယ်”ဟု ဗီဒစ်က စာချုပ်ဖျက်သိမ်းအပြီးတွင်...
Read More

နည်းပြဟောင်း စပယ်လက်တီကို ရိုးမားပြန်လည်ခန့်အပ်

စီးရီးအေကလပ် ရိုးမားအသင်းသည် ဗုဒ္ဓဟူးနေ့ကထုတ်ပယ်လိုက်သည့် ရာဒီဂါစီယာ၏နေရာအား နည်းပြဟောင်းဖြစ်သူ လူစီယာနိုစပယ်လက်တီနှင့် အစားထိုးလိုက်ကြောင်း သိရှိရသည်။ အသက် ၅၆ နှစ်အရွယ် စပယ်လက်တီမှာ ၂၀၀၅ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ရိုးမားကိုတာဝန်ယူခဲ့ပြီး ကိုပါအီတာလီယာဖလား ၂ ကြိမ်ရယူပေးခဲ့ပြီးနောက် ရာထူးမှနုတ်ထွက်ကာ ရုရှားကလပ်ဇင်းနစ်သို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ ထိုအီတလီနည်းပြသည် ၂၀၁၄ ခုနှစ်က ဇင်းနစ်၏ထုတ်ပယ်မှုမခံရမီ ထိုကလပ်အား...
Read More

လာဗက်ဇီနှင့်ပတ်သက်၍ ချဲလ်ဆီးနှင့် ဆွေးနွေးရန်ရှိသည်ဟု အေးဂျင့်ဖွင့်ဟ

ပီအက်စ်ဂျီ၌ ပုံမှန်ပွဲထွက်ခွင့်ရရန်ရုန်းကန်နေရသဖြင့် ယခုအပြောင်းအရွှေ့ကာလတွင် အသင်းပြောင်းရန်နီးစပ်လျက်ရှိသော တောင်ပံကစားသမားလာဗက်ဇီ၏ အေးဂျင့်ဖြစ်သူမက်ဇိုနီက ချဲလ်ဆီးနှင့်ဆွေးနွေးရန်ရှိသည်ဟု ပြောကြားလိုက်သည်။ အဆိုပါအာဂျင်တီးနားလက်ရွေးစင်ကစားသမား၏ ပီအက်စ်ဂျီနှင့်လက်ရှိချုပ်ဆိုထားသောစာချုပ်သက်တမ်းမှာ လာမည့်နွေရာသီအပြောင်းအရွှေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ဥရောပထိပ်သီးကလပ်များဖြစ်သော ဂျူဗင်တပ်၊ အင်တာမီလန်၊ အာဆင်နယ်၊ လီဗာပူး၊ စပါးတို့မှ ခေါ်ယူရန်ဆက်သွယ်လျက်ရှိကြောင်းသိရသည်။ အဆိုပါအသင်းများအနက် ချဲလ်ဆီးနှင့်အင်တာမီလန်မှာ လာဗက်ဇီကိုခေါ်ယူရန် စိတ်ဝင်စားမှုပိုသော အသင်းများဖြစ်ခဲ့ပြီး အဆိုပါကစားသမားနှင့်ပတ်သက်၍ အေးဂျင့်ဖြစ်သူက ”အခုအချိန်မှာ လာဗက်ဇီကိုခေါ်ဖို့...
Read More

မန်ယူပစ်မှတ် ဖိလစ်ပီ အန်ဒါဆန်ကို ရောင်းချမည်ဟု လာဇီယိုအသင်းအတည်ပြု

မန်ယူအသင်းပစ်မှတ်ထားစောင့်ကြည့်နေသည့် ကွင်းလယ်ကစားသမား ဖိလစ်ပီ အန်ဒါဆန်အားရောင်းချသွားမည်ဟုလာဇီယိုအသင်းကအတည်ပြုလိုက်ကြောင်း Four Four Two မဂ္ဂဇင်းစာကဖော်ပြခဲ့သည်။ လာဇီယိုအသင်းအားကစားဒါရိုက်တာ အစ်ဂ်လီ တာရီက ယခုအပြောင်းအရွှေ့ကာလတွင် ဖိလစ်ပီ အန်ဒါဆန်အပေါ်ကမ်းလှမ်းမှုများအပေါ် လေ့လာစောင့်ကြည့်သွားမည်ဟုပြောခဲ့ရာ မန်ယူအသင်းသို့ ယင်းကစားသမားပြောင်းရွှေ့ရန်မှာနီးစပ်လာပြီဟုသုံးသပ်မှုများရှိလာခဲ့သည်။ နည်းပြဗန်ဟားလ်နှင့် မန်ယူအသင်းတို့သည် အသက်၂၂နှစ်အရွယ်အဆိုပါဘရာဇီးလက်ရွေးစင်ကစားသမားအားခေါ်ယူနိုင်ရန် ဆွေးနွေးနေကြောင်းသတင်းများထွက်ပေါ်လျက်ရှိပြီး လာဇီယိုနည်းပြပိုလီကလည်း”ဒီကစားသမားကိုဈေးကွက်အတွင်းရောင်းချဖို့က ဘုတ်အဖွဲ့ကဆုံးဖြတ်ချက်အပေါ်မူတည်နေတယ်”ဟု ဗုဒ္ဓဟူးနေ့ကကာပီအသင်းနှင့်ဂိုးမရှိသရေကျခဲ့သည့်ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင်ပြောခဲ့သည်။ ဖိလစ်ပီ အန်ဒါဆန်သည် ယခုနှစ်ရာသီတွင် လာဇီယိုအသင်းအတွက်...
Read More

ပွဲချိန်ပြည့် အသင်းအပေါ် လှောင်ပြောင်ခဲ့သည့်မီလန်ပရိသတ်များကို စာနာနားလည်ကြောင်း နည်းပြမီဟိုင်းလိုဗစ် ထုတ်ဖော်ပြောကြား

အေစီမီလန်အသင်းသည် ဆန်စီရိုကွင်းတွင် ဧည့်သည်ဘိုလော့ဂ်နာအား အံအားသင့်ဖွယ်ရာ (၀-၁)ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ပွဲချိန်ပြည့် လှောင်ပြောင်ခဲ့သည့်မီလန်ပရိသတ်များလုပ်ရပ်မှာ မှန်ကန်ကြောင်း နည်းပြမီဟိုင်းလိုဗစ်ကထုတ်ဖော်ပြောကြားလိုက်သည်။ ယင်းရှုံးပွဲကြောင့် အေစီမီလန်အသင်းသည် ဘိုလော့ဂ်နာအားဆန်စီရိုတွင် ၁၁ပွဲဆက်တိုက်ရှုံးပွဲမရှိသည့် မှတ်တမ်းပျက်ယွင်းခဲ့ကာ ၁၈ပွဲကစားပြီးချိန် ၂၈မှတ်သာရထားသည့်အတွက် နည်းပြမီဟိုင်းလိုဗစ်အနာဂတ်မှာလည်း မရေမရာဖြစ်လာခဲ့သည်။ ထိုကဲ့သို့ ရှုံးပွဲများ၊ရလဒ်များဆိုးရွားနေသည့် အေစီမီလန်အသင်းအပေါ် အသင်းပရိသတ်များမကျေမနပ်ဖြစ်နေကြကာဘိုလော့ဂ်နာနှင့်ပွဲစဉ်တွင် ပွဲစမှ ပွဲပြီးဆုံးသည်အထိ လှောင်ပြောင်ခဲ့ကြသည်။ ထိုအဖြစ်အပျက်အပေါ် နည်းပြမီဟိုင်းလိုဗစ်က”ကျွန်တော့်ကစားသမားတွေအနိုင်ရဖို့ အမြဲကြိုးစားနေကြတယ်။ ဖန်တီးမှုတွေဂိုးရနိုင်ခွင့်တွေကြုံခဲ့ရတယ်။...
Read More

အင်တာမီလန်မှာ စီးရီးအေချန်ပီယံဖြစ်ရန် ရေပန်းစားနေဆဲဟု ဂျူဗင်တပ်ဒါရိုက်တာပြောကြား

ဂျူဗင်တပ်ဒါရိုက်တာမာရော့တာက ၎င်းတို့အသင်းနှင့် ၃ မှတ်အကွာဖြင့်အမှတ်ပေးဇယားကိုဦးဆောင်နေသော အင်တာမီလန်မှာစီးရီးအေချန်ပီယံဖြစ်ရန် ရေပန်းစားနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဂျူဗင်တပ်သည် ယခုတစ်ပတ်တွင်ယှဉ်ပြိုင်ခဲ့သော စီးရီးအေပွဲစဉ် ၁၇ ၌ ၃-၂ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး အင်တာမီလန်မှာလာဇီယိုကို ၂-၁ ဂိုးဖြင့်အရေးနိမ့်ခဲ့သောကြောင့် ၃ မှတ်အကွာအနေအထားသို့ ရောက်ရှိခဲ့သည်။ အင်တာမီလန်နှင့်ပတ်သက်၍ မာရော့တာက ”အင်တာမီလန်နည်းပြမန်စီနီဟာ ချန်ပီယံဆုယူနိုင်တဲ့သူပါ။ သူတို့ရှုံးပွဲကြုံလိုက်လို့ ချန်ပီယံဆုအတွက် ဖီအိုရင်တီးနား၊ နာပိုလီနဲ့...
Read More

နာပိုလီတွင် အစဉ်တစိုက်ကစားသွားမည်မဟုတ်ဟု ဟီဂူအင်ဖွင့်ဟ

တိုက်စစ်မှူးဟီဂူအင်က နာပိုလီတစ်သင်းတည်းတွင်သာ ထာဝရကစားသွားမည်ဟု ကတိမပေးနိုင်ကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်။ အဆိုပါအာဂျင်တီးနားတိုက်စစ်မှူးက ”ကျွန်တော့်စာချုပ်သက်တမ်းရှိနေသေးသလို ဒီမြို့မှာနေရာတာ အရမ်းပျော်ဖို့ကောင်းပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုအစဉ်တစိုက်ရနေလို့ အခုထက်ပိုပြီးကစားနိုင်ဖို့ ဆန္ဒပြင်းပြနေပါတယ်။ ဒါပေမဲ့ ကစားသမားဘ၀တစ်လျှောက်လုံး ဒီမှာရှိနေမယ်လို့တော့ ကတိမပေးနိုင်ပါဘူး” ဟု ပြောကြားခဲ့သည်။ နာပိုလီမှာ ယခုတစ်ပတ် စီးရီးအေပွဲစဉ် ၁၇ တွင် အတ္တလန္တာနှင့်ရင်ဆိုင်ရမည်ဖြစ်ပြီး ပြီးခဲ့သည့်ဘောလုံးရာသီတွင်တွေ့ဆုံခဲ့စဉ် ပင်နယ်တီသွင်းဂိုးလွဲချော်ခဲ့သော ဟီဂူအင်က...
Read More
error: Content is protected !!