စီးရီးအေ

ငွေကြေးအတွက် အေစီမီလန်သို့ ပြောင်းရွှေ့ခဲ့ခြင်းမဟုတ်ဟု တိုက်စစ်မှူးဘက်ကာ ဖွင့်ဟ

အေစီမီလန်အသင်း၏ ကိုလံဘီယာလက်ရွေးစင်တိုက်စစ်မှူးဖြစ်သူ ဘက်ကာက အေစီမီလန်အသင်းသို့ပြောင်းရွှေ့ခဲ့ရခြင်းမှာ ငွေကြေးအတွက်ပြောင်းရွှေ့ခဲ့ခြင်းမဟုတ်ကြောင်း၊ အသင်းနှင့်အတူ အောင်မြင်မှုရရှိရန်နှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကစားလို၍ ဖြစ်ကြောင်း ၀န်ခံပြောကြားသွားခဲ့သည်။ တိုက်စစ်ဘက်ကာသည် ပြီးခဲ့သည့်နှစ်ဘောလုံးရာသီတွင် စပိန်ကလပ်ဆီဗီလာအသင်းနှင့် ယူရိုပါလိဂ် ၂ နှစ်ဆက်အောင်မြင်မှု ရရှိခဲ့ပြီးနောက် အီတလီကလပ် အေစီမီလန်အသင်းထံ ရုတ်တရက်ပြောင်းရွှေ့ခဲ့သည့်အတွက် ဝေဖန်မှုများရှိလာခဲ့ခြင်းအပေါ် ယခုကဲ့သို့ ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ် သည်။ “ဆီဗီလာအသင်းကို စွန်ခွာဖို့ ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတာပါ။...
Read More

မီလန်ဒါဘီပွဲတွင် အနိုင်ရသူက ရွှေ့ပြောင်းဒုက္ခသည်များကို လှူဒါန်းမည်

လာမည့်တနင်္ဂနွေညတွင် ယှဉ်ပြိုင်ကစားမည့် မီလန်ဒါဘီပွဲစဉ်တွင် အနိုင်ရသူက လတ်တလော ဥရောပတွင် အခက်အခဲဖြစ်နေသော ရွှေ့ပြောင်းဒုက္ခသည်များကို လှူဒါန်းရမည်ဆိုသော အေစီမီလန်နည်းပြမီဟိုင်းလိုဗစ်၏ စိန်ခေါ်မူကို အင်တာမီလန်နည်းပြ မန်စီနီက လက်ခံခဲ့ကြောင်း သိရသည်။ ပြိုင်ဆိုင်မှု ပြင်းထန်သော ဥရောပထိပ်သီး ဒါဘီပွဲများထဲတွင် တစ်ပွဲအပါအ၀င်ဖြစ်သည့် ယခုနှစ် မီလန်ဒါဘီတွင် အင်တာမီလန် ကွင်းလယ်လူဟောင်း မီဟိုင်းလိုဗစ်မှာ မန်စီနီအား ပြိုင်ဘက်အဖြစ် ပထမဦးဆုံး...
Read More

ချီယေဗိုနှင့်ပွဲတွင် အနိုင် ၃ မှတ် အရယူရမည်ဟု ဂျူဗင်တပ်နည်းပြဆို

ဂျူဗင်တပ်အသင်းနည်းပြဖြစ်သူ အယ်လီဂရီက အဖွင့်ပွဲစဉ် ၂ ပွဲတွင် ရှုံးပွဲဆက်တိုက်ကြုံတွေ့ခဲ့ရခြင်းကြောင့် ချီယေဗိုနှင့်ပွဲစဉ်တွင် အနိုင် ၃ မှတ်မဖြစ်မနေရယူရန်လိုအပ်နေပြီဖြစ်ကြောင်း၊ အဓိကကစားသမားအများစုအနေဖြင့်လည်း ပွဲထွက်ပါဝင်ကစားရန် အသင့်ရှိနေပြီဖြစ်ကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားသွားခဲ့သည်။ လက်ရှိအီတလီစီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းသည် ပွဲစဉ် ၂ ပွဲကစားပြီးခဲ့ရာ၌ အူးဒီးနစ်၊ ရိုးမားအသင်းတို့ကိုအရေးနိမ့်ထားခဲ့ပြီး အမှတ်ပေးဇယားအဆင့်-၁၇နေရာ၌ ရပ်တည်လျက်ရှိသည်။”အသင်းသားတွေအနေနဲ့ လက်ရှိအချိန်အထိ အမှတ်မရသေးတာကို သတိပြုသင့်နေပါပြီ။ လက်ရှိချန်ပီယံအသင်းအနေနဲ့...
Read More

ဂျူဗင်တပ်ကွင်းလယ်လူပေါ့ဘာအား ခေါ်ယူရန် ဘာစီလိုနာအကြိုသဘောတူညီမှုရရှိခဲ့

စပိန်ထိပ်သီးဘာစီလိုနာအသင်းသည် ဂျူဗင်တပ်အသင်း၏ ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားဖြစ်သူ ပေါ့ဘာအားခေါ်ယူရန် အကြိုသဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း အီတလီနာမည်ကြီးအားကစားသတင်းဋ္ဌာနတစ် ခုဖြစ်သည့် Gazzetta dello Sport က အခိုင်အမာဖော်ပြခဲ့သည်။ ပရီးမီးယားလိဂ်ထိပ်သီးချဲလ်ဆီးအသင်း၏ စိတ်ဝင်စားခြင်းကိုခံနေရသည့် လူငယ်ကွင်းလယ်လူပေါ့ဘာအနေဖြင့် လာမည့်ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ဘာစီလိုနာအသင်းသို့ အပြီးသတ်ရောက်ရှိတော့မည်ဖြစ်သည်။ အီတလီမီဒီယာ၏ဖော်ပြချက်တွင် ဘာစီလိုနာအသင်းဥက္ကဋ္ဌဖြစ်သူ ဘာတိုမြူအနေဖြင့် ပေါ့ဘာအားခေါ်ယူရန်အတွက် ဂျူဗင်တပ်အသင်းထံလာရောက်ညှိနှိုင်းခဲ့ပြီး ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်တွင် အပြီးသတ်ဆောင်ရွက်ရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။ ဂျူဗင်တပ်အသင်းသည် အသက်၂၂နှစ်အရွယ်ရှိ...
Read More

ဒုတိယရာသီဝက်တွင်မှ မီလန်ဒါဘီပြိုင်ဆိုင်မှု ပိုပြင်းထန်မည်ဟု လစ်ပီ သုံးသပ်

အီတလီအသင်းနည်းပြဟောင်း မာဆယ်လိုလစ်ပီက ယခုတစ်ပတ်တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားမည့် မီလန်ဒါဘီပွဲစဉ်ထက် ဒုတိယရာသီဝက်ဒါဘီပွဲစဉ်မှာ ပိုမိုပြင်းထန်မည်ဟုသုံးသပ်ပြောကြားလိုက်သည်။ အင်တာမီလန်နှင့်အေစီမီလန်တို့သည့် ယခုနှစ်ဘောလုံးရာသီတွင် အသင်းအင်အားတောင့်တင်းစေရန် ရင်းနှီး မြှုပ်နှံမှုအများအပြားပြုလုပ်ထားသော်လည်း ၎င်းတို့(၂)သင်းလုံးအတွက် အချိန်လိုအပ်သေးကြောင်း လစ်ပီက ပြောကြားခဲ့သည်။ လစ်ပီက “အရင်းအနှီးအများကြီးလုပ်ထားပေမယ့် ဒုတိယရာသီဝက်ရောက်မှ သူတို့နှစ်သင်းပိုမိုတောင့်တင်း မယ်ထင်တယ်။ ဒါဘီပွဲက မကြာခင်ကစားတော့မှာဖြစ်ပေမယ့် နှစ်သင်းလုံးက တည်ဆောက်နေဆဲကာလမှာပဲ ရှိပါသေးတယ်။ အင်တာမီလန်ရဲ့ ပါရီဆစ်ကို...
Read More

တိုက်စစ်မှူးဇာဇာကို အာဆင်နယ်သို့ ရောင်းချရန် ဂျူဗင်တပ်ပြင်ဆင်နေ

ဂျူဗင်တပ်အသင်းသည် လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် အသင်းတိုက်စစ်မှူးဇာဇာကို ထုတ်ရောင်း ဖွယ်ရှိကြောင်းသိရသည်။ ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဆက်ဆူလိုအသင်းမှ ရောက်ရှိ လာသောဇာဇာကို တိုက်စစ်မှူးတစ်ဦးခေါ်ယူရန်အလိုရှိနေသော အာဆင်နယ်မှ အပြင်းအထန်ဆက်သွယ် နေကြောင်းသိရသည်။ အာဆင်နယ်အသင်းမှာ ပြီးခဲ့သည့်အပြောင်းအရွှေ့ရာသီတွင် တိုက်စစ်မှူးတစ်ဦးခေါ်ယူရန်လိုအပ်ခဲ့ပြီး အပြောင်းအရွှေ့ကုန်ဆုံးခါနီးရက်ပိုင်းအလို၌် ဇာဇာကိုခေါ်ယူရန်ကမ်းလှမ်းခဲ့ကြောင်းသိရသည်။ ဇာဇာကို ယခု အပြောင်းအရွှေ့ကာလတွင် ခေါ်ယူနိုင်ခြင်းမရှိခဲ့သော်လည်း အာဆင်နယ်ဘက်မှ ၎င်းတို့၏မျှော်လင့်ချက် အဆုံးမသတ်ဘဲ ထပ်မံကြိုးပမ်းလာခဲ့ခြင်းဖြစ်သည်။ အသက်(၂၄)နှစ်ရှိတိုက်စစ်မှူးဇာဇာကို အာဆင်နယ်အနေဖြင့်လာမည့်ဇန်န၀ါရီ...
Read More

အင်ဒိုနီးရှား တွင်ခြေစမ်းမည့် ရိုးမား ကစားသမား အချို့ ပြည်ဝင်ခွင့်ငြင်း ပယ်ခံရ

အင်ဒိုနီး ရှားနိုင်ငံ တွင် ရာသီကြိုခြေ စမ်းပွဲ ကစားရန် လာရောက် သည့်ရိုးမား အသင်းမှ ကစား သမား(၅) ဦးမှာ ပြည်ဝင် ခွင့်ပိတ် ပင်ခံရပြီးနောက် အသင်းနှင့် အတူ မပူးပေါင်းနိုင်ဘဲ အီတလီ သို့ပြန်သွားခဲ့ ရကြောင်းသိရသည်။ ရိုးမားအသင်း ၏အဓိက ကစား သမားဖြစ်သည့် ဂျာဂျစ်၊ဂါဗင်ဟိုအပြင် အိုင်ဘာဘို၊ ဒွန်ဘီယာနှင့်...
Read More
error: Content is protected !!