စီးရီးအေ

၎ ပွဲဆက်တိုက် အနိုင်ရရှိရုံဖြင့် မလုံလောက်သေးကြောင်း အင်တာမီလန်နည်းပြ ၀န်ခံ

အင်တာမီလန်နည်းပြ မန်စီနီက စီးရီးအေပွဲစဉ်များတွင် ၄ ပွဲဆက်တိုက် နိုင်ရရှိရုံဖြင့် ချန်ပီယံအသင်းအဖြစ် ရပ်တည်ရန် မလုံလောက်သေးကြောင်း၊ ပထမအကြိမ်တာဝန်ယူကိုင်တွယ်ခဲ့စဉ်က အောင်မြင်မှုများနှင့်လည်း မနှိုင်းယှဉ်သင့်သေးကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်။ လက်ရှိစီးရီးအေပွဲစဉ် ၄ ပွဲအပြီးတွင် ရာနှုန်းပြည့်နိုင်ပွဲနှင့်အတူ အမှတ်ပေးဇယားအားဦးဆောင်နေသည့် အင်တာမီလန်အသင်းမှာ မီဒီယာများ၏ ချီးမွမ်းရေးသားမှုများခံနေရသည့်အပြင် အီတလီဝါရင့်နည်းပြများဖြစ်သည့် ပရင်ဒယ်လီအပါအ၀င် ထိပ်တန်းနည်းပြများကလည်း ချန်ပီယံလောင်းအသင်းအဖြစ် မှတ်ချက်ပြုမှုခံထားရသည်။ “အသင်းကို ပထမအကြိမ်ကိုင်တွယ်ခဲ့စဉ်က...
Read More

ဂျူဗင်တပ်နှင့်အတူ အင်တာမီလန်၊ ရိုးမားတို့သာ ချန်ပီယံဆုရရန် အခြေအနေရှိဟု အီတလီနည်းပြဟောင်း ပရင်ဒယ်လီသုံးသပ်

အီတလီလက်ရွေးစင်နည်းပြဟောင်းဖြစ်သူ ပရင်ဒယ်လီက လက်ရှိစီးရီးအေချန်ပီယံဆုအတွက် လက်ရှိချန်ပီယံ ဂျူဗင်တပ်အသင်းအပြင် အင်တာမီလန်နှင့် ရိုးမားအသင်းတို့သာ ချန်ပီယံဆုအတွက် အခြေအနေအကောင်းဆုံးအသင်းများဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။   လက်ရှိအမှတ်ပေးဇယားတွင် ရာနှုန်းပြည့်အနိုင်ရလဒ်ဖြင့် ဦးဆောင်နေသည့် အင်တာမီလန်အသင်းနည်းပြ မန်စီနီကမူ ချန်ပီယံအသင်းအဖြစ်သတ်မှတ်ရန် အချိန်စောလွန်းသေးကြောင်း ၀န်ခံပြောကြားထားခဲ့သော်လည်း နွေရာသီအပြောင်းအရွှေ့တွင် မှန်ကန်သည့်ကစားသမားအင်အားဖြည့်တင်းမှုများကြောင့် ချန်ပီယံအသင်းစာရင်းတွင် နည်းပြပရင်ဒယ်လီက ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း မီဒီယာများမှဖော်ပြခဲ့ကြ သည်။   “အမှတ်ပေးဇယားထိပ်ပိုင်းမှာဦးဆောင်နေတဲ့အသင်းက...
Read More

နာပိုလီအား ဂိုးပြတ်အရေးနိမ့်ခဲ့မှုအပေါ် လာဇီယိုပရိသတ်များ ကန့်ကွက်ဆန္ဒပြခဲ့

လာဇီယိုအသင်းပရိသတ်များသည် အီတလီစီးရီးအေပွဲစဉ် ၄ အဖြစ် နာပိုလီအသင်းနှင့်ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် ၅ ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် အရှက်ရဖွယ်ရလဒ်တစ်ခုဖြစ်ကြောင်း ဝေဖန်ပြစ်တင်ခဲ့ကြပြီး အသင်းလေ့ကျင့်ရေးကွင်းရှေ့တွင် ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့သည်။ စီးရီးအေပွဲစဉ် ၂ တွင် ချီယေဗိုအသင်းအား ၄ ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် နာပိုလီအသင်းအား ၅ ဂိုးပြတ်ထပ်မံအရေးနိမ့်ခဲ့သဖြင့် လာဇီယိုပရိသတ်များအနေဖြင့် နည်းပြပါအိုလီအား ဆက်လက်ခန့်အပ်ထားမှုအပေါ် ဝေဖန်မှုများမြင့်တက်လာခဲ့သည်။ အီတလီမီဒီယာများ၏ဖော်ပြချက်အရ ရာဂဏန်းခန့်ရှိသောဒေါသထွက်နေသည့်လာဇီယိုပရိသတ်များသည် အသင်းလေ့ကျင့်ရေးကွင်းရှေ့တံတိုင်းတွင်...
Read More

ချန်ပီယံဆုရရှိရန်အတွက် ၂၀၁၃-၁၄ ရာသီကဲ့သို့ မဖြစ်ရန်လိုအပ်ဟု အင်တာမီလန်နည်းပြဆို

အီတလီစီးရီးအေပွဲစဉ်-၄ အပြီးတွင် အမှတ်ပေးဇယားအားဦးဆောင်နေသည့် အင်တာမီလန်အသင်းနည်းပြ မန်စီနီက ချန်ပီယံဆုအတွက် အာရုံပိုစိုက်ရန် အသင်းဖော်များကို တိုက်တွန်းခဲ့သည့်ကွင်းလယ်လူမယ်လို၏ တိုက်တွန်းချက်မှာ မှန်ကန်ကြောင်း၊ ၂၀၁၃-၁၄ ဘောလုံးရာသီတွင် ရိုးမားအသင်း ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်မျိုးနှင့် ရင်မဆိုင်ရရန်အတွက် ပိုမိုအာရုံစိုက်ရမည်ဖြစ်ကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်။ စီးရီးအေထိပ်သီးအသင်းတစ်သင်းဖြစ်သည့် ရိုးမားအသင်းသည် ၂၀၁၃-၁၄ ဘောလုံးရာသီတွင် ရာသီအစပွဲစဉ် ၁၀ ပွဲဆက်တိုက် အနိုင်ရရှိခဲ့သော်လည်း ရာသီကုန်ဆုံးချိန်တွင်...
Read More

ချန်ပီယံဆုအတွက် လက်လျှော့မည်မဟုတ်ကြောင်း ဂျူဗင်တပ်နည်းပြ သတိပေး

လက်ရှိအီတလီစီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းနည်းပြအယ်လီဂရီက ချန်ပီယံဆုကာကွယ်ရန်အတွက် မည့်သည့်ပြိုင်ဘက်အသင်းကိုမှ အရှုံးပေးမည်မဟုတ်ကြောင်း၊ အမှတ်ပေးဇယားထိပ်ဆုံးအသင်းနှင့် ၈မှတ်ကွာဟနေသော်လည်း ချန်ပီယံခြေစွမ်းပြန်ရရန် ယုံကြည်မှုပြန်လည်ရရှိခဲ့ပြီဖြစ်ကြောင်း ပြိုင်ဘက်အသင်းများသို့ သတိပေးပြောကြားခဲ့သည်။ ဂျူဗင်တပ်အသင်းသည် ၂၀၁၅-၁၆ ဘောလုံးရာသီသစ်တွင် နိုင်ပွဲရရှိရန် ရုန်းကန်ရလျက်ရှိပြီး အမှတ်ပေးဇယားအား ဦးဆောင်နေသည့် အင်တာမီလန်အသင်းနှင့် ရမှတ် ၇မှတ်အထိ ကွာဟလျက်ရှိနေ သည်။ “စီးရီးအေချန်ပီယံဆုအတွက် လက်လျှော့မှာမဟုတ်ပါဘူး။ ရာသီအစ ရုန်းကန်နေရတယ်ဆိုပေမယ့် ပွဲတွေအများကြီး...
Read More

ဒဏ်ရာရကစားသမားများပြားလာမှုအပေါ် စိုးရိမ်မိကြောင်း ဖီအိုရင်တီးနားအသင်းပိုင်ရှင် ဆို

ဖီအိုရင်တီးနားအသင်းပူးတွဲပိုင်ရှင် ဒီလာဗယ်လီက ဘေဆယ်အသင်းအား အရေးနိမ့်ခဲ့သည့်ပွဲစဉ်တွင် အဓိကကစားသမားအချို့ ဒဏ်ရာရရှိခဲ့သည့်အတွက် စိုးရိမ်မိကြောင်း၊ ရှုံးပွဲကြုံတွေ့ခဲ့သော်လည်းနောက်တစ်ဆင့်တက်ရောက်နိုင်မည်ဟုယုံကြည်ကြောင်း ပွဲအပြီးတွင် ဖွင့်ဟပြောကြားသွားခဲ့သည်။ ဘေဆယ်အသင်းနှင့် ယူရိုပါလိဂ်ပွဲစဉ်တွင် ဖီအိုရင်တီးနားအသင်း၏ အဓိကပွဲထွက်ကစားသမားများဖြစ်သည့် တောင်ပံကစားသမားလီဆစ်နှင့် နောက်ခံလူအက်စ်တိုရီတို့မှာ ပြင်းထန်သည့်ဒဏ်ရာများရရှိခဲ့သဖြင့် အချိန်အတိုင်းအတာတစ်ခုအထိ အနားယူရတော့မည်ဖြစ်သည်။ “၈ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးတဲ့အသင်းကို အနိုင်ရဖို့ မလွယ်ဘူးဆိုတာ လက်ခံပါတယ်။ အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ခဲ့ရပေမယ့် တစ်ယောက်လျော့အနေအထားဖြစ်ခဲ့သလို...
Read More

ချီယေဗိုမှာ ရှုံးပွဲမရှိကစားထား၍ အခက်အခဲများနှင့် ရင်ဆိုင်ရနိုင်ကြောင်း အင်တာနည်းပြ မန်စီနီ ဆို

အင်တာမီလန်နည်းပြဖြစ်သူ မန်စီနီကနိုင်ပွဲဆက်နေသည့် အသင်း၏ခြေစွမ်းအပေါ်ကျေနပ်အားရမိသော်လည်း ချီယေဗိုအသင်းအနေဖြင့်အသင်းအတွက် အန္တရာယ်ရှိသည့် အသင်းတစ်သင်းဖြစ်ကြောင်း၊ ရှုံးပွဲမရှိကစားထားနိုင်သည့်အသင်းတစ်သင်းဖြစ်သည့်အတွက် ခက်ခက်ခဲခဲ ရင်ဆိုင်ရမည် ဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ စီးရီးအေပွဲစဉ်-၄တွင် ပြိုင်ဘက်အဖြစ်ရင်ဆိုင်ရမည့် ချီယေဗိုအသင်းမှာ လက်ရှိချန်ပီယံဂျူဗင်တပ်အသင်းအား သရေကစားထားနိုင်ခဲ့ပြီး အမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်နေသည့်အတွက် အင်တာမီလန်နည်းပြ မန်စီနီက ယခုကဲ့သို့ သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်သည်။ “ရာနှုန်းပြည့်အနိုင်ရလဒ်အတွက် ကျေနပ်ပျော်ရွှင်မိတာတော့အမှန်ပါ။ ဒါပေမဲ့ ပြိုင်ဘက်အဖြစ်ရင်ဆိုင်ရမယ့် ချီယေဗိုအသင်းကိုတော့...
Read More

ဂျူဗင်တပ် ကွင်းလယ်လူ မာချီစီယို ပေါင်ဒဏ် ရာကြောင့် လေးပတ်ခန့် အနားယူရမည်

လက်ရှိ စီးရီးအေ ချန်ပီယံ ဂျူဗင်တပ် အသင်း၏ အဓိက ကွင်းလယ် ကစား သမားဖြစ်သူ မာချီစီယိုသည် ချီယေဗိုနှင့် ၁-၁ သရေကျခဲ့သည့် ပွဲစဉ်တွင် ရရှိခဲ့ သည့် ပေါင် ဒဏ် ရာကြောင့် ရက်သတ္တပတ်လေး ပတ်ခန့် အနားယူ ရမည်ဖြစ်ကြောင်း အသင်းမှ အတည်ပြု ထုတ်ပြန်ကြေ ညာခဲ့သည်။ အဆိုပါ...
Read More

ချန်ပီယံအသင်းအဖြစ် သတ်မှတ်ရန် အချိန်စောလွန်းသေးကြောင်း အင်တာနည်းပြဆို

အင်တာမီလန်အသင်းနည်းဖြစ်သူ မန်စီနီက အသင်းအနေဖြင့် ရာနှုန်းပြည့်နိုင်ပွဲရရှိထားသော်လည်း ချန်ပီယံအသင်းအဖြစ် သတ်မှတ်ရန်အချိန်စောလွန်းသေးကြောင်း၊ လက်ရှိချန်ပီယံ ဂျူဗင်တပ်အသင်းခြေချော်နေသည့်အချိန်တွင် အခွင့်အရေးယူနိုင်ရန်သာ အရေးကြီးကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့သည်။ လက်ရှိချန်ပီယံဂျူဗင်တပ်အသင်းအနေဖြင့် အဖွင့်ပွဲစဉ် ၃ ပွဲအထိ နိုင်ပွဲပျောက်ဆုံးနေသည့်အချိန်တွင် အင်တာမီလန်အသင်းအနေဖြင့် နိုင်ပွဲဆက်တိုက်ရရှိထားခဲ့ခြင်းကြောင့် မီဒီယာများက ချန်ပီယံအသင်းတစ်သင်းအဖြစ် ချီးကျူးရေးသားမှုများပြုလုပ်ခဲ့ခြင်းကြောင့် နည်းပြမန်စီနီက ယခုကဲ့သို့ ပြန်လည်ပြောကြားခြင်းဖြစ်သည်။ “ချန်ပီယံအသင်းအဖြစ် သတ်မှတ်ဖို့အချိန်စောပါသေးတယ်။ စီးရီအေရဲ့ ချန်ပီယံအသင်းက...
Read More

ကွင်းလယ်လူ ဆိုရီယာနိုအား စာချုပ်သက်တမ်းတိုးရန် ဆမ်ဒိုးရီးယား စီစဉ်နေ

စီးရီးအေထိပ်သီးအသင်းတစ်သင်းဖြစ်သည့် ဆမ်ဒိုးရီးယားအသင်းသည် ဥရောပအသင်းကြီးအချို့၏ စိတ်ဝင်စားခြင်းခံနေရသည့် ကွင်းလယ်ကစားသမားဖြစ်သူ ဆိုရီယာနိုကို အသင်းတွင်ဆက်ရှိနေစေရန်အတွက် စာချုပ်သက်တမ်းတိုးရန် စီစဉ်နေကြောင်း အီတလီမီဒီယာများ၏ဖော်ပြချက်အရ သိရသည်။ ဂျာမနီနွယ်ဖွား အီတလီလက်ရွေးစင်ကွင်းလယ်ကစားသမားဖြစ်သူ ဆိုရီယာနိုသည် ပြီးခဲ့သည့်ဘောလုံးရာသီတွင် ခြေစွမ်းပြကစားနိုင်ခဲ့ခြင်းကြောင့် စီးရီးအေပြိုင်ဘက် နာပိုလီအသင်းထံ ရောက်ရှိရန် နီးစပ်ခဲ့ပြီးနောက်ပိုင်း ဆမ်ဒိုးရီယားအသင်းတာဝန်ရှိသူများအနေဖြင့် အဆိုပါကစားသမားဖြစ်သူအား အသင်းထိန်းသိမ်းထားရန်အတွက် ကြိုးပမ်းလာခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ဆိုရီယာနိုသည် ၂၀၁၇ အထိဆမ်ဒိုးရီးယားအသင်းနှင့်...
Read More
error: Content is protected !!