စီးရီးအေ

နည်းပြသစ်အဖြစ် ကာတာနီယာနည်းပြဟောင်း ဆန်နီနိုအား ကာပီအသင်းခန့်အပ်

စီးရီးအေတန်းတက်အသင်းတစ်သင်းဖြစ်သည့် ကာပီအသင်းတာဝန်ရှိသူများသည် လစ်လပ်နေသည့် နည်းပြချုပ်နေရာအတွက် ပါလာမို၊ ချီယေဗို၊ ကာတာနီယာအသင်းများအား တာဝန်ယူကိုင်တွယ်ခဲ့ဖူးသည့် ဆန်နီနိုအား နည်းပြအဖြစ်ခန့်အပ်တာဝန်ပေးအပ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုသတင်းထုတ်ပြန်ကြေညာခဲ့သည်။ ကာပီအသင်းသည် ရာသီအစပွဲစဉ်များတွင် နိုင်ပွဲလုံးဝပျောက်ဆုံးခဲ့သည့် နည်းပြကတ်စ်ထရိုနှင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက လမ်းခွဲခဲ့ပြီးနောက် ဆန်နီနိုအား ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။ နည်းပြသစ်အဖြစ် ဆန်နီနိုအား ခန့်အပ်တာဝန်ပေးခဲ့ပြီဖြစ်ကြောင်း၊ တစ်နှစ်သက်တမ်းရှိ ကာလတိုစာချုပ်ချုပ်ဆိုခဲ့ကြောင်း နှင့် နည်းပြသစ်အနေဖြင့် ပထမဦးဆုံးလေ့ကျင့်ရေးအစီအစဉ်အဖြစ် ကြာသပတေးနေ့တွင်စတင်တာဝန်ယူမည်ဖြစ်ကြောင်း...
Read More

စီးရီးအေထိပ်သီးအသင်းများက အီတလီလူငယ်များကို အခွင့်အရေးပေးမှုနည်းပါးနေကြောင်း ၀ါရင့်နည်းပြ ပရင်ဒယ်လီဝေဖန်

အီတလီလက်ရွေးစင်နည်းပြဟောင်းဖြစ်သူ ပရင်ဒယ်လီက စီးရီးအေထိပ်သီးအသင်းကြီးများအနေဖြင့် အီတလီလူငယ်ကစားသမားအများစုအပေါ် အခွင့်အရေးပေးမှုနည်းပါးကြောင်း၊ ပြည်ပလူငယ်ကစားသမားများကို အသုံးပြုနေခြင်းက လက်ရွေးစင်အသင်းကြီးအတွက် အခက်အခဲများဖြစ်လာနိုင်ကြောင်း ဝေဖန်သုံးသပ်သွားခဲ့သည်။ ၀ါရင့်နည်းပြ ပရင်ဒယ်လီသည် အီတလီလူငယ်ကစားသမားများကို အခွင့်အရေးပေးအသုံးပြုရန် အီတလီလက်ရွေးစင်အသင်းအား တာဝန်ယူကိုင်တွယ်ခဲ့စဉ်ကတည်းက စီးရီးအေကလပ်များကို တိုက်တွန်းမှုများပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်အထိ လူငယ်ကစားသမားများအတွက် နေရာပျောက်နေခဲ့ခြင်းကြောင့် ယခုကဲ့သို့ထပ်မံဝေဖန်ခဲ့ခြင်းဖြစ်သည်။ ”ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေပျောက်ဆုံးနေခဲ့တဲ့ အဓိကအဖြေက လူငယ်ကစားသမားရှားပါးမှုကြောင့်ပါပဲ။ လက်ရှိအချိန်အထိ...
Read More

အင်တာမီလန်အသင်းပိုင်ရှင်နှင့် ဒါရိုက်တာမာကိုဖက်ဆိုနီတို့အကြား တင်းမာမှုများမြင့်တက်

အင်တာမီလန်အသင်းပိုင်ရှင် အဲရစ်သိုဟာနှင့် အသင်းဒါရိုက်တာတစ်ဦးဖြစ်သူ မာကိုဖက်ဆိုနီတို့သည် ကွင်းသစ်စီမံကိန်းနှင့် စပွန်ဆာကိစ္စများအတွက် ညှိနှိုင်းမှုများပြုလုပ်ခဲ့ရာတွင် အဆင်မပြေမှုများရှိလာခဲ့ပြီး ၎င်းတို့နှစ်ဦးအကြား တင်းမာမှုများမြင့်တက်လာကြောင်း အီတလီမီဒီယာများက ဖော်ပြလျက်ရှိသည်။ အသင်းဒါရိုက်တာဖြစ်သူ မာကိုဖက်ဆိုနီအနေဖြင့် ကွင်းသစ်စီမံကိန်းအခြေအနေများနှင့်ပတ်သက်၍ အသင်းပိုင်ရှင်၏ဆုံးဖြတ်ချက်အချို့ကို ကန့်ကွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိထွက်ပေါ်နေသည့် သတင်းများအရ ရာထူးမှနုတ်ထွက်ဖွယ်ရှိနေကြောင်း သိရသည်။ “အသင်းဒါရိုက်တာတစ်ဦးအပေါ် အမြဲတမ်းတလေးတစားဆက်ဆံပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အသင်းအတွက်ပေးဆပ်ရေး ထည့်သွင်းစဉ်းစားဖို့...
Read More

အင်တာမီလန်မှာ ဖိအားဒဏ်စတင်ခံစားနေရပြီဖြစ်ကြောင်း ဖီအိုရင်တီးနားနည်းပြဆို

ဖီအိုရင်တီးနားနည်းပြ ပေါ်လိုဆိုဆာက အမှတ်ပေးဇယားအား ဦးဆောင်နေသည့် အင်တာမီလန်အသင်းအနေဖြင့် ဖိအားဒဏ်များစတင်ခံစားနေရပြီဖြစ်ကြောင်း၊ ပြိုင်ဘက်အသင်းအပေါ် အကောင်းဆုံးတုံ့ပြန်ရန် အသင့်ရှိနေပြီဖြစ်ကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဖွင့်ဟပြောကြားသွားခဲ့သည်။ အမှတ်ပေးဇယားအား ဦးဆောင်နေသည့် အင်တာမီလန်အသင်းအနေဖြင့် ဒုတိယနေရာမှ ဖီအိုရင်တီးနားအသင်းအား ၃ မှတ်ဖြတ်ထားနိုင်ခဲ့သော်လည်း ရှုံးပွဲမရှိရလဒ်ရရှိထားသည့်အတွက် ဖိအားပိုများနေကြောင်း နည်းပြဆိုဆာက သုံးသပ်ခဲ့ခြင်းဖြစ်သည်။ “လက်ရှိအခြေအနေအရ ဘယ်အသင်းက ဖိအားပိုများနေမလဲဆိုတာ အရှင်းကြီးပါ။ ကစားသမားကောင်းတွေပိုင်ဆိုင်ထားတဲ့အသင်းကို အကောင်းဆုံးတုံ့ပြန်နိုင်မယ်လို့လည်း...
Read More

နည်းပြ ဂါစီယာနေရာ အန်စလော့တီနှင့် အစားထိုးရန် ရိုးမားဥက္ကဋ္ဌ ဆန္ဒရှိနေ

ရိုးမားအသင်းဥက္ကဋ္ဌပါလော့တာသည် စွမ်းဆောင်ရည်ကျဆင်းနေသည့် အသင်းနည်းပြဂါစီယာ၏နေရာတွင် အီတလီထိပ်သီးနည်းပြအန်စလော့တီဖြင့် အစားထိုးရန်ဆန္ဒရှိနေကြောင်း၊ လာမည့် ၃ ပွဲတွင် ရလဒ်ကောင်းမရရှိခဲ့ပါက နည်းပြအပြောင်းအလဲဖြစ်လာနိုင်ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။ နည်းပြဂါစီယာသည်  စီးရီးအေပြိုင်ပွဲတွင် ရှုံးပွဲ ၁ ပွဲသာရှိထားပြီး ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်တွင် ဘာစီလိုနာအသင်းကို သရေကစားထားနိုင်ခဲ့သော်လည်း အသင်းဥက္ကဋ္ဌအနေဖြင့် ရလဒ်ကောင်းပိုမိုရရှိရန် မျှော်လင့်နေခြင်းဖြစ် ကာ နည်းပြသစ်ပြောင်းလဲတာဝန်ပေးရန် ဆန္ဒရှိနေခြင်းဖြစ်သည်။ အသင်းဥက္ကဋ္ဌပါလော့တာအနေဖြင့် နည်းပြဂါစီယာအား...
Read More

ရိုမားကွင်းလယ်လူ ပီဂျာနစ်အား ခေါ်ယူရန် အက်သလက်တီကို ပြင်ဆင်နေ

စပိန်လာလီဂါကလပ်အက်သလက်တီကိုအသင်းသည် လာမည့်ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ရိုးမားကွင်းလယ်ကစားသမား ပီဂျာနစ်အား စိတ်ဝင်စားလျက်ရှိပြီး အပြီးသတ်ခေါ်ယူနိုင်ရန်ပြင်ဆင်လျက်ရှိကြောင်း နည်းပြဆီမြွန်နီက အတည်ပြုပြောကြားခဲ့သည်။ ဘော့စနီးယားကွင်းလယ်ကစားသမားဖြစ်သူ ပီဂျာနစ်သည် ပြီးခဲ့သည့်နှစ်ဘောလုံးရာသီတွင် ရိုးမားအသင်းနှင့်အတူခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ဥရောပထိပ်သီးအသင်းကြီးများ၏ စိတ်ဝင်စားခြင်းကိုခံနေရသူဖြစ်သည်။ အက်သလက်တီကိုအသင်းအနေဖြင့် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ခဲ့သွားခဲ့သည့် ကွင်းလယ်ကစားသမား အာဒန်တူရန်၏နေရာတွင် ပီဂျာနစ်အား အစားထိုးရန်စိတ်ဝင်စားနေခြင်းဖြစ်သည်။ အက်သလက်တီကိုနည်းပြဆီမြွန်နီက ပီဂျာနစ်အားခေါ်ယူရန် စိတ်ဝင်စားကြောင်း၊ လိုအပ်နေသည့် ကွင်းလယ်ကစားသမားနေရာအတွက် ပီဂျာနစ်ဖြင့် ပြန်လည်အစားထိုးလိုကြောင်း...
Read More

ကစားပုံကြမ်းတမ်းမှုများအပေါ် ဝေဖန်နေသည်ကို အာရုံမစိုက်ကြောင်း အင်တာကွင်းလယ်လူမယ်လို ဆို

အင်တာမီလန်ကွင်းလယ်လူမယ်လိုက ကစားနေကျပုံစံအတိုင်းကစားသည့်အပေါ် ကြမ်းတမ်းသည်ဟု ဝေဖန်မှုများအား အာရုံစိုက်နေမည်မဟုတ်ကြောင်း၊ ချန်ပီယံဘွဲ့ရရှိရေးအတွက် ရလဒ်ကောင်းရရန်သာ အာရုံစိုက်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။ ကွင်းလယ်ကစားသမားဖြစ်သူ မယ်လိုအနေဖြင့် ယခုနှစ် စီးရီးအေပြိုင်ပွဲတွင် ရာနှုန်းပြည့်နိုင်ပွဲရရှိနေသည့် အင်တာမီလန်အသင်းတွင် အဓိကပွဲထွက်ကစားသမားအဖြစ် ခြေစွမ်းပြလျက်ရှိပြီး ၎င်း၏ ကစားပုံမှာ ပြိုင်ဘက်ကစားသမားများအပေါ် မာမာထန်ထန်ဖျက်ထုတ်လေ့ရှိသည့် အခြေအနေများကြောင့် ကြမ်းတမ်းသည့်ကစားသမားတစ်ဦးအဖြစ် ပြိုင်ဘက်ပရိသတ်အချို့၏ ဝေဖန်ခြင်းခံနေရသူဖြစ်သည်။ “လက်ရှိအချိန်က ဝေဖန်မှုတွေကို အာရုံစိုက်ရမယ့်...
Read More

ချန်ပီယံဆုအတွက် ပွဲစဉ် ၃၀ အထိ အာရုံစိုက်ရမည်ဖြစ်ကြောင်း အင်တာမီလန်အသင်းပိုင်ရှင် သတိပေး

၂၀၁၅-၁၆ ဘောလုံးရာသီ အီတလီစီးရီးအေပွဲစဉ် ၅ အပြီး ရာနှုန်းပြည့်နိုင်ပွဲရရှိထားသည့် အင်တာမီလန်အသင်းဥက္ကဋ္ဌဖြစ်သူ အဲရစ်သိုဟာက အသင်း၏ခြေစွမ်းနှင့် ရလဒ်အပေါ်ကျေနပ်အားရမိကြောင်း၊ ချန်ပီယံဆုရရှိရန်အတွက် ပွဲစဉ် ၃၀အထိ အာရုံစိုက်ကစားနိုင်မှ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း အသင်းသားများအားသတိပေးပြောကြားခဲ့သည်။ အင်တာမီလန်အသင်းသည် ဗီရွန်နာအသင်းနှင့်ပွဲစဉ်တွင် နိုင်ပွဲထပ်မံရရှိခဲ့ပြီး အဓိကပြိုင်ဘက်အသင်းတစ်သင်း ဖြစ်သည့် ရိုးမားအသင်း ရှုံးပွဲကြုံတွေ့ခဲ့ခြင်းကြောင့် အမှတ်ပေးဇယားအား ဆက်လက်ဦးဆောင်နိုင်ခဲ့ကာ ဒုတိယနေရာမှ ဖီအိုရင်တီးနားအသင်းအား ၃...
Read More

ှဗီရိုနာတိုက်စစ်မှူးတိုနီ ဒူးဒဏ်ရာကြောင့် ကစားသမားအဖြစ်မှ အနားယူရမည့်အခြေအနေနှင့် ရင်ဆိုင်နေရ

စီးရီးအေကလပ် ဗီရိုနာအသင်းတိုက်စစ်မှူး လူကာတိုနီသည် အတ္တလန္တာအသင်းနှင့် သရေကျခဲ့သည့် ပွဲစဉ်တွင်ရရှိခဲ့သည့် ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူရဖွယ်ရှိနေသည့်အတွက် ကစားသမားအဖြစ်မှအနားယူရမည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။ အသက် ၃၈ နှစ်အရွယ်ရှိ အီတလီလက်ရွေးစင်တိုက်စစ်မှူးဟောင်းဖြစ်သူ လူကာတိုနီသည် ယခုနှစ်ဘောလုံးရာသီတွင် အသင်းနှင့်အတူ ပွဲစဉ်တိုင်းကစားခွင့်ရရှိခဲ့ပြီး အတ္တလန္တာအသင်းနှင့်ပွဲစဉ်တွင် ပြိုင်ဘက်ကစားသမားနှင့်ထိခိုက်မိခဲ့ပြီးနောက် အသင်းဖော် ပက်ဇီနီနှင့် လူစားလဲခံခဲ့ရသည်။ လူကာတိုနီ၏ ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ အသင်းဆေးအဖွဲ့၏...
Read More

ဘာလိုတယ်လီအား အပြီးသတ်ပြန်လည်ခေါ်ယူရန် အေစီမီလန် ဆန္ဒရှိနေ

အေစီမီလန်အသင်းတာဝန်ရှိသူများသည် အသင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌဘာလူစကိုနီ၏ မှတ်ချက်ပြောစကားကြောင့် လီဗာပူးအသင်းမှအငှားစာချုပ်ဖြင့်ခေါ်ယူထားသည့် တိုက်စစ်မှူး ဘာလိုတယ်လီအား အပြီးသတ်ပြန်လည်ခေါ်ယူရန်ဆန္ဒရှိ နေကြောင်း အီတလီမီဒီယာများမှဖော်ပြလျက်ရှိသည်။ ဘာလိုတယ်လီအနေဖြင့် အူဒီးနီးစ်အသင်းအား အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် အသင်းအတွက်ခြေစွမ်းပြကစာ နိုင်ခဲ့သည့် အပေါ် နည်းပြမီဟိုင်းလိုဗစ်က ချီးကျူးခဲ့သည့်အပြင် အသင်းဥက္ကဋ္ဌဘာလူစကိုနီကလည်း ချီးကျူးစကားဆိုခဲ့သည်။ အေစီမီလန်အသင်းအမှုဆောင်အရာရှိချုပ်ဂယ်လီယာနီက “အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ် ဘာလိုတယ်လီ သက်သေပြနေတာပါ။ နည်းပြအနေနဲ့လည်း သူရဲ့ခြေစွမ်းအပေါ် ကျေနပ်မယ်လို့မျှော်လင့်မိပါတယ်။...
Read More
error: Content is protected !!