စီးရီးအေ

တိုက်စစ်မှူးလူကာတိုနီ ဘောလုံးသမားဘ၀မှ အနားယူတော့မည်

ဗီရိုနာနှင့် အီတလီတိုက်စစ်မှူးဟောာင်း လူကာတိုနီသည် ယခုတစ်ပတ်တနင်္ဂနွေနေ့တွင် အသင်းဟောင်းဂျူဗင်တပ်နှင့်ယှဉ်ပြိုင်မည့် ပွဲစဉ်အပြီး၌ ဘောလုံးသမားဘ၀မှ အနားယူတော့မည်ဖြစ်ကြောင်း အတည်ပြုသွားခဲ့သည်။ ၂၀၀၆ ခုနှစ်က အီတလီအသင်းနှင့်အတူ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့သော တိုနီသည် စီးရီးအေရှိ အသင်း ၈ သင်းတွင် ကစားခဲ့ဖူးပြီး ၃၄၃ ပွဲအတွင်း ၁၅၆ ဂိုးသွင်းယူနိုင်ခဲ့သည်။ အသက် ၃၈ နှစ်ရှိ တိုနီသည်...
Read More

ရိုးမားဂန္ထ၀င်တော့တီနဲ့တွေ့ခွင့်ရခဲ့တဲ့ တော့တီပုံဆေးမင်ကြောင်နဲ့ ဆွီဒင်က ရိုးမားရဲ့စူပါပရိသတ်

အတုခိုးခြင်းဆိုတာ အရိုးသားဆုံးမြှောက်ပင့်ခြင်းပဲဆိုတဲ့စကားရှိပါတယ်။ ဒါပေမဲ့ ကိုယ်အကြိုက်ဆုံးဘောလုံးသမားတစ်ယောက်ရဲ့ပုံကို နောက်ကျောမှာ ဆေးမင်ကြောင်ပုံကြီးထိုးတာကလည်း ဒီလိုအရိုးသားဆုံးမြှောက်ပင့်ခြင်းစာရင်း ၀င်ပါလိမ့်မယ်။ အဲဒီလိုလုပ်ခဲ့တာကတော့ အသက် ၆ နှစ်အရွယ်ကတည်းက ရိုးမားကိုအားပေးလာတဲ့ ဆွီဒင်က သောမတ်စ်ဂျွန်ဆင်ဖြစ်ပြီး သူက တော့တီပုံကို နောက်ကျောမှာ ဆေးမင်ထိုးထားတဲ့သူပါ။ အသက် ၃၉ နှစ်အရွယ် ရိုးမားဂန္ထ၀င်ရဲ့ဂိုးသွင်းပြီး အောင်ပွဲခံနေတဲ့ပုံကို ရောမပြယုဂ်ကိုလိုဆီယမ်နောက်ခံနဲ့ နောက်ကျောမှာရေးထိုးထားပါတယ်။ ရိုးမားကို အဲဒီလိုရူးသွပ်တဲ့...
Read More

ရိုးမားကို နာပိုလီရှုံးခဲ့၍ စီးရီးအေချန်ပီယံဘွဲ့ကို ၅ ရာသီဆက်အဖြစ် ဂျူဗင်တပ်သိမ်းပိုက်

ယမန်နေ့ညက ကစားခဲ့သည့် စီးရီးအေပွဲစဉ်တွင် နာပိုလီမှာ ရိုးမားကို အရေးနိမ့်ခဲ့သည့်အတွက် စီးရီးအေအမှတ်ပေးဇယား အဆင့် ၁ နေရာမှ ဂျူဗင်တပ်မှာ ချန်ပီယံဘွဲ့ကို ၅ ရာသီဆက်အဖြစ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။ အောက်တိုဘာ ၂၈ ရက်နေ့က အမှတ်ပေးဇယား အဆင့် ၁၂ နေရာတွင်ရပ်တည်ကာ အဆင့် ၁ နေရာမှအသင်းနှ။င့် ၁၁ မှတ်ပြတ်နေခဲ့သည့် ဂျူဗင်တပ်မှာ...
Read More

စီးရီးအေချန်ပီယံအဖြစ် ဂျူဗင်တပ်အောင်ပွဲခံရန် ၁ ပွဲသာလိုတော့

စီးရီးအေကလပ်ဂျူဗင်တပ်မှာ ဖီအိုရင်တီးနားကို ရသမြောက်ပွဲစဉ်အဖြစ်ရင်ဆိုင်အနိုင်ရခဲ့ပြီးနောက် စီးရီးအေ ၅ ကြိမ်ဆက်ချန်ပီယံအဖြစ်အောင်ပွဲခံရန် ၁ ပွဲသာ လိုအပ်တော့သည်။ ထို့အပြင် ယနေ့ညကစားမည့် ရိုးမားနှင့်အဝေးကွင်းပွဲတွင် ဒုတိယနေရာမှနာပိုလီ အရေးနိမ့်ခဲ့ပါကလည်း ဂျူဗင်တပ်မှာ ချန်ပီယံဖြစ်ခွင့်ရှိနေသည်။ ဂျူဗင်တပ်မှာ နောက်ဆုံးကစားခဲ့သည့် စီးရီးအေပွဲစဉ် ၂၅ ပွဲအနက် ၂၄ ပွဲအနိုင်ရခဲ့ကာ ကျန် ၁ ပွဲသရေကျခဲ့ပြီး အောက်တိုဘာလနှောင်းပိုင်းက အဆင့်...
Read More

ဒိုင်လူကြီးကိုတွန်းခဲ့သော ဟီဂူအင် ၄ ပွဲပယ်ခံရ

နာပိုလီတိုက်စစ်မှူးဟီဂူအင်သည် တနင်္ဂနွေနေ့က အူဒီးနိစ်အသင်းနှင့်ကစားခဲ့သည့်ပွဲစဉ်အတွင်း ဒေါသတကြီးကျူးလွန်ခဲ့သောအပြုအမူကြောင့် ၄ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ အသက် ၂၈ နှစ်အရွယ် စီးရီးအေထိပ်တန်းဂိုးသွင်းရှင်တစ်ဦးဖြစ်သူဟီဂူအင်သည် အူဒီးနီစ်ကွင်း၌ ၃-၁ ဖြင့်ရှုံးနိမ့်ခဲ့သော အဆိုပါပွဲစဉ်တွင် အနီကတ်ဖြင့်ထုတ်ပယ်ခံခဲ့ရသည်။ ထိုသို့ထုတ်ပယ်ခံရချိန်တွင် ဟီဂူအင်က ဒိုင်လူကြီးကို တွန်းခဲ့ပြီး အော်ဟစ်ပြောဆိုခြင်းကြောင့် အသင်းဖော်များက ၎င်းအားကွင်းတွင်းမှ ဆွဲထုတ်ခဲ့ရသည်။ နာပိုလီနည်းပြ မာရီဇီယိုဆာရီသည်လည်း ဒိုင်အဖွဲ့ကိုစိန်ခေါ်ခဲ့သည့် အပြုအမူကြောင့် ပွဲကြီးကြပ်ခွင့်...
Read More

အီတလီနှင့် အေစီမီလန်ဂန္ထ၀င်နောက်ခံလူ ဆီဆာရီမာလ်ဒီနီကွယ်လွန်

အသက် ၈၄ နှစ်ရှိ အီတလီနှင့် အေစီမီလန်ဂန္ထ၀င်နောက်ခံလူ ဆီဆာရီမာလ်ဒီနီသည် ယမန်နေ့က ကွယ်လွန်သွားခဲ့ကြောင်းသိရှိရသည်။ ဆီဆာရီမာလ်ဒီနီ၏ သားဖြစ်သူ အေစီမီလန်ဂန္ထ၀င်နောက်ခံလူဖြစ်သည့် ပါအိုလိုမာလ်ဒီနီသည်လည်း ဖခင်၏ခြေရာနင်းနိုင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်တွင် မြေးဖြစ်သူ ခရစ္စတီယန်မာလ်ဒီနီမှာ အေစီမီလန် ယူ-၁၉ အသင်းတွင် ကစားလျက်ရှိ သည်။ ဆီဆာရီမာလ်ဒီနီနှင့်ပတ်သက်၍ အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ တာဗက်ချီယိုက ”အီတလီဘောလုံးလောကရဲ့ တကယ့်ဂန္ထ၀င်တစ်ဦးဖြစ်တဲ့ ဆီဆာရီမာလ်ဒီနီကတော့ ကျွန်တော်တို့ကို...
Read More

ဂျူဗင်တပ်နောက်ခံလူ ဘိုနူချီ၏ဒဏ်ရာ စိုးရိမ်ဖွယ်မရှိ

ဂျာမနီနှင့်ခြေစမ်းပွဲစဉ်တွင်ရရှိခဲ့သော အီတလီနှင့်ဂျူဗင်တပ်ဝါရင့်နောက်ခံလူ ဘိုနူချီ၏ ပေါင်ဒဏ်ရာမှာ စိုးရိမ်ဖွယ်မရှိကြောင်း ဂျူဗင်တပ်အသင်းက ထုတ်ပြန်ခဲ့သည်။ ဘိုနူချီသည် အင်္ဂါနေ့က ဂျာမနီကို ၄-၁ ဖြင့်ရှုံးနိမ့်ခဲ့သောခြေစမ်းပွဲစဉ် ပွဲချိန် ၆၁ မိနစ်တွင်ဒဏ်ရာရရှိခဲ့ကာ ထမ်းစင်ဖြင့်သယ်ထုတ်ခဲ့ရသော်လည်း ဓာတ်မှန်စစ်ဆေးမှုခံယူပြီးနောက် ၎င်း၏ဒဏ်ရာမှာမပြင်းထန်ကြောင်း ဂျူဗင်တပ်အသင်းမှ အတည်ပြုခဲ့သည်။ အဆိုပါသတင်းမှာ ယူရို ၂၀၁၆ ပြိုင်ပွဲကစားရန် ၂ လကျော်ခန့်သာလိုတော့သည့် အီတလီအတွက်သတင်းကောင်းတစ်ခုဖြစ်ပြီး ဘိုနူချီသည်...
Read More

စီးရီးအေသမိုင်းတစ်လျှောက် အချိန်အကြာဆုံးဂိုးမပေးရသည့်ဂိုးသမားအဖြစ် ဘူဖွန်စံချိန်တင်

မြို့ခံပြိုင်ဘက်တိုရီနိုကို ၄-၁ ဖြင့်အနိုင်ရခဲ့သောပွဲစဉ်တွင် ဂျူဗင်တပ်ဂိုးသမားဘူဖွန်သည် စီးရီးအေသမိုင်းတစ်လျှောက်အချိန်အကြာဆုံး ဂိုးမပေးရသည့်စံချိန်သစ်ကို တင်နိုင်ခဲ့သည်။ အသက် ၃၈ နှစ်အရွယ်ဘူဖွန်သည် တိုရီနိုအသင်းမှ ဘာလော့တီကန်သွင်းသော ဂိုးမပေးရမီအထိ ဂျူဗင်တပ်ဂိုးပေါက်ကိုကာကွယ်နိုင်ခဲ့ပြီး ၎င်း၏ဂိုးမပေးရသည့်စံချိန်ကို ၉၇၃ မိနစ်ဖြင့် အဆုံးသတ်နိုင်ခဲ့သည်။ ထို့ကြောင့် ၁၉၉၃-၉၄ ခုနှစ်ဘောလုံးရာသီက အေစီမီလန်ဂိုးသမားရော့ဆီ ၉၂၉ မိနစ်ဖြင့်တင်ထားခဲ့သောဂိုးမပေးရသည့်စံချိန်ကို ဘူဖွန်ကကျော်ဖြတ်၍ စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ “ဒီမှတ်တမ်းက ဂျူဗင်တပ်တစ်သင်းလုံးနဲ့...
Read More

ဒီနိုဇော့ဖ်၏ ပေးဂိုးမရှိကလပ်စံချိန်အား ဘူဖွန်ကျော်ဖြတ်

ဂျူဗင်တပ်ဂိုးသမား ဘူဖွန်သည် စီးရီးအေတွင် ၉၀၃ မိနစ်ကြာ ဂိုးမပေးခဲ့ရသည့် ဒီနိုဇော့ဖ်၏ကလပ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ကြောင်း သိရှိရသည်။ အီတလီလက်ရွေးစင်ဘူဖွန်သည် ဆက်ဆူအိုလိုနှင့်ကစားခဲ့သည့် သောကြာနေ့ပွဲစဉ်တွင် ၁-၀ ဖြင့်အနိုင်ရခဲ့ပြီး ၁၀ ပွဲဆက် ဂိုးမပေးခဲ့ရသဖြင့် ပေးဂိုးမရှိကြာချိန် ၉၂၆ မိနစ်ဖြင့် စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။ အသက် ၃၈ နှစ်အရွယ် ဘူဖွန်သည် လက်ရှိအချိန်တွင် ၁၉၉၄ ခုနှစ်က...
Read More

အင်တာမီလန်မှထွက်ခွာမည်မဟုတ်ဟု မန်စီနီပြောကြား

အင်တာမီလန်နည်းပြမန်စီနီက လာမည့်ဘောလုံးရာသီအထိ အသင်းတွင်ဆက်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြီးခဲ့သည့်ဘောလုံးရာသီတွင် အင်တာမီလန်သို့ ပြန်လည်ရောက်ရှိခဲ့သော မန်စီနီက ရလဒ်ဆိုးများနှင့်ကြုံတွေ့နေရသော်လည်း လာမည့်ပွဲစဉ်များတွင် ပိုမိုကောင်းမွန်အောင် ကြိုးပမ်းနိုင်မည်ဟုယုံကြည်ကြောင်း ပြောကြားခဲ့သည်။ အနာဂတ်နှင့်ပတ်သက်၍ နည်းပြမန်စီနီက “ကျွန်တော်ကအင်တာမီလန်နည်းပြပါ။ လာမယ့်နှစ်မှာလည်း ဆက်ရှိနေဦးမှာပါ။ ကျွန်တော်တို့အမှတ်ပေးဇယားထိပ်ဆုံးမှာ ကာလတစ်ခုအထိနေခဲ့ဖူးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ အင်တာမီလန်ဟာ အသင်းကြီးတစ်သင်းပါ။ အခုအချိန်မှာလည်း အဆင့်...
Read More
error: Content is protected !!