ဆောင်းပါးနှင့် အင်တာဗျုးများ
ဆောင်းပါးနှင့် အင်တာဗျုးများ
အားကစားရဲ့အလှအပတွေထဲမှာ ဘယ်အရာမဆို ခဏတာအတွက်ပဲဖြစ်တတ်တဲ့အချက် ပါဝင်ပါတယ်။ ဆိုးရွားစုတ်ပြတ်မှုကြုံရတဲ့တစ်နေ့တာဟာ နောက်တစ်နေ့မှာ ကောင်းမွန်ချောမွေ့မှုတွေ မယုံနိုင်လောက်အောင် ကြုံတတ်တာက အားကစားလောကမှာလည်း ကြုံတွေ့နေကျအရာတစ်ခုပါ။ မန်ယူပရိသတ်တွေက နည်းပြဗန်ဟားလ်နဲ့ပတ်သက်တဲ့ အနာဂတ်အကြောင်းကို တစ်ခွန်းမှ မဖွင့်ဟချင်တော့ချိန်မှာ သူတို့အတွက် စိတ်ဖြေစရာရလိုက်တာကတော့ မားကပ်စ်ရက်ခ်ျဖို့ဒ်နဲ့ ဒီပေးတို့လို လူငယ်တွေရဲ့အနာဂတ်လမ်းကြောင်းနဲ့ပတ်သက်ပြီး ဆွေးနွေးနိုင်တဲ့အကြောင်းအရာတွေ ပေါ်ပေါက်လာမှုပါပဲ။ မန်ယူအသင်းသားတွေရဲ့ ဘောလုံးထိချက်တိုင်းမှာ ရင်ခုန်စိတ်လှုပ်ရှားခဲ့ရပေမယ့် ဆာအဲလက်စ်ဖာဂူဆန်ရဲ့ နည်းပြဘ၀ကန့်လန့်ကာချပြီးနောက်ပိုင်း...
Read More
ဆောင်းပါးနှင့် အင်တာဗျုးများ
မန်စီးတီး၊ လီဗာပူးနဲ့ အာဆင်နယ်တို့က ပွဲစဉ်တွေများပြားလွန်းလို့ စိုးရိမ်ကြတဲ့အကြောင်းတွေပြောနေချိန်မှာ ဥရောပဘောလုံးလောကရဲ့ပွဲကျပ်ဘုရင်ဖြစ်တဲ့ ဘာစီလိုနာကိုလည်း မေ့ထားလို့တော့ မရပါဘူး။ ခရစ္စမတ်ကာလနဲ့ နိုင်ငံတကာပွဲစဉ်ရက်သတ္တပတ်တွေမှာ ရက်အနည်းငယ်အနားရခဲ့ပေမယ့် စပိန်အင်အားကြီးကလပ်ဟာ သြဂုတ်လနှောင်းပိုင်းကစပြီး စနေ၊ တနင်္ဂနွေတိုင်း၊ ကြားရက်တိုင်းမှာ ပွဲကစားခဲ့ရပါတယ်။ အဲဒီပွဲစဉ်တွေထဲမှာ လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ ချန်ပီယံလိဂ်ပွဲတွေပါဝင်ပြီး ဒီဇင်ဘာလတုန်းကလည်း ဂျပန်မှာ ကမ္ဘာ့ကလပ်ချန်ပီယံဖလားပြိုင်ပွဲ ကစားခဲ့ရပါတယ်။ ဒါပေမဲ့ အခုလိုများပြားတဲ့ပွဲတွေနဲ့...
Read More
ဆောင်းပါးနှင့် အင်တာဗျုးများ
အောင်သော်ဖြိုးမေးမြန်းသည်။ ATP – လက်ရှိလူစာရင်းကို အားရကျေနပ်မှုရှိရဲ့လား။ လက်ရှိလူစာရင်းကို အားရပါတယ်။ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တွေကို လိုက်ကြည့်နေပါတယ်။ ရှေ့လမှာထုတ်တဲ့ အပြီးသတ်လူစာရင်းမှာ လက်ရှိလိဂ်မှာ ခြေစွမ်းပြနေတဲ့ ကစားသမားတွေကို ထပ်မံရွေးချယ်သွားဦးမှာပါ။ အခုက ပဏာမ ကစားသမားစုစုပေါင်း ၃၄ ယောက်နဲ့ လေ့ကျင့်နေပါတယ်။ ATP – လက်ရွေးစင်အသင်းအတွက်လူရွေးချယ်ရာမှာ ဘယ်လိုအခက်အခဲတွေရှိလဲ။ ဘယ်နေရာတွေအတွက် ကစားသမားတွေရှားပါးနေလဲ။ ကျွန်တော်တို့မှာ...
Read More
ဆောင်းပါးနှင့် အင်တာဗျုးများ
Ooredoo MNL-2016 Week -6 အပြီး ရှမ်းယူနိုက်တက်အသင်း၏ နည်းပြချုပ်ဖြစ်လာသူ ယခင်နည်းစနစ်ဒါရိုက်တာ ဦးစိုးမြတ်မင်းအား ဇွဲကပင်အသင်းကို ၁-ဝ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲအပြီး၌ တွေ့ဆုံမေးမြန်ထားသည်ကို ဖော်ပြလိုက်ပါ သည်။ ATP – အသင်းက လက်ရှိရလဒ်တွေမကောင်းဘူး။ အဲ့ဒီအပေါ် တာဝန်ရှိသူတစ်ယောက်အနေနဲ့ဘာပြောချင်လဲ။ SMM – အသင်းက လက်ရှိရလဒ်မကောင်းဘူး။ အဲဒါ...
Read More
ဆောင်းပါးနှင့် အင်တာဗျုးများ
Ooredoo MNL 2016 ရာသီမှာ ခြေစွမ်းတွေကောင်းမွန်နေပြီး အသင်းကြီးတွေကိုကျော်ဖြတ်ခဲ့တဲ့ ဟံသာဝတီအသင်းကို မြန်မာပရိသတ်တချို့က မြန်မာ လက်စတာအသင်းလို့ခေါ်နေကြပါပြီ။ ပြုပြင်မှုတွေ အများကြီးမလုပ်ထားတဲ့ အသင်းရဲ့ခြေစွမ်းဟာ မနှစ်ကထက် ပိုကောင်းလာတာ ဘာကြောင့်လဲ။ ဟံသာဝတီအသင်းရဲ့ နည်းစနစ်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ မစ္စတာဆီဗာဂျီကို ဟော်ရီဇွန်အသင်းကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ATP – ဟံသာဝတီအသင်းက ဒီနှစ်မှာ...
Read More
ဆောင်းပါးနှင့် အင်တာဗျုးများ
“ကျွန်တော်လမ်းလျှောက်နေတုန်း လူတော်တော်များများက စကားလာပြောတယ်။ သူက တခြားအသင်းပရိသတ်ဆိုပေမယ့် လက်စတာသာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရင် အရမ်းဝမ်းသာမယ်ဆိုပြီးလေ”လို့ လက်စတာနည်းပြ ရေနီယာရီက ပြန်ပြောင်းပြောပြပါတယ်။ မှန်ပါတယ်။ ခြွင်းချက်တချို့ရှိပေမယ့် ကျွန်တော်တို့လို ဘောလုံးပရိသတ်အများစုကတော့ လက်စတာအတွက် မုဒိတာပွားနေကြတယ် မဟုတ်လား။ ရာသီလက်ကျန် ၁၄ ပွဲကို အကောင်းဆုံးပုံစံနဲ့ သူတို့ကျော်ဖြတ်ပြီး အဆင့် ၁ ချိတ်ခဲ့ရင်တော့ လွန်ခဲ့တဲ့မျိုးဆက်တစ်ခုအကွာ ၁၉၉၂-၉၃...
Read More
ဆောင်းပါးနှင့် အင်တာဗျုးများ
ထိပ်ဆုံး ၄ သင်းစာရင်းဝင်ဖို့အတွက် လီဗာပူးအတွက် အခြေအနေဆိုးနေတာမှန်ပေမယ့် မန်ယူနဲ့ကစားမယ့်ပွဲက သူတို့လိုအပ်တဲ့ပြေးလမ်းကို ထွင်နိုင်ဖို့အတွက် အကောင်းဆုံးအချိန်ကိုက်ပွဲစဉ်ဖြစ်လာပါလိမ့်မယ်။ ယာဂင်ကလော့ပ်ရဲ့အသင်းဟာ အန်ဖီးလ်မှာ အရေးနိမ့်ခဲ့ရင်တော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် အကြီးမားဆုံးအခက်အခဲဖြစ်လာတော့မှာပါ။ ဒါပေမဲ့ လီဗာပူးသာနိုင်ခဲ့ရင်တော့ အာဆင်နယ်ကိုသရေကျပြီး ၄ ရက်အကြာမှာ မန်ယူကိုနိုင်တာဖြစ်သွားမှာမို့လို့ သူတို့အတွက် အမှတ်ရစရာ၊ ယုံကြည်ချက်မြင့်စရာ ဖြစ်သွားပါလိမ့်မယ်။ ဒီရာသီပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားထိပ်ပိုင်းရောက်ဖို့ ကြိုးစားနေတဲ့အသင်းတွေ များနေသလို...
Read More
ဆောင်းပါးနှင့် အင်တာဗျုးများ
ဘင်နီတက်ဇ်ကို ဘာလို့ထုတ်ပယ်ရသလဲ တစ်ချိန်က ရီးရဲလ်လူငယ်အသင်းတွေကို နည်းပြအဖြစ်တာဝန်ယူဖူးတဲ့ ဘင်နီတက်ဇ်ကို ထုတ်ပယ်ဖို့အတွက် ဒါရိုက်တာဘုတ်အဖွဲ့က ဘာကြောင့် ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့လဲဆိုတာ ဥက္ကဋ္ဌပီရက်ဇ်က ထုတ်ဖော်ပြောကြားမှုမရှိသေးပါဘူး။ တနင်္လာနေ့သတင်းစာရှင်းလင်းပွဲမှာတော့ ပီရက်ဇ်က”သူဟာ ပရော်ဖက်ရှင်နယ်ပီသတဲ့ လူတော်တစ်ယောက်ဆိုတာ အားလုံးသိအောင် ကျွန်တော်ပြောချင်ပါတယ်။ ရီးရဲလ်နည်းပြအဖြစ်တာဝန်ယူနေချိန်မှာ ဘင်နီတက်ဇ်ရဲ့ကြိုးပမ်းခဲ့မှုတွေကို ကျွန်တော်အသိအမှတ်ပြုပါတယ်”လို့ ပြောခဲ့ပါတယ်။ ဘင်နီတက်ဇ်ဟာ ရီးရဲလ်ကို ပဲ့ကိုင်ချိန်မှာ စုစုပေါင်း ၂၅ ပွဲအနက်...
Read More
ဆောင်းပါးနှင့် အင်တာဗျုးများ
သူ့ရဲ့အချက်အလက်တွေက အံ့အားသင့်စရာဖြစ်ပေမယ့် လောလောဆယ်မှာတော့ ဒါတွေက ဘာမှအရာမထင်သေးပါဘူး။ သူက စံချိန်ရှင်ဖြစ်လာမယ့်သူလို့ ထင်ကြေးပေးခံနေရပေမယ့် ဘာဖလားမှမရဘူးဆိုရင် အဲဒီအချက်အလက်တွေက ဘာအဓိပ္ပာယ်ရှိမှာလဲ။ အခုပြောခဲ့တာတွေက ဒီနှစ်ပထမရာသီဝက်မှာ အကောင်းဆုံးစွမ်းဆောင်ထားတဲ့ အိုဇဲလ်အတွက်ပါ။ ၂၀၁၆ ထဲရောက်ရှိချိန်မှာ သူက အာဆင်နယ်ကို ပြည်တွင်းအမှတ်ပေးပွဲဦးဆောင်သူဖြစ်စေဖို့ အဓိကအချက်ဖြစ်နေစေပြီး ဂိုးဖန်တီးမှု ၁၆ ကြိမ်ပံ့ပိုးထားတာကလည်း အံ့အားသင့်စရာပါ။ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အခုလိုအချိန်မှာ အဲဒီအရေအတွက်မျိုး...
Read More
ဆောင်းပါးနှင့် အင်တာဗျုးများ
ပြောရရင်တော့ ပရီးမီးယားလိဂ်ချန်ပီယံဆိုတာ ဒီဇင်ဘာမှာ ဗိုလ်ဝင်ခံတာမဟုတ်သလို အခုလိုကမောက်ကမရာသီမှာလည်း အင်္ဂလန်ရဲ့ထိပ်တန်းအမှတ်ပေးပြိုင်ပွဲမှာ ဘယ်အသင်းချန်ပီယံဖြစ်မလဲဆိုတာ ၅ လကြိုခန့်မှန်းဖို့က အလှည့်အပြောင်းများနိုင်ပါတယ်။ လက်စတာကပဲ မထင်မှတ်တာတွေ လုပ်ပြသွားမလား၊ နောက်ဆုံးတော့ အာဆင်နယ်နှစ် ရောက်လာမလား။ မနှစ်က ဒီလိုအချိန်မှာဆိုရင် အဆင့် ၁ နဲ့ အဆင့် ၄ နေရာကအသင်းက ၁၃ မှတ်ကွာဟနေခဲ့ပြီး ဒီနှစ်မှာတော့ အဲဒီကွက်လပ်က...
Read More