ပြည်တွင်းသတင်း

ကျူပီအာနောက်ခံလူကော်လ်ကာကို အငှားဖြင့်လီဗာပူးခေါ်ယူ

လီဗာပူးအသင်းသည် ချန်ပီယံရှစ်ကလပ်ကျူပီအာအသင်းမှ ဗဟိုခံစစ်မှူးကော်လ်ကာကို ယခုနှစ်ဘောလုံးရာသီကုန်ဆုံးချိန်အထိ အငှားစာချုပ်ဖြင့်ခေါ်ယူလိုက်ကြောင်း သိရသည်။ အသက် ၂၄ နှစ်ရှိအဆိုပါနောက်ခံလူသည် ဆောက်သမ်တန်အသင်းတွင် အငှားစာချုပ်ဖြင့်ကစားနေသူဖြစ်ပြီး ပုံမှန်ပွဲထွက်ခွင့်ရရန်ရုန်းကန်ခဲ့ရပြီးနောက် လက်ရှိစာချုပ်ဖျက်သိမ်းကာ လီဗာပူးသို့ပြောင်းရွှေ့ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ လီဗာပူးနည်းပြယာဂင်ကလော့ပ်က လက်ရှိအသင်းလူစာရင်းတွင် ဗဟိုခံစစ်မှူးများ ဒဏ်ရာပြဿနာနှင့်ကြုံတွေ့နေရသောကြောင့် ကော်လ်ကာကို ကာလတိုအငှားစာချုပ်ဖြင့်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး အဆိုပါကစားသမားမှာ အခက်အခဲများကို ဖြေရှင်းနိုင်မည့်သူဖြစ်သည်ဟု ဆိုခဲ့သည်။ ကော်လ်ကာ၏ အပြောင်းအရွှေ့နှင့်ပတ်သက်၍ ဆောက်သမ်တန်နည်းပြရော်နယ်ကိုးမန်းကလည်း အသင်းတွင်ပုံမှန်ပွဲထွက်ခွင့်ဆုံးရှုံးနေသဖြင့်...
Read More

ဧရာဝတီနှင့်စာချုပ်ဖျက်သိမ်းခဲ့သည့်​ မာယန်​ကို နည်းပြအဖြစ် ရန်ကုန်ယူနိုက်တက် ၁ နှစ်စာချုပ်ဖြင့် ခန့်အပ်

အောင်​​သော်​ဖြိုး။ ဇန်​နဝါရီ ၁၃။ ​​​​ဧရာဝတီယူနိုက်တက်က ၆ လစာ​လျော်​​ကြေးပေးကာ နှစ်ဖက်သ​ဘောတူစာချုပ်​ဖျက်​သိမ်းခဲ့သည့်​ မက်​ဆီဒိုးနီးယားနည်းပြ မာယန်​ကို ရန်​ကုန်​ယူနိုက်တက်က ၁ ​နှစ်​စာချုပ်​ဖြင့်​​ခေါ်ယူခဲ့​ကြောင်း ရန်ကုန်ယူနိုက်တက်တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ရန်​ကုန်​ယူနိုက်တက်သည်​ ဇန်​နဝါရီလ ၁၂ ရက်​​နေ့က ​​ဘရာဇီးနည်းပြ ​အီမာဆင်​နှင့် နှစ်ဖက်သ​ဘောတူ လမ်းခွဲခဲ့ပြီးနောက် မာယန်​ကို ​ခေါ်ယူခဲ့ခြင်းဖြစ်​သည်​။ ​မာယန်​သည်​ ယခုရာသီ ဧရာဝတီယူနိုက်တက်တွင်​ နည်းစနစ်​ဒါရိုက်​တာရာထူး​...
Read More

ရန်ကုန်ယူနိုက်တက်နည်းပြအဖြစ်မှ အီမာဆင်ထုတ်ပယ်ခံရ

အောင်သော်ဖြိုး။ ဇန်​နဝါရီ ၁၂။ ​ရန်​ကုန်​ယူနိုက်​တက်​သည်၂၀၁၆ ရာသီအတွက်​ ခန့်​အပ်​ခဲ့သည့်​ ဘရာဇီးနည်းပြ အီမာဆင်​ကို ထုတ်ပယ်​လိုက်​​ကြောင်း ​သိရသည်​။ အီမာဆင်က မိမိအ​ကောင်းဆုံး ကြိုးစားခဲ့​သော်​လည်း ကံမ​ကောင်းခဲ့​ကြောင်း၊ ပရိသတ်​များကိုလည်း ​ကျေးဇူးတင်​ပြီး အသင်းသစ်တစ်​သင်း မကြာမီကိုင်​တွယ်​နိုင်​မည်​ဟု ​မျှော်လင့်ကြောင်း ဖွင့်ဟခဲ့သည်။ “တစ်နေ့ကျရင် ပြန်လာဖြစ်ပါလိမ့်မယ်။ ပရိသတ်တွေက ကျွန်တော့်ကို သဘောမကျ​ပေမယ့်​ ပရိသတ်​​တွေကို ​ကျေးဇူးတင်​ပါတယ်​။ ဒါက...
Read More

ရတနာပုံ Vs ​ဧရာဝတီ

အသင်းကြီး နှစ်​သင်းရဲ့ ​တွေ့ဆုံမှုဖြစ်​လာတဲ့ ဒီပွဲကို မန္တလေးမြို့၊ဗထူးကွင်း  ဇန်​နဝါရီလ ၁၀ ရက်​​နေ့ ည​နေ ၄ နာရီမှာ ယှဉ်​ပြိုင်​ကြမှာပါ။ ​​​​​​​​​​​​​​​​ဧရာဝတီအသင်းက အဓိက ကစားသမား​အ​တော်​များများကို လက်​လွှတ်ခဲ့ရ​ပေမယ့်​ နိုင်​ငံခြားကစားသမား ၄ ဦးနဲ့ ​​ပြည်​တွင်းကစားသမား ၁၁ ဦးအထိ ပြန်​လည်​​ခေါ်ယူထားပါတယ်​။ အသင်းကို ပြည်​တွင်းနည်းပြဖြစ်​တဲ့ ဦး​​ကျော်​လွင်​က ကိုင်​တွယ်​မှာပါ။ ရတနာပုံအသင်းက...
Read More

သီဟဒီပအသင်း MNL-2 ​​​ခြေစစ်​ပွဲ ​နောက်​ဆုံး​နေရာမှ အ​ပျော်​တန်းလိဂ်​သို့ဆင်းရမည်

အောင်သော်ဖြိုး။ ဇန်​နဝါရီ ၉။ မြန်​မာ​နေရှင်​နယ်​လိဂ် ၂ သို့ဝင်​​ရောက်​ခွင့်​ရ​ရေး အသင်းသစ်​ ၄ သင်း ယှဉ်​ပြိုင်​​နေသည့်​ ​ခြေစစ်​ပွဲများ ဇန်​နဝါရီလ ၉ ရက်​​နေ့တွင်​ပြီးဆုံးခဲ့ပြီး သီဟဒီပအသင်းမှာ အုပ်​စု​နောက်​ဆုံး​နေရာတွင်​သာ ရပ်​တည်​ခဲ့သည့်​အတွက်​ လိဂ်​ ၂ ဝင်​ခွင့်​ ဆုံးရှုံးခဲ့ရသည်။ ​ခြေစစ်​ပွဲ​နောက်​ဆုံးပွဲစဉ်​များအဖြစ်​ မဟာယူနိုက်တက်နှင့်​ ယူနိုက်​တက်​​အော့ဖ်သန်​လျင်​​တို့ ယှဉ်​ပြိုင်​ရာတွင်​ ​သ​ရေရလဒ်​ ထွက်​​ပေါ်ခဲ့ပြီး ​ဂိုးကွာခြားချက်အရ...
Read More

မြန်မာနေရှင်နယ်လိဂ် ၂၀၁၆ ရာသီ အဖွင့်ပွဲစဉ်များ

မြန်​​မာ​ဘောလုံးပရိသတ်​​တွေ ​စောင့်​​မျှော်​​နေတဲ့ ၂၀၁၆ မြန်​မာ​နေရှင်​နယ်​လိဂ်​ ပွဲစဉ်​​တွေ လာမယ့်​ ဇန်​နဝါရီ ၉ ရက်​​နေ့ကစ​ပြီး ယှဉ်​ပြိုင်​​တော့မှာပါ။ ရခိုင်​ယူနိုက်​တက်​ Vs ​ဆောက်​သမ်းမြန်​မာ ၂၀၁၆ ​ဘောလုံးရာသီရဲ့ အဖွင့်​ပွဲစဉ်​အဖြစ်​ ရခိုင်​ယူနိုက်​တက်​နဲ့ ​ဆောက်​သမ်းမြန်​မာတို့ရဲ့ ပွဲစဉ်​ကို ဇန်​နဝါရီ ၉ ရက်​​နေ့ည​နေ ၄ နာရီအချိန် သုဝဏ္ဏအားကစားကွင်းမှာ ယှဉ်​ပြိုင်​ကြမှာဖြစ်​ပါတယ်​။ ရခိုင်​ယူနိုက်​တက်​အသင်းဟာ ၂၀၁၅...
Read More

မဟာ နှင့်​ United of Thanlyin တို့ ​MNL-2 ​ခြေစစ်​ပွဲ​အောင်ရန်နီးစပ်လာ

ဇန်​နဝါရီ ၇။ အောင်သော်ဖြိုး။ ​မြန်​မာ​နေရှင်​နယ်​လိဂ်​ ၂သို့ ဝင်​​ရောက်​ခွင့်​ ရရှိ​ရေး အတွက်​အသင်းသစ်​​လေးသင်း ယှဉ်​ပြိုင်​​နေသည့်​ ​ခြေစစ်​ပွဲ ဒုတိယပွဲစဉ်​များတွင်​ မဟာယူနိုက်​တက်​ နှင့်​ United of Thanlyin တို့ ထပ်​မံအနိုင်​ရခဲ့သဖြင့်​ ​​​မြန်​မာ​နေရှင်​နယ်​လိဂ်​၂သို့ တက်​​ရောက်​ရန်​ ​၇၀ ရာနှုန်းခန့်​​သေချာပြီ ဖြစ်​သည်​။ ယ​နေ့ ဇန်​နဝါရီလ ၇ရက်​​နေ့ ည​နေပိုင်းတွင်​ မဟာ...
Read More

၂၀၁၆ ရာသီအတွက်​ ရတနာပုံအသင်း ကစားသမားသစ်​ ၅ဦး​ခေါ်ယူ

ဇန်​နဝါရီ ၇။ အောင်သော်ဖြိုး။ ​​​၂၀၁၅ မြန်​မာ​​နေရှင်​နယ်​လိဂ်​ တွင်​ အဆင့်​ ၂ဖြင့်​ ​ကျေနပ်​ခဲ့ရသည့်​ ​မန္တ​လေးမြို့ ကိုယ်​စားပြု ရတနာပုံအသင်းသည်​ရာသီသစ်​အတွက်​ ပြင်​ဆင်​မှုအဖြစ်​ ပြည်​တွင်းကစားသမားသစ်​ ၃ဦး နှင့်​ နိုင်​ငံခြားကစားသမားသစ်​ ၂ဦးကို ​ခေါ်ယူခဲ့​ကြောင်း ရတနာပုံအသင်း တာဝန်​ရှိသူ တစ်​ဦးကဆိုသည်​။ ​​ရတနာပုံအသင်းသည်​ အ​ရှေ့အလယ်​ပိုင်း ကလပ်​ အသင်းများ နှင့်​ ထိုင်းကလပ်​အသင်းများတွင်​...
Read More

အင်္ဂလန်တွင် နည်းပြတာဝန်ယူလိုဟု ဂွါဒီယိုလာဝန်ခံ

ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာက အင်္ဂလန်တွင်နည်းပြတာဝန်ယူရန်အတွက် လက်ရှိရာထူးမှထွက်ခွာခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ အဆိုပါဘာစီလိုနာနည်းပြဟောင်းသည် ယခုရာသီကုန်တွင် ကုန်ဆုံးမည့် ဘိုင်ယန်မြူးနစ်နှင့်စာချုပ်သက်တမ်းကို ထပ်မံတိုးမြှင့်တော့မည်မဟုတ်ဟု ကြေညာထားသူဖြစ်ကာ ၎င်းအား မန်စီးတီး၊ မန်ယူ၊ ချဲလ်ဆီးနှင့် အာဆင်နယ်တို့က စိတ်ဝင်စားနေသည်။ “မနေဖူးတဲ့မြို့သစ်တစ်မြို့မှာ အတွေ့အကြုံရချင်တယ်။ အင်္ဂလန်မှာ အလုပ်လုပ်ချင်တယ်။ အင်္ဂလန်ကကမ်းလှမ်းမှုတချို့ရထားပေမယ့် စာချုပ်လက်မှတ်ထိုးထားတာတော့ မရှိပါဘူး။ အင်္ဂလန်မှာအလုပ်လုပ်လို့ရမယ့် အခွင့်အရေးတစ်ခု ကျွန်တော်ရထားတယ်။ ကျွန်တော့်အသက်အရွယ်နဲ့...
Read More

ဇာတ်မင်းသားဖိုးချစ်၏ မဟာယူနိုက်တက် ခြေစစ်ပွဲ ပွဲဦးထွက် အနိုင်ရ

အောင်သော်ဖြိုး။ ဇန်နဝါရီ ၅။ မြန်မာနေရှင်နယ်လိဂ် ၂ ဝင်ခွင့်အတွက် အသင်းသစ်များခြေစစ်ပွဲအဖြစ် သန်လျင်နည်းပညာတက္ကသိုလ်ကိုယ်စားပြု သီဟဒီပအသင်းနှင့် ဇာတ်မင်းသားဖိုးချစ်၏ မဟာယူနိုက်တက်တို့ ဇန်နဝါရီလ ၅ရက် ညနေ ၃ နာရီခွဲတွင် စလင်းအားကစားကွင်း၌ ယှဉ်ပြိုင်ခဲ့ကြရာ မဟာယူနိုက်တက်က ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ မဟာယူနိုက်တက်သည် ပထမပိုင်း မိနစ် ၃၀ တွင် သိန်းကျော်ဌေး...
Read More
error: Content is protected !!