ပြည်တွင်းသတင်း

လက်ရှိလူစာရင်းအရ တန်းပြန်တက်ရန် ခက်ခဲမည်ဟု နေပြည်တော်နည်းပြချုပ်ဆို

အောင်သော်ဖြိုး။ ဇန်နဝါရီ ၂၅။ မြန်မာနေရှင်နယ်လိဂ် ၂၀၁၅ တွင် MNL-2 သို့ တန်းဆင်းခဲ့ရသည့် နေပြည်တော်သည် လက်ရှိလူစာရင်းအရ မြန်မာနေရှင်နယ်လိဂ်သို့ ပြန်လည်တန်းတက်ရေး ခက်ခဲမည်ဟု နေပြည်တော်နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ဖုန်ဂန်ကို ၄-ဝ ဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်အပြီးတွင် ပြောကြားခဲ့သည်။ နေပြည်တော်အသင်းတွင် လူငယ်အသင်းမှ ကစားသမားများနှင့် ခြေစွမ်းအကျပိုင်းရောက်နေသည့် စီနီယာကစားသမားများသာရှိသည့်အတွက် တန်းတက်ရန် ရုန်းကန်ရမည်ဖြစ်ပြီး...
Read More

ဟံသာဝတီနဲ့ ချင်းယူနိုက်တက်တို့ အံ့သြဖွယ်နိုင်ပွဲရခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၃ အနှစ်ချုပ်

အောင်သော်ဖြိုး ရှမ်းယူနိုက်တက် ၁-၁ ရန်ကုန်ယူနိုက်တက် ======================= မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၃ ၏ စိတ်ဝင်စားစရာ အကောင်းဆုံးပွဲစဉ်ဖြစ်သည့် ရှမ်းယူနိုက်တက် အိမ်ကွင်းတွင် ရန်ကုန်ယူနိုက်တက်အသင်း သွားရောက်ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်၌ ရန်ကုန်အသင်းက ၆၅ မိနစ်တွင် ကျော်ကိုကို၏ သွင်းဂိုးဖြင့် ဦးဆောင်ဂိုးရယူနိုင်ခဲ့သော်လည်း ပွဲပြီးဆုံးကာနီး ၈၇ မိနစ်တွင် ရှမ်းယူနိုက်တက်အတွက် စိုင်းမင်းထွန်းက ချေပဂိုးသွင်းယူပြီး ၁-၁...
Read More

မြန်မာသို့ ကစားသမားတရားမ၀င်ပြောင်းရွှေ့မှုအတွက် ယူဂန်ဒါဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူ ၃ ဦး ရာထူးရပ်ဆိုင်းခံရ

ယူဂန်ဒါဘောလုံးအဖွဲ့ချုပ်သည် မြန်မာကလပ်တစ်ခုသို့ ကစားသမားတရားမ၀င်ပြောင်းရွှေ့မှုအတွက် တာဝန်ရှိသူ ၃ ဦးကို ရာထူးမှရပ်ဆိုင်းလိုက်ကြောင်း သိရှိရသည်။ ယူဂန်ဒါဘောလုံးအဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် အာမက်ဟူစိန်က ရှင်ဟွာသတင်းဌာနသို့ပြောကြားရာတွင် ထိုတာဝန်ရှိသူများမှာ ဂျိုးဆက်ပန်ဒီဘိုလင်ဘို၏ အပြောင်းအရွှေ့တွင် မရိုးသားသည့်လုပ်ရပ်များ လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရသည်ဟု ပြောကြားခဲ့သည်။ “ယူဂန်ဒါဘောလုံးအဖွဲ့ချုပ် ကျင့်ဝတ်ဆိုင်ရာကော်မတီဟာ SC Vipers ကစားသမားရဲ့အပြောင်းအရွှေ့မှာပါဝင်တဲ့ တာဝန်ရှိသူ ၃ ဦးကို ဘောလုံးကိစ္စရပ်များနဲ့ ရက်...
Read More

လူငယ်​ပြိုင်​ပွဲများအတွက်​ ​ဘောလုံးကွင်း ၂ကွင်း MFF တောင်းဆိုထား

ဇန်​နဝါရီ ၂၂။ ​အောင်​​သော်​ဖြိုး။ မြန်​မာနိုင်​ငံ​ဘောလုံးအဖွဲ့ချုပ်​မှ ကျင်းပ​နေသည့်​ လူငယ်ပြိုင်​ပွဲများနှင့်​ အ​ပျော်​တမ်းလိဂ်ပြိုင်​ပွဲများ ကျင်းပနိုင်​​ရေးအတွက်​ ​​​​​​ကျိုက္ကဆံကွင်း နှင့်​ ပ​ဒေသာကွင်း အသုံးပြုခွင့်​ကို အားကစားဝန်​ကြီးဌာနမှ ​တောင်းဆိုထား​ကြောင်း မြန်​မာနိုင်​ငံ​ ဘောလုံးအဖွဲ့ချုပ်​ တာဝန်ရှိသူတစ်​ဦးကဆိုသည်​။ အဆိုပါတာဝန်ရှိသူက ”အဆင်​​ပြေဖို့များပါတယ်​။ ကျင်းပ​နေတဲ့ပြိုင်​ပွဲနဲ့ ရှိတဲ့ကွင်းအ​ရေအတွက်​မမျှတလို့ ​တောင်းဆိုရတာပါ” ဟု ပြောကြားခဲ့သည်။ မြန်​မာနိုင်​ငံ​ဘောလုံးအဖွဲ့ချုပ်​က မြန်​မာ​နေရှင်​နယ်​လိဂ်​၊ မြန်​မာ​နေရှင်​နယ်​လိဂ်​ ၂၊...
Read More

လက်ရှိချန်ပီယံ ရန်ကုန်ယူနိုက်တက်၂ ပွဲဆက်အရှုံးက ရုန်းထွက်နိုင်မလား စောင့်ကြည့်ရမယ့် Ooredoo MNL 2016 ပွဲစဉ် ၃

ရှမ်းယူနိုက်တက် – ရန်ကုန်ယူနိုက်တက် ( ၂၃-၁-၂၀၁၆) (ညနေ ၃နာရီ ၃ဝမိနစ်) (တောင်ကြီးကွင်း) ———————————————————————————– မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၃ ရဲ့ အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်လာမယ့် ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်တို့ရဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးက ဒီနှစ်ဘောလုံးရာသီမှာ ပြင်ဆင်မှုအများဆုံးပြုလုပ်ထားတဲ့ အသင်းနှစ်သင်းဖြစ်သလို ခြေစွမ်းကွာဟမှုမရှိတဲ့ အသင်းတွေဖြစ်ပါတယ်။ ရန်ကုန်ယူနိုက်တက်က ၂ ပွဲဆက်ရှုံးနိမ့်ထားတဲ့အတွက် အခုပွဲစဉ်မှာ အနိုင်...
Read More

အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် AFF ဖူဆယ်ပြိုင်ပွဲတွင် MFF ဖူဆယ်လိဂ်ချန်ပီယံအသင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်

ဇန်နဝါရီ ၂ဝ။ အောင်သော်ဖြိုး။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကကျင်းပမည့် MFF Futsal League 2016 ပြိုင်ပွဲကို မတ်လ ၁၂ ရက်နေ့တွင် သုဝဏ္ဏမိုးလုံလေလုံအမျိုးသားအားကစားပြိုင်ပွဲရုံတွင် ကျင်းပသွားမည်ဖြစ်ပြီး အနိုင်ရရှိသည့်အသင်းသည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲသို့ မြန်မာကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဟု သိရသည်။ အဆိုပါပြိုင်ပွဲတွင် လက်ရှိ ချန်ပီယံ MIC FC ၊ PU...
Read More

အသင်းလိုအပ်ချက်အရ ဖိုးချစ်ကို လူစားလဲခဲ့ခြင်းဖြစ်ကြောင်း မဟာယူနိုက်တက်နည်းပြဆို

ဇန်နဝါရီ ၁၉။ အောင်သော်ဖြိုး ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ၂ ပြိုင်ပွဲ ပထမဆုံးပွဲစဉ်အဖြစ် ယူနိုက်တက်အော့ဖ်သန်လျင်နှင့်  ဇာတ်မင်းသားဖိုးချစ်ပိုင်ဆိုင်သည့် မဟာယူနိုက်တက်အသင်းတို့ ပွဲစဉ်တွင် ဥက္ကဌရာထူးအပြင် ကစားသမားလည်းဖြစ်သည့် ဖိုးချစ်ကို လဲလှယ်ခြင်းမှာ ကစားကွက်လိုအပ်ချက်ကြောင့်ဟု မဟာယူနိုက်တက်နည်းပြချုပ် ဦးဇော်လင်းထွန်းက ဆိုသည်။ “နံပါတ် ၂၄ ရဲ့ကစားပုံကို ပွဲလာတဲ့လူတွေမြင်မှာပါ။ တိုက်စစ်မှူးလဲဖို့လိုအပ်နေတဲ့အတွက် ကိုဖိုးချစ်ကို ကျွန်တော်ထည့်ခဲ့တာပါ” ဟု...
Read More

ကျော်​ကိုကိုနှင့်​ ​ကျော်​မင်းဦးတို့ ဟံသာဝတီနှင့်ပွဲတွင်ပါဝင်​ရန်​ မ​သေချာ

အောင်​​သော်​ဖြိုး။ ဇန်​နဝါရီ ၁၅။ မြန်​မာ​နေရှင်​နယ်​လိဂ် ​ပွဲစဉ်​ ၂ အဖြစ်​ ဇန်​နဝါရီလ ၁၇ ရက်​​နေ့တွင်​ ဟံသာဝတီနှင့်​ ယှဉ်​ပြိုင်​မည့်​ ​​ရန်​ကုန်​ယူနိုက်တက်တွင်​ ​ဒဏ်​ရာပြဿနာ ရှိ​နေသည့်​ ​​ကျော်​မင်းဦးနှင့်​ ​ကျော်​ကိုကိုတို့ပါဝင်​ရန်​ မ​သေချာ​ကြောင်း အသင်းမန်​​နေဂျာဦးမြင့်​သိန်းက ထုတ်ဖော်ပြောကြားခဲ့သည်။ ​ကျော်​မင်းဦးသည်​ မ​ကွေးနှင့်​ပွဲစဉ်​တွင်​ရရှိခဲ့သည့်​ ဒဏ်​ရာ​ကြောင့်​ တစ်​ပတ်​ခန့်​ နားရမည်​ဖြစ်​ပြီး ဇန်​နဝါရီလ ၁၄ ရက်​​နေ့က...
Read More

မြန်မာ-ကူဝိတ် ဒုတိယအကျော့ပွဲစဉ်အတွက် မြန်မာကို ၃-၀ ဖြင့် ဖီဖာအနိုင်သတ်မှတ်

အောင်သော်ဖြိုး။ ဇန်​နဝါရီ ၁၄။ ​မြန်​မာ့လက်​​ရွေးစင်​အသင်းသည် ​ကမ္ဘာ့ဖလား​ခြေစစ်​ပွဲအဖြစ်​ ပြီးခဲ့သည့်နိုဝင်​ဘာလ ၁၇ရက်​​နေ့တွင်​ ယှဉ်​ပြိုင်​ရမည့်​ ကူဝိတ်​နှင့်​ပွဲစဉ်​ကို ယှဉ်​ပြိုင်​စရာလို​တော့ဘဲ ၃-၀ ဖြင့်​ အနိုင်​​ပေး​​ကြောင်း ဖီဖာကထုတ်​ပြန်​သည်​။ ကူဝိတ်ဘောလုံးအဖွဲ့ချုပ်၏လုပ်ငန်းဆောင်တာများကို အစိုးရက၀င်ရောက်စွက်ဖက်သည့်အတွက် ဖီဖာက ၎င်းတို့ကိုသတိ​ပေး​ခဲ့​သော်​လည်း ​ပြင်​ဆင်​ခြင်းမရှိခဲ့၍ ဖီဖာ​က ဦးစီးကျင်းပသည့်​ ​ပြိုင်​ပွဲများတွင် ယှဉ်​ပြိုင်​ခွင့်​ပိတ်​ပင်​ခဲ့သဖြင့်​ မြန်​မာအသင်းက ယခုကဲ့သို့ အနိုင်​ရခဲ့ခြင်းဖြစ်​သည်​။ မြန်​မာအသင်းသည်​ ​ခြေစစ်​ပွဲပထမအ​ကျော့တွင်​...
Read More

လိဂ်​ ၂ ယှဉ်​ပြိုင်​ခွင့်​ရခဲ့သည့်​ မဟာယူနိုက်တက် နိုင်ဂျီးရီးယားကစားသမား ၃ ဦး​ခေါ်ယူ

အောင်​​သော်​ဖြိုး။ ဇန်​နဝါရီ ၁၃။ ​မြန်​မာ​နေရှင်​နယ်​လိဂ်​ ၂ ဝင်​​ရောက်​ယှဉ်​ပြိုင်​ခွင့်​ရခဲ့သည့်​ မဟာယူနိုက်​တက်​သည်​ ​​အောင်​မြင်​မှုရရှိ​ရေးအတွက်​ ​​​​နိုင်​ဂျီးရီးယားကစားသမား ၃ ဦးကို ရာသီဝက်​သက်တမ်းစာချုပ်​ဖြင့်​ ​ခေါ်ယူခဲ့​ကြောင်း အသင်းနည်းပြချုပ်​ ဦးေ​ဇာ်​လင်းထွန်းက ထုတ်ဖော်ပြောကြားခဲ့သည်။ ​​နိုင်​ငံခြားသား ၃ ဦးမှာ ​ရှေ့၊ လယ်​၊ ​နောက်​နေရာများအတွက်​ ​ခေါ်ယူထားခြင်းဖြစ်​ပြီး ရာသီဝက်​စမ်းသပ်​အသုံးပြုမည်​ဟု ​​၎င်းက ဆိုသည်​။ မဟာယူနိုက်​တက်​သည်​ ​ခြေစစ်​ပွဲတွင်​...
Read More
error: Content is protected !!