ပြည်တွင်းသတင်း
ရိုးမားနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဘာစီလိုနာတိုက်စစ်မှူးမက်ဆီ ဥရောပပွဲ ၁၀၀ ပြည့်မည်
ဘာစီလိုနာအသင်း၏ အဓိကတိုက်စစ်ကစားသမားဖြစ်သူ လီယွန်နယ်မက်ဆီသည် ၂၀၁၅-၁၆ ဘောလုံးရာသီ ဥရောပချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အီတလီစီးရီးအေကလပ် ရိုးမားအသင်းနှင့်ပွဲစဉ်တွင် ဥရောပပွဲ ၁၀၀ ပြည့်မြောက်တော့မည်ဖြစ်သည်။ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်သူ မက်ဆီသည် ဘာစီလိုနာကစားသမားဘ၀ ဥရောပချန်ပီယံလိဂ်ပထမဦးဆုံးပွဲစဉ်အဖြစ် ၂၀၀၄ ဒီဇင်ဘာ ၇ရက်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ယူကရိန်းကလပ် ရှက်တာဒိုးနက်စ်နှင့် ပွဲစဉ်တွင် စတင်ပါဝင်ကစားခဲ့သူဖြစ်သည်။ ယင်းအတွက်ကြောင့် မက်ဆီအနေဖြင့် ရိုးမားအသင်းနှင့်ပွဲစဉ်တွင် ပါဝင်ကစားခွင့်ရရှိခဲ့ပါက...
Read More
ပထမနေရာမရနိုင်တော့ ဟု မကွေးအသင်းဆို
ရန်ကုန်၊စက်တင်ဘာ ၁၄။ အောင်သော်ဖြိုး။ ၂၀၁၅ နေရှင်နယ်လိဂ်ရာသီအတွက် ဒုတိယနေရာရရှိရေးကို အဓိကထားယှဉ်ပြိုင်သွားတော့မည်ဟု ရတနာပုံအသင်း နှင့် တစ်ဂိုးစီ သရေကျခဲ့သည့် ပွဲစဉ် ၁၇ အပြီး သတင်းစာရှင်းလင်းပွဲတွင်  မကွေးလက်ထောက်နည်းပြ ဦးဇော်ဝင်းထွန်းက ဆိုသည်။ “ပထမနေရာက ရန်ကုန်နဲ့ အတော်အလှမ်းဝေးသွားပါပြီ။ ကျွန်တော်တို့မှ မဟုတ်ဘူး။ တခြားအသင်းတွေလည်း ပထမနေရာအတွက် မဖြစ်နိုင်တော့ပါဘူး။ ကျွန်တော်တို့က ဒုတိယနေရာကို...
Read More
ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး သရေရလဒ်ထွက်ပေါ်ခဲ့တဲ့ ရတနာပုံ-မကွေး
အောင်သော်ဖြိုး။ ရန်ကုန်၊စက်တင်ဘာ ၁၃။ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၇ မကွေးအသင်း နှင့် ရတနာပုံအသင်း တို့ ပွဲစဉ် ကို စက်တင်ဘာလ ၁၃ ရက်နေ့ သုဝဏ္ဏ အားကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့ကြပြီး တစ်ဖက် တစ်ဂိုးဆီ သရေ ကျခဲ့သည်။ ရတနာပုံအသင်း မှ အောင်သူ၊ ရှိုင်းသူရ၊ မက်ဆီမန်၊ရဲကိုဦး အဓိက...
Read More
ချင်း နှင့် ဟံသာဝတီ ဂိုးမရှိ သရေကျ
ရန်ကုန်၊စက်တင်ဘာ ၁၂။ အောင်သော်ဖြိုး။ ၂၀၁၅ မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ် (၁၇) အဖြစ် ချင်းယူနိုက်တက် နှင့် ဟံသာဝတီ အသင်းတို့ စက်တင်ဘာလ(၁၂) ရက်နေ့ သုဝဏ္ဏ အားကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့ပြီး တစ်ဖက်နှင့် တစ်ဖက် ဂိုးမသွင်း နိုင်ဘဲ သရေ ရလဒ်ထွက်ပေါ်ခဲ့သည်။ နှစ်သင်းစလုံး အနိုင်ရရှိရေး အတွက် အဓိက...
Read More
နည်းပြမွန်တဲလားကြောင့် ဖီအိုရင်တီးနားတွင် ရုန်းကန်ခဲ့ရဟု ဂျိုအာကွင်း ဆို
စပိန်လက်ရွေးစင်ကစားသမားဟောင်းဖြစ်သူ ဂျိုအာကွင်းက အီတလီမြေတွင် သွားရောက်ကစားခဲ့သည့်အချိန် ကာလများမှာ အခက်အခဲများနှင့် ကြုံတွေ့ခဲ့ကြောင်း၊ နည်းပြမွန်တဲလား၏ အခွင့်အရေးပေးခြင်းမခံခဲ့ရသည့်အတွက် ဖီအိုရင်တီးနားတွင် ရုန်းကန်ခဲ့ရကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်။ ဂျိုအာကွင်းအနေဖြင့် ၂၀၁၃ ခုနှစ်တွင် ဖီအိုရင်တီးနားအသင်းထံပြောင်းရွှေ့ခဲ့ပြီးနောက် ဘောလုံးရာသီ ၂ ရာသီအတွင်း အသင်းအတွက် ၄၉ ပွဲသာပါဝင်ကစားခွင့်ရရှိခဲ့ကာ ပြီးခဲ့သည့်နွေရာသီကစားသမားအပြောင်းအရွှေ့တွင် အသင်းဟောင်းဘက်တစ်အသင်းသို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည်။ “အီတလီမြေမှာ အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့သလို နည်းပြမွန်တဲလားရဲ့...
Read More
အိုလံပစ်အမျိုးသမီး ခြေစစ်ပွဲလက်မှတ် တစ် စောင်လျှင် နှစ်ပွဲ ကြည့်နိုင်မည်
အော်သော်ဖြိုး။ ရန်ကုန်၊စက်တင်ဘာ ၁ဝ မြန်မာလက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၁၆ အိုလံပစ် အမျိုးသမီး ဘောလုံး ခြေစစ်ပွဲ (ဒုတိယအဆင့်) ပွဲစဉ် လက်မှတ်တစ်စောင် ဝယ်လျင် နှစ်ပွဲနှုန်း ကြည့်ရှု နိုင်မည် ဟု မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ် က ထုတ်ပြန်ချက်အရသိရသည်။ ပွဲစဉ် လက်မှတ်များကို စက်တင်ဘာလ...
Read More
AFC U-16ခြေစစ်ပွဲအဖွင့်ပွဲစဉ်တွင်မြန်မာအသင်းနှင့် အိမ်ရှင် ဗီယက်နမ်အသင်း ကစားရမည်
အောင်သော်ဖြိုး။ ရန်ကုန်၊စက်တင်ဘာ ၁၀။ AFC U-16 Championship ခြေစစ်ပွဲ အုပ်စု (J) ပွဲစဉ်များကို ဗီယက်နမ် နိုင်ငံတွင် စက်တင်ဘာလ ၁၆ရက် မှ ၂ဝရက်နေ့ အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်း အုပ်စုအဖွင့် ပွဲစဉ်တွင် အိမ်ရှင် ဗီယက်နမ်အသင်း နှင့်တွေ့ဆုံမည်ဖြစ်သည်။ မြန်မာ ယူ-၁၆ အသင်းသည် အုပ်စုတွင်း...
Read More
ရော်နယ်ဒိုအား ပေါင် ၁ဘီလီယံရမှ ရောင်းချမည်ဟု ပီရက်ဇ် ဆို
Read More
မြန်မာအမျိုးသမီးအသင်း တရုတ်ခြေစမ်းခရီး နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး
ရန်ကုန်၊စက်တင်ဘာ ၉။ အောင်သော်ဖြိုး။ ၂ဝ၁၆ အိုလံပစ် ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ အမျိုးသမီး ဘောလုံးအသင်းသည် စက်တင်ဘာလ ၁ ရက်နေ့ မှ ၈ရက်နေ့အထိ တရုတ်နိုင်ငံ နန်ကျင်းမြို့သို့ သွားရောက်လေ့ကျင့်ကာ ခြေစမ်းပွဲ သုံးပွဲ ကစားခဲ့ပြီး နှစ်ပွဲနိုင် တစ်ပွဲ ရှုံးနိမ့်ခဲ့သည်။ မြန်မာ အမျိုးသမီး အသင်းသည် စက်တင်ဘာလ...
Read More
နည်းပြဇီဒန်းနှင့် လက်တွဲလို၍ လီဗာပူး၊ မန်ယူတို့ကို ငြင်းပယ်ခဲ့ခြင်းဖြစ်ဟု အိုဒီဂတ်ဖွင့်ဟ
အသက် ၁၆နှစ်အရွယ်ရှိ နော်ဝေလက်ရွေးစင်ကွင်းလယ်ကစားသမားဖြစ်သူ အိုဒီဂတ်က ပရီးမီးယားအသင်းအ ချို့ထံပြောင်းရွှေ့ရန် နီးစပ်ခဲ့သော်လည်း နည်းပြဇီဒန်းနှင့်လက်တွဲလို၍ လီဗာပူး၊ မန်ယူအသင်းများကိုငြင်းပယ်ခဲ့ ခြင်းဖြစ်ကြောင်း ဖွင့်ဟ၀န်ခံသွားခဲ့သည်။ အိုဒီဂတ်သည်နော်ဝေလက်ရွေးစင်အသင်းတွင် ရွေးချယ်ခံရပြီးနောက် ဥရောပထိပ်သီးအသင်းကြီးများ၏ စိတ်ဝင်စားခြင်းကိုခံခဲ့ရပြီး ယင်းအထဲတွင်ပရီးမီးယားလိဂ်ထိပ်သီးအသင်းများ ဖြစ်သည့် မန်ယူ၊ မန်စီးတီးနှင့်လီဗာပူးအသင်းတို့ ပါဝင်ခဲ့သည်။ ‘‘ လေ့လာရေးအဖြစ်အလည်သွားခဲ့တဲ့ လီဗာပူး၊ မန်ယူ၊ မန်စီးတီးအသင်းတွေရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေက ထိပ်တန်းအဆင့်တွေချည်းပါပဲ။...
Read More
error: Content is protected !!