ပြည်တွင်းသတင်း

ဗီယက်နမ်ကို အရေးနိမ့်ခဲ့သည့် မြန်မာအမျိုးသမီးအသင်း

ရန်ကုန်၊စက်တင်ဘာ ၁၈။ အောင်သော်ဖြိုး။ ၂၀၁၆အိုလံပစ်အမျိုးသမီး ဘောလုံးပွဲစဉ်ဒုတိယအဆင့် ခြေစစ်ပွဲအုပ်စုပွဲစဉ်အဖြစ် မြန်မာအမျိုးသမီးအသင်း နှင့်ဗီယက်နမ်အမျိုးသမီးအသင်းတို့ စက်တင်ဘာလ ၁၈ရက်၊ ည ၆:၃ဝ၊ မန္တလာသီရိ အားကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာအသင်းကဗီယက်နမ်အသင်းကို ၂-၄ ဖြင့် ရှုံးနိမ့်ကာအုပ်စုတက်ရန် မျှော်လင့်ချက် ကုန်ဆုံးခဲ့သည်။ သန်းသန်းထွေး၊ ခင်မာလာထွန်းတို့ မပါဝင်နိုင်သည့် မြန်မာအမျိုးသမီး အသင်းသည် ဗီယက်နမ် အသင်းသည်ဗီယက်နမ်အသင်း၏...
Read More

ထိုက်တန်သည့် နိုင်ပွဲတစ်ပွဲဟု ရတနာပုံနည်းပြဆို

စက်တင်ဘာ(၁၈)။ အောင်သော်ဖြိုး။ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၁၈)အထိရှုံးပွဲမရှိကစားကာ အမှတ်ပေးဇယားကိုဦးဆောင်ထားနိုင်သည့် ရန်ကုန်ယူနိုက်တက်အသင်း၏ကွင်းတွင်အနိုင်ရရှိခဲ့သော်လည်း မိမိအတွက်ထူးခြားသည့်ခံစားချက်မခံစားမိကြောင်း ရတနာပုံအသင်းနည်းပြချုပ် ရီနီကပြောကြားလိုက်သည်။ ရန်ကုန်ယူနိုက်တက်အသင်းမှာ ကျော်ကိုကို၏သွင်းဂိုးဖြင့်ဦးဆောင်နိုင်ခဲ့သေည်လည်း ရတနာပုံအသင်းမှ အောင်သူ၊ ရဲကိုဦး၊မျိုးကိုထွန်းတို့သွင်းဂိုးများဖြင့်ပွဲကိုပြန်လည်ဦးဆောင်နိုင်ခဲ့ကာဇော်မင်းထွန်းကရန်ကုန်အတွက်ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းခဲ့ခြင်းကြောင့် (၂-၃)ဂိုးဖြင့်ရတနာပုံအသင်းအနိုင်ရခဲ့ခြင်းဖြစ်သည်။ ယင်းနိုင်ပွဲနှင့်ပတ်သက်ပြီးရတနာပုံအသင်းနည်းပြရီနီက”ဒီနိုင်ပွဲဟာ ထိုက်တန်တဲ့နိုင်ပွဲတစ်ခုပါ။ ဒီနိုင်ပွဲနဲ့ပတ်သတ်လို့ ထူးထူးခြားခြားခံစားရတာတော့မရှိပါဘူး။ ကျွန်တော်တို့အသင်းဟာ အခွင့်အရေးတွေအများကြီးရခဲ့တယ်။ ဒါပေမဲ့အသုံးမချနိုင်ခဲ့ဘူး”ဟုပြောခဲ့သည်။ ရန်ကုန်အသင်းအနေဖြင့်ရှုံးနိမ့်မှုကြုံခဲ့ရခြင်းမှာအဓိကကစားသမားအချို့မပါဝင်နိုင်ခဲ့ခြင်းကထိုးနှက်ချက် ဖြစ်ခဲ့သည်ဟုဆိုသည်။ အဆိုပါပွဲစဉ်တွင်ဇာနည်ထက်မှာ ပွဲပယ်ခံထားရသလို ကန်နီကိုနှင့် သီဟထက်အောင်တို့မှာ...
Read More

ရတနာပုံအားရှုံးနိမ့်ပြီး ရန်ကုန်ယူနိုက်တက်၏ (၁၆)ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန် ကျိုးပျက်

စက်တင်ဘာ ၁၈။ အောင်သော်ဖြိုး။ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၁၈)တွင် ပြိုင်ဆိုင်မှုပြင်းထန်သည့် ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံအသင်း တို့ YUSC ကွင်းတွင်ယှဉ်ပြိုင်ခဲ့ကြပြီး ရန်ကုန်ယူနိုက်တက်၏(၁၆)ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်ကို ဧည့်သည်အသင်းက(၂-၃)ဂိုးဖြင့်အနိုင်ယူချိုးဖျက်နိုင်ခဲ့သည်။ အမှတ်ပေးချန်ပီယံဖြစ်ရန် အကောင်းဆုံးရေပန်းစားနေသည့် ရန်ကုန်အသင်းမှာပွဲထွက်စာရင်းတွင် ကြည်လင်းမပါဝင်ခဲ့ဘဲ ယင်းနေရာတွင် သန်းပိုင်ဝင်ကစားခဲ့ပြီး ဆီဇာ၊ အီမာဆန်၊ကျော်ကိုကိုတို့ဖြင့်လူစုံပါဝင်ခဲ့သည်။ ရတနာပုံအသင်းက၀ါရင့်တိုက်စစ်မှူးရန်ပိုင်အပြင် အားထားရသည့်ကစားသမား ရှိုင်းသူရ၊စည်သူအောင်၊ရဲကိုဦးတို့ဖြင့် ရန်ကုန်အသင်းကို ပြန်လည်ရင်ဆိုင်ခဲ့သည်။ ရန်ကုန်အသင်းအနေဖြင့် ပွဲချိန် ၁၄...
Read More

မြန်မာ ယူ-၁၉အသင်း အာဆီယံချန်ပီယံ ထိုင်း ယူ-၁၉ နှင့် ခြေစမ်းမည်

ရန်ကုန်၊စက်တင်ဘာ ၁၇။ အောင်သော်ဖြိုး။ အာရှ ယူ-၁၉ ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာ ယူ-၁၉ ဘောလုံးအသင်းသည် စက်တင်ဘာလ ၂ဝရက်နေ့တွင် အာဆီယံ ယူ-၁၉ ချန်ပီယံ ထိုင်းအသင်း နှင့် ခြေစမ်းပွဲ တစ်ပွဲကစားမည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။ အဆိုပါ ခြေစမ်းပွဲ လက်မှတ်များကို အထူးတန်း နှစ်ထောင်၊ ရိုးရိုးတန်း တစ်ထောင်...
Read More

စီနီယာ ကစားသမားနေရာတွင် ဖြည့်တင်းနိုင်မည့် ကစားသမားမရှိဟု မြန်မာအသင်းနည်းပြချုပ်ဆို

ရန်ကုန်၊စက်တင်ဘာ ၁၆။ အောင်သော်ဖြိုး။ မြန်မာအမျိုးသမီး ဘောလုံးအသင်းရှိ လက်ရွေးစင် စီနီယာ ကစားသမားများမှာ အသက်အရွယ် ကြီးလာပြီး ၎င်းတို့ နေရာတွင် အစားထိုးရန်ကစားသမားများ ရှားပါးနေသေးကြောင်း မြန်မာအမျိုးသမီး ဘောလုံးအသင်း နည်းပြ ဒေါ်သက်သက်ဝင်းက ထိုင်းအသင်းကိုရှုံးနိမ့်ခဲ့သည့်အိုလံပစ် ခြေစစ်ပွဲ အပြီးတွင် ပြောကြားခဲ့သည်။ ထိုင်းအသင်း ကို အရေးနိမ့်ခဲ့သည့် အတွက် စိတ်မကောင်း ဖြစ်မိသော်လည်း...
Read More

ထိုင်းအမျိုးသမီးအသင်းကို မြန်မာအမျိုးသမီးအသင်း ထပ်မံအရေးနိမ့်

စက်တင်ဘာ၁၆။ အောင်သော်ဖြိုး။ ၂ဝ၁၆အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန်ဒုတိယအဆင့်ခြေစစ်ပွဲအဖြစ် မြန်မာနှင့် ထိုင်းအသင်းတို့ စက်တင်ဘာလ ၁၆ရက်မန္တလာသီရိ အားကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာအသင်းက ထိုင်းအသင်းကို ၂-၁ ဖြင့် အရေးနိမ့်ခဲ့ခြင်းကြောင့် အုပ်စုပထမနေရာမှနာက်ဆုံးအဆင့်ခြေစစ်ပွဲအဆင့်သို့ တက်ရောက်နိုင်ရန်မှာ အခက်အခဲရှိလာခဲ့ပြီဖြစ်သည်။ ၂၀၁၅ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ထားသည့် ထိုင်းအမျိုးသမီး အသင်းသည် မြန်မာအသင်းကို ကစားကွက်အသာဖြင့် ဦးဆောင်ကစားခဲ့ပြီး...
Read More

ပခုံးအဆစ်လွဲခဲ့ခြင်းကြောင့် သုံးပတ်ခန့် ရာမို့စ်အနားယူရမည်

ရီးရဲလ်နောက်ခံလူ ဖြစ်သူ ရာမို့စ်သည် ရှက်တာဒိုးနက်ခ် အသင်းအား ၄-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ပခုံးအဆစ်လွဲ ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ရက်သတ္တပတ်သုံးပတ်ခန့်အထိအနားယူရတော့မည်ဖြစ်ကြောင်း ရီးရဲလ်က အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။ ရာမို့စ်သည် အဆိုပါပွဲစဉ်တွင်  ရှက်တာဒိုးနက်ခ် ကွင်းလယ်ကစားသမားဖြစ်သူ စတီပါနန်ကို၏ ကြမ်းတမ်းစွာ ဥပဒေပကစားခဲ့ခြင်းကြောင့် ဘယ်ဘက်ပခုံးအဆစ်လွဲခဲ့ခြင်းဖြစ်ပြီး ယင်းအတွက်ကြောင့် ရာမို့စ်အနေဖြင့်  သုံးပတ်ခန့်အနားယူရမည်ဖြစ်ကြောင်း အသင်းဆေးအဖွဲ့မှ အတည်ပြုခဲ့သည်။ ရီးရဲလ်နည်းပြ ဘင်နီတက်ဇ်အနေဖြင့် ရာမို့စ်ဒဏ်ရာရရှိခဲ့ခြင်းကြောင့်...
Read More

လူရွေးချယ်မှု ကွာခြားချက်ကို ဒီရလဒ်က မီးမောင်း ထိုးပြခဲ့သည်ဟု မြန်မာ ယူ-၁၆ နည်းပြ အဲရစ်ဝီလျံဆို

Football Channel Asia ၏ ဗီယက်နမ် ဆိုင်ရာ သတင်းထောက်မှ တိုက်ရိုက်ပေးပို့သည်။ ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့ တွင် ကျင်းပ လျက်ရှိ သည့် အာရှ ယူ၁၆ ခြေစစ်ပွဲ အုပ်စု(J) အဖွင့် ပွဲစဉ် အဖြစ် မြန်မာ အသင်းသည် အိမ်ရှင် ဗီယက်နမ် အသင်းနှင့် ယှဉ်ပြိုင်...
Read More

အိမ်ရှင် ဗီယက်နမ်ကို ရှုံးနိမ့်ပြီး အဖွင့်မလှခဲ့တဲ့ မြန်မာ ယူ-၁၆ အသင်း

ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့ တွင် ကျင်းပ လျက်ရှိ သည့် အာရှ ယူ၁၆ ခြေစစ်ပွဲ အုပ်စု(J) အဖွင့် ပွဲစဉ် အဖြစ်မြန်မာ အသင်းသည် အိမ်ရှင် ဗီယက်နမ် အသင်းနှင့် ယှဉ်ပြိုင် ခဲ့ပြီး ၅ဂိုး ၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး လက်ကျန် ပွဲစဉ် များတွင် အမှား မခံတော့သည့်...
Read More

အာရှ ခြေစစ်ပွဲအတွက် ယူ-၁၉ အသင်း စခန်းသွင်း လေ့ကျင့်မှု စတင်ပြုလုပ်

အောင်သော်ဖြိုး။ ရန်ကုန်၊စက်တင်ဘာ ၁၅။ မြန်မာ ယူ-၁၉အသင်း ဝင်ရောက် ယှဉ်ပြိုင်မည့် အာရှ ယူ-၁၉ ခြေစစ်ပွဲကို စက်တင်ဘာလ ၂၈ရက်နေ့ တွင် ကျင်းပမည် ဖြစ်ပြီး ပဏာမ ယူ-၁၉ လက်ရွေးစင် အသင်းကို နိုဝင်ဘာလ ၁၄ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် Goal ဟိုတယ်တွင် စတင်စခန်းသွင်း လေ့ကျင့်နေပြီဖြစ်ကြောင်း...
Read More
error: Content is protected !!