ပြည်တွင်းသတင်း

ရာနှုန်းပြည့်နိုင်ပွဲဖြင့် ဗီယက်နမ်အသင်း ခြေစစ်ပွဲအောင်မြင်

ရန်ကုန်၊အောက်တိုဘာ ၆။ အောင်သော်ဖြိုး။ အာရှ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲ အုပ်စု-(ဆ)၊ နောက်ဆုံးပွဲစဉ် အဖြစ် မြန်မာအသင်း နှင့် ဗီယက်နမ် အသင်းတို့အောက်တိုဘာလ ၆ရက်နေ့၊ညနေ ၆:၃ဝတွင် ယှဉ်ပြိုင်ခဲ့ကြပြီး ဗီယက်နမ် က မြန်မာအသင်းကို ၁-၀ဖြင့် အနိုင်ရခဲ့ကာ အုပ်စုပထမဖြင့် နောက်တစ်ဆင့်တက်ခဲ့သည်။ မြန်မာအသင်းတွင် တီမော အသင်းနှင့်ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့သည်...
Read More

ဟောင်ကောင်နှင့်ပွဲစဉ်တွင် ကွင်းအတွင်းဝင်ခဲ့သည့် ပရိသတ်ကို ပုဒ်မ ၄၁/၁၆ ဖြင့် အရေးယူ

ရန်ကုန်၊အောက်တိုဘာ ၅။ အောင်သော်ဖြိုး။ အာရှ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲအဖြစ် အောက်တိုဘာလ ၄ ရက်နေ့တွင် မြန်မာအသင်း နှင့် ဟောင်ကောင်အသင်းတို့ ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင် ကွင်းအတွင်းဝင်ရောက်ခဲ့သော မြန်မာပရိသတ်ကို သင်္ကန်းကျွန်းရဲစခန်းတွင် ထိန်းသိမ်းထားပြီး ပုဒ်မ ၄၁/၁၆ ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိင်ငံဘောလုံးအဖွဲ့ချုပ် လုံခြုံရေးကော်မတီဥက္ကဌ ဦးအေးချို က ပြောသည်။ “လုံခြုံရေးအပြည့်အဝချထားပါတယ်။...
Read More

သုဝဏ္ဏကွင်းမှာ “ မြန်မာ”သီချင်းသံ လွှမ်းခဲ့သည့် ၁ဝမိနစ်

အောင်သော်ဖြိုး။ အာရှယူ-၁၉ချန်ပီယံရှစ်ခြေစစ်ပွဲ(အုပ်စု-ဆ)ပွဲစဉ်တစ်ပွဲဖြစ်သည့်အိမ်ရှင်မြန်မာအသင်းနှင့်ဟောင်ကောင်အသင်း တို့ ပွဲစဉ် ပွဲပြီးဆုံးရန် ၁ဝမိနစ်သာလိုတော့သည်။ ရိုးရိုးတန်း ပွဲကြည့်စင်ဘက်မှ ပရိသတ်တချို့ထပြန်သွားကြသည်။ အဝေးမှ မြင်နေရသည့် ပုံစံအရ မိမိနိုင်ငံ အသင်း ထင်မှတ်ထားသလို မစွမ်းဆောင်နိုင်၍ စိတ်ပျက်လက်ပျက်  ပြစ်တင်ဝေဖန်နေကြပုံ။ ထိုအချိန်က ဟောင်ကောင် ၁-၀ မြန်မာ။ မြန်မာ-ဟောင်ကောင်ပွဲ မတိုင်မီ ဗီယက်နမ်-တီမော ပွဲစဉ်တွင် ဗီယက်နမ်က ၂-၁...
Read More

ပရိတ်သတ်အချို့၏ အားပေးပုံနှင့် ပတ်သက်ပြီး ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် နည်းပြဂတ်ဖရိုင်းဒရစ်မေးခွန်းထုတ်

မြန်မာယူ၁၉အသင်းသည် ဟောင်ကောင်ယူ၁၉အသင်းအား ပွဲပြီးဆုံးခါနီးအချိန်တွင်အောင်မိုးသူသွင်းယူသည့်  ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ပရိသတ်အချို့၏လုပ်ရပ်နှင့် ပတ်သက်ပြီး နည်းပြ ဂတ်ဖရိုင်းက မေးခွန်း ထုတ်လိုက်သည်။ မြန်မာအသင်းအားပွဲချိန်(၇၂)မိနစ်တွင် ဟောင်ကောင်အသင်းဘက်မှ ဦးဆောင်ဂိုးသွင်းယူပြီးနောက် အိမ်ရှင်ပရိ သတ်တစ်ဦးမှ ကွင်းအတွင်းဝင်ရောက်ခဲ့ခြင်းအတွက်ကြောင့် ပွဲအားခေတ္တရပ်နားခဲ့ရကာ ယင်းကဲ့သို့ ပရိသတ်အ ချို့၏လုပ်ရပ်နှင့် ပတ်သက်ပြီး မြန်မာယူ၁၉နည်းပြ ဂတ်ဖရိုင်းကပြောခဲ့ခြင်းဖြစ်သည်။ ဟောင်ကောင်နှင့် ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် နည်းပြဂတ်ဖရိုင်းဒရစ်က” မြန်မာအသင်းပရိသတ်တွေကို...
Read More

မြန်မာနှင့်ပွဲတွင် အိမ်ရှင်ပရိသတ်ကြောင့် ဖိအားတစ်ခုဖြစ်လာနိုင်ကြောင်း ဗီယက်နမ်နည်းပြသုံးသပ်

အောက်တိုဘာ၎။ အောင်သော်ဖြိုး။ AFC U-19 CHAMPIONSHIP BAHRAIN 2016 QUALIFIERS အုပ်စု(ဆ)ခြေစစ်ပွဲစဉ်တွင် ဗီယက်နမ်ယူ၁၉ အသင်းမှာ အရှေ့တီမောယူ၁၉အသင်းအား (၂-၁)ဂိုးဖြင့်အနိုင်ရကာ ခြေစစ်ပွဲအောင်မြင်ရန် အကောင်းဆုံးအနေ အထားသို့ရောက်ရှိလာခဲ့ပြီး အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်သည့် အိမ်ရှင်မြန်မာအသင်းနှင့်ပွဲစဉ်တွင် အိမ်ရှင်ပရိသတ် အင်အားမှာ ဖိအားတစ်ခုအဖြစ်ရှိလာမည်ဟု ဗီယက်နမ်အသင်းနည်းပြကပြောလိုက်သည်။ မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ပွဲစဉ်မှာ ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ရန် အဆုံးအဖြတ်ပေးမည့်ပွဲစဉ် ဖြစ်ပြီး အိမ်ရှင်အသင်းအား...
Read More

ယူ-၁၉ ဂိုးသမား ဘုန်းသစ္စာမင်း၏ဒဏ်ရာ မစိုးရိမ်ရ

ရန်ကုန်၊အောက်တိုဘာ ၃။ အောင်သော်ဖြိုး။ မြန်မာ ယူ-၁၉ အသင်းနှင့် တီမော ယူ-၁၉ အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည့် အာရှ ယူ-၁၉ ခြေစစ်ပွဲတွင် တီမောကစားသမားနှင့် ထိခိုက်မိပြီး မျက်လုံးဒဏ်ရာရရှိခဲ့သည့် ဂိုးသမား ဘုန်းသစ္စာမင်းသည် ဒဏ်ရာမှပြန်လည်သက်သာလာပြီး ဟောင်ကောင်အသင်းနှင့် ပွဲစဉ်တွင် ပြန်လည်ပါဝင်နိုင်ဖွယ်ရှိကြောင်း  မြန်မာ ယူ-၁၉ အသင်း မီဒီယာတာဝန်ခံ ဦးရဲမင်းဝင်း က...
Read More

မြန်မာ ယူ-၁၉ ကစားပုံကို နည်းပြကျေနပ်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် အာရှ ယူ-၁၉ ခြေစစ်ပွဲ တတိယနေ့ပွဲစဉ် မြန်မာအသင်း၏ ဒုတိယပွဲစဉ်အဖြစ် တီမောနှင့်ယှဉ်ပြိုင်ခဲ့သောပွဲ၌ ဂိုးမရှိသရေကျခဲ့သော်လည်း မိမိအသင်းသားများမှာ အကောင်းဆုံးခြေစွမ်းနှင့် စိတ်ဓာတ်ရရှိနေပြီဖြစ်ကြောင်း မြန်မာ ယူ-၁၉ နည်းပြက ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထို့အပြင် ဒဏ်ရာရရှိသွားသည့် ဂိုးသမားဘုန်းသစ္စာမင်းမှာလည်း လာမည့်ပွဲစဉ်တွင် ပါဝင်နိုင်မည်ဟု မျှော်လင့်ကြောင်း မြန်မာ ယူ-၁၉ နည်းပြက ဆိုသည်။...
Read More

မြန်မာ ယူ-၁၉ အသင်း ပိုကောင်းလာဟု ဘရူနိုင်းနှင့်ပွဲအပြီးတွင် ဗီယက်နမ်နည်းပြဆို

အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု(G)၏ အောက်တိုဘာ ၂ ရက်နေ့ ပထမပွဲစဉ်အဖြစ် သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် ဗီယက်နမ်နှင့် ဘရူနိုင်းပွဲစဉ်တွင် ဗီယက်နမ်အသင်းက ခြေအသာဖြင့်ကစားပြီး ၅ ဂိုးပြတ်အနိုင်ရရှိသွားခဲ့သည်။ ထိုပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ဗီယက်နမ်နည်းပြက ” အခုနိုင်ပွဲကို အရမ်းပျော်ပါတယ်။ ဒါပေမယ့် ဘရူနိုင်းအသင်းက အရမ်းတောင့်တင်းတဲ့အသင်းမဟုတ်ပါဘူး။  လာမယ့်တီမောနဲ့ပွဲအတွက် အာရုံစိုက်ထားပါတယ်။ အသင်းက...
Read More

ခြေစစ်ပွဲအောင်ရေး ဗီယက်နမ်နှင့် ပွဲမတိုင်မီ ၉မှတ်ရယူရန်လိုအပ်ဟု မြန်မာ ယူ-၁၉ နည်းပြချုပ် ပြော

ရန်ကုန်၊အောက်တိုဘာ ၁။ အောင်သော်ဖြိုး။ မြန်မာယူ-၁၉အသင်းနေဖြင့် အာရှယူ-၁၉ ခြေစစ်ပွဲ အုပ်စုအဆင့်ကျော်ဖြတ်နိုင်ရေးအတွက် အဓိကပြိုင်ဘက် ဗီယက်နမ် အသင်းနှင့် ပွဲစဉ်မတိုင်မီ ကစားရမည့် ၃ပွဲလုံး အနိုင်ရရန်လိုအပ်သည်ဟု ဘရူနိုင်းအသင်းကိုအနိုင်ရခဲ့သည့်ပွဲစဉ်တွင် သတင်းစာရှင်းလင်းပွဲတွင်မြန်မာ ယူ-၁၉ နည်းပြချုပ်ဂတ်ဖရိုင်းဒရစ်ခ်ျ ကဆိုသည်။ မြန်မာအသင်းအနေဖြင့် ဘရူနိုင်း၊ တီမော၊ ဟောင်ကောင်အသင်းတို့ကို အနိုင်ရမှသာလျှင် အဓိကပြိုင်ဘက် ဗီယက်နမ်အသင်းကို စိတ်ဓာတ်ပိုင်း အသာစီးဖြင့်...
Read More

အိမ်ရှင်မြန်မာ၊ဗီယက်နမ်တို့နှင့် ဆက်တိုက်ကစားရမည်ဖြစ်၍ အုပ်စုတက်ရန် ခက်ခဲပြီဟု တီမောနည်းပြပြော

စက်တင်ဘာ(၃၀)။ အောင်သော်ဖြိုး။ အာရှယူ-၁၉ ချန်ပီယံရှစ်အုပ်စု(ဆ)မှ တီမောအသင်းမှာ ပွဲ(၂)ပွဲကစားပြီးချိန်တွင် ရမှတ်(၄)မှတ်ရရှိကာ ဦးဆောင်သူနေရာကိုရရှိထားသော်လည်း ရှေ့ကစားမည့်ပွဲများတွင် အိမ်ရှင်မြန်မာ၊ ဗီယက်နမ်အသင်းတို့နှင့် ဆက်တိုက် ယှဉ်ပြိုင်ကစားရ မည်ဖြစ်ရာ အုပ်စုတက်ရန် ခက်ခဲသွားပြီဖြစ်ကြောင်း တီမောအသင်းနည်းပြ တကူးမား ကိုဂါကပြောလိုက်သည်။ အုပ်စုဒုတိယပွဲစဉ်တွင် တီမောအသင်းသည် ဟောင်ကောင်အားဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခဲ့ခြင်းကြောင့် နည်းပြ တကူးမား ကိုဂါက ယင်းကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။ တီမောယူ-၁၉နည်းပြ...
Read More
error: Content is protected !!