ပြည်တွင်းသတင်း

လက်ရွေးစင်နည်းပြသစ် ဂတ်ဖရိုင်းဒရစ်ခ်ျ၏ ပထမဆုံး လက်ရွေးစင်လူစာရင်း ထွက်ပေါ်လာ

အောက်တိုဘာ ၂၆။ အောင်သော်ဖြိုး လူငယ်အသင်းနည်းပြအဖြစ်မှ မြန်မာ့လက်ရွေးစင်အသင်းကြီး၏နည်းပြသစ်အဖြစ် ခန့်အပ်ခံထားရသည့် ဂျာမန်လူမျိုးဂတ်ဖရိုင်းဒရစ်ခ်ျသည် နိုင်ငံတကာခြေစမ်းပွဲနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲများ ယှဉ်ပြိုင်ရန်အတွက် လက်ရွေးစင်ကစားသမား ၂၃ ဦးစာရင်းကို ထုတ်ပြန်လိုက်သည်။ နည်းပြသစ်၏ လက်ရွေးစင်လူစာရင်းတွင် ဆီးဂိမ်းပြိုင်ပွဲ၌ ငွေတံဆိပ်ရခဲ့သည့် ယူ-၂၃ အသင်းမှ ဟိန်းသီဟဇော်၊ နေလင်းထွန်း၊ ဖြိုးကိုကိုသိန်း၊ ရဲဝင်းအောင်တို့ ပါဝင်လာခဲ့ပြီး ရတနာပုံအသင်းမှ သက်နိုင်ကိုလည်း ရှေ့တန်းတိုက်စစ်မှူးအဖြစ်...
Read More

သမိုင်းဝင်သွင်းဂိုးရှင်ရဲ့ ကောက်ကြောင်း

အောင်သော်ဖြိုး။ မြန်မာယူ၁၉အသင်းကွင်းလယ်ကစားသမား ငြိမ်းချမ်းအောင်တစ်ယောက် ဘောလုံးကာထားသည့် ယူအေအီးနောက်ခံလူအီဘရာဟင်အား ကျော်ဖြတ်ကာ ထပ်မံဖိအားပေးနေသည့်ကြားမှ တွန်းတိုက်ရယူ ဆွဲပြေးလာရင်း ဂိုးရှေ့သို့ ဘောလုံးကို မျောထိုးပေးလိုက်သည်။ အရပ်ထောင်ထောင်မောင်းမောင်းနှင့် ပိန်ပိန်းပါးပါးလူငယ်တစ်ဦးက  ခန္ဓာကိုယ်တောင့်တင်းသည့် ယူအေအီးနောက်ခံလူအဲလ်ဟာမက်ဒီကို ကျော်ဖြတ်ပြီး ဘောလုံးနှင့် ပိုက် မိတ်ဆက်ပေးလိုက်သည်။ ဂိုး..ဂိုး…ဂိုး…ဟု သုဝဏ္ဍကွင်းထဲရောက် မြန်မာဘောလုံးပရိသတ်ကြီး၏ အော်ဟစ်သံက ကွင်းလုံးပြည့်လျှံထွက်ကျလာသည်။ ထိုနေ့က မြန်မာဘောလုံးသမိုင်းကြောင်းကို အမြဲအမှတ်ရနေစေမည့်နေ့။...
Read More

နောက်ဆုံးပွဲစဉ်အထိ အသက်ဝင်နေမည့် နေရှင်နယ်လိဂ် တန်းဆင်းဇုန်တိုက်ပွဲ

အောက်တိုဘာ ၂၆။ အောင်သော်ဖြိုး မြန်မာနေရှင်နယ်လိဂ် ၂၀၁၅ ပြိုင်ပွဲ ပြီးဆုံးရန် နောက်ဆုံးပွဲစဉ်သို့ရောက်ရှိသည့်တိုင် မည်သည့်အသင်း တန်းဆင်းရမည်ဟု တိတိကျကျ မသိသေးဘဲ မနောမြေ၊ ရခိုင်ယူနိုက်တက် နှင့် နေပြည်တော်အသင်းတို့၏ နောက်ဆုံးပွဲစဉ် ရလဒ်များပေါ် မူတည်ကာ တန်းဆင်းမည့်အသင်းများ ထွက်ပေါ်လာမည်ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဇယား အဆင့် ၁ဝ တွင် မနောမြေအသင်းက ရမှတ်...
Read More

ချန်ပီယံရန်ကုန်အသင်း ဇွဲကပင်နှင့် သရေကျ

အောက်တိုဘာ ၂၅။ အောင်သော်ဖြိုး မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၂၁ အဖြစ် ရန်ကုန်အသင်းနှင့် ဇွဲကပင်အသင်းတို့ အောက်တိုဘာလ ၂၅ ရက်နေ့ ညနေ ၄ နာရီက သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့ကြပြီး ဇွဲကပင်အသင်းက အဖွင့်ဂိုး၊ ဦးဆောင်ဂိုးများ သွင်းယူနိုင်ခဲ့သော်လည်း ရန်ကုန်အသင်းက ချေပဂိုးများ ပြန်လည်သွင်းယူနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် ၂-၂ ဂိုးဖြင့် သရေရလဒ်...
Read More

အာရှ ယူ-၁၉ ခြေစစ်ပွဲ ဖြစ်ရပ်များကြောင့် MFF ကို ဒဏ်ငွေ ဒေါ်လာ နှစ်သောင်းကျော်နှင့် ကွင်းပိတ်ပြစ်ဒဏ်ချမှတ်

အောက်တိုဘာ ၂၄။ အောင်သော်ဖြိုး မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခဲ့သည့် ၂၀၁၆ အာရှ ယူ-၁၉ ခြေစစ်ပွဲစဉ်များတွင် ပရိသတ်များ၏ အပြုအမူများကြောင့် အာရှဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အား ဒဏ်ငွေ ဒေါ်လာ ၂၅၅၀၀ နှင့် AFC ပြိုင်ပွဲ ပွဲစဉ်တစ်ပွဲကို ပရိသတ်မပါဘဲကစားရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ မြန်မာအသင်းနှင့် ဟောင်ကောင်အသင်းတို့ယှဉ်ပြိုင်သည့် ပွဲစဉ်တွင် ပရိသတ်တစ်ဦး...
Read More

ယခုရာသီ နောက်ဆုံးပွဲစဉ် အနိုင်ရပြီး ရန်ကုန်လူငယ်အသင်း ထပ်ဆင့်ချန်ပီယံဘွဲ့ လက်ခံရယူ

အောက်တိုဘာ ၁၉။ အောင်သော်ဖြိုး။ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် အသက် ၂၁ နှစ်အောက် လူငယ်အမှတ်ပေးပြိုင်ပွဲ  နောက်ဆုံးပွဲစဉ်အဖြစ် ရန်ကုန်အသင်းနှင့်  ဇေယျာရွှေမြေအသင်းတို့ အောက်တိုဘာလ ၁၉ ရက်က ယှဉ်ပြိုင်ခဲ့ကြပြီး ရန်ကုန်အသင်းက ဇေယျာရွေမြေအသင်းကို ၃-၁ ဖြင့် အနိုင်ရကာ လူငယ်အမှတ်ပေးပြိုင်ပွဲ ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ဆွတ်ခူးခဲ့သည်။ ဇေယျာရွှေမြေအသင်းသည် ၁၇...
Read More

မြန်မာ့လက်ရွေးစင်နည်းပြချုပ်အဖြစ် မြန်မာဘောလုံးပရိသတ် သဘောကျနှစ်ခြိုက်သည့် နည်းပြဂတ်ဖရိုင်းဒရစ်ခ်ျကို ခန့်အပ်

အောင်သော်ဖြိုး။ အောက်တိုဘာ ၁၇။ မြန်မာ့လက်ရွေးစင် နည်းပြ အေဗရာမိုဗစ်ခ်ျကို အောက်တိုဘာလ ၁၇ရက်နေ့ က စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက်မြန်မာ့လက်ရွေးစင်နည်းပြချုပ် အဖြစ် ဂျာမနီနိုင်ငံသား ဂတ်ဖရိုင်းဒရစ်ခ်ျကို ခန့်အပ်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာတာဝန်ခံ ဦးဇော်မင်းထိုက် က ပြောကြားသည်။ မြန်မာ့လက်ရွေးစင်နည်းပြဟောင်း အေဗရာမိုဗစ်ခ်ျကို ယနေ့အောက်တိုဘာ၁၇ရက်နေ့တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ လစာသုံးလစာပေးကာ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ခြင်းဖြစ်ပြီး အေဗရာမိုဗစ်ခ်ျ နှင့်အတူ...
Read More

ကူဝိတ်အသင်းကို FIFA အရေးယူမှုကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် မြန်မာဘောလုံးအသင်းအခြေအနေကောင်းနိုင်

ကူဝိတ်အစိုးရက နိုင်ငံတွင်းအားကစားဥပဒေ ထုတ်ပြန်ခဲ့ခြင်းကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က အစိုးရမှဘောလုံးအပေါ်ဝင်ရောက် စွက်ဖက်ခြင်းနှင့်ပတ်သက်သည့်အတွက် ကူဝိတ်နိုင်ငံလက်ရွေးစင်းအသင်းအပါအ၀င် ကလပ်အသင်းများအား နိုင်ငံတကာဘောလုံးပြိုင်ပွဲကစားခွင့်များ ပိတ်ပင်ခဲ့ကြောင်းသိရသည်။ ကူဝိတ်အသင်းအပေါ် FIFA အရေးယူမှုကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ကူဝိတ်နှင့် တစ်အုပ်စုတည်း ကျရောက်နေသည့် မြန်မာအသင်းသည် အုပ်စုရပ်တည်မှု စတုတ္ထနေရာမှ တတိယနေရာသို့တက်ရောက်သွားသည့်အတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်တစ်ဆင့် တက်နိုင်ရေး မျှော်လင့်ချက်ရှိလာခဲ့သည်။ ”ကမ္ဘာ့ဖလား ခြေစစ်ပွဲ မှာ ကူဝိတ်နဲ့...
Read More

မြန်မာအသင်းမှာ ဆက်ရှိနေမယ်။ မလေးရှားအသင်းနဲ့ ထွက်ပေါ်နေတဲ့ သတင်းမဟုတ်ပါဘူး။

အောင်သော်ဖြိုး။ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်ဒုတိယအဆင့်ခြေစစ်ပွဲအား ၀င်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာလက်ရွေးစင်ဘောလုံးအသင်းသည် ပြီးခဲ့သော အောက်တိုဘာ၈ရက်တွင် လက်ဘနွန်၊ ၁၃ရက်နေ့တွင် လာအိုအသင်းများများနှင့် ထိုင်းနိုင်ငံ၌ သွားရောက်ယှဉ်ပြိုင်ခဲ့ ပြီး (၁)ပွဲနိုင်၊(၁)ပွဲရှုံးရလဒ်ရခဲ့သည်။ ယင်းပွဲနှစ်ပွဲကစားပြီးချိန် မြန်မာ့လက်ရွေးစင်အသင်းအပေါ် နည်းပြချုပ်အေဗရာမိုဗစ်၏အမြင် နှင့် ရှေ့ဆက်လက်ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက် မည်သို့ပြင်ဆင်ရန် အစီစဉ်၊ ဒေသတွင်းနိုင်ငံအသင်းတစ်သင်း နှင့် အနာဂါတ်ရှေ့ဆက်မည်လား စသည့်မျာနှင့် ပတ်သက်ပြီး Football...
Read More

ရီးရဲလ်တွင်သာ ကစားသမားဘ၀အဆုံးသတ်မည်ဟု စီရော်နယ်ဒို ဆို

ရီးရဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုက ရီးရဲလ်အသင်းနှင့်အတူ အောင်မြင်မှုများထပ်မံရရှိလိုကြောင်း၊ ကစားသမားဘ၀နောက်ဆုံးအချိန်အားရီး ရဲလ်အသင်းတွင်သာ အဆုံးသတ်လိုကြောင်း ဥရောပရွှေဖိနပ်ဆုပေးပွဲအခမ်းအနားတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ်ဘောလုံးရာသီတွင် ရီးရဲလ်အသင်းအတွက် ပြိုင်ပွဲစုံ၌ သွင်းဂိုး ၆၁ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သည့် စီရော်နယ်ဒိုအနေဖြင့် အသင်း ၏ ဂိုးသွင်းအများဆုံးစံချိန်အား လိုက်မီနိုင်ခဲ့ပြီး ဥရောပရွှေဖိနပ်ဆုကိုလည်း ၄ကြိမ်မြောက်အဖြစ်ရယူနိုင်ခဲ့ကာ ဥရောပ၏အအောင်မြင်ဆုံးက စားသမားအဖြစ် ရပ်တည်နိုင်ခဲ့သည်။ “ရီးရဲလ်အသင်းမှာ ကစားသမားဘ၀အဆုံးသတ်ဖို့က အိပ်မက်တစ်ခုပါ။...
Read More
error: Content is protected !!