မြန်မာနေရှင်နယ်လိဂ်
ပြည်တွင်းသတင်း
အောင်သော်ဖြိုး။ ဒီဇင်ဘာ ၃၁။ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်တွင် စတင်ကျင့်သုံးမည့် နိုင်ငံခြားသားကစားသမား ၃ ဦးသာ ပွဲထွက်ခွင့်ရရှိတော့မည့် စည်းမျဉ်သစ်သည် လက်ရွေးစင်အဆင့်ကစားသမားများရှိသည့် အသင်းကြီးများအားသာပြီး အသင်းငယ်များ အခက်အခဲဖြစ်စေသည်ဟု ဇွဲကပင်အသင်းမန်နေဂျာ ဦးဆန်းဝင်းကဆိုသည်။ မြန်မာနေရှင်နယ်လိဂ်အသင်းငယ်များသည် နိုင်ငံခြားသားကစားသမားများ၏ကစားအားဖြင့် လက်ရွေးစင်အဆင့် ပြည်တွင်းကစားသမားများပြားသည့် အသင်းကြီးများကို ယှဉ်ပြိုင်နေရခြင်းဖြစ်သည့်အတွက် ယခုကဲ့သို့ စည်းမျဉ်းအသစ်သတ်မှတ်ခြင်းကြောင့် အခက်အခဲဖြစ်လာနိုင်သော်လည်း နိုင်ငံ့လက်ရွေးစင်အသင်းအတွက်ရည်ရွယ်သည့် စည်းမျဉ်းဖြစ်သောကြောင့်...
Read More
ပြည်တွင်းသတင်း
အောင်သော်ဖြိုး။ ဒီဇင်ဘာ ၃၁။ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းချန်ပီယံ ဧရာဝတီယူနိုက်တက်သည် ပြည်တွင်း၊ ပြည်ပကစားသမား ခေါ်ယူမှုများ ပြီးဆုံးခဲ့သော်လည်း နည်းပြချုပ်ရာထူးအတွက် နိုင်ငံခြားသားနည်းပြ မာဂျန် နှင့် ပြီးခဲ့သည့်ရာသီတွင် လက်ထောက်နည်းပြအဖြစ်တာဝန်ယူခဲ့သည့် ပြည်တွင်းနည်းပြ ဦးကျော်လွင်တို့ ၂ ဦးအနက် နည်းပြချုပ်ရာထူးကို မည်သူရရှိမည်ဆိုသည်အား အတည်မပြုရသေးကြောင်း ဧရာဝတီယူနိုက်တက် တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ဧရာဝတီယူနိုက်တက်၏ ရာသီကြိုခြေစမ်းပွဲများကို မာဂျန်နှင့်...
Read More
မြန်မာနေရှင်နယ်လိဂ်
ရန်ကုန်ယူနိုက်တက်အသင်းနှင့်စာချုပ်ချုပ်ရန်အဆင်မပြေဖြစ်ခဲ့သည့်ဘရာဇီးလူမျိုးနည်းပြ Jairo Swirsky က မြန်မာ့ဘောလုံးလောကတွင် လာရောက်လုပ်ကိုင်ရန် စိတ်ဝင်စားနေကြောင်းသိရသည်။ 2015မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကာလအတွင်းရန်ကုန်ယူနိုက်တက်နှင့် ဆွေးနွေးမှုပြုလုပ်ခဲ့သည့် ဘရာဇီးလူမျိုးနည်းပြ Jairo Swirsky သည် ဖီဖာအသိအမှတ်ပြုနည်းပြလိုင်စင်-A ရရှိထားသူဖြစ်ပြီး ထိုအချိန်ကာလက မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ စဉ်အချို့ကိုလေ့လာခဲ့ကာ မြန်မာဘောလုံးသမားများမှာ အရည်အချင်းရှိသူများဖြစ်ကြောင်းမှတ်ချက်ပေးခဲ့သည်။ လက်ရှိအချိန်တွင် ကလပ်လက်မဲ့ဖြစ်နေသည့် Jairo Swirsky က”မြန်မာဘောလုံးလောကက တိုးတက်နေပါတယ်။ ကလပ်တွေကလည်း လေ့ကျင့်ရေးကွင်းတွေကအစတိုးတက်လာမယ့်အခြေအနေရှိနေပါတယ်။ဒါကြောင့်...
Read More
ပြည်တွင်းသတင်း
အောင်သော်ဖြိုး။ ဒီဇင်ဘာ ၂၉။ ၂၀၁၆ နေရှင်နယ်လိဂ် ဘောလုံးရာသီတွင် ပထမအကြိမ်တန်းတက်လာသည့် Horizin အသင်းကို MNL-1 သို့ တန်းပြန်မဆင်းရရေးအတွက် အဓိကရည်မှန်းထားသည်ဟု တူရကီလူမျိုးနည်းပြချုပ် မစ္စတာပါလာက ဆိုသည်။ Horizon အသင်းသည် လက်ရွေးစင်ဟောင်း စိုးကျော်ကျော်နှင့် ပြည်ပကစားသမား ၃ ဦး ခေါ်ယူထားပြီး အသင်းအတွက်လိုအပ်သည့်နေရာများကိုလည်း ထပ်မံဖြည့်တင်းမည်ဟု ၎င်းက ပြောကြားသည်။...
Read More
ပြည်တွင်းသတင်း
အော်သော်ဖြိုး။ ဒီဇင်ဘာ ၂၈။ ရန်ကုန်ယူနိုက်တက်သည် ပြည်ပကစားသမားနောက်ဆုံးခေါ်ယူမှုအဖြစ် စာချုပ်ချုပ်ဆိုခဲ့သည့် သြစတြေးလျနောက်ခံလူ မီလန်ဆူဆက်နှင့် အဆင်မပြေမှုများရှိသည့်အတွက် စာချုပ်ဖျက်သိမ်းမှု ပြုလုပ်မည်ဖြစ်ပြီး ၎င်း၏နေရာတွင် အစားထိုးရန် အာရှနောက်ခံကစားသမားများကို ခေါ်ယူစမ်းသပ်မည်ဟု ရန်ကုန်ယူနိုက်တက်တာဝန်ရှိသူတစ်ဦးက ဆိုသည်။ မီလန်ဆူဆက်သည် အရပ် ၆ ပေ၊ ၁ လက်မ ရှိပြီး အိန္ဒိယကလပ် အရှေ့ဘန်ဂေါအသင်းတွင် နောက်ဆုံးကစားခဲ့သူဖြစ်သည်။ ရန်ကုန်ယူနိုက်တက်သည်...
Read More
ပြည်တွင်းသတင်း
အောင်သော်ဖြိုး။ ဒီဇင်ဘာ ၂၃။ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်မှစတင်ကာ ပြည်တွင်းကစားသမားများ နေရာပိုမိုရရှိရေးအတွက် ပွဲစဉ် တစ်ပွဲလျှင် နိုင်ငံခြားသား ၃ ဦးသာ ပွဲထွက်ခွင့်ရရှိမည့်စည်းမျဉ်း သတ်မှတ်ခဲ့သော်လည်း ရန်ကုန်ယူနိုက်တက်အပါအဝင် မြန်မာနေရှင်နယ်လိဂ်ကလပ် ၄ သင်းက နိုင်ငံခြားသားကစားသမား (၃+၁) ၄ ဦးအပြည့် ခေါ်ယူခဲ့ကြောင်း သိရသည်။ လက်ရှိချန်ပီယံ ရန်ကုန်ယူနိုက်တက်အပါအဝင် ရှမ်းယူနိုက်တက် ၊...
Read More
ပြည်တွင်းသတင်း
အောင်သော်ဖြိုး။ ဒီဇင်ဘာ ၂၃။ ဇွဲကပင်ယူနိုက်တက်အသင်းသည် ရန်ကုန်ယူနိုက်တက်တွင် ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေသည့် နောက်ခံလူ လတ်ကိုကိုအေးကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး ညှိနှိုင်းမှုများ အဆင်ပြေလျှင် ခေါ်ယူမည်ဟု ဇွဲကပင်ယူနိုက်တက်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ နောက်ခံလူ လတ်ကိုကိုအေးသည် ရန်ကုန်သို့ ၂၀၁၄ ခုနှစ်က နေပြည်တော်အသင်းမှ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ရန်ကုန်ယူနိုက်တက်နောက်တန်းတွင် ပွဲထွက်ခွင့်ရရှိရန် ရုန်းကန်နေရသည့် ကစားသမားတစ်ဦးဖြစ်သည်။ ဇွဲကပင်အသင်းသည်...
Read More
ပြည်တွင်းသတင်း
ဒီဇင်ဘာ ၂ဝ။ အောင်သော်ဖြိုး။ မြန်မာနေရှင်နယ်လိဂ်ကလပ် ဇွဲကပင်အသင်းသည် ၂၀၁၆ ရာသီ အပြောင်းအရွှေ့ကာလအတွင်း ရန်ကုန်ယူနိုက်တက်မှ နောက်ခံကစားသမား အောင်မိုး အပါအဝင် လက်ရွေးစင်အဆင့်ပြည်တွင်းကစားသမား ၄ ဦးကို စာချုပ်ချုပ် ဆိုခဲ့ကြောင်း ဇွဲကပင်နည်းပြချုပ် ဦးအောင်မင်းဦးက ပြောကြားသည်။ ဇွဲကပင်အသင်းသည် ကမ္ဘောဇမှ ဥာဏလွင်၊ မင်းမင်းထွန်း၊ ရန်ကုန်ယူနိုက်တက်မှ အောင်မိုး နှင့် ရတနာပုံမှ...
Read More
ပြည်တွင်းသတင်း
အောင်သော်ဖြိုး။ ဒီဇင်ဘာ ၁၇။ နယူးဇီလန် ကမ္ဘာ့ဖလား ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ ယူ-၁၉ အသင်း နှင့် ဧရာဝတီအသင်း ၏ နောက်ခံလူ ထိုက်ထိုက်အောင် ကို ကမ္ဘောဇအသင်း (ရှမ်းယူနိုက်တက်) က ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်းကမ္ဘောဇအသင်း တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။ ပြည်တွင်းက လက်ရွေးစင်အဆင့် လူငယ်ကစားသမားတွေကို ခေါ်ယူသွားမှာပါ ဟု ရှမ်းယူနိုက်တက်...
Read More
ပြည်တွင်းသတင်း
ဒီဇင်ဘာ ၁၄။ အောင်သော်ဖြိုး။ မြန်မာနေရှင်နယ်လိဂ် ၂ တွင် ပါဝင်ယှဉ်ပြိုင်ရန် အသင်းသစ် ၄ သင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ တင်ပြထားပြီး အဆိုပါအသင်းများကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုသင့် မပြုသင့်အတွက် အသင်းသစ် စိစစ်ရေးကော်မတီဖွဲ့ကာ စိစစ်မည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးစိုးမိုးကျော်က ဆိုသည်။ MNL-2 တွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရေးအတွက် Thanlyin...
Read More