မြန်မာနေရှင်နယ်လိဂ်
ပြည်တွင်းသတင်း
မြန်မာနေရှင်နယ်လိဂ် ၂၀၁၆ ရာသီတွင် ပြင်ဆင်မှုအားအကောင်းဆုံးဖြစ်သည့် ရှမ်းယူနိုက်တက်အသင်းသည် ၆ ပွဲကစားပြီးချိန်တွင် ၆ မှတ်သာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ဘရာဇီးလူမျိုးနည်းပြရူသာကို နည်းပြချုပ်ရာထူးမှ ဖယ်ရှားပြီး ဦးစိုးမြတ်မင်းကို နည်းပြချုပ်အဖြစ် ပြန်လည်ကိုင်တွယ်စေခဲ့ကြောင်း သိရှိရသည်။ ဘရာဇီးနည်းပြရူသာနှင့် ရှမ်းယူနိုက်တက်တို့သည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့နံနက်ပိုင်းတွင် နှစ်ဦးသဘောတူလမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း ရှမ်းယူနိုက်တက်အသင်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။ နည်းပြချုပ်ရူသာသည်...
Read More
ပြည်တွင်းသတင်း
ရခိုင်ယူနိုက်တက် – ဟံသာဝတီ (၁၃-၂-၂၀၁၆) ညနေ ၄ နာရီ၊ သုဝဏ္ဏ ပြီးခဲ့တဲ့ပွဲစဉ်မှာ မကွေးအသင်းကို သရေကစားနိုင်ခဲ့ပေမယ့် ရခိုင်အသင်းရဲ့ခြေစွမ်းဟာ အကောင်းမွန်ဆုံးပုံစံမှာရှိမနေသေးပါဘူး။ ဘရာဇီးတိုက်စစ်မှူးအန်ဒရေ ပုံမှန်ခြေစွမ်းမရှိသေးလို့ တိုက်စစ်ပိုင်းက အားရစရာအနေအထားမှာမရှိ တာဟာ ရခိုင်အသင်းရဲ့ အဓိကလိုအပ်ချက်ပါ။ ဟံသာဝတီကတော့ ဒီရာသီမှာ လက်ရှိအချိန်အထိ စိတ်ဓာတ်အမြင့်ဆုံးရောက်နေတဲ့အသင်းဖြစ်တာကြောင့် အိမ်ရှင်ရခိုင်အသင်းအတွက်ခက်ခဲလာပါလိမ့်မယ်။ ရခိုင်အသင်းအတွက် အားသာချက်အနေနဲ့တော့ ဟံသာဝတီအသင်းရဲ့...
Read More
ပြည်တွင်းသတင်း
အောင်သော်ဖြိုး ဖေဖော်ဝါရီ ၁၁။ မြန်မာ့လက်ရွေးစင်အသင်းအတွက် လက်ရှိဖွဲ့စည်းထားသည့် ပဏာမလက်ရွေးစင်စာရင်း၌ ပါဝင်လာခဲ့သည့် ဒူးဒဏ်ရာကြောင့်ကာလရှည်အနားယူနေရသော ကွင်းလယ်လူငြိမ်းချမ်းအောင်မှာ မတ်လအတွင်း သွားရောက်ယှဉ်ပြိုင်မည့် စင်ကာပူနှင့်ခြေစမ်းပွဲတွင် ပါဝင်နိုင်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးကဆိုသည်။ “စင်ကာပူနဲ့ပွဲမှာ အသုံးပြုဖို့အတွက် စောသေးပါတယ်။ ငြိမ်းချမ်းအောင် ဘောလုံးနဲ့ပြန်ထိတာ သိပ်မကြာသေးပါဘူး” ဟု မြန်မာ့လက်ရွေးစင်နည်းပြချုပ် ဂက်ဖရိုင်းဒရ်ခ်ျက ပြောကြားခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်း၏ ပဏာမလက်ရွေးစင်အသင်းသည် ဖေဖော်ဝါရီလ၊...
Read More
ဆောင်းပါးနှင့် အင်တာဗျုးများ
Ooredoo MNL 2016 ရာသီမှာ ခြေစွမ်းတွေကောင်းမွန်နေပြီး အသင်းကြီးတွေကိုကျော်ဖြတ်ခဲ့တဲ့ ဟံသာဝတီအသင်းကို မြန်မာပရိသတ်တချို့က မြန်မာ လက်စတာအသင်းလို့ခေါ်နေကြပါပြီ။ ပြုပြင်မှုတွေ အများကြီးမလုပ်ထားတဲ့ အသင်းရဲ့ခြေစွမ်းဟာ မနှစ်ကထက် ပိုကောင်းလာတာ ဘာကြောင့်လဲ။ ဟံသာဝတီအသင်းရဲ့ နည်းစနစ်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ မစ္စတာဆီဗာဂျီကို ဟော်ရီဇွန်အသင်းကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ATP – ဟံသာဝတီအသင်းက ဒီနှစ်မှာ...
Read More
ပြည်တွင်းသတင်း
အောင်သော်ဖြိုး ဖေဖော်ဝါရီ ၅။ မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းအချို့မှ ခေါ်ယူရန်စိတ်ဝင်စားနေသည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် ရတနာပုံအသင်းတို့၏ တိုက်စစ်ကစားသမားအောင်သူသည် ၎င်းအနေဖြင့် ရတနာပုံအသင်းမှထွက်ခွာကာ မြန်မာနေရှင်နယ်လိဂ်ကလပ်များသို့ပြောင်းရွှေ့ရန် အစီအစဉ်မရှိကြောင်း ပြောဆိုလိုက်သည်။ အောင်သူမှာ ပြည်တွင်းကလပ်အချို့၏ ကမ်းလှမ်းမှုကိုရရှိခဲ့သော်လည်း ရတနာပုံအသင်းတွင်သာ ဆက်လက်ကစားမည်ဖြစ်ပြီး ပြည်ပကလပ်များမှခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်းများကြားသိရကာ တရားဝင်ကမ်းလှမ်းမှုမရရှိသေးဘဲ တရားဝင်ကမ်းလှမ်းလာပါက ပြည်ပသို့ ထွက်ခွာကစားရန်ဆန္ဒရှိနေကြောင်း ၎င်းကဆိုသည်။ အောင်သူသည် မန္တလေးဘောလုံးအကယ်ဒမီထွက်...
Read More
ပြည်တွင်းသတင်း
အာရှချန်ပီယံလိဂ်ခြေစစ်ပွဲ ဒုတိယအဆင့်အဖြစ် ချောင်ဘူရီနှင့် ရန်ကုန်ယူနိုက်တက်တို့ကစားခဲ့သည့် ပွဲအပြီးတွင် တိုက်စစ်မှူးကျော်ကိုကိုက မိမိအနေဖြင့် ထိုင်းပရီးမီးယားလိဂ်တွင် လာရောက်ကစားလိုကြောင်း ထိုင်းသတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသွားခဲ့သည်။ ကျော်ကိုကိုသည် အဆိုပါပွဲတွင် အကောင်းဆုံးခြေစွမ်းပြကစားခဲ့ပြီး ရန်ကုန်ယူနိုက်တက်အတွက် ၁ ဂိုးသွင်းယူခဲ့သည့်အပြင် ၁ ဂိုးဖန်တီးပေးခဲ့မှုကြောင့် ပြိုင်ဘက်ချောင်ဘူရီပရိသတ်များ၏ အားပေးမှုကိုပင် ရရှိခဲ့သည်။ “ထိုင်းပရီးမီးယားလိဂ်ဟာ အာရှအဆင့်ကိုထိုးဖောက်နေတဲ့ လိဂ်တစ်ခု ဖြစ်လာပါပြီ။ ထိုင်းမှာ...
Read More
ပြည်တွင်းသတင်း
အောင်သော်ဖြိုး ရန်ကုန်ယူနိုက်တက် – ချင်းယူနိုက်တက် (ဖေဖော်ဝါရီ ၅။ ညနေ ၃ နာရီ ၃ဝ မိနစ်၊ ရန်ကုန်ယူနိုက်တက် မြက်ခင်းတုကွင်း) ——————————————————————————————————————————————- ရန်ကုန်ယူနိုက်တက်ဟာ တစ်ပတ်အတွင်း ၃ပွဲမြောက်ကစားရမယ့်ပွဲဖြစ်တာကြောင့် အနည်းငယ်ပွဲပန်းမှုဒဏ်ရှိနေမှာပါ။ ချင်းယူနိုက်တက်ကလည်း တစ်ပွဲထက်တစ်ပွဲ ခြေစွမ်းကောင်းမွန်လာတဲ့အသင်းဖြစ်ပါတယ်။ ရန်ကုန်ယူနိုင်တက်ဟာ ပြီးခဲ့တဲ့ ထိုင်းကလပ်ချောင်ဘူရီနဲ့ပွဲစဉ်မှာ ကောင်းမွန်တဲ့ခြေစွမ်းပြန်လည်ရရှိလာတယ်ဆိုပေမယ့် မြန်မာနေရှင်နယ်လိဂ်မှာတော့ ၄ ပွဲကစား၊...
Read More
ပြည်တွင်းသတင်း
အောင်သော်ဖြိုး ဖေဖော်ဝါရီ ၂။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင်အသင်းများသို့ ငွေကြေးခွဲဝေထောက်ပံ့မှု (Subsidy)နှုန်းကို ယခင်နှစ်များထက် ပိုမိုတိုးမြှင့်ပေးအပ်နိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒုဥက္ကဋ္ဌဒေါက်တာစိုင်းဆမ်ထွန်းက ဖေဖော်ဝါရီလ ၁ ရက်နေ့ Novotel Yangon Max Hotel တွင် ကျင်းပသည့် လိဂ်ကော်မတီအစည်းအဝေး၌ ပြောကြားခဲ့ကြောင်း သိရသည်။ ယခုနှစ်ဘောလုံးရာသီတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင်အသင်းများကို ငွေကြေးခွဲဝေထောက်ပံ့မှု သိန်း...
Read More
ပြည်တွင်းသတင်း
အောင်သော်ဖြိုး။ ဇန်န၀ါရီ ၂၉။ ဧရာဝတီ – ရန်ကုန် (၂၉-၁-၂၀၁၆) ပုသိမ်မြို့ ကျောက်တိုင်ကွင်း ညနေ ၃:၃ဝ (Live on MRTV and For Sports) ဒီရာသီမှာ ရလဒ်ဆိုးရွားနေတဲ့ အသင်းကြီး ၂ သင်းရဲ့တွေ့ဆုံမှုဟာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။ အိမ်ရှင်ဧရာဝတီက ၃ ပွဲကစားပြီးတဲ့အထိ ရမှတ်မရသေးတာကြောင့် အိမ်ကွင်းပရိသတ်တွေရှေ့မှာ...
Read More
ပြည်တွင်းသတင်း
အောင်သော်ဖြိုး။ ဇန်နဝါရီ ၂၅။ မြန်မာနေရှင်နယ်လိဂ် ၂၀၁၅ တွင် MNL-2 သို့ တန်းဆင်းခဲ့ရသည့် နေပြည်တော်သည် လက်ရှိလူစာရင်းအရ မြန်မာနေရှင်နယ်လိဂ်သို့ ပြန်လည်တန်းတက်ရေး ခက်ခဲမည်ဟု နေပြည်တော်နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ဖုန်ဂန်ကို ၄-ဝ ဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်အပြီးတွင် ပြောကြားခဲ့သည်။ နေပြည်တော်အသင်းတွင် လူငယ်အသင်းမှ ကစားသမားများနှင့် ခြေစွမ်းအကျပိုင်းရောက်နေသည့် စီနီယာကစားသမားများသာရှိသည့်အတွက် တန်းတက်ရန် ရုန်းကန်ရမည်ဖြစ်ပြီး...
Read More