ဥရောပသတင်း

ဝုဖ်ဘတ်နှင့်တွေ့ဆုံရမည့်ပွဲတွင် ခက်ခဲနိုင်သော်လည်း နိုင်ပွဲရနိုင်သည်ဟု ဗန်ဟားလ်ပြောကြား

ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ပီအက်စ်ဗီနှင့်ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့သော မန်ယူမှာ ရှုံးထွက်အဆင့်တက်ရောက်နိုင်ရန် ၀ုဖ်ဘတ်ကို ခက်ခက်ခဲခဲကစားရမည်ဖြစ်သော်လည်း နိုင်ပွဲရနိုင်သည်ဟု ယုံကြည်ကြောင်း နည်းပြဗန်ဟားလ်က ပြောကြားခဲ့သည်။ မန်ယူအသင်းမှာ ချန်ပီယံလိဂ် အုပ်စု (ခ) အမှတ်ပေးဇယားတွင် ဒုတိယနေရာ၌ရပ်တည်နေသော်လည်း တတိယနေရာမှ ပီအက်စ်ဗီနှင့် ၁ မှတ်သာကွာဟနေပြီး ထိပ်တိုက်တွေ့ဆုံမှုတွင်လည်း အရေးနိမ့်ထားသောကြောင့် ၀ုဖ်ဘတ်ကို အနိုင်ကစားရန်လိုအပ်နေသည်။ မန်ယူအသင်း၏ ၁၆ သင်းအဆင့်...
Read More

ဂျိုးဟတ်ပြန်လည်ပါဝင်ရန် မသေချာသေးကြောင်း ပယ်လီဂရီနီပြောကြား

မန်စီးတီးဂိုးသမားဂျိုးဟတ်မှာ ဂျူဗင်တပ်နှင့်ယှဉ်ပြိုင်ခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် တံကောက်ကြောဒဏ်ရာရရှိခဲ့သဖြင့် ပြန်လည်ပွဲထွက်ရန် မသေချာသေးကြောင်း နည်းပြပယ်လီဂရီနီက ပြောကြားခဲ့သည်။ အဆိုပါပွဲတွင် မန်စီးတီးမှာ ၁-၀ ဂိုးရလဒ်ဖြင့် ဂျူဗင်တပ်ကို အရေးနိမ့်ခဲ့သဖြင့် အုပ်စု (ဃ) အမှတ်ပေးဇယား ဒုတိယနေရာသို့ ရောက်ရှိခဲ့ပြီး အသက် ၂၈ နှစ်ရှိ ဂျိုးဟတ်မှာ ပွဲချိန် ၈၁ မိနစ်တွင် တံကောက်ကြောဒဏ်ရာကြောင့် ဒုတိယဂိုးသမားကာဘယ်လီယိုနှင့်...
Read More

ယနေ့ညပွဲစဉ်တွင် လီဗာပူးတိုက်စစ်မှူးစတာရစ် ပွဲထွက်နိုင်ဖွယ်ရှိ

လီဗာပူးတိုက်စစ်မှူးစတာရစ်သည် ပြီးခဲ့သည့်အောက်တိုဘာလ ၄ ရက်နေ့တွင် ဒူးဒဏ်ရာရရှိခဲ့သောကြောင့် အနားယူခဲ့ရပြီးနောက် နည်းပြကလော့ပ်အတွက် ပထမဆုံးပွဲဦးထွက်အဖြစ် ဘော်ဒိုးနှင့်ယှဉ်ပြိုင်မည့် ယနေ့ည ယူရိုပါလိဂ်ပွဲစဉ်၌ ပြန်လည်ပွဲထွက်နိုင်ကြောင်းသိရှိရသည်။ တိုက်စစ်မှူးစတာရစ်နှင့်ပတ်သက်၍ နည်းပြကလော့ပ်က ”လေ့ကျင့်ခန်း ၇ ကြိမ်၊ ၈ ကြိမ်လောက်ဆင်းပြီးတဲ့အချိန်မှာ ပွဲထွက်ဖို့ အလွန်နီးစပ်လာပါတယ်။ သူအနားယူခဲ့ရတာ ကျွန်တော်လီဗာပူးကိုစရောက်ကတည်းကပါပဲ။ ကျွန်တော့် ဆုံးဖြတ်ချက်ကို မကြာခင်မြင်ရမှာပါ” ဟု ပြောကြားခဲ့သည်။...
Read More

ဂျူဗင်တပ်မှာ မည်သည့်အသင်းကိုမဆို စိန်ခေါ်နိုင်စွမ်းရှိကြောင်း ဂိုးသမားဘူဖွန် ကြုံးဝါး

ဂျူဗင်တပ်ဂိုးသမားဘူဖွန်က ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် မန်စီးတီးအသင်းအား အနိုင်ရရှိခဲ့ပြီး ၁၆ သင်းရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီးနောက် မိမိတို့အသင်းမှာ အကောင်းဆုံးပုံစံ ပြန်လည်ရရှိခဲ့ပြီဖြစ်ကြောင်း၊ မည်သည့်အသင်းကို မဆိုစိန်ခေါ်နိုင်စွမ်းရှိကြောင်း ကြုံးဝါးခဲ့သည်။ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၅ အပြီးတွင် ရှုံးပွဲမရှိကစားထားနိုင်ခဲ့သည့် ဂျူဗင်တပ်သည် ပရီးမီးယားလိဂ်ကလပ် မန်စီးတီးနှင့်အတူ ၁၆ သင်းရှုံးထွက်အဆင့်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။ “နိုင်ပွဲတွေနဲ့အတူ အကောင်းဆုံးယုံကြည်ချက်တွေ ပြန်လည်ရရှိခဲ့ပါပြီ။ လက်ရှိခြေစွမ်းအရ ဘိုင်ယန်မြူးနစ်၊...
Read More

ဒိုင်နမိုကိဗ်အသင်း အိမ်ကွင်းပိတ်ကစားရန် ပြစ်ဒဏ်ချမှတ်ခံရ

ယူကရိန်းကလပ်ဒိုင်နမိုကိဗ်သည် ချဲလ်ဆီးနှင့် သရေကျခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် လူမျိုးရေးခွဲခြားခဲ့သည့် ပရိသတ်များ၏ လုပ်ရပ်ကြောင့် လာမည့်အိမ်ကွင်းပွဲစဉ် ၂ ပွဲအား ကွင်းပိတ်ကစားရန်နှင့် ဒဏ်ငွေအဖြစ် ယူရို ၁ သိန်းပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ ယင်းအတွက်ကြောင့် ဒိုင်နမိုကိဗ်သည် အိမ်ကွင်းတွင် ယှဉ်ပြိုင်ရမည့် မက္ကာဘီတဲလ်အဗစ်နှင့် ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်အပါအ၀င် နောက်တစ်ဆင့်တက်ရောက်ခွင့်ရရှိခဲ့ပါကလည်း အိမ်ကွင်းပွဲစဉ်များတွင် ပရိသတ်ကြည့်ရှုခွင့် ရရှိမည်မဟုတ်ဘဲ ကွင်းပိတ်ကစားရတော့မည်ဖြစ်သည်။ ကွင်းပိတ်ပြစ်ဒဏ်ချမှတ်ခံရသည့်...
Read More

ချန်ပီယံလိဂ်တစ်သက်တာ အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းတွင် လာလီဂါကစားသမားအများစုပါဝင်

ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေက ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် တစ်သက်တာအကောင်းဆုံးကစားသမား ၁၁ ဦး စာရင်းထုတ်ပြန်ခဲ့ရာတွင် လာလီဂါမှ ကစားသမား ၆ ဦးအထိ အများဆုံးပါဝင်ခဲ့ပြီး ပရီးမီးယားလိဂ်မှ ၃ဦးရွေးချယ်ခံခဲ့ရကာ စီးရီးအေနှင့်ဘွန်ဒက်စ်လီဂါတို့မှာ ၁ ဦးစီရွေးချယ်ခံခဲ့ရသည်။ လာလီဂါကိုယ်စားပြုကစားသမား ၆ ဦးတွင် ဘာစီလိုနာကစားသမားများဖြစ်သည့် မက်ဆီ၊ အင်နီယေစတာ၊ ဇာဗီ၊ ပူယိုးလ်တို့ ပါဝင်ခဲ့ပြီး ရီးရဲလ်အသင်းမှ ရာမို့စ်နှင့်...
Read More

ပုံမှန်ခြေစွမ်းပြသနိုင်မှသာ ပွဲထွက်ခွင့်ခိုင်မာမည်ဟု ဒီပေးကို ဗန်ဟားလ်ပြောကြား

မန်ယူနည်းပြဗန်ဟားလ်က ကွင်းလယ်လူဒီပေးမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိလိုပါက ခြေစွမ်းမှန်ထိန်းသိမ်းထားနိုင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် မန်ယူဂန္ထ၀င်တိုက်စစ်မှူးနစ္စတယ်ရွိုင်းက ခြေစွမ်းမှန်ပြသနိုင်ရုံဖြင့် ကျောနံပါတ် ၇ ၀တ်ဆင်သည့် မန်ယူကြယ်ပွင့်တစ်ဦးဖြစ်ရန် လွယ်ကူမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါဟော်လန်ကွင်းလယ်လူသည် ၀က်ဖို့ဒ်ကိုအနိုင်ရသည့် ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ တွင် ရွန်နီ၊ မာရှယ်တို့မပါဝင်နိုင်ခဲ့သဖြင့် လင်ဒီဂတ်နှင့်တွဲဖက်၍ တိုက်စစ်နေရာ၌ ကစားခဲ့ရပြီး အဖွင့်ဂိုးသွင်းယူပေးခဲ့သော်လည်း နည်းပြဗန်ဟားလ်က ပွဲစဉ်တစ်ပွဲတည်း...
Read More

ဘာစီလိုနာနှင့် ရှုံးပွဲကို သင်ခန်းစာယူရမည်ဖြစ်ကြောင်း ရိုးမားဒါရိုက်တာဆို

ရိုးမားအသင်း၏ ဒါရိုက်တာဆာဘာတီနီက လက်ရှိချန်ပီယံအသင်း၏ ခြေစွမ်းအပေါ် ယှဉ်ကစားနိုင်ခဲ့ခြင်းမရှိကြောင်း၊ ဂိုးပြတ်ရှုံးပွဲရလဒ်အတွက် သင်ခန်းစာယူပြီး ပြန်လည်ပြင်ဆင်ရမည်ဖြစ်ကြောင်း ဘာစီလိုနာအသင်းအား ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် ၀န်ခံပြောကြားသွားခဲ့သည်။ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၅ တွင် ဘာစီလိုနာအသင်းအား ဂိုးပြတ်အရေးနိမ့်ခဲ့သည့် ရိုးမားအသင်းသည် ရှုံးထွက်အဆင့်သို့တက်ရောက်ခွင့်ရရှိရန်အတွက် ဘိုရီဆော့ဗ်နှင့်ယှဉ်ပြိုင်ရမည့် အုပ်စုနောက်ဆုံးပွဲစဉ်တွင် နိုင်ပွဲရရှိရန် လိုအပ်နေသည်။ “ပြီးခဲ့တဲ့ရာသီက ဖြစ်ရပ်မျိုးနဲ့ ထပ်ကြုံရပြန်ပါပြီ။ ရှုံးထွက်အဆင့်ကို တက်ရောက်ခွင့်ရဖို့အတွက် ရိုးမားအနေနဲ့...
Read More

ထိပ်သီးအသင်းများ၏ ကမ်းလှမ်းမှုအား လက်ခံရရှိခြင်းမရှိဟု ဗန်ပါစီ ဖွင့်ဟ

တူရကီကလပ် ဖီနာဘာချီတိုက်စစ်မှူး ဗန်ပါစီက ဥရောပထိပ်သီးအသင်းများဖြစ်သည့် ဘာစီလိုနာ၊ ချဲလ်ဆီးအသင်းများနှင့် ဆွေးနွေးမှုအချို့ပြုလုပ်ခဲ့သော်လည်း တရားဝင်ကမ်းလှမ်းမှုများ လက်ခံရရှိခြင်းမရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်၊ မန်ယူအသင်းများနှင့်အတူ အောင်မြင်မှုများရရှိခဲ့သည့် ဟော်လန်တိုက်စစ်မှူး ဗန်ပါစီသည် လက်ရှိကလပ် ဖီနာဘာချီတွင် ပုံမှန်ပွဲထွက်ခွင့်ရရှိရန် ရုန်းကန်နေရသည့်အတွက် အသင်းပြောင်းရွှေ့လိုကြောင်း ထုတ်ဖော်ပြောကြားထားခဲ့သူ ဖြစ်သည်။ “အသက်အရွယ်အရ အကျဘက်ပိုင်းရောက်ပြီလို့ ဝေဖန်နေကြပေမယ့် အသင်းတစ်သင်းရဲ့ တိုက်စစ်ကို...
Read More

လီဗာပူးကိုအရေးနိမ့်ပြီးနောက် ဂျူဗင်တပ်နှင့်ပွဲတွင် ခြေစွမ်းမှန်ပြန်ရမည်ဟု ပယ်လီဂရီနီ ယုံကြည်

မန်စီးတီးနည်းပြပယ်လီဂရီနီက ပြီးခဲ့သည့်ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ တွင် အိမ်ကွင်း၌ လီဗာပူးကို အရှက်ရဖွယ်အရေးနိမ့်ခဲ့ပြီးနောက် ပုံမှန်ခြေစွမ်းဖြင့် ဂျူဗင်တပ်ကိုရင်ဆိုင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ နည်းပြပယ်လီဂရီနီက ”လီဗာပူးနဲ့ပွဲက ခြေစွမ်းမှန်ပျောက်ဆုံးခဲ့တဲ့အချိန်ပါ။ အနာဂတ်ကို ကြိုတွေးထားဖို့က အရေးကြီးပါတယ်။ လာမယ့်ပွဲကို ရင်ဆိုင်ဖို့ ပိုပြီးအာရုံစိုက်ထားရမှာပါ။ အခုပြိုင်ပွဲက မတူညီတဲ့ပြိုင်ပွဲဖြစ်သလို ယှဉ်ပြိုင်ရမယ့်ပုံစံကလည်း ကွဲပြားပါတယ်။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်က ပုံမှန်ခြေစွမ်းပြရဖို့ပါ။ လူတိုင်းက...
Read More
error: Content is protected !!